ယခု ၂၀၁၉ ဒီဇင်ဘာလ အတွင်း မြန်မာနိုင်ငံမှာ ပုံမှန်ထက် ပိုပြီး အအေးပိုမယ့် နေ့ရက်များ

မိုးလေဝသ







unicode

အလွန်အေးတဲ့ရာသီ…အလွန်ချမ်းတဲ့ရာသီ…ဆိုတာ ကျနော်တို့ လက်ရှိဖြတ်ကျော်နေရတဲ့ ဆောင်းရာသီပဲ ဖြစ်ပါတယ်…ရာသီဥတုဖောက်ပြန်မှုကြောင့် အေးရင်လည်း အလွန်အေး…ပူရင်လည်း အလွန်ပူတဲ့ ဖောက်ပြန်တဲ့ ရာသီဥတုဒဏ်ကို ကျွန်တော်တို့ မြန်မာနိုင်ငံသာမက တစ်ကမ္ဘာလုံးကပါ ခံစားနေရတာပဲ ဖြစ်ပါတယ်….

လက်ရှိ အေးတာထက်ပိုတဲ့ အလွန်အေးတဲ့ ဒဏ်ကို ရှေ့လာမဲ့ ရက်ပိုင်းအတွင်းမှာ ကျနော်တို့မြန်မာနိုင်ငံအနေနဲ့ ရင်ဆိုင်ရဖို့ ရှိပါတယ်…ဒါကြောင့် ရာသီဥတုသတင်းလေးကို ပရိသတ်ကြီးတို့ အတွက် တင်ဆက်ပေးလိုက်ရပါတယ်….

လာမယ့် ၂၀၁၉ ဒီဇင်ဘာ ၆ ရက်နေ့ ၁၀ ရက်အတွင်းမှာ ယူနန်ပြည်နယ်နှင့် ဗီယက်နမ်မြောက်ပိုင်းမှ ဖိအားမြင့်လေထုတွေဟာ လာအို ထိုင်း တို့ကိုဖြတ်ကျော်ပြီးတော့ မြန်မာနိုင်ငံ ရှမ်းပြည်နယ် ကယားပြည်နယ် ကရင်ပြည်နယ် မန္တလေးတိုင်း မကွေးတိုင်း နေပြည်တော် ပဲခူးတိုင်း ဧရာဝတီတိုင်း ရန်ကုန်တိုင်း မွန်ပြည်နယ် တနင်္သာရီတိုင်း ကနေ ကပ္ပလီပင်လယ်ပြင်အထိရောက်ရှိလာမှာ ဖြစ်ပြီး အအေးပိုလာမယ်လို့ သိရပါတယ်…..

ဒါ့အပြင် ရခိုင်ပြည်နယ် စစ်ကိုင်းတိုင်း ချင်းပြည်နယ် ကချင်ပြည်နယ်တို့တွင်လည်း ပုံမှန်ထက် အနည်းငယ်ပိုအေးလာဖွယ်ရှိတယ်လို့ ဆိုပါတယ်….ရှမ်းပြည်နယ်အရှေ့ပိုင်း ရှမ်းပြည်နယ်တောင်ပိုင်း ကယားပြည်နယ် နေပြည်တော်နှင့် ပဲခူးတိုင်းတို့သည် ပုံမှန်ထက်ထူးကဲအေးမည်ဖြစ်ကြောင်းလည်း သိရပါတယ်…

ဒါကြောင့် ပရိသတ်ကြီးတို့လည်း လာမယ့်ရက်ပိုင်းတွေမှာ ပိုအေးလာမယ့်ဒဏ်ကို ခံနိုင်ဖို့ အနွေးထည်တွေ ခြုံစောင်တွေ အဆင်သင့်ပြင်ထားနိုင်အောင် မိုးလေဝသ သတင်းလေးကို ပြန်လည်မျှဝေလိုက်ပါတယ်နော်…

Writer – HW (Shwe Yaung Lan)