BUS ကားပေါ်မှာ တို့ဆေးမိပြီး ကံကောင်းလို့ လွတ်လာတဲ့ ကျောင်းသားလေး…

ၾကားသိရသမ်










unicode

ပရိသတ်ကြီးရေ အားလုံးသတိထားနိုင်အောင် ဒီစာလေးကို မျှဝေလိုက်ပါတယ်….ကျောင်းသားလေးတစ်ယောက် ကျောင်းကအပြန် ဘတ်စ်ကားပေါ်မှာ တို့ဆေးမိပြီး ကံကောင်းလို့ ပြန်လွတ်လာတဲ့ အကြောင်းလေးပါ….ဒီအကြောင်းလေးကို ကျောင်းသားလေးရဲ့ အဒေါ်ကခုလို လူမှုကွန်ရက်ပေါ်မှာ ဖြန့်ဝေသတိပေးထားတာပါ…

“ဒီနေ့ကိုယ်တွေ့ဖြစ်ရပ်လေးရေးပြပါရစေ….ကလေးစာပေပွဲတော်သွား ပြန်လာပြီးအိမ်မှာခဏနား ပြီးမီးပူတိုက်နေချိန်မှာဘဲလ်သံကြားလို့ဖွင့်ကြည့်တော့ညီမရဲ့သားTTCမှာကျောင်းတက်တဲ့တူလေးဖြစ်နေတယ် သူကရှစ်တန်းပေါ့…သားရေဘာဖြစ်လို့အိမ်မပြန်လဲမေးတော့ သားခေါင်းအရမ်းမူးပြီးမဟန်နိုင်တော့လို့ကားပေါ်ကအမြန်ဆင်းခဲ့တာ…..

သူကခါတိုင်းလည်းလိုင်းကားစီးပြီးပြန်နေကျ သူ့အမေကမှတ်တိုင်မှာစောင့်ကြိုတာအသွားမှာတော့အဖေကဝင်ပို့တာလေ…ကျောင်းကအပြန်ဆင်ရေတွင်းမှတ်တိုင်ရောက်တော့မိန်းမတစ်ယောက်အနားကပ်လာပြီးလက်မောင်းမှာစူးကနဲဖြစ်သွားတယ် မကြာဘူးသားလည်းနဲနဲမူးလာတယ်….

ဒါနဲ့မေမေကြိုနေတဲ့မှတ်တိုင်ရောက်အောင်မသွားနိုင်တော့ ကြီးကြီးအိမ်မှာဆင်းလိုက်တာတဲ့လေ ….ကျမလည်းသူ့ကိုမေးတော့ အဲဒီမိန်းမလည်းသူဆင်းတော့လိုက်ဆင်းလာတယ် …. သူလည်းအပြေးအိမ်ပေါ်တက်ခဲ့တာ လို့ပြောအပြီးမေ့လဲသွားပါတယ်…

လက်မောင်းမှာဆေးထိုးအပ်ရာလေးနီနေပါတယ် …ကျမလည်းသူ့ကိုအမေနဲ့ခဏထား မှတ်တိုင်ကိုဆင်းကြည့် ကလေးပြောတဲ့မိန်းမကိုတွေ့ ဘာလုပ်ရမှန်းမသိဓါတ်ပုံသာခိုးရိုက်နေရင်း အဲဒီမိန်းမ ရိပ်မိသွားပုံရ ကားပေါ်တက်ပြေးပါလေရော ….အဲတော့မှ ကျမညံ့သွားပြီလို့သိလိုက်ရ မျက်နှာတောင်မပေါ်လိုက်ဘူး

သူ့အမေဆီအကြောင်းကြား ချိန် ကလေးကသတိမရသေး … တော်သေးတယ်လို့ပြောရမလား….အချိန်မီသားလေးကသတိရှိလို့ အဲဒီမိန်းမနောက်ပါမသွားတာ … သူ့အမေကလည်း မှတ်တိုင်မှာ စောင့်တာနာရီဝက်လောက် အချိနလွန်လို့စိတ်ပူနေပြီ …. ဖုန်းကလည်းပါမလာခဲ့ဆိုတော့ဆက်သွယ်မရကိုယ်တိုင်သွား ခေါ်ခဲ့ရ တာ…

အခုဒီအကြောင်းရေးချိန်မှာညီမသူ့သားနိုးလို့ပြန်ခေါ်သွားပါပြီ ….ပြောချင်တာက မိဘများ သိရှိစေဖို့ပါ အခုတလော ကလေးပျောက်မှုများနေလို့ သတိထား ကြဖို့ပါ …..၄၅ မိနစ်လောက် မေ့နေတာခေါ်မရ … သူ့အမေရောက်လာပြီး ဟိုဒီဖုန်းဆက်ပေါ့ စိတ်ပူသွားတာ… ဘယ်တိုင်ရမှန်းမသိ ဟိုမိန်းမ တွေ့ရဲ့သားနဲ့ ဓါတ်ပုံမရလိုက် …စိတ်ပျက် မိပါ၏ သတိထားကြပါမိဘများ ရှင့်…” ဆိုပြီး မျှဝေသတိပေးထားတာပါ…

တကယ်ကြောက်ဖို့ ကောင်းပါတယ်…တို့ဆေးဆိုတာ ကြီးနဲ့ လူတွေကို လိုက်လံဒုက္ခပေးနေတဲ့ သူတွေကို မိရင်လည်း သက်ဆိုင်ရာကို အပ်ပေးကြပါ….ပရိသတ်ကြီးတို့ သားသမီးတွေကိုလည်း သတိထားကြဖို့ မှာကြား စောင့်ရှောက်ပေးကြဖို့ ဒီစာလေးပြန်လည်မျှဝေလိုက်ရပါတယ်…

Writer ; Kwee (Jeeptoolay) / Source ; Daw Moe Moe Thet