စိတ်မရှည်ပဲကျော်တက်လိုက်တော့ ပွဲချင်းပြီးသေရပြီပေါ့ ကားမောင်းသူများ စိတ်ရှည်ရှည်ထားပါ

ပြည်တွင်းသတင်း

အမႈျဖစ္စဥ္မွာ ၁၄.၁၂.၂၀၁၉ရက္ေန႔လည္ ၃နာရီ ၃၀မိနစ္အခ်ိန္ ရန္ကုန္တိုင္းေဒသႀကီး ၊ေျမာက္ပိုင္းခရိုင္၊ လွည္းကူးၿမိဳ႕နယ္ အမွတ္(၃)လမ္းအတိုင္း အမွတ္(၃)လမ္းဆုံဘက္မွေ ေအာင္မဂၤလာအေဝးေျပးကြင္းဘက္ (ေျမာက္ဘက္မွေတာင္ဘက္) အတိုင္း ယာဥ္ေမာင္းအမည္မသိ၊ အဘအမည္ ၊ေနရပ္လိပ္စာ စုံစမ္းဆဲ

အသက္(၃၀)ခန္႔ အမ်ိဳးသားတစ္ဦးေမာင္းႏွင္ လာေသာ YGN9I……Fielderခဲေရာင္အငွားယာဥ္သည္ အမွတ္(၃)ႏွင့္ အမွတ္(၇)လမ္းဆုံ အနီးတြင္ေရွ႕က လားရာတူေမာင္းႏွင္ေနေသာ ယာဥ္တစ္စီးကို ဝဲဘက္ျခမ္းကေက်ာ္တက္ေမာင္းႏွင္ စဥ္ တစ္ဖက္ယာဥ္ေၾကာအတြင္းေရာက္ရွိသြားၿပီး အမွတ္(၃)လမ္းမအတိုင္းေအာင္မဂၤလာအေဝးေျပးဘက္မွ …..

လွည္းကူးဘက္သို ႔ေတာင္မွေျမာက္သို႔ ယာဥ္ေမာင္း ဟင္နရီထြန္းေက်ာ္ (၂၇)ႏွစ္၊ ဂႏၶမာလမ္း၊ေခ်ာင္း၀(၂)ရပ္ကြက္ ၊ေရႊေလာင္းၿမိဳ႕၊ ဧရာ၀တီတိုင္းေဒသႀကီးေနသူေမာင္းႏွင္လာေသာ BGO7N/…….CONDOR အစိမ္းေရာင္အငွားယာဥ္ကို အရွိန္မထိမ္းနိုင္ဘဲ ၀င္ေရာက္တိုက္မိသျဖင့္ ယာဥ္ႏွစ္စီးပ်က္စီးကာ ….

အမည္မသိအသက္(၃၀)ခန္႔ ယာဥ္ေမာင္း အမ်ိဳးသားသည္ ဦးေခါင္းေနာက္ေစ့ေပါက္ျပဲ၊ ဝဲမ်က္လုံးေဘးေပါက္ျပဲ၊ ဝဲလက္ေမာင္းဖူးေရာင္၊ ဝဲယာဒူးေပါက္ျပဲကာ အခင္းျဖစ္ေနရာ တြင္ေသဆုံးသြားကာ YGN5I/……Fielder အငွားယာဥ္မွာေရွ႕ေခါင္းေက်မြ ၊ေရွ႕ေဂြက်ိဳးကာခန္႔မွန္း (၂၀)သိန္းဖိုးႏွင့္ BGO7N/….CONDOR ကားမွာ…..

ယာဘီးကၽြတ္၊ ဝဲေဘးေခြးကာ ပိန္ခ်ိဳင့္ကာ (၁၀)သိန္းဖိုး ခန္႔ဆုံးရႉံးရေသာေၾကာင့္ ယာဥ္ေပါ့ဆ စြာေမာင္းႏွင္သူ အမည္မသိေသဆုံးသူကို အေရးယူေပးပါရန္ တရားလိုျပဳလုပ္တိုင္တန္းခဲ့ရာ လွည္းကူးရဲစခန္းယာဥ္(ပ)၅၁/၂၀၁၉ပဒ္မ ၃၀၄-က/၂၇၉အရ အမႈေရးဖြင့္ကာ အမႈစစ္ရဲအုပ္ေအာင္လွိုင္ထြန္း၊ ယာဥ္မႈစစ္၊ယာဥ္ထိမ္းတပ္ဖြဲ႕စု (၆၇)ကလက္ခံစစ္ေဆးေနေၾကာင္း သိရသည္။

စိုးျမင့္(လွည္းကူး)S.Hသတင္းဌာန၊ ရႈေထာင့္မႈခင္းႏွင့္သတင္းဂ်ာနယ္၊ အမွန္တရားဂ်ာနယ္

unicode

အမှုဖြစ်စဉ်မှာ ၁၄.၁၂.၂၀၁၉ရက်နေ့လည် ၃နာရီ ၃၀မိနစ်အချိန် ရန်ကုန်တိုင်းဒေသကြီး ၊မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် အမှတ်(၃)လမ်းအတိုင်း အမှတ်(၃)လမ်းဆုံဘက်မှေ အောင်မင်္ဂလာအဝေးပြေးကွင်းဘက် (မြောက်ဘက်မှတောင်ဘက်) အတိုင်း ယာဉ်မောင်းအမည်မသိ၊ အဘအမည် ၊နေရပ်လိပ်စာ စုံစမ်းဆဲ

အသက်(၃၀)ခန့် အမျိုးသားတစ်ဦးမောင်းနှင် လာသော YGN9I……Fielderခဲရောင်အငှားယာဉ်သည် အမှတ်(၃)နှင့် အမှတ်(၇)လမ်းဆုံ အနီးတွင်ရှေ့က လားရာတူမောင်းနှင်နေသော ယာဉ်တစ်စီးကို ဝဲဘက်ခြမ်းကကျော်တက်မောင်းနှင် စဉ် တစ်ဖက်ယာဉ်ကြောအတွင်းရောက်ရှိသွားပြီး အမှတ်(၃)လမ်းမအတိုင်းအောင်မင်္ဂလာအဝေးပြေးဘက်မှ …..

လှည်းကူးဘက်သို့တောင်မှမြောက်သို့ ယာဉ်မောင်း ဟင်နရီထွန်းကျော် (၂၇)နှစ်၊ ဂန္ဓမာလမ်း၊ချောင်းဝ(၂)ရပ်ကွက် ၊ရွှေလောင်းမြို့၊ ဧရာဝတီတိုင်းဒေသကြီးနေသူမောင်းနှင်လာသော BGO7N/…….CONDOR အစိမ်းရောင်အငှားယာဉ်ကို အရှိန်မထိမ်းနိုင်ဘဲ ဝင်ရောက်တိုက်မိသဖြင့် ယာဉ်နှစ်စီးပျက်စီးကာ ….

အမည်မသိအသက်(၃၀)ခန့် ယာဉ်မောင်း အမျိုးသားသည် ဦးခေါင်းနောက်စေ့ပေါက်ပြဲ၊ ဝဲမျက်လုံးဘေးပေါက်ပြဲ၊ ဝဲလက်မောင်းဖူးရောင်၊ ဝဲယာဒူးပေါက်ပြဲကာ အခင်းဖြစ်နေရာ တွင်သေဆုံးသွားကာ YGN5I/……Fielder အငှားယာဉ်မှာရှေ့ခေါင်းကျေမွ ၊ရှေ့ဂွေကျိုးကာခန့်မှန်း (၂၀)သိန်းဖိုးနှင့် BGO7N/….CONDOR ကားမှာ…..

ယာဘီးကျွတ်၊ ဝဲဘေးခွေးကာ ပိန်ချိုင့်ကာ (၁၀)သိန်းဖိုး ခန့်ဆုံးရှူံးရသောကြောင့် ယာဉ်ပေါ့ဆ စွာမောင်းနှင်သူ အမည်မသိသေဆုံးသူကို အရေးယူပေးပါရန် တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ လှည်းကူးရဲစခန်းယာဉ်(ပ)၅၁/၂၀၁၉ပဒ်မ ၃၀၄-က/၂၇၉အရ အမှုရေးဖွင့်ကာ အမှုစစ်ရဲအုပ်အောင်လှိုင်ထွန်း၊ ယာဉ်မှုစစ်၊ယာဉ်ထိမ်းတပ်ဖွဲ့စု (၆၇)ကလက်ခံစစ်ဆေးနေကြောင်း သိရသည်။

စိုးမြင့်(လှည်းကူး)S.Hသတင်းဌာန၊ ရှုထောင့်မှုခင်းနှင့်သတင်းဂျာနယ်၊ အမှန်တရားဂျာနယ်