ေဆးခပ္ျပီး ၁၁ ရက္ၾကာ ခိုးယူ မတရားက်င့္ခံရျခင္း….

သတင်​းစုံ

 

 

 

 

၁၁ ရက္ၾကာ ခိုးယူ မတရားက်င့္ခံရျခင္း

ရန္ကုန္တိုင္းေဒသႀကီး၊ ထန္းတပင္ၿမိဳ႕နယ္ ေက်းလက္ေဒသတစ္ခုတြင္ ေစ်းဝယ္ထြက္ၿပီးျပန္လာေသာ ဆယ္တန္းေက်ာင္းသူသည္ သူ၏ အိမ္ေရွ႕တြင္ပင္ ဆိုင္ကယ္တစ္စီးေပၚသို႔ အတင္းအက်ပ္ ေခၚေဆာင္သြားခံလုိက္ရသည္။ထိုေန႔သည္ ဇူလိုင္ ၂ ရက္ေန႔ ျဖစ္ၿပီး ထိုမိန္းကေလးအတြက္မူ ၁၁ ရက္ၾကာ ခိုးယူေပါင္းသင္းခံရမႈ၏ ပထမေန႔ ျဖစ္လာသည္။

“ဆိုင္ကယ္ေပၚ ေရွ႕တစ္ေယာက္နဲ႔ ေနာက္တစ္ေယာက္ ညွပ္ေခၚသြားတာ။ ကၽြန္မ ေက်ာကုန္းကိုလည္း ခၽြန္တဲ့အရာနဲ႔ ေထာက္ၿပီး ေအာ္တာနဲ႔ ထိုးပစ္မယ္လုိ႔ ၿခိမ္းေျခာက္ေခၚသြားတာ” ဟု မိန္းကေလးက လက္ဆစ္မ်ားကို ခ်ိဳးေနရင္း Myanmar Now ကို ေျပာျပသည္။သူ႔ကို တန္းတပင္ႏွင့္ ကပ္လ်က္တည္ရိွသည့္ ေ႐ႊျပည္သာၿမိဳ႕နယ္ထဲမွ တည္းခိုခန္းတစ္ခုသို႔ ေခၚသြားၿပီး ၾကက္ဖ (ေခၚ) စိုးမင္းသန္းဆိုသူက အႀကိမ္ႀကိမ္ မတရားျပဳက်င့္ခဲ့သည္ဟု ဆုိသည္။

တည္းခိုခန္းေရာက္ၿပီး သူ႔ကိုတုိက္သည့္ အခ်ဳိရည္ထဲတြင္လည္း ေဆးခတ္ထားဟန္ ရိွသည္ဟု သူက ရွင္းျပသည္။ အသိစိတ္ျပန္ဝင္ၿပီးေနာက္ တည္းခိုခန္း တာဝန္ရိွသူကို အကူအညီေတာင္းရာ “နင္တုိ႔ကိစၥ နင္တုိ႔ရွင္း။ ငါဘာမွ မလုပ္ေပးႏိုင္ဘူး” ဟူေသာ တုန္႔ျပန္ခ်က္သာ ရခဲ့သည္ဟု သူက ေျပာျပသည္။

တည္းခိုခန္းမွ ပဲခူးတိုင္းေဒသႀကီး၊ ေဝါၿမိဳ႕နယ္ရိွ အိမ္တစ္အိမ္တြင္လည္း အခန္းတြြင္း ပိတ္ေလွာင္ၿပီး မတရားက်င့္ခဲ့သည္ဟု ဆုိသည္။“ကၽြန္မကို ပိတ္ထားတဲ့ ၁၁ ရက္လံုးလံုး အခ်ိဳရည္ခ်ည္း တိုက္တာ။ မေသာက္ရင္ ကၽြန္မကို ပါးရိုက္တယ္။ နယ္စပ္ကို သြားေရာင္းမယ္လို႔ ၿခိမ္းေျခာက္တယ္” ဟု ၁၇ ႏွစ္အရြယ္ မိန္းကေလးက ေျပာျပသည္။

မိဘ ျပန္ေခၚ….

မိန္းကေလး ေပ်ာက္ဆံုးသြားမႈႏွင့္ ပတ္သက္ၿပီး မိဘတို႔က လိုက္လံစံုစမ္းသည့္အခါ ထန္းတပင္ၿမိဳ႕နယ္၊ သဲျဖဴေက်းရြာမွ ၾကက္ဖ (ခ) စိုးမင္းသန္းဆိုသူက ခိုးယူေပါင္းသင္းသြားေၾကာင္း သတင္းရခဲ့ၾကသည္။အခင္းမျဖစ္ပြားမီ ၾကက္ဖသည္ မိမိတုိ႔ၿခံေရွ႕သို႔ သံုးႀကိမ္ထက္မနည္း လာေရာက္ခဲ့ဖူးေၾကာင္း အိမ္နီးခ်င္းတို႔ထံမွ သိရသည္ဟု မိန္းကေလး၏ ဖခင္ျဖစ္သူက ေျပာသည္။

ခိုးယူခံရသည္ဟု သိရိွၿပီးေနာက္တြင္ မိန္းကေလး၏ မိဘမ်ားက လက္ထပ္ေပးမည္ဟူေသာ စကားကို ၾကက္ဖ၏ အသိုင္းအဝန္းထံ ေရာင္ေအာင္ ပို႔လုိက္ရာ ၾကက္ဖက လာေရာက္အပ္ႏွံသည္ဟု ဆုိသည္။သမီးျဖစ္သူသည္ ၾကက္ဖႏွင့္ ယခင္က ေတြ႔ဆံုခဲ့ဖြယ္ရိွသည္ သို႔မဟုတ္ အြန္လိုင္းလူမႈကြန္ရက္မွတစ္ဆင့္ အခ်ိတ္အဆက္ ရိွခဲ့ဖြယ္ ရိွသည္ဟု ဖခင္ျဖစ္သူက ယူဆသည္။

အိမ္ျပန္ေရာက္သည့္အခါ ၾကက္ဖတြင္ အိမ္ေထာင္ရွိခဲ့ဖူးေၾကာင္း၊ သားသမီးလည္းရွိေၾကာင္း၊ မိမိအေနျဖင့္ လက္မထပ္ႏိုင္ေၾကာင္း၊ ခိုးရာလုိက္ေျပးျခင္းလည္း မဟုတ္ေၾကာင္း မိန္းကေလးက မိဘမ်ားကို ေျပာျပသည္ဟု ဆိုသည္။

ပေဟဠိ

ပိတ္ေလွာင္ထားသည့္ ကာလတြင္ ၾကက္ဖက “နင္တုိ႔မိဘေတြ အခု ျပန္ဝဋ္လည္ေနၿပီ” ဆိုသည့္ စကားကို တြင္တြင္သံုးကာ ရယ္ေမာေနတတ္သည္ဟု ဆိုသည္။ထိုေျပာဆိုခ်က္ႏွင့္ ပတ္သက္ၿပီး မိန္းကေလးက နားလည္ႏိုင္ျခင္း မရိွေပ။လြန္ခဲ့ေသာႏွစ္အနည္းငယ္က သူ၏အစ္ကိုက အမ်ိဳးသမီးတစ္ဦးကို လက္ထပ္ခဲ့ေၾကာင္း၊ ၎တို႔ ကေလး ရၿပီး ၇ လ အၾကာတြင္ ထုိအမ်ဳိးသမီးက ဧရာဝတီတိုင္းေဒသႀကီးသို႔ ျပန္သြားရာမွ လင္မယား ကဲြသြားၾကေၾကာင္း မိန္းကေလးက ရွင္းျပသည္။

“ကၽြန္မအစ္ကိုရဲ႕ ကြဲသြားတဲ့ မိန္းမနဲ႔ အခု ကၽြန္မကို က်ဴးလြန္တဲ့သူက အမ်ိဳးေတာ္၊ မေတာ္ ကၽြန္မ မသိဘူး။ သူ အခုလို လုပ္တာ ကၽြန္မအစ္ကိုရဲ႕ လုပ္ရပ္ကို လက္တုံ႔ျပန္သလားလုိ႔ ယူဆရတာပဲ” ဟု သူက ဆိုသည္။ၾကက္ဖ၏ ေျပာဆိုခ်က္ႏွင့္ ပတ္သက္ၿပီး မိန္းကေလး၏ ဖခင္ကလည္း နားမလည္ေပ။

ခိုးယူခံရျခင္းသည္ သားျဖစ္သူ၏ ယခင္က အိမ္ေထာင္ေရးအေျခအေနႏွင့္ သက္ဆိုင္ျခင္း ရိွမရိွကုိ ယတိျပတ္ မေျပာႏိုင္ေၾကာင္း မိန္းကေလး၏ ဖခင္ျဖစ္သူက ေျပာသည္။လက္တုန္႔ျပန္ခံရျခင္း ျဖစ္သည္ ဆိုပါကလည္း ၎တို႔သည္ ေခၽြးမျဖစ္သူကို ႏိွပ္စက္ခဲ့ျခင္း မရိွေၾကာင္း၊ လင္မယားခ်င္း အဆင္မေျပျခင္းေၾကာင့္သာ ျပန္လည္မေပါင္းဖက္ႏုိင္ျခင္း ျဖစ္မည္ဟု ယူဆေၾကာင္း ေျပာသည္။

မိန္းကေလး၏ မိဘမ်ားက ၾကက္ဖကို ထန္းတပင္ၿမိဳ႕နယ္၊ တက္သစ္ရဲကင္းစခန္းတြင္ လာေရာက္ တုိင္ၾကားထားသျဖင့္ လူခိုးမႈျဖစ္သည့္ ရာဇသတ္ႀကီးပုဒ္မ ၃၆၃ ျဖင့္ အမႈဖြင့္ထားေၾကာင္း အဆိုပါစခန္းမွ တာဝန္ခံျဖစ္သူ ရဲအုပ္ သက္ေနာင္စိုးက ေျပာသည္။

“အခုခ်ိန္ထိေတာ့ ကၽြန္ေတာ္တုိ႔ စြပ္စြဲခံရသူ ၾကက္ဖကို မမိေသးပါဘူး။ သတင္းစံုစမ္းေနတုန္းပါပဲ။ ေနာက္ၿပီး ေဆးစာလည္း ကၽြန္ေတာ္တုိ႔ မရေသးဘူး။ ဓာတုေဗဒ စစ္ေဆးခ်က္ေတြလည္း မရေသးဘူး။ ရတာနဲ႔ ကၽြန္ေတာ္တုိ႔က ဥပေဒအႀကံေတာင္းမယ္၊ တရားရံုးကို အမႈတြဲတင္မယ္။ က်ဴးလြန္သူကို မမိေသးဘူးဆိုရင္ေတာင္ တရားခံေျပးအေနနဲ႔ တင္မယ္” ဟု သူက ဆိုသည္။

ပြဲလမ္းသဘင္က်င္းပရာတြင္ ေဘာလီေဘာပြဲ ထည့္သြင္းေလ့ရွိသည့္ ထိုေဒသတြင္ ေဘာလီေဘာ ေၾကးစားကစားသူ ၾကက္ဖႏွင့္ မိန္းကေလး ယခင္က သိကၽြမ္းခဲ့ဟန္ ရိွသည္ဟု တခ်ဳိ႕က ယူဆၾကသည္။ျပစ္မႈက်ဴးလြန္သည္ဟု ယူဆရသူကို ထိန္းသိမ္းႏိုင္ရန္ ဆက္လက္ စံုစမ္းဆဲျဖစ္သည္ဟု တက္သစ္ရဲကင္းစခန္းမွ တပ္ၾကပ္ႀကီး ညီညီေအာင္က ဆိုသည္။

“အခုခ်ိန္က ဒီကေလးမေလး အေျပာစကား တစ္ခုတည္းပဲရွိေသးေတာ့ အျဖစ္အပ်က္ကို ယတိျပတ္ ေျပာလုိ႔ေတာ့ မရေသးဘူး။ က်ဴးလြန္သူရဲ႕သတင္းကို စံုစမ္းေနပါတယ္။ သူ႔ကို ဖမ္းမိဖုိ႔လည္း လုပ္ေနပါတယ္” ဟု ၎က ေျပာသည္။

ခုိးယူေပါင္းသင္းမႈမ်ား

ၿပီးခဲ့သည့္ ၂ ႏွစ္အတြင္း ထန္းတပင္ၿမိဳ႕နယ္တြင္ ခိုးယူေပါင္းသင္းမႈ ၇ မႈ အထိ ျဖစ္ေပၚခဲ့ေၾကာင္း၊ ထိုအမႈမ်ားထဲတြင္ အသက္မျပည့္ေသးေသာ အမ်ဳိးသမီး ၂ ဦး ပါဝင္ေၾကာင္း ရဲတပ္ဖဲြ႔ မွတ္တမ္းအရ သိရသည္။ျပစ္မႈက်ဴးလြန္သူ ဖမ္းမိႏိုင္ေရး ပိုမို အားထုတ္ ႀကဳိးပမ္းေစလိုသည္ဟု မိန္းကေလး၏ ဥပေဒအက်ိဳးေဆာင္ အထက္တန္း ေရွ႕ေန ေဒၚျပည့္ျပည့္စႏၵရွင္က ေျပာသည္။

“၁၈ ႏွစ္လည္း မျပည့္ေသးဘူး။ သူ႔ကို ေဆးခတ္ခိုးယူေပါင္းသင္းခ်ိန္ကလည္း ၁၁ ရက္တာ ကာလမွာ ပိတ္ေလွာင္ထားတယ္။ ဒါဟာ အလိုအတူဘဲနဲ႔ ကာမလိမ္လည္မႈ ေျမာက္ေနၿပီ။ တည္းခိုခန္းကလူေတြေရာ၊ သူ႔ကို ပိတ္ေလွာင္ထားတဲ့ ပဲခူးတိုင္း၊ ေဝါၿမိဳ႕နယ္က ၾကက္ဖရဲ႕ ေမြးစားအေဖ ဆိုသူကိုေရာ ရဲတပ္ဖြဲ႔ဘက္က ေခၚမစစ္ေသးတာ အားမရဘူး” ဟု သူက ဆိုသည္။

ယခုအခါ အိမ္အျပင္ထြက္ရန္ပင္ မဝ့ံမရဲျဖစ္ေနသည္၊ တခ်ိဳ႕က ႏွစ္သိမ့္အားေပးၾကေသာ္လည္း တခ်ဳိ႕က အထင္ေသးဟန္ျဖင့္ ၾကည့္ၾကသည္ဟု မိန္းကေလးက Myanmar Now သို႔ ေျပာသည္။“ကၽြန္မလည္း ဘာမွ သူမ်ားအေပၚမွာ မက်ဴးလြန္ဘူးဘဲနဲ႔ ကၽြန္မကို ဘာလုိ႔ အဲ့ဒီလုိလုပ္ရသလဲ။ ကၽြန္မအေနနဲ႔ ေက်ာင္းပဲ ျပန္တက္ခ်င္တယ္။ ဒီအျဖစ္အပ်က္ကို ကၽြန္မ သူငယ္ခ်င္းတခ်ိဳ႕လည္း သိသြားၾကေတာ့ ေက်ာင္းျပန္တက္ရမွာလည္း စိုးရိမ္မိတယ္။ ကၽြန္မကို က်ဴးလြန္သူအေနနဲ႔ ထိုက္သင့္တဲ့ ျပစ္ဒဏ္ကို ျပန္ခံစားေစခ်င္တယ္” ဟု သူက ဆိုသည္။

ထက္ေခါင္လင္း/Myanmar Now

==============

၁၁ ရက်ကြာ ခိုးယူ မတရားကျင့်ခံရခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ကျေးလက်ဒေသတစ်ခုတွင် စျေးဝယ်ထွက်ပြီးပြန်လာသော ဆယ်တန်းကျောင်းသူသည် သူ၏ အိမ်ရှေ့တွင်ပင် ဆိုင်ကယ်တစ်စီးပေါ်သို့ အတင်းအကျပ် ခေါ်ဆောင်သွားခံလိုက်ရသည်။ထိုနေ့သည် ဇူလိုင် ၂ ရက်နေ့ ဖြစ်ပြီး ထိုမိန်းကလေးအတွက်မူ ၁၁ ရက်ကြာ ခိုးယူပေါင်းသင်းခံရမှု၏ ပထမနေ့ ဖြစ်လာသည်။

“ဆိုင်ကယ်ပေါ် ရှေ့တစ်ယောက်နဲ့ နောက်တစ်ယောက် ညှပ်ခေါ်သွားတာ။ ကျွန်မ ကျောကုန်းကိုလည်း ချွန်တဲ့အရာနဲ့ ထောက်ပြီး အော်တာနဲ့ ထိုးပစ်မယ်လို့ ခြိမ်းခြောက်ခေါ်သွားတာ” ဟု မိန်းကလေးက လက်ဆစ်များကို ချိုးနေရင်း Myanmar Now ကို ပြောပြသည်။သူ့ကို တန်းတပင်နှင့် ကပ်လျက်တည်ရှိသည့် ရွှေပြည်သာမြို့နယ်ထဲမှ တည်းခိုခန်းတစ်ခုသို့ ခေါ်သွားပြီး ကြက်ဖ (ခေါ်) စိုးမင်းသန်းဆိုသူက အကြိမ်ကြိမ် မတရားပြုကျင့်ခဲ့သည်ဟု ဆိုသည်။

တည်းခိုခန်းရောက်ပြီး သူ့ကိုတိုက်သည့် အချိုရည်ထဲတွင်လည်း ဆေးခတ်ထားဟန် ရှိသည်ဟု သူက ရှင်းပြသည်။ အသိစိတ်ပြန်ဝင်ပြီးနောက် တည်းခိုခန်း တာဝန်ရှိသူကို အကူအညီတောင်းရာ “နင်တို့ကိစ္စ နင်တို့ရှင်း။ ငါဘာမှ မလုပ်ပေးနိုင်ဘူး” ဟူသော တုန့်ပြန်ချက်သာ ရခဲ့သည်ဟု သူက ပြောပြသည်။

တည်းခိုခန်းမှ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်ရှိ အိမ်တစ်အိမ်တွင်လည်း အခန်းတွွင်း ပိတ်လှောင်ပြီး မတရားကျင့်ခဲ့သည်ဟု ဆိုသည်။“ကျွန်မကို ပိတ်ထားတဲ့ ၁၁ ရက်လုံးလုံး အချိုရည်ချည်း တိုက်တာ။ မသောက်ရင် ကျွန်မကို ပါးရိုက်တယ်။ နယ်စပ်ကို သွားရောင်းမယ်လို့ ခြိမ်းခြောက်တယ်” ဟု ၁၇ နှစ်အရွယ် မိန်းကလေးက ပြောပြသည်။

မိဘ ပြန်ခေါ်

မိန်းကလေး ပျောက်ဆုံးသွားမှုနှင့် ပတ်သက်ပြီး မိဘတို့က လိုက်လံစုံစမ်းသည့်အခါ ထန်းတပင်မြို့နယ်၊ သဲဖြူကျေးရွာမှ ကြက်ဖ (ခ) စိုးမင်းသန်းဆိုသူက ခိုးယူပေါင်းသင်းသွားကြောင်း သတင်းရခဲ့ကြသည်။အခင်းမဖြစ်ပွားမီ ကြက်ဖသည် မိမိတို့ခြံရှေ့သို့ သုံးကြိမ်ထက်မနည်း လာရောက်ခဲ့ဖူးကြောင်း အိမ်နီးချင်းတို့ထံမှ သိရသည်ဟု မိန်းကလေး၏ ဖခင်ဖြစ်သူက ပြောသည်။

ခိုးယူခံရသည်ဟု သိရှိပြီးနောက်တွင် မိန်းကလေး၏ မိဘများက လက်ထပ်ပေးမည်ဟူသော စကားကို ကြက်ဖ၏ အသိုင်းအဝန်းထံ ရောင်အောင် ပို့လိုက်ရာ ကြက်ဖက လာရောက်အပ်နှံသည်ဟု ဆိုသည်။သမီးဖြစ်သူသည် ကြက်ဖနှင့် ယခင်က တွေ့ဆုံခဲ့ဖွယ်ရှိသည် သို့မဟုတ် အွန်လိုင်းလူမှုကွန်ရက်မှတစ်ဆင့် အချိတ်အဆက် ရှိခဲ့ဖွယ် ရှိသည်ဟု ဖခင်ဖြစ်သူက ယူဆသည်။

အိမ်ပြန်ရောက်သည့်အခါ ကြက်ဖတွင် အိမ်ထောင်ရှိခဲ့ဖူးကြောင်း၊ သားသမီးလည်းရှိကြောင်း၊ မိမိအနေဖြင့် လက်မထပ်နိုင်ကြောင်း၊ ခိုးရာလိုက်ပြေးခြင်းလည်း မဟုတ်ကြောင်း မိန်းကလေးက မိဘများကို ပြောပြသည်ဟု ဆိုသည်။

ပဟေဠိ

ပိတ်လှောင်ထားသည့် ကာလတွင် ကြက်ဖက “နင်တို့မိဘတွေ အခု ပြန်ဝဋ်လည်နေပြီ” ဆိုသည့် စကားကို တွင်တွင်သုံးကာ ရယ်မောနေတတ်သည်ဟု ဆိုသည်။ထိုပြောဆိုချက်နှင့် ပတ်သက်ပြီး မိန်းကလေးက နားလည်နိုင်ခြင်း မရှိပေ။လွန်ခဲ့သောနှစ်အနည်းငယ်က သူ၏အစ်ကိုက အမျိုးသမီးတစ်ဦးကို လက်ထပ်ခဲ့ကြောင်း၊ ၎င်းတို့ ကလေး ရပြီး ၇ လ အကြာတွင် ထိုအမျိုးသမီးက ဧရာဝတီတိုင်းဒေသကြီးသို့ ပြန်သွားရာမှ လင်မယား ကွဲသွားကြကြောင်း မိန်းကလေးက ရှင်းပြသည်။

“ကျွန်မအစ်ကိုရဲ့ ကွဲသွားတဲ့ မိန်းမနဲ့ အခု ကျွန်မကို ကျူးလွန်တဲ့သူက အမျိုးတော်၊ မတော် ကျွန်မ မသိဘူး။ သူ အခုလို လုပ်တာ ကျွန်မအစ်ကိုရဲ့ လုပ်ရပ်ကို လက်တုံ့ပြန်သလားလို့ ယူဆရတာပဲ” ဟု သူက ဆိုသည်။ကြက်ဖ၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး မိန်းကလေး၏ ဖခင်ကလည်း နားမလည်ပေ။

ခိုးယူခံရခြင်းသည် သားဖြစ်သူ၏ ယခင်က အိမ်ထောင်ရေးအခြေအနေနှင့် သက်ဆိုင်ခြင်း ရှိမရှိကို ယတိပြတ် မပြောနိုင်ကြောင်း မိန်းကလေး၏ ဖခင်ဖြစ်သူက ပြောသည်။လက်တုန့်ပြန်ခံရခြင်း ဖြစ်သည် ဆိုပါကလည်း ၎င်းတို့သည် ချွေးမဖြစ်သူကို နှိပ်စက်ခဲ့ခြင်း မရှိကြောင်း၊ လင်မယားချင်း အဆင်မပြေခြင်းကြောင့်သာ ပြန်လည်မပေါင်းဖက်နိုင်ခြင်း ဖြစ်မည်ဟု ယူဆကြောင်း ပြောသည်။

မိန်းကလေး၏ မိဘများက ကြက်ဖကို ထန်းတပင်မြို့နယ်၊ တက်သစ်ရဲကင်းစခန်းတွင် လာရောက် တိုင်ကြားထားသဖြင့် လူခိုးမှုဖြစ်သည့် ရာဇသတ်ကြီးပုဒ်မ ၃၆၃ ဖြင့် အမှုဖွင့်ထားကြောင်း အဆိုပါစခန်းမှ တာဝန်ခံဖြစ်သူ ရဲအုပ် သက်နောင်စိုးက ပြောသည်။

“အခုချိန်ထိတော့ ကျွန်တော်တို့ စွပ်စွဲခံရသူ ကြက်ဖကို မမိသေးပါဘူး။ သတင်းစုံစမ်းနေတုန်းပါပဲ။ နောက်ပြီး ဆေးစာလည်း ကျွန်တော်တို့ မရသေးဘူး။ ဓာတုဗေဒ စစ်ဆေးချက်တွေလည်း မရသေးဘူး။ ရတာနဲ့ ကျွန်တော်တို့က ဥပဒေအကြံတောင်းမယ်၊ တရားရုံးကို အမှုတွဲတင်မယ်။ ကျူးလွန်သူကို မမိသေးဘူးဆိုရင်တောင် တရားခံပြေးအနေနဲ့ တင်မယ်” ဟု သူက ဆိုသည်။

ပွဲလမ်းသဘင်ကျင်းပရာတွင် ဘောလီဘောပွဲ ထည့်သွင်းလေ့ရှိသည့် ထိုဒေသတွင် ဘောလီဘော ကြေးစားကစားသူ ကြက်ဖနှင့် မိန်းကလေး ယခင်က သိကျွမ်းခဲ့ဟန် ရှိသည်ဟု တချို့က ယူဆကြသည်။ပြစ်မှုကျူးလွန်သည်ဟု ယူဆရသူကို ထိန်းသိမ်းနိုင်ရန် ဆက်လက် စုံစမ်းဆဲဖြစ်သည်ဟု တက်သစ်ရဲကင်းစခန်းမှ တပ်ကြပ်ကြီး ညီညီအောင်က ဆိုသည်။

“အခုချိန်က ဒီကလေးမလေး အပြောစကား တစ်ခုတည်းပဲရှိသေးတော့ အဖြစ်အပျက်ကို ယတိပြတ် ပြောလို့တော့ မရသေးဘူး။ ကျူးလွန်သူရဲ့သတင်းကို စုံစမ်းနေပါတယ်။ သူ့ကို ဖမ်းမိဖို့လည်း လုပ်နေပါတယ်” ဟု ၎င်းက ပြောသည်။

ခိုးယူပေါင်းသင်းမှုများ

ပြီးခဲ့သည့် ၂ နှစ်အတွင်း ထန်းတပင်မြို့နယ်တွင် ခိုးယူပေါင်းသင်းမှု ၇ မှု အထိ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုအမှုများထဲတွင် အသက်မပြည့်သေးသော အမျိုးသမီး ၂ ဦး ပါဝင်ကြောင်း ရဲတပ်ဖွဲ့ မှတ်တမ်းအရ သိရသည်။ပြစ်မှုကျူးလွန်သူ ဖမ်းမိနိုင်ရေး ပိုမို အားထုတ် ကြိုးပမ်းစေလိုသည်ဟု မိန်းကလေး၏ ဥပဒေအကျိုးဆောင် အထက်တန်း ရှေ့နေ ဒေါ်ပြည့်ပြည့်စန္ဒရှင်က ပြောသည်။

“၁၈ နှစ်လည်း မပြည့်သေးဘူး။ သူ့ကို ဆေးခတ်ခိုးယူပေါင်းသင်းချိန်ကလည်း ၁၁ ရက်တာ ကာလမှာ ပိတ်လှောင်ထားတယ်။ ဒါဟာ အလိုအတူဘဲနဲ့ ကာမလိမ်လည်မှု မြောက်နေပြီ။ တည်းခိုခန်းကလူတွေရော၊ သူ့ကို ပိတ်လှောင်ထားတဲ့ ပဲခူးတိုင်း၊ ဝေါမြို့နယ်က ကြက်ဖရဲ့ မွေးစားအဖေ ဆိုသူကိုရော ရဲတပ်ဖွဲ့ဘက်က ခေါ်မစစ်သေးတာ အားမရဘူး” ဟု သူက ဆိုသည်။

ယခုအခါ အိမ်အပြင်ထွက်ရန်ပင် မဝ့ံမရဲဖြစ်နေသည်၊ တချို့က နှစ်သိမ့်အားပေးကြသော်လည်း တချို့က အထင်သေးဟန်ဖြင့် ကြည့်ကြသည်ဟု မိန်းကလေးက Myanmar Now သို့ ပြောသည်။“ကျွန်မလည်း ဘာမှ သူများအပေါ်မှာ မကျူးလွန်ဘူးဘဲနဲ့ ကျွန်မကို ဘာလို့ အဲ့ဒီလိုလုပ်ရသလဲ။ ကျွန်မအနေနဲ့ ကျောင်းပဲ ပြန်တက်ချင်တယ်။ ဒီအဖြစ်အပျက်ကို ကျွန်မ သူငယ်ချင်းတချို့လည်း သိသွားကြတော့ ကျောင်းပြန်တက်ရမှာလည်း စိုးရိမ်မိတယ်။ ကျွန်မကို ကျူးလွန်သူအနေနဲ့ ထိုက်သင့်တဲ့ ပြစ်ဒဏ်ကို ပြန်ခံစားစေချင်တယ်” ဟု သူက ဆိုသည်။

ထက်ခေါင်လင်း/Myanmar Now