တရုတ်ပြည်ထဲမှာ တစ်လကို (၁၀)သိန်းလောက်ရမယ်ဆိုပြီး ငါးစာမျှားခံနေရ

ၾကားသိရသမ်

တ႐ုတ္ျပည္ထဲမွာ တစ္လကို (၁၀)သိန္းေလာက္ရမယ္ဆိုၿပီး ငါးစာနဲ႔မၽွားခံေနရ

လူကုန္ကူးခံရမွု သတိျပဳပါ

အခုတေလာ လူမွုကြန္ယက္ေပၚမွာ လူကုန္ကူးခံရမွုေတြမ်ားလာတာေတြ႕ရတယ္ ။

အမ်ားအားျဖင့္ မသိနားမလည္လို့၊ ေလာဘႀကီးလို့၊ အတင္းအဓမၼဖမ္းဆီးေခၚေဆာင္သြားျခင္း ခံရလို့ဆိုတာေတြေၾကာင့္ျဖစ္တယ္ . တ႐ုတ္ျပည္ထဲမွာ အလုပ္ရမယ္ ။ျမန္မာျပည္ထဲ တစ္လ တစ္သိန္းရရင္ တ႐ုတ္ျပည္ထဲမွာ တစ္လကို (၁၀)သိန္းေလာက္ရမယ္ဆိုၿပီး ငါးစာနဲ႔မၽွားခံရေတာ့ ငါးမၽွားခ်ိတ္ကိုမျမင္ဘဲ အမိခံလိုက္ရတဲ့ မိန္းမပ်ိဳေလးေတြ တစ္ေန႔ထက္တစ္ေန႔ေပါမ်ားလာတယ္။

ကိုယ့္နိုင္ငံက တာဝန္ရွိအဖြဲ႕အသီးသီးရဲ့ အျပန္အလွန္ ခ်ိတ္ဆက္မွု/အေရးယူမွု၊ ထိေရာက္တဲ့တားဆီးႏွိမ္နင္းမွု အားနည္းတာရယ္၊ ႐ုံး/ဌာနေတြမွာ အခ်ိန္ၾကန႔္ၾကာေနတာေတြရယ္ေၾကာင့္ လူကုန္ကူးမွုႏွုန္းဟာ တစ္ႏွစ္ထက္တစ္ႏွစ္ ျမင့္တက္လာေနတာေတြ႕ရပါတယ္ ။

တ႐ုတ္ျပည္မွာ အမ်ိဳးသမီးရွားပါးတာ၊ အိမ္ေထာင္ဘက္ တင္ေတာင္းစရိတ္ႀကီးျမင့္တာေတြရယ္ေၾကာင့္ အိမ္နီးခ်င္းနိုင္ငံေတြက အမ်ိဳးသမီးေတြကို ဘယ္လိုနည္းနဲ႔ရရ သူ႔ထက္ငါ ေဈးေကာင္းေပးဝယ္ယူေနၾကတယ္ ။

တခ်ိဳ့အမ်ိဳးသမီးေတြဟာ တ႐ုတ္ေယာက်ာ္းတစ္ဦးတည္းကို အိမ္ေထာင္ရွင္/အငွါးလင္ အျဖစ္ ​ေပါင္းသင္းေနၾကရေပမယ့္လဲ တခ်ိဳ့ေတြကေတာ့ တစ္ဦးထက္မက ေပါင္းသင္းအေဖာ္ျပဳေပးေနၾကရတာကိုလဲ ၾကားသိရတယ္ ။လူကုန္ကူးမွုမွာ တိုင္တဲ့လူရွိရင္ေတာ့ တ႐ုတ္ရဲေတြက သူတို့တ႐ုတ္နိုင္ငံသားေတြထဲမွာ ျပစ္မွုက်ဴးလြန္သူေတြကို အခ်ိန္မီ ဖမ္းဆီးၿပီး အနည္းဆုံးေထာင္(၁၀)ႏွစ္ခ်မွတ္တယ္လို့သိရတယ္ ။

လူကုန္ကူး႐ုံတင္မကပဲ မုဒိမ္းမွုပါက်ဴးလြန္မိရင္ေတာ့ (၁၀)ႏွစ္အထက္ ျပစ္ဒဏ္ခ်မွတ္တယ္လို့သိရတယ္ ။လြန္ခဲ့တဲ့ ၂၀၁၉ စက္တင္ဘာလထဲမွာ လူကုန္ကူးျခင္းခံလိုက္ရတဲ့ ကရင္တိုင္းရင္းသူ ဖိုးမူ ဆိုတဲ့ ျမန္မာမိန္းကေလးတစ္ေယာက္အမွု အခုဆိုရင္ တ႐ုတ္ျပည္ ေရႊလီၿမိဳ့ တရား႐ုံးမွာ အခ်ိန္(၃)လၾကာၿပီျဖစ္ပါတယ္။

ဖိုးမူ ဆိုတဲ့ကေလးမေလးကို တိုက္ခန္းထဲေသာ့ခတ္ပိတ္ေလွာင္ထားၿပီး လူကုန္ကူး ျပစ္မွုက်ဴးလြန္ရာမွာပါဝင္သူ တ႐ုတ္နိုင္ငံသား(၉)ဦးကို တ႐ုတ္တရား႐ုံးက ဒီတစ္ပတ္ထဲမွာပဲ ေထာင္ဒဏ္(၁၀)ႏွစ္စီျပစ္ဒဏ္ခ်မွတ္လိုက္တယ္လို့ၾကားသိရတယ္။ဖိုးမူေလးကိုေတာ့ မၾကာမီ တ႐ုတ္နိုင္ငံဘက္မွ ျမန္မာနိုင္ငံဘက္ကို ျပန္လည္လႊဲေျပာင္းေပးသြားမွာျဖစ္ေၾကာင္းသိရပါတယ္ ။

ကံေကာင္းေထာက္မစြာနဲ႔ ေရႊလီၿမိဳ့၊ “မိုးမခ”ေဖာင္ေဒးရွင္းက ကူညီကယ္တင္ေပးသူေတြနဲ႔ ကိုယ့္ျမန္မာအခ်င္းခ်င္း ကူညီေပးၾကသူေတြေၾကာင့္ လူကုန္ကူးခံရျခင္းမွ လြတ္ေျမာက္လာၾကသူေတြရွိသလို တ႐ုတ္ျပည္မႀကီးနဲ႔ တျခားနယ္စပ္ဘက္ကို တဆင့္ေရာင္းစားျခင္းခံရသူ အေရအတြက္ဟာလဲ အမ်ားအျပားရွိေနတယ္လို့ သိရပါတယ္။

တ႐ုတ္ျပည္သို့ လူကုန္ကူးမွုခံရၿပီဆိုရင္ ျမန္မာ-တ႐ုတ္နယ္စပ္၊ ေရႊလီၿမိဳ့မွာရွိတဲ့ “မိုးမခ”ေဖာင္ေဒးရွင္းဖုန္းကို ဆက္သြယ္အကူအညီေတာင္းခံနိုင္ပါတယ္ ။

”မိုးမခ”ေဖာင္ေဒးရွင္း (ျပည္ပေရာက္ျမန္မာနိုင္ငံသားမ်ားကူညီေပးေရး) ေရႊလီၿမိဳ့။

ေဒၚမိုးမခ

+8618306979494(တ႐ုတ္ဖုန္း)

+959715498666 (ျမန္မာဖုန္း)

ေဒၚေအးလီ

+8613628891551(တ႐ုတ္ဖုန္း)

+959781876573 (ျမန္မာဖုန္း)

ေဒၚတင္ဇာ

+8618669291834 (တ႐ုတ္ဖုန္း)

+959795360538 (ျမန္မာဖုန္း)

ကိုမင္းသီဟထြန္း

+8614787388044 (တ႐ုတ္ဖုန္း)

+959422298847 (ျမန္မာဖုန္း)

ကိုMTမန္း

+8613108551403 (တ႐ုတ္ဖုန္း)

+959780286268 (ျမန္မာဖုန္း)

ကိုသက္ကို

+8618488904894 (ျမန္မာဖုန္း)

+959422894148 (ျမန္မာဖုန္း)

ျမန္မာအမ်ိဳးသမီးငယ္မ်ား လူကုန္ကူးခံရျခင္းမွ ကင္းေဝးၾကပါေစ။ Nay Myo

unicode

တရုတ်ပြည်ထဲမှာ တစ်လကို (၁၀)သိန်းလောက်ရမယ်ဆိုပြီး ငါးစာနဲ့မျှားခံနေရ

လူကုန်ကူးခံရမှု သတိပြုပါ

အခုတလော လူမှုကွန်ယက်ပေါ်မှာ လူကုန်ကူးခံရမှုတွေများလာတာတွေ့ရတယ် ။

အများအားဖြင့် မသိနားမလည်လို့၊ လောဘကြီးလို့၊ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရလို့ဆိုတာတွေကြောင့်ဖြစ်တယ် . တရုတ်ပြည်ထဲမှာ အလုပ်ရမယ် ။မြန်မာပြည်ထဲ တစ်လ တစ်သိန်းရရင် တရုတ်ပြည်ထဲမှာ တစ်လကို (၁၀)သိန်းလောက်ရမယ်ဆိုပြီး ငါးစာနဲ့မျှားခံရတော့ ငါးမျှားချိတ်ကိုမမြင်ဘဲ အမိခံလိုက်ရတဲ့ မိန်းမပျိုလေးတွေ တစ်နေ့ထက်တစ်နေ့ပေါများလာတယ်။

ကိုယ့်နိုင်ငံက တာဝန်ရှိအဖွဲ့အသီးသီးရဲ့ အပြန်အလှန် ချိတ်ဆက်မှု/အရေးယူမှု၊ ထိရောက်တဲ့တားဆီးနှိမ်နင်းမှု အားနည်းတာရယ်၊ ရုံး/ဌာနတွေမှာ အချိန်ကြန့်ကြာနေတာတွေရယ်ကြောင့် လူကုန်ကူးမှုနှုန်းဟာ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာနေတာတွေ့ရပါတယ် ။

တရုတ်ပြည်မှာ အမျိုးသမီးရှားပါးတာ၊ အိမ်ထောင်ဘက် တင်တောင်းစရိတ်ကြီးမြင့်တာတွေရယ်ကြောင့် အိမ်နီးချင်းနိုင်ငံတွေက အမျိုးသမီးတွေကို ဘယ်လိုနည်းနဲ့ရရ သူ့ထက်ငါ ဈေးကောင်းပေးဝယ်ယူနေကြတယ် ။

တချို့အမျိုးသမီးတွေဟာ တရုတ်ယောကျာ်းတစ်ဦးတည်းကို အိမ်ထောင်ရှင်/အငှါးလင် အဖြစ် ပေါင်းသင်းနေကြရပေမယ့်လဲ တချို့တွေကတော့ တစ်ဦးထက်မက ပေါင်းသင်းအဖော်ပြုပေးနေကြရတာကိုလဲ ကြားသိရတယ် ။လူကုန်ကူးမှုမှာ တိုင်တဲ့လူရှိရင်တော့ တရုတ်ရဲတွေက သူတို့တရုတ်နိုင်ငံသားတွေထဲမှာ ပြစ်မှုကျူးလွန်သူတွေကို အချိန်မီ ဖမ်းဆီးပြီး အနည်းဆုံးထောင်(၁၀)နှစ်ချမှတ်တယ်လို့သိရတယ် ။

လူကုန်ကူးရုံတင်မကပဲ မုဒိမ်းမှုပါကျူးလွန်မိရင်တော့ (၁၀)နှစ်အထက် ပြစ်ဒဏ်ချမှတ်တယ်လို့သိရတယ် ။လွန်ခဲ့တဲ့ ၂၀၁၉ စက်တင်ဘာလထဲမှာ လူကုန်ကူးခြင်းခံလိုက်ရတဲ့ ကရင်တိုင်းရင်းသူ ဖိုးမူ ဆိုတဲ့ မြန်မာမိန်းကလေးတစ်ယောက်အမှု အခုဆိုရင် တရုတ်ပြည် ရွှေလီမြို့ တရားရုံးမှာ အချိန်(၃)လကြာပြီဖြစ်ပါတယ်။

ဖိုးမူ ဆိုတဲ့ကလေးမလေးကို တိုက်ခန်းထဲသော့ခတ်ပိတ်လှောင်ထားပြီး လူကုန်ကူး ပြစ်မှုကျူးလွန်ရာမှာပါဝင်သူ တရုတ်နိုင်ငံသား(၉)ဦးကို တရုတ်တရားရုံးက ဒီတစ်ပတ်ထဲမှာပဲ ထောင်ဒဏ်(၁၀)နှစ်စီပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ကြားသိရတယ်။ဖိုးမူလေးကိုတော့ မကြာမီ တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်ကို ပြန်လည်လွှဲပြောင်းပေးသွားမှာဖြစ်ကြောင်းသိရပါတယ် ။

ကံကောင်းထောက်မစွာနဲ့ ရွှေလီမြို့၊ “မိုးမခ”ဖောင်ဒေးရှင်းက ကူညီကယ်တင်ပေးသူတွေနဲ့ ကိုယ့်မြန်မာအချင်းချင်း ကူညီပေးကြသူတွေကြောင့် လူကုန်ကူးခံရခြင်းမှ လွတ်မြောက်လာကြသူတွေရှိသလို တရုတ်ပြည်မကြီးနဲ့ တခြားနယ်စပ်ဘက်ကို တဆင့်ရောင်းစားခြင်းခံရသူ အရေအတွက်ဟာလဲ အများအပြားရှိနေတယ်လို့ သိရပါတယ်။

တရုတ်ပြည်သို့ လူကုန်ကူးမှုခံရပြီဆိုရင် မြန်မာ-တရုတ်နယ်စပ်၊ ရွှေလီမြို့မှာရှိတဲ့ “မိုးမခ”ဖောင်ဒေးရှင်းဖုန်းကို ဆက်သွယ်အကူအညီတောင်းခံနိုင်ပါတယ် ။

”မိုးမခ”ဖောင်ဒေးရှင်း (ပြည်ပရောက်မြန်မာနိုင်ငံသားများကူညီပေးရေး) ရွှေလီမြို့။

ဒေါ်မိုးမခ

+8618306979494(တရုတ်ဖုန်း)

+959715498666 (မြန်မာဖုန်း)

ဒေါ်အေးလီ

+8613628891551(တရုတ်ဖုန်း)

+959781876573 (မြန်မာဖုန်း)

ဒေါ်တင်ဇာ

+8618669291834 (တရုတ်ဖုန်း)

+959795360538 (မြန်မာဖုန်း)

ကိုမင်းသီဟထွန်း

+8614787388044 (တရုတ်ဖုန်း)

+959422298847 (မြန်မာဖုန်း)

ကိုMTမန်း

+8613108551403 (တရုတ်ဖုန်း)

+959780286268 (မြန်မာဖုန်း)

ကိုသက်ကို

+8618488904894 (မြန်မာဖုန်း)

+959422894148 (မြန်မာဖုန်း)

မြန်မာအမျိုးသမီးငယ်များ လူကုန်ကူးခံရခြင်းမှ ကင်းဝေးကြပါစေ။ Nay Myo