လူတစ်ယောက်ဟာ ကံညံ့တော့မယ်ဆိုရင် ဒီအချက်တွေ ဖြစ်လာပါတယ်….
ဗဟုသုတစုံ
=======================
Unicode
လူတစ်ယောက်ဟာ ကံညံ့တော့မယ်ဆိုရင်
၁။ အရင်ကထက်ပိုပြီး ဒေါသ၊ လောဘ၊ မောဟပိုကြီးလာ တတ်တယ်ပါတယ် ။ အရင်ကထက် ထစ်ခနဲရှိစိတ်တိုနေပြီဆို … သတိထားဗျ ..ကံညံ့တော့မယ်လို့ပြတာပဲ…
၂။ မကောင်းတဲ့ကိစ္စရပ်တွေကို ကောင်းတယ်လို့မြင်လာ တတ်တယ်…
ဥပမာဗျာ ..အရင်ကအရက်သိပ်မသောက်ဖြစ်ဘူးဆိုပါတော့…
ကံညံ့တော့မယ်ဆို ..အကြောင်းပြချက်မရှိ အရက်ခဏခဏ သောက်ဖြစ်တာမျိုး…
မကောင်းတဲ့ မိုက်တဲ့ သူငယ်ချင်းတွေကို သူငယ်ချင်းကောင်းလို့ ထင်လာတာမျိုးပေါ့
၃။ ဆိုဆုံးမတဲ့စကားတွေကို နာခံဖို့ ခက်ခဲလာတတ်တယ်… လူကြီးမိဘတွေက ဆုံးမရင်မနာခံဘဲ ထင်ရာလုပ်နေမိတတ်ပါတယ်။
၄။ အပျော်အပါးပိုမက်လာတယ်…အရင်ကအပျော်အပါးကို ကြုံမှလုပ်တတ်ပေမဲ့ ကံညံ့တော့မယ်ဆို အပျော်ဘက်ကို အချိန်ပိုပေးလာတတ်တယ်…
၅။ မွေးလရောက်ခါနီးတိုင်း အပြောင်းအလဲ တစ်စုံတစ်ရာကြုံ တယ်…ဆိုပါတော့ဗျ …ပြဿနာ တက်တာမျိုး ၊ အစွပ်အစွဲခံရတာမျိုး ၊accident အသေးလေးဖြစ်တတ်တာမျိုးတွေ ကြုံရတတ်တယ်..
၆။ ဒါကတော့ ကြိုသတိပေးတာပါ… အိမ်မက်ထဲမှာ နိမိတ်ပြတာမျိုးနဲ့ လာပြီးဆောင်ရန်ဆောင်ရန် ပြောတာမျိုးပါ။ ဒါကတော့ ကုသိုလ်များသူနဲ့ ပဋ္ဌာန်းဆက်ရှိသူတွေရဲ့ အကူအညီကြောင့် သိရတာပေါ့ဗျာ …..
မကောင်းတဲ့ ကံအညံ့တွေ ဘယ်လိုဖျောက်မလဲ ……?
ဘုရားစင် သန့်ရှင်းရေးလုပ်ပါ၊ တစ်နေ့ (၃)ခါ သောက်တော်ရေ လဲပါ၊ ဘုရားပန်းများကို လန်းလန်းဆန်းဆန်းထားပါ။
မြတ်စွာဘုရားရှင်နဲ့ သံဃာတော်မြတ်တွေကို အာရုံပြုပြီး မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေကို နှလုံးသွင်းဆင်ခြင်ပြီး အချိန်ရသလောက် ရွတ်ဖတ်ပူဇော်ပါ။
အလေ့အကျင့်လုပ်ပြီး တရားထိုင်ပါ။
ကုသိုလ်ကောင်းမှု ပြုလုပ်ပြီးတိုင်း မိမိရဲ့ ကိုယ်စောင့်နတ်က စပြီး မိမိ အနီးအနားမှာရှိနေတဲ့/စောင့်ရှောက်နေတဲ့ အစောင့်အရှောက် နတ်မင်းတွေ အပါအဝင် (၃၁) ဘုံမှ ဝေနေယျသတ္တဝါ အပေါင်းတို့ကို အမျှအတန်း ပေးဝေပါ။
မကောင်းတဲ့ ကံတရားတွေနဲ့ ကြုံလာတဲ့အခါ စိတ်ညစ်နေရင် ပိုဆိုးသွားနိုင်ပါတယ်၊ အဲ့ဒီလို မဖြစ်ရအောင် သတိရှိရပါမယ်။
မူရင်းရေးသားဝေမျှသူအား ကျေးဇူးတင်ပါသည်။Original writer / ( ရွှေပေါ်ကျွန်းဆရာတော် မိန့်ကြား )