သင့်ဘဝအတွက် အရေးပါတဲ့ မှတ်သားဖွယ်ရာ အချက် ( ၅ )ချက်…

ဗဟုသုတစုံ

ဘဝအတြက္​မွတ္​သားဖြယ္​ရာ ပံုုျပင္ (၅)ပုဒ္​

ပံုျပင္ (၁)

ရြာတစ္ရြာက ကေလးမေလးတစ္ေယာက္ ေက်ာင္းကို ေန႔တိုင္းတစ္ေယာက္ထဲ အေဝးႀကီးသြားသြားတက္ရတယ္…

တစ္ေန႔ ညေနေက်ာင္းဆင္းခ်ိန္မွာ မိုးေတြရုတ္တရတ္ အံု႔ဆိုင္းလာၿပီး လွ်ပ္စီးေတြလွ်ပ္လာသည္။

အေမျဖစ္သူက သမီးကို အရမ္းစိတ္ပူသြားၿပီး ေက်ာင္းကျပန္လာမယ့္ လမ္းအတိုင္း စက္ဘီးနဲ႔ အျမန္နင္းသြားရွာသည္။

သူ႔သမီးကို လမ္းခုလတ္မွာေတြ႔တဲ့အခါ အေမျဖစ္သူ ေၾကာင္ သြားသည္။

သမီးျဖစ္သူက လွ်ပ္စီးတစ္ခါလွ်ပ္တိုင္း လမ္းေလွ်ာက္တာ ရပ္လိုက္ၿပီး ေကာင္းကင္ကိုေခါင္းေမာ့ၾကည့္တယ္. ျပီးေတာ့ ရယ္ျပတယ္…..

ေတာ္ေတာ္ၾကာရပ္ၾကည့္ေနျပီးမွ အေမက သမီးအနား စက္ဘီးတြန္းသြားရင္း ေမးလိုက္တယ္…..

သမီးေလး.. သမီး ဘာလုပ္ေနတာလဲ…..သမီးက ျပန္ေျဖတယ္…..မိုးေပၚက နတ္မင္းႀကီးက သမီးကို ဓာတ္ပံုရိုက္ေပးလို႔ ၿပံဳးျပေနတာ ေမေမ….

( လူေတြ အမ်ားဆံုး မွားတဲ့ အမွားက မိမိရဲ႕ ဦးေႏွာက္ထဲက အေတြးနဲ႔ သူတစ္ပါးကို သြားနားလည္တာပဲ…..

အရာရာက သင့္အေတြးထဲက အတိုင္းပဲျဖစ္မယ္ ထင္ေနလို႔လား…

သင္ အခု ဒီစာမဖတ္ေသးခင္္အထိ အရာဘယ္ႏွစ္ခုကို ကိုယ့္အေတြးနဲ႔ကိုယ္ဆံုးျဖတ္ၿပီး ဘယ္ေလာက္ေတာင္မွ လွပတဲ့ အတိတ္ေတြကို လက္လြတ္ဆံုးရံႈးခဲ့သလဲ….

လူ႔ဘဝကို အေတြးမလြန္ဘဲ ေပါ့ေပါ့ပါးပါးေနၿပီး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ခံစား ျဖတ္သန္းၾကည့္ပါ )…..။

ပံုျပင္ (၂ )

အသက္ငယ္ငယ္ရြယ္ရြယ္ႏွင့္ အင္မတန္မွ ေအာင္ျမင္ေက်ာ္ေဇာေသာ သူေဌးသားတစ္ေယာက္သည္ သူ႔အေဖကုိေခၚျပီး အင္မတန္မွ ေစ်းႀကီးတဲ့ စားေသာက္ဆိုင္မွာ ညစာေခၚသြားစားသည္။

ညစာစားေနတုန္း နာမည္ႀကီး စႏၵယားဆရာတစ္ေယာက္က စင္ေပၚတက္လာၿပီး ေဖ်ာ္ေျဖတင္ဆက္ေလသည္။

သားျဖစ္သူက ငယ္ငယ္က စႏၵယား သင္ခဲ့ဖူးတာကို သြားအမွတ္ရသည္။အေဖ့ဘက္ကုိ လွည့္ျပီးေျပာသည္။

” က်ေနာ္သာ ငယ္ငယ္က စႏၵယားကို ေကာင္းေကာင္းသင္ခဲ့ရင္ အခုစင္ေပၚမွာ စႏၵယားတီးေနတဲ့သူက သားျဖစ္ေနမွာ”

“ဟုတ္တယ္ သား.. ” သူ႔အေဖက ျပန္ေျဖတယ္..

” ဒါေပမယ့္ အဲလိုဆို ဒီညစာ စားပြဲမွာ ထိုင္စားေနတာ သားျဖစ္ခ်င္မွျဖစ္ေနမွာ ”

( တစ္ခါတစ္ေလ က်ေနာ္တို႔သည္ လက္လြတ္သြားတဲ့ အခြင့္အေရးကို တေျမာတသျဖစ္ကာ သက္ျပင္းခ်မိေနတတ္ၿပီး မိမိေရာက္ရွိေနတဲ့ ေနရာရဲ႕တန္ဖိုးကို သတိမထားမိတတ္ၾကေပ။)….။

ပံုျပင္ (၃)

အေမနဲ႔ သား ေစ်းအတူတူသြားၾကသည္။ကုန္စံုဆိုင္ ဆိုင္ရွင္က ကေလးေလးကိုေတြ႕တာနဲ႔ အင္မတန္ ခ်စ္ဖို႔ေကာင္းတာနဲ႔ ေစ်းဗန္းထဲက သၾကားလံုးကိုႏိႈက္ယူခိုင္းသည္။

ကေလးက တုပ္တုပ္ပင္ မလႈပ္ေခ်။အတန္တန္ေျပာေသာ္လည္း မယူသျဖင့္ ဆိုင္ရွင္က ၿပံဳးကာ သၾကားလံုးကို တစ္ဆုပ္ယူၿပီး အိပ္ကပ္ထဲထိုးထည့္ေပးလိုက္သည္။

ေစ်းကျပန္လာေတာ့ အေမျဖစ္သူက သားကိုေမးသည္။ “သားသၾကားလံုးႀကိဳက္တတ္မွန္းသိသားနဲ႔ ဒီေလာက္ယူခိုင္းေနတာသားရယ္ ဘာျဖစ္လို႔မယူရတာလဲ”

သားက ပိုင္တဲ့ အျပံဳးျပံဳးျပီး အေမ့ကိုျပန္ေျဖသည္..

“ဘာျဖစ္လို႔လဲဆိုေတာ့ သားလက္ကပိုေသးတယ္.. ဆိုင္ရွင္လက္က ပိုႀကီးတယ္ေလ….သူထည့္ေပးရင္ က်ေနာ္ယူတာထက္ က်ိန္းေသပိုမ်ားမွာသားသိလို႔..”

( ဒီကေလးဟာ သူ႔ရဲ႕ limit ကို သူနားလည္တယ္….ဒါ့အျပင္ သူမ်ားက သူ႔ထက္သာမွန္း ပိုျပီးနားလည္တယ္။

တစ္ခါတစ္ေလ က်ေနာ္တို႔သည္ အရာရာကို မိမိအားနဲ႔မမွ်ရင္ အျခားကိုယ့္ထက္ အားသာတဲ့ သူအေပၚ အားကိုးသင့္ပါတယ္…ဒါဟာ အက်ိဳးပိုျဖစ္ထြန္းေစတဲ့ လူလည္က်နည္းတစ္ခုပါ )….။

ပံုျပင္ (၄)

ေကာင္ကေလးတစ္ေယာက္ရဲ႔ ေမြးေန႔ ပါတီတစ္ခုမွာ အဘိုးျဖစ္သူက ေကာင္ေလးကို ေမးသည္။

“ေျမးေလးႀကီးလာရင္ ဘာျဖစ္ခ်င္သလဲ”

” က်ေနာ္ ေလယဥ္ပ်ံေမာင္းတဲ့သူျဖစ္ခ်င္တယ္”

” ဒါဆို တစ္ေန႔ ငါ့ေျမးေမာင္းတဲ့ ေလယဥ္ပ်ံ ဆီကုန္သြားရင္ ဘယ္လိုလုပ္မလဲ”

ေကာင္ေလးက တစ္ခ်က္စဥ္းစားတယ္။ ၿပီးေနာက္…..”ေလယဥ္ေပၚက လူေတြအားလံုးကို ထိုင္ခံု ခါးပတ္ပတ္ခိုင္းမယ္ ၿပီးေတာ့ က်ေနာ္ ေလထီးနဲ႔ ေအာက္ကို ခုန္ဆင္းမယ္”

တစ္ပါတီလံုးက လူေတြ ေသာက္ေသာက္လဲ ရယ္ၾကေလသည္။ေနာက္ ေကာင္ေလးျဖစ္သူက ငိုၿပီး အက်ယ္ႀကီးေအာ္ေျပာလိုက္ေသာအခါ အားလံုး အရယ္တိတ္ကုန္ေလသည္။

“က်ေနာ္ ေအာက္ခဏဆင္းၿပီးဓာတ္ဆီသြားယူမယ္.. ၿပီးရင္ ျပန္လာခဲ့မယ္.. က်ိန္းေသကို ျပန္လာခဲ့မယ္ ခင္ဗ်ားတို႔ေစာင့္ေနၾကပါ”

( သင္ သူတပါးစကားနားေထာင္ေနတဲ့အခ်ိန္မွာ သူေျပာခ်င္တဲ့ အဓိပၸါယ္ကို သင္ေသခ်ာသိရဲ႕လား.. နားလည္သလား?

တကယ္လို႔ နားမလည္ေသးရင္ သူ႔ကိုဆံုးေအာင္ေပးေျပာလိုက္ပါ။ဒါဟာ ယဥ္ေက်းမႈ တစ္ခုပါ။

၁အခ်က္ စကားကို တစ္ဝက္ပဲ နားမေထာင္နဲ႔…

၂ အခ်က္ ကိုယ့္ရဲ႕အေတြးနဲ႔ သူမ်ားရဲ႕လွ်ာထိပ္ကို သြားမေတြးနဲ႔)…..။

ပံုျပင္ (၅)

နတ္မင္းႀကီးက က်ေနာ့္ကို ခရုတစ္ေကာင္ရဲ႕ လက္ကိုဆြဲၿပီး ခရီးထြက္ဖို႔ တာဝန္ေပးသည္။

က်ေနာ္ ဘယ္ေလာက္ ေႏွးေႏွးသြားသြား ခရု မလိုက္နိုင္ဘူး အျမဲတမ္း ေနာက္မွာပဲ က်န္ေနတယ္..

က်ေနာ္ ဆြဲတယ္.. တြန္းတယ္.. ေလာတယ္….

ခရုက က်ေနာ့္ကို မ်က္လံုးေလး ေပကလပ္ေပကလပ္နဲ႔ ၾကည့္ၿပီးေျပာသည္ “သူမ်ားလည္းအတတ္နိုင္ဆံုးေလွ်ာက္တာပဲေလ..” တဲ့….

က်ေနာ္ ေျခာက္တယ္… ကန္တယ္… ေဆာင့္တြန္းတယ္….

က်ေနာ္ေခြ်းေတြထြက္လာတယ္.. ခရုလည္းဒဏ္ရာေတြရကုန္တယ္…

ဒါေပမယ့္ ထင္သေလာက္ခရီးက မေပါက္ဘူး ႔…..

“နတ္မင္းႀကီးရယ္.. ဘာျဖစ္လို႔မ်ား က်ေနာ့္ကို ခရုနဲ႔တြဲေလွ်ာက္ခိုင္းရတာလဲ”

ေကာင္းကင္ႀကီးက ျငိမ္သက္ေနသည္။

ေကာင္းၿပီေလ.. အသင္နတ္မင္းႀကီးေတာင္ ဂရုမစိုက္မွေတာ့ က်ေနာ္က ဘာကိစၥေလာေတာ့မွာလဲ….

ဒါနဲ႔ အရြဲ႕တိုက္ၿပီး ခရုေနာက္က ျပန္လိုက္သည္။ ေဒါသထြက္ထြက္နဲ႔ေပါ့။

အလို… က်ေနာ္ ပန္းရနံ႔ သိမ့္သိမ့္ေလးရႈမိတယ္။

ေအာ္.. လတ္စသတ္ေတာ့ ငါ ပန္းျခံထဲေရာက္ေနပါေကာ….

က်ေနာ္ ေလရူးေလးတစ္ခ်က္ က်ီစယ္သြားတာ ခံစားမိလိုက္တယ္…..

လတ္စသတ္ေတာ့ ညခ်မ္းေအးရဲ႕ ေလရူးေလးက ဒီေလာက္ေတာင္ ညင္သာ တာကိုး…..

ခဏေလး..က်ေနာ္ ငွက္ေတြေတးဆိုေနတဲ့အသံၾကားမိသလိုပဲ ပုရစ္ေလးေတြ တစ္ေယာက္နဲ႔တစ္ေယာက္ အသံနဲ႔ က်ီစယ္ေနၾကတယ္…

ဝွား… ေကာင္းကင္ေပၚမွာ ၾကယ္ေတြ အမ်ားႀကီးပဲ…လွလိုက္တာ…

ဟမ္……အရင္က ဘာျဖစ္လို႔ ဒါေတြ မရွိရတာပါလိမ့္…

( ေအာ္.. က်ေနာ္သိၿပီ….က်ေနာ္ မွားခဲ့တယ္…..နတ္မင္းႀကီးက က်ေနာ္ကို ခရုနဲ႔ လမ္းတူတူေလွ်ာက္ခိုင္းတာပဲေလ…

သင္ေကာ… သင့္ခရုေလးကို ရွာေတြ႔ၿပီးၿပီလား…..တစ္ခါတစ္ေလ စိတ္ေျပလက္ေပ်ာက္ လမ္းေလွ်ာက္ၾကည့္ပါ…..

ဘဝရဲ႕ ေျခလွမ္း အလွမ္းတိုင္း အလွမ္းတိုင္းကို ေျဖးေျဖးခ်င္းေပ်ာ္ရႊင္ ခံစားရင္းေပါ့့…..။

ေပ်ာ္ရႊင္မႈကို မသိမသာနဲ႔ သတ္တဲ့ စကား၅ခြန္းရွိတယ္္…..

ငါ သာ… ျဖစ္လာရင္ တဲ့…

အေဝးႀကီးကို ေတြးတဲ့ အေတြးမ်ိဳးေပါ့…..

ငါသာ တစ္ေန႔ သူေဌးႀကီးျဖစ္လာရင္…..

ငါသာ ကားရွိလာရင္္…..

တကယ္လို႔ သင္အခုခ်ိန္ကို မေပ်ာ္ပိုက္ဘူးဆိုရင္ ပိုက္ဆံ ဘယ္ေလာက္ရွာနိုင္ ရွာႏိုင္ မေပ်ာ္ဘူးလို႔ က်ေနာ္ အာမခံတယ္….

တစ္ရာရွိရင္ ႏွစ္ရာရွာခ်င္တယ္ဆိုတာ အေတာမသတ္နိုင္တဲ့ လူ႔ရဲ႕ ေလာဘစိတ္ပါ။

သင္မေပ်ာ္ဘူးဆိုရင္ သင့္ အိမ္ေထာင္ဖက္လည္းမေပ်ာ္ေတာ့ဘူး…..သင့္အိမ္သူအိမ္သားလည္းမေပ်ာ္ေတာ့ဘူး။

တကယ္လို႔ သင္အခုထိ ဘဝကို ဘယ္လိုခံစားရမလဲ မသိရင္ ေနာက္လည္း လူ႔ဘဝကို ဘယ္လိုခံစားရမလဲ သိမွာမဟုတ္ဘူး။

ေကာင္ေလးနဲ႔ေကာင္မေလး မေသခ်ာတဲ့ deadline တစ္ခု လုပ္ထားတယ္ဆိုပါစို႔။

ဥပမာ- ငါ အသက္ ၂၅ျပည့္ရင္ လက္ထပ္မယ္….

၂၆ မွာ ကေလးတစ္ေယာက္ေမြးမယ္….

၃၀ မွာ သားတစ္ေယာက္ သမီးတစ္ေယာက္ရွိမယ္…..

၃၁ မွာ အိမ္တစ္လံုးပိုင္မယ္…..ဆိုၿပီး အၾကမ္းဖ်င္းခ်ထားတယ္…..

က်ေနာ္တို႔ တစ္ခါတစ္ေလ လက္ထပ္လိုက္ရင္ၿပီးၿပီ…ဘာျပသနာမွ မရွိေတာ့ဘူးလို႔ ေတြးေတာမိဘူးလိမ့္မည္။

အဲလိုဆို ျမန္ျမန္ လက္ထပ္၊ ကေလးတစ္ေယာက္ၿပီး တစ္ေယာက္ေမြးၾကည့္ေပါ့့…..

တကယ္မွာ ျပသနာက မျငိမ္းသြားတဲ့အျပင္ပိုပိုႀကီးလာမွာပါ….

ဒါ့ေၾကာင့္ သင့္မွာ အနာဂတ္ရည္မွန္းခ်က္ဆိုတာရွိသင့္ေပမယ့္ ေလထဲတိုက္အိမ္ေဆာက္တဲ့ အေတြးမ်ိဳးထားမယ့္အစား….

သင္အခုလုပ္သင့္တဲ့ အရာမ်ားကို လုပ္ၾကည့္ပါ။လူ႔ျဖစ္ရတာ အသက္ရႈရ ေခ်ာင္မယ့္အျပင္ ေျခလွမ္းတိုင္း ေျခလွမ္းတိုင္းကို ပိုင္ပိုင္ႏိုင္နိုင္ရွိတယ္ဆိုတာ သင္ ခံစားရမွာပါ ။

တစ္ခါတစ္ေလ ခရုအေနာက္က လိုက္ရင္း ေဘးကရႈခင္းေတြကို ေပ်ာ္ရႊင္စြာ ခံစားၾကည့္ပါ။မနက္ျဖန္ဟာ အေရးႀကီးေပမယ့္ ဒီေန႔မွာ အသက္ရွင္ပါ….။

Ashin Marnita ေမတၱာမ်ားျဖင့္ ကာယဝါစီ အရွင္မာနိတ

unicode

ဘဝအတွက်မှတ်သားဖွယ်ရာ ပုံပြင် (၅)ပုဒ်

ပုံပြင် (၁)

ရွာတစ်ရွာက ကလေးမလေးတစ်ယောက် ကျောင်းကို နေ့တိုင်းတစ်ယောက်ထဲ အဝေးကြီးသွားသွားတက်ရတယ်…

တစ်နေ့ ညနေကျောင်းဆင်းချိန်မှာ မိုးတွေရုတ်တရတ် အုံ့ဆိုင်းလာပြီး လျှပ်စီးတွေလျှပ်လာသည်။

အမေဖြစ်သူက သမီးကို အရမ်းစိတ်ပူသွားပြီး ကျောင်းကပြန်လာမယ့် လမ်းအတိုင်း စက်ဘီးနဲ့ အမြန်နင်းသွားရှာသည်။

သူ့သမီးကို လမ်းခုလတ်မှာတွေ့တဲ့အခါ အမေဖြစ်သူ ကြောင် သွားသည်။

သမီးဖြစ်သူက လျှပ်စီးတစ်ခါလျှပ်တိုင်း လမ်းလျှောက်တာ ရပ်လိုက်ပြီး ကောင်းကင်ကိုခေါင်းမော့ကြည့်တယ်. ပြီးတော့ ရယ်ပြတယ်…..

တော်တော်ကြာရပ်ကြည့်နေပြီးမှ အမေက သမီးအနား စက်ဘီးတွန်းသွားရင်း မေးလိုက်တယ်…..

သမီးလေး.. သမီး ဘာလုပ်နေတာလဲ…..သမီးက ပြန်ဖြေတယ်…..မိုးပေါ်က နတ်မင်းကြီးက သမီးကို ဓာတ်ပုံရိုက်ပေးလို့ ပြုံးပြနေတာ မေမေ….

( လူတွေ အများဆုံး မှားတဲ့ အမှားက မိမိရဲ့ ဦးနှောက်ထဲက အတွေးနဲ့ သူတစ်ပါးကို သွားနားလည်တာပဲ…..

အရာရာက သင့်အတွေးထဲက အတိုင်းပဲဖြစ်မယ် ထင်နေလို့လား…

သင် အခု ဒီစာမဖတ်သေးခင်အထိ အရာဘယ်နှစ်ခုကို ကိုယ့်အတွေးနဲ့ကိုယ်ဆုံးဖြတ်ပြီး ဘယ်လောက်တောင်မှ လှပတဲ့ အတိတ်တွေကို လက်လွတ်ဆုံးရှုံးခဲ့သလဲ….

လူ့ဘဝကို အတွေးမလွန်ဘဲ ပေါ့ပေါ့ပါးပါးနေပြီး ပျော်ပျော်ရွှင်ရွှင် ခံစား ဖြတ်သန်းကြည့်ပါ )…..။

ပုံပြင် (၂ )

အသက်ငယ်ငယ်ရွယ်ရွယ်နှင့် အင်မတန်မှ အောင်မြင်ကျော်ဇောသော သူဌေးသားတစ်ယောက်သည် သူ့အဖေကိုခေါ်ပြီး အင်မတန်မှ ဈေးကြီးတဲ့ စားသောက်ဆိုင်မှာ ညစာခေါ်သွားစားသည်။

ညစာစားနေတုန်း နာမည်ကြီး စန္ဒယားဆရာတစ်ယောက်က စင်ပေါ်တက်လာပြီး ဖျော်ဖြေတင်ဆက်လေသည်။

သားဖြစ်သူက ငယ်ငယ်က စန္ဒယား သင်ခဲ့ဖူးတာကို သွားအမှတ်ရသည်။အဖေ့ဘက်ကို လှည့်ပြီးပြောသည်။

” ကျနော်သာ ငယ်ငယ်က စန္ဒယားကို ကောင်းကောင်းသင်ခဲ့ရင် အခုစင်ပေါ်မှာ စန္ဒယားတီးနေတဲ့သူက သားဖြစ်နေမှာ”

“ဟုတ်တယ် သား.. ” သူ့အဖေက ပြန်ဖြေတယ်..

” ဒါပေမယ့် အဲလိုဆို ဒီညစာ စားပွဲမှာ ထိုင်စားနေတာ သားဖြစ်ချင်မှဖြစ်နေမှာ ”

( တစ်ခါတစ်လေ ကျနော်တို့သည် လက်လွတ်သွားတဲ့ အခွင့်အရေးကို တမြောတသဖြစ်ကာ သက်ပြင်းချမိနေတတ်ပြီး မိမိရောက်ရှိနေတဲ့ နေရာရဲ့တန်ဖိုးကို သတိမထားမိတတ်ကြပေ။)….။

ပုံပြင် (၃)

အမေနဲ့ သား ဈေးအတူတူသွားကြသည်။ကုန်စုံဆိုင် ဆိုင်ရှင်က ကလေးလေးကိုတွေ့တာနဲ့ အင်မတန် ချစ်ဖို့ကောင်းတာနဲ့ ဈေးဗန်းထဲက သကြားလုံးကိုနှိုက်ယူခိုင်းသည်။

ကလေးက တုပ်တုပ်ပင် မလှုပ်ချေ။အတန်တန်ပြောသော်လည်း မယူသဖြင့် ဆိုင်ရှင်က ပြုံးကာ သကြားလုံးကို တစ်ဆုပ်ယူပြီး အိပ်ကပ်ထဲထိုးထည့်ပေးလိုက်သည်။

ဈေးကပြန်လာတော့ အမေဖြစ်သူက သားကိုမေးသည်။ “သားသကြားလုံးကြိုက်တတ်မှန်းသိသားနဲ့ ဒီလောက်ယူခိုင်းနေတာသားရယ် ဘာဖြစ်လို့မယူရတာလဲ”

သားက ပိုင်တဲ့ အပြုံးပြုံးပြီး အမေ့ကိုပြန်ဖြေသည်..

“ဘာဖြစ်လို့လဲဆိုတော့ သားလက်ကပိုသေးတယ်.. ဆိုင်ရှင်လက်က ပိုကြီးတယ်လေ….သူထည့်ပေးရင် ကျနော်ယူတာထက် ကျိန်းသေပိုများမှာသားသိလို့..”

( ဒီကလေးဟာ သူ့ရဲ့ limit ကို သူနားလည်တယ်….ဒါ့အပြင် သူများက သူ့ထက်သာမှန်း ပိုပြီးနားလည်တယ်။

တစ်ခါတစ်လေ ကျနော်တို့သည် အရာရာကို မိမိအားနဲ့မမျှရင် အခြားကိုယ့်ထက် အားသာတဲ့ သူအပေါ် အားကိုးသင့်ပါတယ်…ဒါဟာ အကျိုးပိုဖြစ်ထွန်းစေတဲ့ လူလည်ကျနည်းတစ်ခုပါ )….။

ပုံပြင် (၄)

ကောင်ကလေးတစ်ယောက်ရဲ့ မွေးနေ့ ပါတီတစ်ခုမှာ အဘိုးဖြစ်သူက ကောင်လေးကို မေးသည်။

“မြေးလေးကြီးလာရင် ဘာဖြစ်ချင်သလဲ”

” ကျနော် လေယဉ်ပျံမောင်းတဲ့သူဖြစ်ချင်တယ်”

” ဒါဆို တစ်နေ့ ငါ့မြေးမောင်းတဲ့ လေယဉ်ပျံ ဆီကုန်သွားရင် ဘယ်လိုလုပ်မလဲ”

ကောင်လေးက တစ်ချက်စဉ်းစားတယ်။ ပြီးနောက်…..”လေယဉ်ပေါ်က လူတွေအားလုံးကို ထိုင်ခုံ ခါးပတ်ပတ်ခိုင်းမယ် ပြီးတော့ ကျနော် လေထီးနဲ့ အောက်ကို ခုန်ဆင်းမယ်”

တစ်ပါတီလုံးက လူတွေ သောက်သောက်လဲ ရယ်ကြလေသည်။နောက် ကောင်လေးဖြစ်သူက ငိုပြီး အကျယ်ကြီးအော်ပြောလိုက်သောအခါ အားလုံး အရယ်တိတ်ကုန်လေသည်။

“ကျနော် အောက်ခဏဆင်းပြီးဓာတ်ဆီသွားယူမယ်.. ပြီးရင် ပြန်လာခဲ့မယ်.. ကျိန်းသေကို ပြန်လာခဲ့မယ် ခင်ဗျားတို့စောင့်နေကြပါ”

( သင် သူတပါးစကားနားထောင်နေတဲ့အချိန်မှာ သူပြောချင်တဲ့ အဓိပ္ပါယ်ကို သင်သေချာသိရဲ့လား.. နားလည်သလား?

တကယ်လို့ နားမလည်သေးရင် သူ့ကိုဆုံးအောင်ပေးပြောလိုက်ပါ။ဒါဟာ ယဉ်ကျေးမှု တစ်ခုပါ။

၁အချက် စကားကို တစ်ဝက်ပဲ နားမထောင်နဲ့…

၂ အချက် ကိုယ့်ရဲ့အတွေးနဲ့ သူများရဲ့လျှာထိပ်ကို သွားမတွေးနဲ့)…..။

ပုံပြင် (၅)

နတ်မင်းကြီးက ကျနော့်ကို ခရုတစ်ကောင်ရဲ့ လက်ကိုဆွဲပြီး ခရီးထွက်ဖို့ တာဝန်ပေးသည်။

ကျနော် ဘယ်လောက် နှေးနှေးသွားသွား ခရု မလိုက်နိုင်ဘူး အမြဲတမ်း နောက်မှာပဲ ကျန်နေတယ်..

ကျနော် ဆွဲတယ်.. တွန်းတယ်.. လောတယ်….

ခရုက ကျနော့်ကို မျက်လုံးလေး ပေကလပ်ပေကလပ်နဲ့ ကြည့်ပြီးပြောသည် “သူများလည်းအတတ်နိုင်ဆုံးလျှောက်တာပဲလေ..” တဲ့….

ကျနော် ခြောက်တယ်… ကန်တယ်… ဆောင့်တွန်းတယ်….

ကျနော်ချွေးတွေထွက်လာတယ်.. ခရုလည်းဒဏ်ရာတွေရကုန်တယ်…

ဒါပေမယ့် ထင်သလောက်ခရီးက မပေါက်ဘူး့…..

“နတ်မင်းကြီးရယ်.. ဘာဖြစ်လို့များ ကျနော့်ကို ခရုနဲ့တွဲလျှောက်ခိုင်းရတာလဲ”

ကောင်းကင်ကြီးက ငြိမ်သက်နေသည်။

ကောင်းပြီလေ.. အသင်နတ်မင်းကြီးတောင် ဂရုမစိုက်မှတော့ ကျနော်က ဘာကိစ္စလောတော့မှာလဲ….

ဒါနဲ့ အရွဲ့တိုက်ပြီး ခရုနောက်က ပြန်လိုက်သည်။ ဒေါသထွက်ထွက်နဲ့ပေါ့။

အလို… ကျနော် ပန်းရနံ့ သိမ့်သိမ့်လေးရှုမိတယ်။

အော်.. လတ်စသတ်တော့ ငါ ပန်းခြံထဲရောက်နေပါကော….

ကျနော် လေရူးလေးတစ်ချက် ကျီစယ်သွားတာ ခံစားမိလိုက်တယ်…..

လတ်စသတ်တော့ ညချမ်းအေးရဲ့ လေရူးလေးက ဒီလောက်တောင် ညင်သာ တာကိုး…..

ခဏလေး..ကျနော် ငှက်တွေတေးဆိုနေတဲ့အသံကြားမိသလိုပဲ ပုရစ်လေးတွေ တစ်ယောက်နဲ့တစ်ယောက် အသံနဲ့ ကျီစယ်နေကြတယ်…

ဝှား… ကောင်းကင်ပေါ်မှာ ကြယ်တွေ အများကြီးပဲ…လှလိုက်တာ…

ဟမ်……အရင်က ဘာဖြစ်လို့ ဒါတွေ မရှိရတာပါလိမ့်…

( အော်.. ကျနော်သိပြီ….ကျနော် မှားခဲ့တယ်…..နတ်မင်းကြီးက ကျနော်ကို ခရုနဲ့ လမ်းတူတူလျှောက်ခိုင်းတာပဲလေ…

သင်ကော… သင့်ခရုလေးကို ရှာတွေ့ပြီးပြီလား…..တစ်ခါတစ်လေ စိတ်ပြေလက်ပျောက် လမ်းလျှောက်ကြည့်ပါ…..

ဘဝရဲ့ ခြေလှမ်း အလှမ်းတိုင်း အလှမ်းတိုင်းကို ဖြေးဖြေးချင်းပျော်ရွှင် ခံစားရင်းပေါ့…..။

ပျော်ရွှင်မှုကို မသိမသာနဲ့ သတ်တဲ့ စကား၅ခွန်းရှိတယ်…..

ငါ သာ… ဖြစ်လာရင် တဲ့…

အဝေးကြီးကို တွေးတဲ့ အတွေးမျိုးပေါ့…..

ငါသာ တစ်နေ့ သူဌေးကြီးဖြစ်လာရင်…..

ငါသာ ကားရှိလာရင်…..

တကယ်လို့ သင်အခုချိန်ကို မပျော်ပိုက်ဘူးဆိုရင် ပိုက်ဆံ ဘယ်လောက်ရှာနိုင် ရှာနိုင် မပျော်ဘူးလို့ ကျနော် အာမခံတယ်….

တစ်ရာရှိရင် နှစ်ရာရှာချင်တယ်ဆိုတာ အတောမသတ်နိုင်တဲ့ လူ့ရဲ့ လောဘစိတ်ပါ။

သင်မပျော်ဘူးဆိုရင် သင့် အိမ်ထောင်ဖက်လည်းမပျော်တော့ဘူး…..သင့်အိမ်သူအိမ်သားလည်းမပျော်တော့ဘူး။

တကယ်လို့ သင်အခုထိ ဘဝကို ဘယ်လိုခံစားရမလဲ မသိရင် နောက်လည်း လူ့ဘဝကို ဘယ်လိုခံစားရမလဲ သိမှာမဟုတ်ဘူး။

ကောင်လေးနဲ့ကောင်မလေး မသေချာတဲ့ deadline တစ်ခု လုပ်ထားတယ်ဆိုပါစို့။

ဥပမာ- ငါ အသက် ၂၅ပြည့်ရင် လက်ထပ်မယ်….

၂၆ မှာ ကလေးတစ်ယောက်မွေးမယ်….

၃၀ မှာ သားတစ်ယောက် သမီးတစ်ယောက်ရှိမယ်…..

၃၁ မှာ အိမ်တစ်လုံးပိုင်မယ်…..ဆိုပြီး အကြမ်းဖျင်းချထားတယ်…..

ကျနော်တို့ တစ်ခါတစ်လေ လက်ထပ်လိုက်ရင်ပြီးပြီ…ဘာပြသနာမှ မရှိတော့ဘူးလို့ တွေးတောမိဘူးလိမ့်မည်။

အဲလိုဆို မြန်မြန် လက်ထပ်၊ ကလေးတစ်ယောက်ပြီး တစ်ယောက်မွေးကြည့်ပေါ့…..

တကယ်မှာ ပြသနာက မငြိမ်းသွားတဲ့အပြင်ပိုပိုကြီးလာမှာပါ….

ဒါ့ကြောင့် သင့်မှာ အနာဂတ်ရည်မှန်းချက်ဆိုတာရှိသင့်ပေမယ့် လေထဲတိုက်အိမ်ဆောက်တဲ့ အတွေးမျိုးထားမယ့်အစား….

သင်အခုလုပ်သင့်တဲ့ အရာများကို လုပ်ကြည့်ပါ။လူ့ဖြစ်ရတာ အသက်ရှုရ ချောင်မယ့်အပြင် ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းကို ပိုင်ပိုင်နိုင်နိုင်ရှိတယ်ဆိုတာ သင် ခံစားရမှာပါ ။

တစ်ခါတစ်လေ ခရုအနောက်က လိုက်ရင်း ဘေးကရှုခင်းတွေကို ပျော်ရွှင်စွာ ခံစားကြည့်ပါ။မနက်ဖြန်ဟာ အရေးကြီးပေမယ့် ဒီနေ့မှာ အသက်ရှင်ပါ….။

Ashin Marnita မေတ္တာများဖြင့် ကာယဝါစီ အရှင်မာနိတ