ကမ္ဘာကြီးလွမ်းကျန်ရစ်အောင်လုပ်ကြစမ်းပါ…..

ဗဟုသုတစုံ

{ကမၻာႀကီးလြမ္းက်န္ရစ္ေအာင္လုပ္ၾကစမ္းပါ}

တို့မ်ား ဘာဒီဂရီမွ မရဘူး ။

B.Aလည္းမရွိဘူး ။

M.Aလည္းမရွိဘူး ။

Ph.D.ကလည္း မိုးေပၚက် Ph.D။

ဒါေပမယ့္ တိုိ့ု့ရဲ့Degreeက ဘာလည္းဆိုရင္ -time and work. အခ်ိန္ရွိသေလာက္ အလုပ္လုပ္။

အဲ့ဒါ Degree ဘဲ။အခ်ိန္ေတြရွိတယ္ –

အလုပ္မလုပ္ဘူးဆိုရင္ အဲ့ဒီ “ပုဂၢိဳလ္ရဲ့ဘဝ”ဟာ “အခ်ည္းႏွီး”ဘဲ ။

ေလာကႀကီးကို ေက်းဇူးျပဳတဲ့အရာေတြရွိတယ္….

“ရဝိ, စေႏၵာ, ဃနာ, ႐ုကၡာ ၊

နဒီ, ဂါေဝါစ, သဇၨနာ ။

ဧေတ ေပရာပကာရာယ ။

ယုေဂ ဘာေဂ်န နိမၼိတာ ။ ”

“ရဝိ”= “ေန” “ရဝိ”-ဆိုတဲ့ “ပါဠိပုဒ္”က “ေန”ေပါ့ ။

“ေန”သာ မထြက္ခဲ့ရင္ တို့ ဘာမရဘူးလဲ?။

အပူရွိန္ မရဘူး။ အကုန္လုံး ေသၾကဖို့ဘဲ။

-“ေန”မရွိတဲ့ အရပ္ေတြ “ေန”မေရာက္တဲ့အရပ္ေတြ

“ကမၻာ ေျမာက္ျခမ္း”မွာ”ေန”သြားေနတဲ့ အခ်ိန္မွာ-

“ေတာင္ျခမ္း”ကလူေတြ”ေရခဲ”ထဲမွာ ေနရတာ အကုန္သိတယ္ေနာ္။

“ကမၻာ့ေတာင္ျခမ္းမွာ”ေန”သြားရင္ “ေျမာက္ျခမ္း”ကလူေတြ ေရခဲထဲမွာ ေနၾကရတယ္။

အဲဒီလိုေအးေနေတာ့ အဲဒီ”အေအး”ကို Protect လုပ္ဖို့ “အပူ”ရွာၾကတယ္။

“ေန”ဟာ “ပူျပင္းတယ္”ဆိုေပမယ့္ ေလာကႀကီးကို သိပ္ေက်းဇူးျပဳတယ္ ။

လမင္း…..

“ေန”ဝင္သြားရင္ ကမၻာႀကီး အေမွာင္က်တယ္။

“ေမွာင္ၿပီ”ဆိုရင္ လူေတြကေၾကာက္တယ္။

လူေတြက ေၾကာက္ေတာ့ အလင္းေရာင္ တ- တယ္။

“လ”ေပၚလာလို့ လင္းသြားေတာ့ ဘာျဖစ္သြားလဲ?။

ေၾကာက္စိတ္ေတြ ေျပလို့ မေကာင္းဘူးလား ။

ထိတ္လန္႔တုန္လွုပ္ေနတဲ့ ကမ ၻာလူသားအားလုံးကို ေၾကာက္စိတ္ေျပေအာင္ ေဆာင္ရြက္နိုင္ဖို့ အေရးႀကီးတယ္။

“လ”ကဲ့သို့ ကမၻာ့လူသားေတြကို ေက်းဇူးျပဳရမယ္။

ကမ ၻာလူသားေတြကို ၿခိမ္းေျခာက္ဖို့ စိတ္မကူးနဲ႔။

“ဃနာ”=”မိုးတိမ္”

“မိုးတိမ္”မရွိဘဲ ေကာင္းကင္ႀကီးလင္းရွင္းေနရင္ “ေနပူရွိန္”က သိပ္ထိုးတယ္။

အဲဒီ “မိုးတိမ္ထုထည္”ကို မရခဲ့ရင္ “ပင္လယ္”ထဲက “ေရ”ကို “သယ္ေဆာင္ေပးမယ့္ အရာဝတၳဳ”မရွိဘူးေလ။

“ပင္လယ္”က”ေရ”ကို “မိုးတိမ္”က သယ္လာတာ။

“ေလ”က တြန္းေပးလို့ “မိုးတိမ္”ေတြ ကုန္းျပင္ေပၚ ေရာက္တဲ့အခါ …..

“ေရ”ေတြက မ်ားလြန္းေတာ့ေလးၿပီးေတာ့ ထိန္းမထားနိုင္တဲ့ အတြက္ေၾကာင့္ ေအာက္ကို ယိုက်တာ ။ ဒါကိုဘဲ “မိုးရြာတယ္”။

မိုးတိမ္မရွိရင္ မိုးမရြာဘူးဗ်။ မိုးတိမ္- ေလာကႀကီးကို သိပ္ေက်းဇူးျပဳတယ္ ။

သစ္ပင္…..

အဲဒီေတာ့ “ကမၻာေျမႀကီး”ကို “အရိပ္” နာနာေပးမွ “မိုးတိမ္”က သယ္လာတဲ့ “ေရ”ေတြကို ထိန္းနိုင္မွာေပါ့။

“အရိပ္”ကင္းမဲ့ရင္ “မိုးတိမ္”က သယ္လာတဲ့ “ေရ”ေတြကို”ကမ ၻာေျမႀကီး”က မထိန္းနိုင္ဘူး။

အဲဒါေၾကာင့္- “အရိပ္ေကာင္းတဲ့ သစ္ပင္”ဟာလည္း “မိုးေရ”ကို ထိန္းၿပီးေတာ့ “လူသား”ေတြကို “အရိပ္”ေပးတဲ့ “ေက်းဇူးရွင္မ်ား”ျဖစ္ၾကတယ္ ။

“နဒီ”= “ျမစ္”…..

“ဧရာဝတီ”ဆိုတဲ့ “ျမစ္ႀကီး”ဟာသယ္လာတဲ့ “ေရ”ေတြဟာ သူ ေသာက္ဖို့ မဟုတ္ဘူး။

ဒီျမစ္ရိုးတစ္ေလၽွာက္ကလူေတြ အကုန္”ေသာက္”တယ္ ။

ျမစ္ရိုးတစ္ေလၽွာက္ကလူေတြ ဒီေရနဲ႔ “ေကာက္ပဲသီးႏွံ”စိုက္တယ္ ။

“ျမစ္”တို့သည္ “ေရ”ကို သယ္လာတာ သူ႔အတြက္ မဟုတ္ဘူး ။ သူတစ္ပါးအတြက္ သယ္လာတာ ။

“ဂါေဝါစ – ဂါေဝါ”=”ႏြားထီး ႏြားမ”

“ႏြားထီး”ေတြ ပုခုံးပြန္းေအာင္ ႐ုန္းတယ္ ။

– သူတို့ ေကာက္ရိုးဘဲ စားတယ္ေလ ။

– က်န္တဲ့သူေတြ အကုန္ “ဆန္၊ စပါး” ဝိုင္းစားၾကတာ ။

-သူတစ္ပါးတို့ကို ဆန္စပါး ေပးစားၿပီး…..သူ ကိုယ္တိုင္က “ေကာက္ရိုး”ဘဲ စားတယ္ ။

ေအး အလုပ္ သိပ္လုပ္ၿပီးေတာ့-“ေကာင္းတာငါခ်ည္းစားမယ္”ဆိုတဲ့ စိတ္ဓာတ္မေမြးၾကနဲ႔…..

႐ုန္းလို့ ကုန္းလို့ လုပ္ရတဲ့- “သူတစ္ပါးအတြက္”ဆိုတဲ့ “သူတစ္ပါး ဦးစားေပး စိတ္ဓာတ္”ကို အားလုံးေမြးၾက။

သူတစ္ပါး ေပးကမ္းၿပီးေတာ့မွ ပိုတာ လၽွံတာေလး ကိုယ္ “စား” ဒီလို စိတ္ကူးထား ။

“ႏြားထီး”လို ကုန္း႐ုန္းလုပ္ၿပီး- တိုင္းျပည္ အတြက္ ၊ သာသနာေတာ္အတြက္ သယ္ပိုးလိုတဲ့ စိတ္ဓာတ္”ေတြ ေမြးၾကဖို့လိုမယ္ ။

ေနာက္တစ္ခါ – ဂါဝီ”ေပါ့ေလ၊ “ႏြားမ”။

“ႏြားမ”ေတြ “နို့ရည္”ေတြ တဒီးဒီးယိုစီးက်တယ္။

မင္းတို့ ငါတို့ ဝိုင္း ေသာက္တာ သူ႔သား ႏြားေလးေတာင္ ေကာင္းေကာင္း မေသာက္လိုက္ရဘူး ။

အဲဒီေတာ့ လုပ္ကိုင္ေဆာင္ရြက္လို့ ေပၚလာတဲ့ အက်ိဳးစီးပြား – တို့ ဘယ္ႏွစ္ႏွစ္ ရွိၿပီလည္း လုပ္ေနတာ ။

“ေရ”,”ေဆး”,”တကၠသိုလ္”,”တျခား ပရဟိတ”ေတြ…..

“စကၡဳဒါန ေဆး႐ုံ”ေတြ, နည္းနည္းေနာေနာ ပိုက္ဆံေတြ မဟုတ္ဘူး ။

ေလာကႀကီးကို- “အသက္မဲ့ အရာဝတၳဳ”ေတြက ေက်းဇူးျပဳေနတာ အားလုံး အသိဘဲ။

အသက္ မဲ့ေသာ စိတ္ဝိဉာဏ္မရွိေသာ အရာဝတၳဳေတြ ေလာကကို ေက်းဇူးျပဳရင္….

Graduated ျဖစ္ေနတဲ့ – သိတတ္တဲ့ စိတ္ဝိဉာဏ္ ရွိေနတဲ့ – မင္းတို့တစ္ေတြ ေလာကႀကီးကို ေက်းဇူးျပဳၾကရမယ္။

အဲေတာ့- တို့့က ဘာလုပ္ဖို့လည္း ဆိုေတာ့- စာေတြ သင္ၾကတာ ဘြဲ႕ေတြ Degree ေတြ ယူၾကတာ- ဘာလုပ္ဖို့လဲ…..?

“ေလာကႀကီးကို ေက်းဇူးျပဳဖို့”။

-အဲဒီ အဓိ႒ာန္ကို စြဲစြဲျမဲျမဲ မွတ္ၿပီးေတာ့ ….

-ဒီ ဘြဲ႕ ဒီဂရီေတြကို အေျခခံထားၿပီးေတာ့…..

ကမ ၻာေလာကႀကီးထဲမွာ ဆက္လက္၍ သင္ၾကား…..

“ကမ ၻာ တစ္ဝွမ္းလုံးကို ေက်းဇူးျပဳတဲ့ ပုဂၢိဳလ္”ေတြျဖစ္နိုင္ေအာင္ ျဖစ္ေအာင္ အားလုံး ႀကိဳးစားၾကရမယ္ ။

“Gifted men achieve time and work as their opportunity.”

“လူစြမ္းေကာင္း”ဆိုလို့ရွိရင္ “အခြင့္အေရး”က-

– လစာ လည္း မေတာင္းဘူး။

– ရိကၡာ လည္း မေတာင္းဘူး။

– ေနရာ ရာထူး လည္း မေတာင္းဘူး။

သူက…..

– အခ်ိန္ မ်ားမ်ား ယူမယ္။

– အလုပ္ မ်ားမ်ား လုပ္မယ္။

“လူစြမ္းေကာင္း”က အဲဒါဘဲ။

တို့ “ႏွစ္(၈၀) လုံးလုံး”လုပ္ခဲ့တာဘဲ။

ေနာက္လည္း လုပ္ဦးမွာဘဲ။

ၾကားျဖတ္ၿပီး ရယ္စရာေလးေတာင္ ေျပာခ်င္တယ္။

“နတ္ျပည္ (၆)ထပ္”မွာ အေပၚဆုံးနတ္”က ဘာလဲ?

“ပရနိမၼိတ၀ႆ၀တီ”။

ေအး- မင္းတို့က “ပရနိမၼိတဝႆ၀တီ နတ္”ေတြ။

“ပရနိမၼိတ”ဆိုတဲ့ စာလုံးက အနက္ထင္ရဲ့လား?။

“သူတစ္ပါး ဖန္ဆင္းတဲ့ဘုံ” တက္ေနတဲ့ ေကာင္ေတြ။

ငါကေတာ့- မင္းတို့ေအာက္က “နိမၼာနရတိ” ေလာက္ပဲ “နတ္ျပည္”ေရာက္ခ်င္တယ္…..

စဥ္းစဥ္းစားစား မင္းတို့ အလုပ္လုပ္ၾက။

“နိမၼာနရတိ နတ္ျပည္”ဆိုတာ ကိုယ့္ဘုံ,ကိုယ့္ဘာသာ ဖန္ဆင္းၿပီး ေနရတာ ေပ်ာ္တာ ငါဘဲ။

မင္းတို့တေတြက သူမ်ား ဖန္ဆင္းၿပီးသား ဘုံေပၚ တက္ၿပီး ဒူးႏွံ့ေနၾကတာ။ (ဆရာေတာ္ႀကီးမွ ျပဳံးရယ္လ်က္)

တပည့္ေတြ ႀကီးႀကီးက်ယ္က်ယ္ ေတြးႀကီးႀကီးက်ယ္က်ယ္ ႀကံဖို့လိုတယ္။

ငါ “အာသီဝိေသာပမ-သုတၱန္”က်က္ေနေတာ့ ….

“ဒဟတ္ပင္”ေအာက္မွာ စာျပန္ေနတာကို “အနီးစခန္းဆရာေတာ္ႀကီး”က လမ္းေလၽွာက္လာရင္း ၾကားတယ္။

ၾကားေတာ့ အနားမကပ္ဘူး။အေဝးကေန ေခ်ာင္းၿပီး နားေထာင္တယ္။

ငါ ရြတ္ဖတ္ စာျပန္ေနတာေလး ဆုံးေတာ့ မွ အနား ေပၚလာတယ္ ။

ျပဳံးစိစိနဲ႔ “ဆရာေတာ္”က…..” ကိုယ့္လူ မင္း ရြတ္ေနတဲ့ စာေတြ နားေထာင္ၿပီးေတာ့ ငါ ၾကက္သီးေတာင္ ထ တယ္။

အာသီဝိေသာပမ- သုတ္၊ တိပိဋကဆရာေတာ္မွ က်က္ေဟာတဲ့သုတ္ ။ မင္းက က်က္တယ္။

ငါျဖင့္ ၾကက္သီးေတာင္ ထ တယ္”

လမ္းေလၽွာက္ရင္းနဲ႔ ေျပာသြားတယ္ ။

အထည္ႀကီးႀကီးကိုင္တဲ့ ပုဂၢိဳလ္ဟာ ေလာကမွာ ႀကီးက်ယ္တယ္ကြာ။

အဲဒါေၾကာင့္- ေသးေသးႏုပ္ႏုပ္ မလုပ္ၾကနဲ႔။

“ေသးသိမ္ေသာ အေတြးအေခၚေတြ မေတြးရဘူး”ဆိုတာ-တို့ အဓိ႒ာန္မွာ ပါတယ္မို့လား။

ႀကီးႀကီးက်ယ္က်ယ္ ေတြး……

ႀကီးႀကီးက်ယ္က်ယ္ ႀကံ……

ႀကီးႀကီးက်ယ္က်ယ္ ျဖစ္လိမ့္ မယ္။

ေသးသိမ္ တဲ့ အေတြးအေခၚနဲ႔ ေတြးရင္ေတာ့ “(၂)ပဲ (၁) ျပား” ၾကားထဲ ေရာက္သြားမွာဘဲ ။

အဲ့ဒီေတာ့ Gifted menေတြက ရထားတဲ့ အခ်ိန္ရယ္….

ရထားတဲ့ အလုပ္ရယ္ကို ဘာလုပ္လိုက္လဲ?။

They created them to be great and grand.

အားလုံး ဘဝမွာ- သင္ထားတဲ့ ဘာသာရပ္ မ်ားနဲ႔…..

– ႀကီးက်ယ္တဲ့ စိတ္ဓာတ္ေတြကို ေမြးၿပီးေတာ့….

~ မိမိတို့ရဲ့ ဘဝကိုလည္း great and grand ျဖစ္ေအာင္…..

~ မိမိတို့ နိုင္ငံေတာ္ကိုလည္း great and grand ျဖစ္ေအာင္….

~ မိမိတို့ သာသနာေတာ္ကိုလည္း great and grand ျဖစ္ေအာင္….

“အားလုံး ဖန္ဆင္းနိုင္ၾကပါေစ”ဆိုတာကို တို့ တိုက္တြန္းတယ္ ။

နိဂုံးခ်ဳပ္က ဘာေျပာမလဲ ဆိုရင္…..ရထားတဲ့ ဘြဲ႕ေလးေတြ Degree ေလးေတြကို အလြဲ သုံးစား မလုပ္ၾကနဲ႔ ။

ိတို့ ဗုဒၶဘာသာ လမ္းေၾကာင္းႀကီးဟာ “သာသနာ အဆန္လမ္း” ကြ။

“အဆန္လမ္း”က “ဆန္တက္”ရတာေတာ့ “ခက္တယ္”ေနာ္။

“ဧရာဝတီ”ကို ေရဆန္ေလွာ္ၾကည့္ ခက္တယ္မို့လား?။

“ေလ”က ဆန္ေနရင္ ပိုေတာင္ ခက္ေသး။

သံသရာ အဆန္လမ္းဟာ သိပ္သိမ္ေမြ႕တယ္။

-ဂမီ ၻရ- သိပ္နက္တယ္။

-သိပ္ၿပီးေတာ့ ျမင္ဖို့ခက္တယ္။

-အႏုျမဴေလာက္ ႏုညံ့သိမ္ေမြ႕တယ္။

အဲဒီေလာက္ ႏုညံ့သိမ္ေမြ႕ခက္ခဲတဲ့ “အဆန္လမ္း”ကို …..လူအ-ေတြ မႀကိဳက္ၾကဘူး။

– လူပ်င္း လူအေတြ အဆန္လမ္း မႀကိဳက္ဘူး ။

– အေခ်ာင္သမား ပိုေတာင္ မႀကိဳက္ေသးတယ္ ။

အေခ်ာင္သမားက ဘာလုပ္ခ်င္တာလဲ။

ေမ်ာခ်ခ်င္တာမို့လား။

မင္းတို့ ေမ်ာခ်ဖို့ စိတ္ကူးထားသလား။

ေအး…ေမ်ာသြားၿပီး ျမဳပ္ကုန္မယ္။

အဲဒီေတာ့ အဆန္လမ္း ဆိုတာ ခက္တယ္ ။

တို့မ်ား ဆန္တက္လာတာ ႏွစ္(၈၀)။

ဒီကေန႔အေတာ္အတန္ ေရာက္သြားၿပီ။

ေရဆန္ ေလဆန္မွာ ေျခကန္တက္လာတာ။ ပင္ပန္းတယ္။

ဆန္တက္ေတာ့ ျမစ္ေၾကာင္းကို စဥ္းစားၾကည့္လိုက္။

ျမစ္ရဲ့အညာပိုင္း ေရာက္ေလေလ ေရတျဖည္းျဖည္း တိမ္သြားတယ္။ အဲဒါ နားလည္ဖို့ ေကာင္းတာေပါ့။

စုန္သြားေလေလ ေရနက္ေလ။

နက္ရင္ ျမဳပ္မယ္။

ေရတိမ္မွာ ေလွေမွာက္ေတာင္ မျမဳပ္ဘူး။

အဲ့ဒါေၾကာင့္-သံသရာအဆန္လမ္း ပင္ပန္းေပမယ့္ ဆန္ၾကပါကြာ။

ေရတိမ္မွာ ဆိုလို့ရွိရင္ ေအးေအးေဆးေဆး လမ္းေတာင္ ေရထဲေလၽွာက္လို့ရတယ္။

အဲဒါေၾကာင့္ အဆန္လမ္း ပင္ပန္းေပမယ့္ အားလုံးတပည့္ေတြ စိတ္ဝင္စားၾကေစခ်င္တယ္။

အစုန္လမ္းကေတာ့ အေခ်ာင္သမားေတြလမ္း။

ေမ်ာမခ်နဲ႔ ။ အစုန္လမ္းဆုံးရင္ ျမဳပ္မွာဘဲ။

သံသရာမွာ ဆန္မတက္ပဲ ရထားတဲ့ Degree ေလး အလြဲသုံးစားလုပ္ရင္ျမဳပ္ကုန္မယ္။

အားလုံး အဆန္လမ္းကို ႀကိဳက္နိုင္ၾကပါေစ ။

ရထားတဲ့ဘြဲ႕ Degreeေလးေတြကို အလြဲသုံးစား မလုပ္ၾကပါနဲ႔ ။

သာသနာနဲ႔နိုင္ငံေတာ္က ခ်စ္ျမတ္နိုးတဲ့ သူေတာ္ေကာင္းေတြ ျဖစ္ေအာင္ ႀကိဳးစားၾကပါလို့ တိုက္တြန္းပါတယ္ ။

ကမၻာသူ ကမ ၻာသားေတြ လြမ္းက်န္ခဲ့ေအာင္ အလုပ္လုပ္ၾကစမ္းပါ။

ကမ ၻာႀကီးက စိတ္ပ်က္ၿပီးေတာ့…..

“ဒီေကာင္ ဒီေျမႀကီးေပၚ မရွိရင္ ေကာင္းတာဘဲ”-ဆိုတဲ့ လူမ်ိဳးေတြ ဘယ္ေတာ့မွ မျဖစ္ေစနဲ႔။

“ကမ ၻာႀကီးက လြမ္းက်န္ရစ္ေအာင္” လုပ္ၾကပါလို့ တိုက္တြန္းခ်င္ပါတယ္။

*သီတဂူဆရာေတာ္ႀကီး(၈၀)ျပည့္ႏွစ္ၾသဝါဒစကား* Ashin Nandamalar(Kani)

unicode

{ကမ္ဘာကြီးလွမ်းကျန်ရစ်အောင်လုပ်ကြစမ်းပါ}

တို့များ ဘာဒီဂရီမှ မရဘူး ။

B.Aလည်းမရှိဘူး ။

M.Aလည်းမရှိဘူး ။

Ph.D.ကလည်း မိုးပေါ်ကျ Ph.D။

ဒါပေမယ့် တို့ု့ရဲ့Degreeက ဘာလည်းဆိုရင် -time and work. အချိန်ရှိသလောက် အလုပ်လုပ်။

အဲ့ဒါ Degree ဘဲ။အချိန်တွေရှိတယ် –

အလုပ်မလုပ်ဘူးဆိုရင် အဲ့ဒီ “ပုဂ္ဂိုလ်ရဲ့ဘဝ”ဟာ “အချည်းနှီး”ဘဲ ။

လောကကြီးကို ကျေးဇူးပြုတဲ့အရာတွေရှိတယ်-

“ရဝိ, စန္ဒော, ဃနာ, ရုက္ခာ ၊

နဒီ, ဂါဝေါစ, သဇ္ဇနာ ။

ဧတေ ပေရာပကာရာယ ။

ယုဂေ ဘာဂျေန နိမ္မိတာ ။ ”

“ရဝိ”= “နေ” “ရဝိ”-ဆိုတဲ့ “ပါဠိပုဒ်”က “နေ”ပေါ့ ။

“နေ”သာ မထွက်ခဲ့ရင် တို့ ဘာမရဘူးလဲ?။

အပူရှိန် မရဘူး။ အကုန်လုံး သေကြဖို့ဘဲ။

-“နေ”မရှိတဲ့ အရပ်တွေ “နေ”မရောက်တဲ့အရပ်တွေ

“ကမ္ဘာ မြောက်ခြမ်း”မှာ”နေ”သွားနေတဲ့ အချိန်မှာ-

“တောင်ခြမ်း”ကလူတွေ”ရေခဲ”ထဲမှာ နေရတာ အကုန်သိတယ်နော်။

“ကမ္ဘာ့တောင်ခြမ်းမှာ”နေ”သွားရင် “မြောက်ခြမ်း”ကလူတွေ ရေခဲထဲမှာ နေကြရတယ်။

အဲဒီလိုအေးနေတော့ အဲဒီ”အအေး”ကို Protect လုပ်ဖို့ “အပူ”ရှာကြတယ်။

“နေ”ဟာ “ပူပြင်းတယ်”ဆိုပေမယ့် လောကကြီးကို သိပ်ကျေးဇူးပြုတယ် ။

လမင်း…..

“နေ”ဝင်သွားရင် ကမ္ဘာကြီး အမှောင်ကျတယ်။

“မှောင်ပြီ”ဆိုရင် လူတွေကကြောက်တယ်။

လူတွေက ကြောက်တော့ အလင်းရောင် တ- တယ်။

“လ”ပေါ်လာလို့ လင်းသွားတော့ ဘာဖြစ်သွားလဲ?။

ကြောက်စိတ်တွေ ပြေလို့ မကောင်းဘူးလား ။

ထိတ်လန့်တုန်လှုပ်နေတဲ့ ကမ ္ဘာလူသားအားလုံးကို ကြောက်စိတ်ပြေအောင် ဆောင်ရွက်နိုင်ဖို့ အရေးကြီးတယ်။

“လ”ကဲ့သို့ ကမ္ဘာ့လူသားတွေကို ကျေးဇူးပြုရမယ်။

ကမ ္ဘာလူသားတွေကို ခြိမ်းခြောက်ဖို့ စိတ်မကူးနဲ့။

“ဃနာ”=”မိုးတိမ်”

“မိုးတိမ်”မရှိဘဲ ကောင်းကင်ကြီးလင်းရှင်းနေရင် “နေပူရှိန်”က သိပ်ထိုးတယ်။

အဲဒီ “မိုးတိမ်ထုထည်”ကို မရခဲ့ရင် “ပင်လယ်”ထဲက “ရေ”ကို “သယ်ဆောင်ပေးမယ့် အရာဝတ္ထု”မရှိဘူးလေ။

“ပင်လယ်”က”ရေ”ကို “မိုးတိမ်”က သယ်လာတာ။

“လေ”က တွန်းပေးလို့ “မိုးတိမ်”တွေ ကုန်းပြင်ပေါ် ရောက်တဲ့အခါ …..

“ရေ”တွေက များလွန်းတော့လေးပြီးတော့ ထိန်းမထားနိုင်တဲ့ အတွက်ကြောင့် အောက်ကို ယိုကျတာ ။ ဒါကိုဘဲ “မိုးရွာတယ်”။

မိုးတိမ်မရှိရင် မိုးမရွာဘူးဗျ။ မိုးတိမ်- လောကကြီးကို သိပ်ကျေးဇူးပြုတယ် ။

သစ်ပင်…..

အဲဒီတော့ “ကမ္ဘာမြေကြီး”ကို “အရိပ်” နာနာပေးမှ “မိုးတိမ်”က သယ်လာတဲ့ “ရေ”တွေကို ထိန်းနိုင်မှာပေါ့။

“အရိပ်”ကင်းမဲ့ရင် “မိုးတိမ်”က သယ်လာတဲ့ “ရေ”တွေကို”ကမ ္ဘာမြေကြီး”က မထိန်းနိုင်ဘူး။

အဲဒါကြောင့်- “အရိပ်ကောင်းတဲ့ သစ်ပင်”ဟာလည်း “မိုးရေ”ကို ထိန်းပြီးတော့ “လူသား”တွေကို “အရိပ်”ပေးတဲ့ “ကျေးဇူးရှင်များ”ဖြစ်ကြတယ် ။

“နဒီ”= “မြစ်”…..

“ဧရာဝတီ”ဆိုတဲ့ “မြစ်ကြီး”ဟာသယ်လာတဲ့ “ရေ”တွေဟာ သူ သောက်ဖို့ မဟုတ်ဘူး။

ဒီမြစ်ရိုးတစ်လျှောက်ကလူတွေ အကုန်”သောက်”တယ် ။

မြစ်ရိုးတစ်လျှောက်ကလူတွေ ဒီရေနဲ့ “ကောက်ပဲသီးနှံ”စိုက်တယ် ။

“မြစ်”တို့သည် “ရေ”ကို သယ်လာတာ သူ့အတွက် မဟုတ်ဘူး ။ သူတစ်ပါးအတွက် သယ်လာတာ ။

“ဂါဝေါစ – ဂါဝေါ”=”နွားထီး နွားမ”

“နွားထီး”တွေ ပုခုံးပွန်းအောင် ရုန်းတယ် ။

– သူတို့ ကောက်ရိုးဘဲ စားတယ်လေ ။

– ကျန်တဲ့သူတွေ အကုန် “ဆန်၊ စပါး” ဝိုင်းစားကြတာ ။

-သူတစ်ပါးတို့ကို ဆန်စပါး ပေးစားပြီး…..သူ ကိုယ်တိုင်က “ကောက်ရိုး”ဘဲ စားတယ် ။

အေး အလုပ် သိပ်လုပ်ပြီးတော့-“ကောင်းတာငါချည်းစားမယ်”ဆိုတဲ့ စိတ်ဓာတ်မမွေးကြနဲ့…..

ရုန်းလို့ ကုန်းလို့ လုပ်ရတဲ့- “သူတစ်ပါးအတွက်”ဆိုတဲ့ “သူတစ်ပါး ဦးစားပေး စိတ်ဓာတ်”ကို အားလုံးမွေးကြ။

သူတစ်ပါး ပေးကမ်းပြီးတော့မှ ပိုတာ လျှံတာလေး ကိုယ် “စား” ဒီလို စိတ်ကူးထား ။

“နွားထီး”လို ကုန်းရုန်းလုပ်ပြီး- တိုင်းပြည် အတွက် ၊ သာသနာတော်အတွက် သယ်ပိုးလိုတဲ့ စိတ်ဓာတ်”တွေ မွေးကြဖို့လိုမယ် ။

နောက်တစ်ခါ – ဂါဝီ”ပေါ့လေ၊ “နွားမ”။

“နွားမ”တွေ “နို့ရည်”တွေ တဒီးဒီးယိုစီးကျတယ်။

မင်းတို့ ငါတို့ ဝိုင်း သောက်တာ သူ့သား နွားလေးတောင် ကောင်းကောင်း မသောက်လိုက်ရဘူး ။

အဲဒီတော့ လုပ်ကိုင်ဆောင်ရွက်လို့ ပေါ်လာတဲ့ အကျိုးစီးပွား – တို့ ဘယ်နှစ်နှစ် ရှိပြီလည်း လုပ်နေတာ ။

“ရေ”,”ဆေး”,”တက္ကသိုလ်”,”တခြား ပရဟိတ”တွေ…..

“စက္ခုဒါန ဆေးရုံ”တွေ, နည်းနည်းနောနော ပိုက်ဆံတွေ မဟုတ်ဘူး ။

လောကကြီးကို- “အသက်မဲ့ အရာဝတ္ထု”တွေက ကျေးဇူးပြုနေတာ အားလုံး အသိဘဲ။

အသက် မဲ့သော စိတ်ဝိဉာဏ်မရှိသော အရာဝတ္ထုတွေ လောကကို ကျေးဇူးပြုရင်….

Graduated ဖြစ်နေတဲ့ – သိတတ်တဲ့ စိတ်ဝိဉာဏ် ရှိနေတဲ့ – မင်းတို့တစ်တွေ လောကကြီးကို ကျေးဇူးပြုကြရမယ်။

အဲတော့- တို့က ဘာလုပ်ဖို့လည်း ဆိုတော့- စာတွေ သင်ကြတာ ဘွဲ့တွေ Degree တွေ ယူကြတာ- ဘာလုပ်ဖို့လဲ…..?

“လောကကြီးကို ကျေးဇူးပြုဖို့”။

-အဲဒီ အဓိဋ္ဌာန်ကို စွဲစွဲမြဲမြဲ မှတ်ပြီးတော့ ….

-ဒီ ဘွဲ့ ဒီဂရီတွေကို အခြေခံထားပြီးတော့…..

ကမ ္ဘာလောကကြီးထဲမှာ ဆက်လက်၍ သင်ကြား…..

“ကမ ္ဘာ တစ်ဝှမ်းလုံးကို ကျေးဇူးပြုတဲ့ ပုဂ္ဂိုလ်”တွေဖြစ်နိုင်အောင် ဖြစ်အောင် အားလုံး ကြိုးစားကြရမယ် ။

“Gifted men achieve time and work as their opportunity.”

“လူစွမ်းကောင်း”ဆိုလို့ရှိရင် “အခွင့်အရေး”က-

– လစာ လည်း မတောင်းဘူး။

– ရိက္ခာ လည်း မတောင်းဘူး။

– နေရာ ရာထူး လည်း မတောင်းဘူး။

သူက…..

– အချိန် များများ ယူမယ်။

– အလုပ် များများ လုပ်မယ်။

“လူစွမ်းကောင်း”က အဲဒါဘဲ။

တို့ “နှစ်(၈၀) လုံးလုံး”လုပ်ခဲ့တာဘဲ။

နောက်လည်း လုပ်ဦးမှာဘဲ။

ကြားဖြတ်ပြီး ရယ်စရာလေးတောင် ပြောချင်တယ်။

“နတ်ပြည် (၆)ထပ်”မှာ အပေါ်ဆုံးနတ်”က ဘာလဲ?

“ပရနိမ္မိတဝဿ၀တီ”။

အေး- မင်းတို့က “ပရနိမ္မိတဝဿဝတီ နတ်”တွေ။

“ပရနိမ္မိတ”ဆိုတဲ့ စာလုံးက အနက်ထင်ရဲ့လား?။

“သူတစ်ပါး ဖန်ဆင်းတဲ့ဘုံ” တက်နေတဲ့ ကောင်တွေ။

ငါကတော့- မင်းတို့အောက်က “နိမ္မာနရတိ” လောက်ပဲ “နတ်ပြည်”ရောက်ချင်တယ်…..

စဉ်းစဉ်းစားစား မင်းတို့ အလုပ်လုပ်ကြ။

“နိမ္မာနရတိ နတ်ပြည်”ဆိုတာ ကိုယ့်ဘုံ,ကိုယ့်ဘာသာ ဖန်ဆင်းပြီး နေရတာ ပျော်တာ ငါဘဲ။

မင်းတို့တတွေက သူများ ဖန်ဆင်းပြီးသား ဘုံပေါ် တက်ပြီး ဒူးနှံ့နေကြတာ။ (ဆရာတော်ကြီးမှ ပြုံးရယ်လျက်)

တပည့်တွေ ကြီးကြီးကျယ်ကျယ် တွေးကြီးကြီးကျယ်ကျယ် ကြံဖို့လိုတယ်။

ငါ “အာသီဝိသောပမ-သုတ္တန်”ကျက်နေတော့ ….

“ဒဟတ်ပင်”အောက်မှာ စာပြန်နေတာကို “အနီးစခန်းဆရာတော်ကြီး”က လမ်းလျှောက်လာရင်း ကြားတယ်။

ကြားတော့ အနားမကပ်ဘူး။အဝေးကနေ ချောင်းပြီး နားထောင်တယ်။

ငါ ရွတ်ဖတ် စာပြန်နေတာလေး ဆုံးတော့ မှ အနား ပေါ်လာတယ် ။

ပြုံးစိစိနဲ့ “ဆရာတော်”က…..” ကိုယ့်လူ မင်း ရွတ်နေတဲ့ စာတွေ နားထောင်ပြီးတော့ ငါ ကြက်သီးတောင် ထ တယ်။

အာသီဝိသောပမ- သုတ်၊ တိပိဋကဆရာတော်မှ ကျက်ဟောတဲ့သုတ် ။ မင်းက ကျက်တယ်။

ငါဖြင့် ကြက်သီးတောင် ထ တယ်”

လမ်းလျှောက်ရင်းနဲ့ ပြောသွားတယ် ။

အထည်ကြီးကြီးကိုင်တဲ့ ပုဂ္ဂိုလ်ဟာ လောကမှာ ကြီးကျယ်တယ်ကွာ။

အဲဒါကြောင့်- သေးသေးနုပ်နုပ် မလုပ်ကြနဲ့။

“သေးသိမ်သော အတွေးအခေါ်တွေ မတွေးရဘူး”ဆိုတာ-တို့ အဓိဋ္ဌာန်မှာ ပါတယ်မို့လား။

ကြီးကြီးကျယ်ကျယ် တွေး……

ကြီးကြီးကျယ်ကျယ် ကြံ……

ကြီးကြီးကျယ်ကျယ် ဖြစ်လိမ့် မယ်။

သေးသိမ် တဲ့ အတွေးအခေါ်နဲ့ တွေးရင်တော့ “(၂)ပဲ (၁) ပြား” ကြားထဲ ရောက်သွားမှာဘဲ ။

အဲ့ဒီတော့ Gifted menတွေက ရထားတဲ့ အချိန်ရယ်….

ရထားတဲ့ အလုပ်ရယ်ကို ဘာလုပ်လိုက်လဲ?။

They created them to be great and grand.

အားလုံး ဘဝမှာ- သင်ထားတဲ့ ဘာသာရပ် များနဲ့…..

– ကြီးကျယ်တဲ့ စိတ်ဓာတ်တွေကို မွေးပြီးတော့….

~ မိမိတို့ရဲ့ ဘဝကိုလည်း great and grand ဖြစ်အောင်…..

~ မိမိတို့ နိုင်ငံတော်ကိုလည်း great and grand ဖြစ်အောင်….

~ မိမိတို့ သာသနာတော်ကိုလည်း great and grand ဖြစ်အောင်….

“အားလုံး ဖန်ဆင်းနိုင်ကြပါစေ”ဆိုတာကို တို့ တိုက်တွန်းတယ် ။

နိဂုံးချုပ်က ဘာပြောမလဲ ဆိုရင်…..ရထားတဲ့ ဘွဲ့လေးတွေ Degree လေးတွေကို အလွဲ သုံးစား မလုပ်ကြနဲ့ ။

ိတို့ ဗုဒ္ဓဘာသာ လမ်းကြောင်းကြီးဟာ “သာသနာ အဆန်လမ်း” ကွ။

“အဆန်လမ်း”က “ဆန်တက်”ရတာတော့ “ခက်တယ်”နော်။

“ဧရာဝတီ”ကို ရေဆန်လှော်ကြည့် ခက်တယ်မို့လား?။

“လေ”က ဆန်နေရင် ပိုတောင် ခက်သေး။

သံသရာ အဆန်လမ်းဟာ သိပ်သိမ်မွေ့တယ်။

-ဂမီ ္ဘရ- သိပ်နက်တယ်။

-သိပ်ပြီးတော့ မြင်ဖို့ခက်တယ်။

-အနုမြူလောက် နုညံ့သိမ်မွေ့တယ်။

အဲဒီလောက် နုညံ့သိမ်မွေ့ခက်ခဲတဲ့ “အဆန်လမ်း”ကို …..လူအ-တွေ မကြိုက်ကြဘူး။

– လူပျင်း လူအတွေ အဆန်လမ်း မကြိုက်ဘူး ။

– အချောင်သမား ပိုတောင် မကြိုက်သေးတယ် ။

အချောင်သမားက ဘာလုပ်ချင်တာလဲ။

မျောချချင်တာမို့လား။

မင်းတို့ မျောချဖို့ စိတ်ကူးထားသလား။

အေး…မျောသွားပြီး မြုပ်ကုန်မယ်။

အဲဒီတော့ အဆန်လမ်း ဆိုတာ ခက်တယ် ။

တို့များ ဆန်တက်လာတာ နှစ်(၈၀)။

ဒီကနေ့အတော်အတန် ရောက်သွားပြီ။

ရေဆန် လေဆန်မှာ ခြေကန်တက်လာတာ။ ပင်ပန်းတယ်။

ဆန်တက်တော့ မြစ်ကြောင်းကို စဉ်းစားကြည့်လိုက်။

မြစ်ရဲ့အညာပိုင်း ရောက်လေလေ ရေတဖြည်းဖြည်း တိမ်သွားတယ်။ အဲဒါ နားလည်ဖို့ ကောင်းတာပေါ့။

စုန်သွားလေလေ ရေနက်လေ။

နက်ရင် မြုပ်မယ်။

ရေတိမ်မှာ လှေမှောက်တောင် မမြုပ်ဘူး။

အဲ့ဒါကြောင့်-သံသရာအဆန်လမ်း ပင်ပန်းပေမယ့် ဆန်ကြပါကွာ။

ရေတိမ်မှာ ဆိုလို့ရှိရင် အေးအေးဆေးဆေး လမ်းတောင် ရေထဲလျှောက်လို့ရတယ်။

အဲဒါကြောင့် အဆန်လမ်း ပင်ပန်းပေမယ့် အားလုံးတပည့်တွေ စိတ်ဝင်စားကြစေချင်တယ်။

အစုန်လမ်းကတော့ အချောင်သမားတွေလမ်း။

မျောမချနဲ့ ။ အစုန်လမ်းဆုံးရင် မြုပ်မှာဘဲ။

သံသရာမှာ ဆန်မတက်ပဲ ရထားတဲ့ Degree လေး အလွဲသုံးစားလုပ်ရင်မြုပ်ကုန်မယ်။

အားလုံး အဆန်လမ်းကို ကြိုက်နိုင်ကြပါစေ ။

ရထားတဲ့ဘွဲ့ Degreeလေးတွေကို အလွဲသုံးစား မလုပ်ကြပါနဲ့ ။

သာသနာနဲ့နိုင်ငံတော်က ချစ်မြတ်နိုးတဲ့ သူတော်ကောင်းတွေ ဖြစ်အောင် ကြိုးစားကြပါလို့ တိုက်တွန်းပါတယ် ။

ကမ္ဘာသူ ကမ ္ဘာသားတွေ လွမ်းကျန်ခဲ့အောင် အလုပ်လုပ်ကြစမ်းပါ။

ကမ ္ဘာကြီးက စိတ်ပျက်ပြီးတော့…..

“ဒီကောင် ဒီမြေကြီးပေါ် မရှိရင် ကောင်းတာဘဲ”-ဆိုတဲ့ လူမျိုးတွေ ဘယ်တော့မှ မဖြစ်စေနဲ့။

“ကမ ္ဘာကြီးက လွမ်းကျန်ရစ်အောင်” လုပ်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

*သီတဂူဆရာတော်ကြီး(၈၀)ပြည့်နှစ်သြဝါဒစကား* Ashin Nandamalar(Kani)