ဒုတိယတန်းကျောင်းသူအား ကျောင်းမုန့်စားဆင်းချိန်၌ခိုးယူရန်ကြိုးပမ်းသူ…

ၾကားသိရသမ်

ဒုတိယတန္းေက်ာင္းသူအား ေက်ာင္းမုန္႔စားဆင္းခ်ိန္၌ခိုးယူရန္ႀကိဳးပမ္းသူကိုဖမ္းဆီးရမိ ( ဒါးဇ(အကုန္သိသတင္းဌာန)

ဒုတိယတန္းေက်ာင္းသူတစ္ဦးအားေက်ာင္းမုန္႔စားဆင္းခ်ိန္၌ ခိုးယူရန္ႀကိဳးပမ္းသည့္အမ်ိဳးသားကို ပတ္၀န္းက်င္ကဖမ္းဆီးေပးကာရဲစခန္းသို႔အပ္ႏွံမႈ ပခုကၠဴၿမိဳ႕နယ္တြင္ ျဖစ္ပြားေၾကာင္းသတင္းရရွိသည္။

ျဖစ္စဥ္မွာ မေကြးတုိင္းေဒသႀကီး၊ ပခုကၠဴၿမိဳ႕နယ္၊ အမွတ္(၁၂)ရပ္ကြက္ရွိမူလတန္းေက်ာင္း၌ ႏို၀င္ဘာလ ၂၅ ရက္၊ ေန႔လယ္ ၁၂ နာရီေက်ာ္၌ ေက်ာင္းသူတစ္ဦး၏ေအာ္သံေၾကာင့္ ပတ္၀န္းက်င္ရွိသူအမ်ားက ၾကည့္ရႈရာ အမ်ိဳးသားတစ္ဦးကေက်ာင္းသူကိုခိုးယူႀကိဳးပမ္းေနသည့္အမ်ိဳးသားကို ၀ိုင္း၀န္းဖမ္းဆီးႏုိင္ခဲ့ျခင္းျဖစ္ေၾကာင္း မ်က္ျမင္သက္ေသတစ္ဦးကေျပာသည္။

“ေက်ာင္းမုန္႔စားဆင္းၿပီးေတာ့ ျပန္အတက္မွာေက်ာင္းအျပင္ဘက္ကိုေရာက္ေနတဲ့ ဒုတိယတန္း၊ ၈ ႏွစ္အရြယ္ရဲ႕ ေအာ္သံၾကားလိုက္ရတာေပါ့။အဲဒါေၾကာင့္ အနီးပတ္၀န္းက်င္ကလူေတြကသိရွိသြားၿပီးၾကည့္လုိက္တဲ့အခါမွာ အသက္ ၅၀ ေက်ာ္အရြယ္အေပၚပိုင္းဗလာနဲ႔လူတစ္ဦးကကေလးကိုအတင္းအဓမၼဆြဲေခၚေနတယ္။

အဲဒါေၾကာင့္ သြားစစ္ေမးၿပီးဖ်န္ေျဖတဲ့အခါမွာကေလးကိုခိုးဖို႔ႀကိဳးစားေနတာျဖစ္ေနတယ္။ ေနာက္တစ္ဦးလည္း ရွိေသးတယ္ထင္တယ္၊ ထြက္ေျပးသြားတယ္ဗ်။ မ်က္ျမင္အေနအထားအရ အရက္မူးေဆးသံုးထားတဲ့ လကၡဏာေတာ့မရွိဘူး။

ဒါေပမဲ့ ဖမ္းမိတဲ့အခါမွာေတာ့စိတ္မႏွံ႔သလိုလိုလုပ္ေနတယ္။ ကြ်န္ေတာ္ကေတာ့ ရူးခ်င္ေယာင္ေဆာင္ေနတယ္လို႔ပဲထင္တယ္” ဟုမ်က္ျမင္ေတြ႔ရွိသူတစ္ဦးကအကုန္သိသတင္းဌာနသို႔ ေျပာသည္။

ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ အသက္ ၅၀ ေက်ာ္ရွိအမ်ိဳးသား(စိစစ္ဆဲ)ကိုပခုကၠဴၿမိဳ႕မရဲစခန္းသို႔ ပို႔ေဆာင္ကာ စစ္ေဆးေနဆဲျဖစ္ေၾကာင္းသတင္းရရွိသည္။ဒါးဇ(အကုန္သိသတင္းဌာန) / ဓာတ္ပံု – ဦးပညာစာရ

Unicode Version

ဒုတိယတန်းကျောင်းသူအား ကျောင်းမုန့်စားဆင်းချိန်၌ခိုးယူရန်ကြိုးပမ်းသူကိုဖမ်းဆီးရမိ ( ဒါးဇ(အကုန်သိသတင်းဌာန)

ဒုတိယတန်းကျောင်းသူတစ်ဦးအားကျောင်းမုန့်စားဆင်းချိန်၌ ခိုးယူရန်ကြိုးပမ်းသည့်အမျိုးသားကို ပတ်ဝန်းကျင်ကဖမ်းဆီးပေးကာရဲစခန်းသို့အပ်နှံမှု ပခုက္ကူမြို့နယ်တွင် ဖြစ်ပွားကြောင်းသတင်းရရှိသည်။

ဖြစ်စဉ်မှာ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်ရှိမူလတန်းကျောင်း၌ နိုဝင်ဘာလ ၂၅ ရက်၊ နေ့လယ် ၁၂ နာရီကျော်၌ ကျောင်းသူတစ်ဦး၏အော်သံကြောင့် ပတ်ဝန်းကျင်ရှိသူအများက ကြည့်ရှုရာ အမျိုးသားတစ်ဦးကကျောင်းသူကိုခိုးယူကြိုးပမ်းနေသည့်အမျိုးသားကို ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေတစ်ဦးကပြောသည်။

“ကျောင်းမုန့်စားဆင်းပြီးတော့ ပြန်အတက်မှာကျောင်းအပြင်ဘက်ကိုရောက်နေတဲ့ ဒုတိယတန်း၊ ၈ နှစ်အရွယ်ရဲ့ အော်သံကြားလိုက်ရတာပေါ့။အဲဒါကြောင့် အနီးပတ်ဝန်းကျင်ကလူတွေကသိရှိသွားပြီးကြည့်လိုက်တဲ့အခါမှာ အသက် ၅၀ ကျော်အရွယ်အပေါ်ပိုင်းဗလာနဲ့လူတစ်ဦးကကလေးကိုအတင်းအဓမ္မဆွဲခေါ်နေတယ်။

အဲဒါကြောင့် သွားစစ်မေးပြီးဖျန်ဖြေတဲ့အခါမှာကလေးကိုခိုးဖို့ကြိုးစားနေတာဖြစ်နေတယ်။ နောက်တစ်ဦးလည်း ရှိသေးတယ်ထင်တယ်၊ ထွက်ပြေးသွားတယ်ဗျ။ မျက်မြင်အနေအထားအရ အရက်မူးဆေးသုံးထားတဲ့ လက္ခဏာတော့မရှိဘူး။

ဒါပေမဲ့ ဖမ်းမိတဲ့အခါမှာတော့စိတ်မနှံ့သလိုလိုလုပ်နေတယ်။ ကျွန်တော်ကတော့ ရူးချင်ယောင်ဆောင်နေတယ်လို့ပဲထင်တယ်” ဟုမျက်မြင်တွေ့ရှိသူတစ်ဦးကအကုန်သိသတင်းဌာနသို့ ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အသက် ၅၀ ကျော်ရှိအမျိုးသား(စိစစ်ဆဲ)ကိုပခုက္ကူမြို့မရဲစခန်းသို့ ပို့ဆောင်ကာ စစ်ဆေးနေဆဲဖြစ်ကြောင်းသတင်းရရှိသည်။ဒါးဇ(အကုန်သိသတင်းဌာန) / ဓာတ်ပုံ – ဦးပညာစာရ