ကားငယ်များတီထွင်ထုတ်လုပ်ခဲ့သူက သုံးဘီးဆိုင်ကယ်ပုံစံသစ်တီထွင်….

ၾကားသိရသမ်

မိတၳီလာတြင္ ကားငယ္မ်ားတီထြင္ထုတ္လုပ္ခဲ့သူက သုံးဘီးဆိုင္ကယ္ပုံစံသစ္တီထြင္

မိတၳီလာ၊ ဒီဇင္ဘာ ၁၄

မိတၳီလာၿမိဳ့ ရန္မ်ိဳးေအာင္ရပ္ကြက္တြင္ ဆိုင္ကယ္အင္ဂ်င္မ်ားျဖင့္ ကားငယ္မ်ားကိုတီထြင္ထုတ္လုပ္ခဲ့ေသာ ကိုေဇာ္မ်ိဳးဦးက သုံးဘီးဆိုင္ကယ္(အႀကီး) ပုံစံသစ္ကိုတီထြင္ထုတ္လုပ္ၿပီးစီးၿပီျဖစ္ေၾကာင္း၎ထံမွ သိရသည္။

“ၿပီးတာႏွစ္ရက္ေလာက္ပဲ ရွိေသးတယ္။ ဒီဇိုင္းက ကိုယ္ပိုင္ဒီဇိုင္းပါ။ မွာထားတဲ့သူအတြက္ လုပ္ေပးတာပါ။ ကမၻာေက်ာ္ Harley Davidson ကထုတ္တဲ့ သုံးဘီးဆိုင္ကယ္မ်ိဳးပါ။ အဲဒါက သိန္းသုံးရာေလာက္ ရွိပါတယ္။

အဲဒီပုံစံမ်ိဳးကို ၁၅ သိန္းေလာက္နဲ႔ရေအာင္ ထုတ္ထားတာျဖစ္ပါတယ္။ ျမန္မာျပည္ကဆိုင္ကယ္ဘီးႀကီး ဝါသနာရွင္ေတြအတြက္ရည္ရြယ္ၿပီး ထုတ္လုပ္ထားတာျဖစ္ပါတယ္။ ခရီးေဝးထြက္လို့ေကာင္းပါတယ္” ဟု ကိုေဇာ္မ်ိဳးဦးကေျပာျပသည္။

အလ်ား ရွစ္ေပ၊ အနံ ေလးေပရွိေသာအဆိုပါသုံးဘီးဆိုင္ကယ္ကို တစ္လခြဲခန႔္အခ်ိန္ယူကာ တည္ေဆာက္ခဲ့ရျခင္းျဖစ္ၿပီး တ႐ုတ္နိုင္ငံမွထုတ္လုပ္ေသာ 150-CC Karmax အင္ဂ်င္ကို အသုံးျပဳထားေၾကာင္း၊ …..

ကိုယ္ထည္ကာဘာမွာ ဖိုက္ဘာျဖစ္ကာ ေရွ႕ဂီယာငါးခ်က္ႏွင့္ ေနာက္ဂီယာပါရွိၿပီး ေနာက္တန္းကေရာင္းစနစ္ျဖစ္ေၾကာင္း၊ အျမန္ႏွုန္းမွာ တစ္နာရီလၽွင္ ၉၀ ကီလိုမီတာအထိ ေမာင္းႏွင္နိုင္ၿပီး ဆီစားႏွုန္းမွာ ဓာတ္ဆီတစ္ဂါလန္လၽွင္ ၁၀၀ ကီလိုမီတာဝန္းက်င္အထိ ေမာင္းႏွင္နိုင္ကာ ဆိုင္ကယ္ေနာက္ပိုင္းတြင္ ပစၥည္းထည့္ရန္ Tool Box အႀကီးပါရွိေၾကာင္း ၎ကရွင္းျပသည္။

တြင္ခုံလုပ္ငန္းရွင္တစ္ဦးျဖစ္ေသာ ကိုေဇာ္မ်ိဳးဦးသည္ ၂၀၁၃ ခုႏွစ္မွစတင္၍ ဆိုင္ကယ္အင္ဂ်င္ျဖင့္ ကားငယ္မ်ားကို တီထြင္ခဲ့ရာတြင္ ယခုအခ်ိန္အထိ 125 CC ၊ 150 CC ၊ 250CC အင္ဂ်င္မ်ားျဖင့္ ကားငယ္သုံးစီးကို ထုတ္လုပ္ခဲ့သည္။

မသန္စြမ္းသူမ်ားအတြက္လည္း 50 CC အင္ဂ်င္ကိုအသုံးျပဳကာ ဘက္ဂီယာပါရွိေသာ သုံးဘီးဆိုက္ကယ္ ၁၁ စီးကို တီထြင္ထုတ္လုပ္ခဲ့ၿပီးျဖစ္သည္။ေက်ာ္စိုးမိုး / The Voice / Maung Maung Myat Thu

unicode

မိတ္ထီလာတွင် ကားငယ်များတီထွင်ထုတ်လုပ်ခဲ့သူက သုံးဘီးဆိုင်ကယ်ပုံစံသစ်တီထွင်

မိတ္ထီလာ၊ ဒီဇင်ဘာ ၁၄

မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက်တွင် ဆိုင်ကယ်အင်ဂျင်များဖြင့် ကားငယ်များကိုတီထွင်ထုတ်လုပ်ခဲ့သော ကိုဇော်မျိုးဦးက သုံးဘီးဆိုင်ကယ်(အကြီး) ပုံစံသစ်ကိုတီထွင်ထုတ်လုပ်ပြီးစီးပြီဖြစ်ကြောင်း၎င်းထံမှ သိရသည်။

“ပြီးတာနှစ်ရက်လောက်ပဲ ရှိသေးတယ်။ ဒီဇိုင်းက ကိုယ်ပိုင်ဒီဇိုင်းပါ။ မှာထားတဲ့သူအတွက် လုပ်ပေးတာပါ။ ကမ္ဘာကျော် Harley Davidson ကထုတ်တဲ့ သုံးဘီးဆိုင်ကယ်မျိုးပါ။ အဲဒါက သိန်းသုံးရာလောက် ရှိပါတယ်။

အဲဒီပုံစံမျိုးကို ၁၅ သိန်းလောက်နဲ့ရအောင် ထုတ်ထားတာဖြစ်ပါတယ်။ မြန်မာပြည်ကဆိုင်ကယ်ဘီးကြီး ဝါသနာရှင်တွေအတွက်ရည်ရွယ်ပြီး ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ခရီးဝေးထွက်လို့ကောင်းပါတယ်” ဟု ကိုဇော်မျိုးဦးကပြောပြသည်။

အလျား ရှစ်ပေ၊ အနံ လေးပေရှိသောအဆိုပါသုံးဘီးဆိုင်ကယ်ကို တစ်လခွဲခန့်အချိန်ယူကာ တည်ဆောက်ခဲ့ရခြင်းဖြစ်ပြီး တရုတ်နိုင်ငံမှထုတ်လုပ်သော 150-CC Karmax အင်ဂျင်ကို အသုံးပြုထားကြောင်း၊ …..

ကိုယ်ထည်ကာဘာမှာ ဖိုက်ဘာဖြစ်ကာ ရှေ့ဂီယာငါးချက်နှင့် နောက်ဂီယာပါရှိပြီး နောက်တန်းကရောင်းစနစ်ဖြစ်ကြောင်း၊ အမြန်နှုန်းမှာ တစ်နာရီလျှင် ၉၀ ကီလိုမီတာအထိ မောင်းနှင်နိုင်ပြီး ဆီစားနှုန်းမှာ ဓာတ်ဆီတစ်ဂါလန်လျှင် ၁၀၀ ကီလိုမီတာဝန်းကျင်အထိ မောင်းနှင်နိုင်ကာ ဆိုင်ကယ်နောက်ပိုင်းတွင် ပစ္စည်းထည့်ရန် Tool Box အကြီးပါရှိကြောင်း ၎င်းကရှင်းပြသည်။

တွင်ခုံလုပ်ငန်းရှင်တစ်ဦးဖြစ်သော ကိုဇော်မျိုးဦးသည် ၂၀၁၃ ခုနှစ်မှစတင်၍ ဆိုင်ကယ်အင်ဂျင်ဖြင့် ကားငယ်များကို တီထွင်ခဲ့ရာတွင် ယခုအချိန်အထိ 125 CC ၊ 150 CC ၊ 250CC အင်ဂျင်များဖြင့် ကားငယ်သုံးစီးကို ထုတ်လုပ်ခဲ့သည်။

မသန်စွမ်းသူများအတွက်လည်း 50 CC အင်ဂျင်ကိုအသုံးပြုကာ ဘက်ဂီယာပါရှိသော သုံးဘီးဆိုက်ကယ် ၁၁ စီးကို တီထွင်ထုတ်လုပ်ခဲ့ပြီးဖြစ်သည်။ကျော်စိုးမိုး / The Voice / Maung Maung Myat Thu