မိုးအောင်ရင်က လက်ထပ်မယ်ပြောပြီး ကာမလိမ်လည်ခဲ့လို့ဆိုကာ တရားစွဲဆိုလိုက်တဲ့ ရည်းစားဟောင်း

အနုပညာကဏ္ဍ









Unicode

မိုးအောင်ရင်က လက်ထပ်မယ်ပြောပြီး ကာမလိမ်လည်ခဲ့လို့ဆိုကာ တရားစွဲဆိုလိုက်တဲ့ ရည်းစားဟောင်း

မူးယစ်ဆေးဝါးအမှုနဲ့ ထောင်ဒဏ်နှစ်ရှည်ကျခံခဲ့ရတဲ့ သရုပ်ဆောင် မိုးအောင်ရင် တစ်ယောက်ဟာဆိုရင် နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သူတစ်ဦးဖြစ်ပါတယ်။

သူဟာဆိုရင် အခုအချိန်မှာ မူးယစ်ဆေးဝါးကို ဆက်လက်သုံးစွဲချင်းမပြုတော့ပဲ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။

မကြာသေးခင်က မိုးအောင်ရင် နဲ့ သူရဲ့ ဖခင်ဖြစ်သူ အဆိုတော် ဦးအောင်ရင်တို့ နှစ်ဦးသားဟာ မီဒီယာတစ်ခုရဲ့ အင်တာဗျူးမှာ မိုးအောင်ရင် ချစ်သူက ဆေးစွဲနေပြီး လက်ရှိလည်း ဆက်လက်သုံးစွဲနေတာမို့လို့ လမ်းခွဲလိုက်ရပြီဆိုပြီးတော့ ဖြေဆိုခဲ့ပါတယ်။

သူရဲ့ချစ်သူကတော့ ဘယ်သူဘယ်ဝါမှန်း ပရိသတ်က မသိရှိခဲ့ပါဘူး။ သူတို့တွေအနေနဲ့ အကြိမ်ကြိမ် ဖြောင့်ဖျပေမယ့် လုံးဝ လက်မခံတာကြောင့် အခုလို လမ်းခွဲခဲ့ရတာလို့ဖြေဆိုခဲ့ပါတယ်။

အခုတော့ မိုးအောင်ရင်ရဲ့ ချစ်သူက သူမကိုယ်တိုင် ရဲစခန်းကိုသွားပြီးတော့ မိုးအောင်ရင်ဟာ သူမကို လက်ထပ်မယ်ဆိုပြီး ကာမလိမ်လည်ရယူခဲ့တယ်လို့ တရားလိုပြု ကာတရားရုံးကို ဦးတိုက်လျှောက်ခဲ့ပါတယ်။

ရန်ကင်းမြို့နယ် တရားသူကြီးကလည်း နစ်နာသူ ချစ်သူကောင်မလေးအတွက် ရာဇဝတ်ကျင့်ထုံးအရ စစ်ဆေးခဲ့ပြီးတော့တည်ဆဲဥပဒေအရ ဆက်လက်ဆောင်ရွက်သွားဖို့ အမိန့်ချခဲ့ကြောင်း သိရပါတယ်။

မိုးအောင်ရင် ကို ပုဒ် ၄၇၁ နဲ့ တရားစွဲဆိုထားတာဖြစ်ပြီးတော့ အာမခံပေးနိုင်တဲ့ ပုဒ်မဖြစ်တယ်လို့လည်း သိရှိရပါတယ်။Writer – SMT( Shwe Yaung Lan)