စုံထောက်ဉာဏ်ရှိတဲ့ ဖုန်းပြင်ဆိုင်ကိုမှ လော့သွားဖွင့်ခိုင်းမိတဲ့ ဖုန်းသူခိုးရဲ့ အဖြစ်…

ပြည်တွင်းသတင်း

စံုေထာက္ဥာဏ္ရွိတဲ႔ ဖုန္းျပင္ဆိုင္ကိုမွ ေလာ့သြားဖြင့္ခိုင္းမိတဲ႔ ဖုန္းသူခိုးရဲ႕ အျဖစ္

၁၅.၁၂.၂၀၁၉ ရက္​​ေန႔ ၁၀၀၀ အခ်ိန္​ခန္​႔တြင္​ ​ေက်ာက္​ဆည္​ၿမိဳ႕ ​ေရႊရတီ မီးပိြဳင္​့ အနီးရိွ T.Mobile အ​ေရာင္​း ဆိုင္​တြင္​ အမ်ိဳးသား တစ္​ဦး မွလာ​ေရာက္​၍ Redmi Note အမ်ိဳးအစား အနက္​​ေရာင္​ ႏွင္​့ အျပာႏု​ေရာင္​ ႏွစ္​လံုး အား password လာ​ေျဖခိုင္​းရာ ဆိုင္​ဝန္​ထမ္​းျဖစ္​သူမွ မသကၤာ၍ ဖုန္​းအတြင္​းမွ ဆင္​းကတ္​ အားထုတ္​၍ အဝင္​အထြက္​ ​ေခၚဆိုမႈ မ်ားအား ​ေခၚဆိုၾကည္​့ရာ….

၁၄.၁၂.၂၀၁၉ ရက္​​ေန႔ ၂၃၃၀ အခ်ိန္​ က မန ၱ​ေလး​ေဆးရံုႀကီးတြင္​ ​ေပ်ာက္​ဆံုးခဲ့​ေသာ ဖုန္​းမ်ားျဖစ္​​ေၾကာင္​း သိရိွရသျဖင္​့ ၎ဆိုင္​​ေ႐ွ႕ရိွ ​ရန္​-မန္​းလမ္​းမ​ေပၚ တြင္​ ယာဥ္​/လမ္​း႐ွင္​းလင္​း​ေဆာင္​ရြက္​​ေန​ေသာ အမွတ္​(၉၂) ယာဥ္​ထိန္​းရဲတပ္​ဖြဲစု (​ေက်ာက္​ဆည္​) မွ ရဲတပ္​ၾက္ပ္​ ညီညီျမင္​့ ႏွင္​့ ရဲတပ္​သား​ေအာင္​ပိုင္​စိုးတို႔အား အ​ေၾကာင္​းၾကားသျဖင္​့ ရဲတပ္​ၾကပ္​ ညီညီျမင္​့ မွ ဖမ္​းဆီးရာ…

၎အမ်ိဳးသားမွာ ခါး၌ထိုးထား​ေသာ ပုလင္​းျဖင္​့ ရဲတပ္​ၾကပ္​ ညီညီျမင္​့ အား႐ိုက္​ရာ ​ေ႐ွာင္​တိမ္​းလိုက္​စဥ္​ ၎အမ်ိဳးသားမွာ ထြက္​​ေျပးသြား၍ ရဲတပ္​ၾကပ္​ ညီညီျမင္​့မွ လိုက္​လံဖမ္​းဆီးစဥ္​ ​ေက်ာက္​ဆည္​ၿမိဳ႕ အ.ထ.က(၁) ​ေ႐ွ႕​အ​ေရာက္​တြင္​ ၎အမ်ိဳးသားမွ အသင္​့ပါလာ​ေသာ ​ေလာက္​​ေလးခြျဖင္​့ ပစ္​ခတ္​ရာ ရဲတပ္​သား ​ေအာင္​ပိုင္​စိုး ​ေဆာင္​းထားသည္​့ဆိုင္​ကယ္​ စီးဦးထုပ္​အား ႐ွပ္​မွန္​ခဲ့ၿပီး ရဲတပ္​သား​ေအာင္​ပိုင္​စိုးမွဆိုင္​ကယ္​ျဖင္​့ ​ေ႐ွ႕မွပိတ္​ဆို႔၍ ရဲတပ္​ၾကပ္​ညီညီျမင္​့ မွ လံုး​ေထြးဖမ္​းဆီးခဲ့ရပါသည္​။

၎ဖုန္​းပိုင္​႐ွင္​မွာ မန ၱ​ေလး​ေဆးရံုႀကီး တြင္​ ဇနီးျဖစ္​သူအား ​ေဆးကုသတက္​​ေရာက္​​ေနသည္​ကို ​ေစာင္​့ဆိုင္​း​ေနစဥ္​ ၎ဖုန္​း ႏွစ္​လံုး ​ေဘာင္​းဘီ ယာဘက္​အိပ္​ထဲတြင္​ ထည္​့ၿပီး ၁၄.၁၂.၂၀၁၉ ရက္​​ေန႔ ၂၃၀၀ အခ်ိန္​ခန္​႔ က အိပ္​​ေပ်ာ္​သြားခဲ့ရာ ၁၅.၁၂.၂၀၁၉ ရက္​​ေန႔ ၀၇၀၀ အခ်ိန္​ အိပ္​ယာမွ ႏိုး​ေသာအခါ ​ဖုန္​းမ်ား နွင့္ ​ေငြမ်ား အခိုးခံရ​ေၾကာင္​း သိရိွခဲ့ပါသည္​။

ဖုန္​းခိုးလာသူမွာ သက္ပိုင္​​(၂၅)ႏွစ္​ (ဘ) ဦး​စိန္မုံ ​​အမွတ္​(၄)ရပ္​ကြက္​ ​ေခ်ာက္​ၿမိဳ႕ ဟုသိရိွရၿပီး ၎အား ​အေရးယူ​ေဆာင္​ရြက္​ႏိုင္​​ေရးအတြက္​ အမွတ္​(၉၂) ယာဥ္​ထိန္​းတပ္​ဖြဲ႔စု (​ေက်ာက္​ဆည္​) မွ သက္​​ေသခံပစၥည္​း မ်ားႏွင္​့အတူ တရားခံအား ​ေက်ာက္​ဆည္​ၿမိဳ႕မရဲစခန္​း သို႔ လြဲ​ေျပာင္​း အပ္​ႏွံထားရိွပါသည္​။U Kyaw Soe Lwin

unicode

စုံထောက်ဉာဏ်ရှိတဲ့ ဖုန်းပြင်ဆိုင်ကိုမှ လော့သွားဖွင့်ခိုင်းမိတဲ့ ဖုန်းသူခိုးရဲ့ အဖြစ်

၁၅.၁၂.၂၀၁၉ ရက်နေ့ ၁၀၀၀ အချိန်ခန့်တွင် ကျောက်ဆည်မြို့ ရွှေရတီ မီးပွိုင့် အနီးရှိ T.Mobile အရောင်း ဆိုင်တွင် အမျိုးသား တစ်ဦး မှလာရောက်၍ Redmi Note အမျိုးအစား အနက်ရောင် နှင့် အပြာနုရောင် နှစ်လုံး အား password လာဖြေခိုင်းရာ ဆိုင်ဝန်ထမ်းဖြစ်သူမှ မသင်္ကာ၍ ဖုန်းအတွင်းမှ ဆင်းကတ် အားထုတ်၍ အဝင်အထွက် ခေါ်ဆိုမှု များအား ခေါ်ဆိုကြည့်ရာ

၁၄.၁၂.၂၀၁၉ ရက်နေ့ ၂၃၃၀ အချိန် က မန ္တလေးဆေးရုံကြီးတွင် ပျောက်ဆုံးခဲ့သော ဖုန်းများဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းဆိုင်ရှေ့ရှိ ရန်-မန်းလမ်းမပေါ် တွင် ယာဉ်/လမ်းရှင်းလင်းဆောင်ရွက်နေသော အမှတ်(၉၂) ယာဉ်ထိန်းရဲတပ်ဖွဲစု (ကျောက်ဆည်) မှ ရဲတပ်ြက်ပ် ညီညီမြင့် နှင့် ရဲတပ်သားအောင်ပိုင်စိုးတို့အား အကြောင်းကြားသဖြင့် ရဲတပ်ကြပ် ညီညီမြင့် မှ ဖမ်းဆီးရာ

၎င်းအမျိုးသားမှာ ခါး၌ထိုးထားသော ပုလင်းဖြင့် ရဲတပ်ကြပ် ညီညီမြင့် အားရိုက်ရာ ရှောင်တိမ်းလိုက်စဉ် ၎င်းအမျိုးသားမှာ ထွက်ပြေးသွား၍ ရဲတပ်ကြပ် ညီညီမြင့်မှ လိုက်လံဖမ်းဆီးစဉ် ကျောက်ဆည်မြို့ အ.ထ.က(၁) ရှေ့အရောက်တွင် ၎င်းအမျိုးသားမှ အသင့်ပါလာသော လောက်လေးခွဖြင့် ပစ်ခတ်ရာ ရဲတပ်သား အောင်ပိုင်စိုး ဆောင်းထားသည့်ဆိုင်ကယ် စီးဦးထုပ်အား ရှပ်မှန်ခဲ့ပြီး ရဲတပ်သားအောင်ပိုင်စိုးမှဆိုင်ကယ်ဖြင့် ရှေ့မှပိတ်ဆို့၍ ရဲတပ်ကြပ်ညီညီမြင့် မှ လုံးထွေးဖမ်းဆီးခဲ့ရပါသည်။

၎င်းဖုန်းပိုင်ရှင်မှာ မန ္တလေးဆေးရုံကြီး တွင် ဇနီးဖြစ်သူအား ဆေးကုသတက်ရောက်နေသည်ကို စောင့်ဆိုင်းနေစဉ် ၎င်းဖုန်း နှစ်လုံး ဘောင်းဘီ ယာဘက်အိပ်ထဲတွင် ထည့်ပြီး ၁၄.၁၂.၂၀၁၉ ရက်နေ့ ၂၃၀၀ အချိန်ခန့် က အိပ်ပျော်သွားခဲ့ရာ ၁၅.၁၂.၂၀၁၉ ရက်နေ့ ၀၇၀၀ အချိန် အိပ်ယာမှ နိုးသောအခါ ဖုန်းများ နှင့် ငွေများ အခိုးခံရကြောင်း သိရှိခဲ့ပါသည်။

ဖုန်းခိုးလာသူမှာ သက်ပိုင်(၂၅)နှစ် (ဘ) ဦးစိန်မုံ အမှတ်(၄)ရပ်ကွက် ချောက်မြို့ ဟုသိရှိရပြီး ၎င်းအား အရေးယူဆောင်ရွက်နိုင်ရေးအတွက် အမှတ်(၉၂) ယာဉ်ထိန်းတပ်ဖွဲ့စု (ကျောက်ဆည်) မှ သက်သေခံပစ္စည်း များနှင့်အတူ တရားခံအား ကျောက်ဆည်မြို့မရဲစခန်း သို့ လွဲပြောင်း အပ်နှံထားရှိပါသည်။U Kyaw Soe Lwin