မဝင်းမြတ်သူအား ရောင်းစားခဲ့သူ အပါအဝင် လူကုန်ကူးမှု တရားခံ (၃)ဦး ဖမ်းဆီးရမိ

ပြည်တွင်းသတင်း

မဝင္းျမတ္သူအား ေရာင္းစားခဲ့သူ အပါအဝင္ လူကုန္ကူးမႈ တရားခံ (၃)ဦး ဖမ္းဆီးရမိ

ဒီဇင္ဘာ(၁၃)AlinnMyay(အင္းေျမ)

မႏၲေလးၿမိဳ႕မွာ အမ်ိဳးသမီး (၂) ဦးကို တ႐ုတ္မယားအျဖစ္ေရာင္းစားတဲ့ လူ (၃) ဦးကို ဒီဇင္ဘာလ ၁၂ ရက္ေန႔က ဖမ္္းဆီးရမိခဲ့ေၾကာင္း အမွတ္ (၁၁) လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲ တပ္ဖြဲ႕စု (မႏၲေလး) မွ သိရပါတယ္။

အသက္ (၃၀) အ႐ြယ္ရွိတဲ့ အမ်ိဳးသမီး၊ အသက္ (၃၉) ႏွစ္အ႐ြယ္ အမ်ိဳးသမီးတို႔ (၂) ဦး မိသားစု အခက္အခဲရွိေနတာေၾကာင့္ အလုပ္လုပ္ကိုင္ရန္ အလုပ္ရွာေဖြေပးရန္ ႏိုင္လင္းကို ဆိုသူနဲ႔ ဆက္သြယ္ခဲ့ရာ အဆိုပါ ႏိုင္လင္းကိုမွ တ႐ုတ္ႏိုင္ငံမွာ တ႐ုတ္ဇနီးမယားအျဖစ္ အလုပ္လုပ္ကိုင္ပါက ျမန္မာေငြ သိန္း (၄၀) က်ပ္ရရွိမည္ျဖစ္ေၾကာင္း ေျပာဆိုကာ တ႐ုတ္ျပည္ကို ပို႔ေဆာင္ေပးႏိုင္မဲ့ ေငြထုတ္ေပးသူနဲ႔ ခ်ိတ္ဆက္ေပးခဲ့ေၾကာင္းလည္းသိရပါတယ္။

ဒီဇင္ဘာလ (၁၁) ရက္ေနက့ ဇင္မာေအး (ခ) ညိဳျပာေအး (ခ) ထက္ထက္ ဆိုသူ နဲ႔ သီတာေအး တိုဟာ အဆိုပါ အမ်ိဳးသမီး (၂) ဦး တည္းခိုေနထိုင္သည့္ေနရာကို လာေရာက္ေတြ႕ဆုံၿပီး ဓာတ္ပုံမ်ား႐ိုက္ကူးကာ တ႐ုတ္ႏိုင္ငံမွာေနထိုင္သူ မမိုးမိုးဆီ ေပးပို႔ခဲ့တယ္လို႔ မႈခင္းမွတ္တမ္းမ်ားမွ သိရသည္။

တ႐ုတ္ဇနီးမယားအျဖစ္ အလုပ္လုပ္ကိုင္ပါက ရရွိမယ့္ ျမန္မာေငြ သိန္း (၄၀) က်ပ္ကို ခ်င္းေ႐ႊေဟာ္သို႔ ေရာက္ရွိပါက တစ္ဦးလွ်င္ ေငြသိန္း(၄၀) က်ပ္ထုတ္ေပးမယ္လို႔ ေျပာဆိုခဲ့ေၾကာင္း သိရပါတယ္။

 

အဆိုပါ ျဖစ္စဥ္မ်ားႏွင့္ ပတ္သက္ၿပီး ေကာင္မေလးေတြကို တ႐ုတ္ျပည္မွာ ေရာင္းစားဖို႔ သယ္ေဆာင္တယ္ဆိုေသာ သတင္းရရွိတဲ့အတြက္ ျမန္မာႏို္င္ငံ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲ တပ္ဖြဲ႕စုမွ လမ္းေၾကာင္းမွာ တားဆီးစစ္ေဆးခဲ့ရာ လူကုန္ကူးဖို႔ လုပ္တဲ့သူေတြကို ဖမ္းဆီးရမိတယ္လို႔ အမွတ္ (၁၁) လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲ တပ္ဖြဲ႕စု (မႏၲေလး) က တာဝန္ရွိသူတစ္ဦးကေျပာဆိုပါတယ္။

အမ်ိဳးသမီး (၂) ဦး ကို တ႐ုတ္ျပည္ကို ပို႔ေဆာင္ဖို႔မႏၲေလးကေနမူဆယ္ကို သြားတဲ့ကားနဲ႔အသြား (၁၆) မိုင္ စစ္ေဆးေရးဂိတ္မွာ စစ္ေဆးလိုက္ခ်ိန္ မွာဖမ္းဆီးရမိခဲ့ျခင္းလည္းျဖစ္ပါတယ္။

အခုလိုဒီျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး ႏိုင္လင္းကို၊ ဇင္မာေအး (ခ) ညိဳျပာေအး (ခ) ထကထက္္နဲ႔အတူ သီတာေအး တို႔ကို အမွတ္ (၉) ရဲစခန္းက (ပ)၁၁၁၈/၂၀၁၉ ၊ လူကုန္ကူးမႈတားဆီးကာကြယ္ေရး ဥပေဒ ပုဒ္မ ၂၄/၃၂ ျဖင့္ အမႈဖြင့္ ဖမ္းဆီးထားေၾကာင္း သိရပါတယ္။

အဆိုပါဖမ္းဆီးထားေသာ တရားခံမ်ားမွ ဇင္မာေအး (ခ) ညိဳျပာေအး (ခ) ထက္ထက္္ဆိုသူသည္ စစ္ကိုင္းတိုင္း မင္းကြန္းတိုက္နယ္ ကင္း႐ြာမွ မဝင္းျမတ္သူ အား တ႐ုတ္ျပည္သို႔ ပို႔ေဆာင္ခဲ့သူ မဝင္းျမတ္သူရဲ႕ အေဒၚ မစန္းစန္းမူႏွင့္အတူ ပါဝင္ခဲ့ေသာ တရားခံျဖစ္ေၾကာင္းလည္းသိရပါတယ္။

#AlinnMyay(အလင္းေျမ) #လူကုန္ကူးမႈ

unicode

မဝင်းမြတ်သူအား ရောင်းစားခဲ့သူ အပါအဝင် လူကုန်ကူးမှု တရားခံ (၃)ဦး ဖမ်းဆီးရမိ

ဒီဇင်ဘာ(၁၃)AlinnMyay(အင်းမြေ)

မန္တလေးမြို့မှာ အမျိုးသမီး (၂) ဦးကို တရုတ်မယားအဖြစ်ရောင်းစားတဲ့ လူ (၃) ဦးကို ဒီဇင်ဘာလ ၁၂ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း အမှတ် (၁၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့စု (မန္တလေး) မှ သိရပါတယ်။

အသက် (၃၀) အရွယ်ရှိတဲ့ အမျိုးသမီး၊ အသက် (၃၉) နှစ်အရွယ် အမျိုးသမီးတို့ (၂) ဦး မိသားစု အခက်အခဲရှိနေတာကြောင့် အလုပ်လုပ်ကိုင်ရန် အလုပ်ရှာဖွေပေးရန် နိုင်လင်းကို ဆိုသူနဲ့ ဆက်သွယ်ခဲ့ရာ အဆိုပါ နိုင်လင်းကိုမှ တရုတ်နိုင်ငံမှာ တရုတ်ဇနီးမယားအဖြစ် အလုပ်လုပ်ကိုင်ပါက မြန်မာငွေ သိန်း (၄၀) ကျပ်ရရှိမည်ဖြစ်ကြောင်း ပြောဆိုကာ တရုတ်ပြည်ကို ပို့ဆောင်ပေးနိုင်မဲ့ ငွေထုတ်ပေးသူနဲ့ ချိတ်ဆက်ပေးခဲ့ကြောင်းလည်းသိရပါတယ်။

ဒီဇင်ဘာလ (၁၁) ရက်နေက့ ဇင်မာအေး (ခ) ညိုပြာအေး (ခ) ထက်ထက် ဆိုသူ နဲ့ သီတာအေး တိုဟာ အဆိုပါ အမျိုးသမီး (၂) ဦး တည်းခိုနေထိုင်သည့်နေရာကို လာရောက်တွေ့ဆုံပြီး ဓာတ်ပုံများရိုက်ကူးကာ တရုတ်နိုင်ငံမှာနေထိုင်သူ မမိုးမိုးဆီ ပေးပို့ခဲ့တယ်လို့ မှုခင်းမှတ်တမ်းများမှ သိရသည်။

တရုတ်ဇနီးမယားအဖြစ် အလုပ်လုပ်ကိုင်ပါက ရရှိမယ့် မြန်မာငွေ သိန်း (၄၀) ကျပ်ကို ချင်းရွှေဟော်သို့ ရောက်ရှိပါက တစ်ဦးလျှင် ငွေသိန်း(၄၀) ကျပ်ထုတ်ပေးမယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ကောင်မလေးတွေကို တရုတ်ပြည်မှာ ရောင်းစားဖို့ သယ်ဆောင်တယ်ဆိုသော သတင်းရရှိတဲ့အတွက် မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့စုမှ လမ်းကြောင်းမှာ တားဆီးစစ်ဆေးခဲ့ရာ လူကုန်ကူးဖို့ လုပ်တဲ့သူတွေကို ဖမ်းဆီးရမိတယ်လို့ အမှတ် (၁၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့စု (မန္တလေး) က တာဝန်ရှိသူတစ်ဦးကပြောဆိုပါတယ်။

အမျိုးသမီး (၂) ဦး ကို တရုတ်ပြည်ကို ပို့ဆောင်ဖို့မန္တလေးကနေမူဆယ်ကို သွားတဲ့ကားနဲ့အသွား (၁၆) မိုင် စစ်ဆေးရေးဂိတ်မှာ စစ်ဆေးလိုက်ချိန် မှာဖမ်းဆီးရမိခဲ့ခြင်းလည်းဖြစ်ပါတယ်။

အခုလိုဒီဖြစ်စဉ်နှင့်ပတ်သက်ပြီး နိုင်လင်းကို၊ ဇင်မာအေး (ခ) ညိုပြာအေး (ခ) ထကထက်နဲ့အတူ သီတာအေး တို့ကို အမှတ် (၉) ရဲစခန်းက (ပ)၁၁၁၈/၂၀၁၉ ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၄/၃၂ ဖြင့် အမှုဖွင့် ဖမ်းဆီးထားကြောင်း သိရပါတယ်။

အဆိုပါဖမ်းဆီးထားသော တရားခံများမှ ဇင်မာအေး (ခ) ညိုပြာအေး (ခ) ထက်ထက်ဆိုသူသည် စစ်ကိုင်းတိုင်း မင်းကွန်းတိုက်နယ် ကင်းရွာမှ မဝင်းမြတ်သူ အား တရုတ်ပြည်သို့ ပို့ဆောင်ခဲ့သူ မဝင်းမြတ်သူရဲ့ အဒေါ် မစန်းစန်းမူနှင့်အတူ ပါဝင်ခဲ့သော တရားခံဖြစ်ကြောင်းလည်းသိရပါတယ်။

#AlinnMyay(အလင်းမြေ) #လူကုန်ကူးမှု