ဝင်ကြေး ယူပြီး တိရစ္ဆာန်တွေကို အငတ်ထားတဲ့ မန္တလေးက တိရစ္ဆာန်ရုံ……!

ၾကားသိရသမ်

ဝင္ေၾကး ယူၿပီး တိရစၧာန္ေတြကို အငတ္ထားတဲ့ မႏၲေလးက တိရစၧာန္႐ုံ……!

Bagan Thar September 15, 2019

မႏၲေလးတိရိစၧာန္႐ုံက သနားစရာ ဝက္ဝံေလးေတြ ဘဝ

ပုံထဲမွာပါတဲ့ အလယ္က ဝက္ဝံေလး (အနီနဲ႔ ဝိုင္းထား) က မ်က္စိမျမင္ဘူး။ လူလာရင္ မတ္တပ္ရပ္ လက္ေလးႏွစ္ဖက္ထုတ္ၿပီး အစာေတာင္းတယ္ လူအသံေလးကိုနားစြင့္တယ္ လူအနားမွာရွိမွန္းသိရင္ လက္ကေလးနဲ႔ကုတ္ အစာေတာင္းတယ္ ေလွာင္အိမ္အေရွ႕မွာ အစာေရာင္းတဲ့အသည္ရွိတယ္ ငွက္ေပ်ာသီး ၅လုံးတစ္ျခင္းကို ၁၀၀၀ အထဲမွာက ေလးငါးေကာင္ ဘယ္အခ်ိန္သြားသြား အျမဲ ဆာေနၾကတယ္။

လူအနားေရာက္လာရင္ လက္ကေလးေတြထုတ္ၿပီး အီအီနဲ႔ ေအာ္တယ္ အစာကို လုစားၾကတယ္ ခုနက မ်က္စိမျမင္တဲ့ေကာင္ေလးက အျမဲခံရတယ္ အမွန္ေတာ့ သူတို့ အကုန္လုံး အစာဝဝလင္လင္ မစားရပါဘူး။ ေရွ႕ကအသည္ကို ပုံမွန္ဘာေကၽြးလဲ ေမးၾကည့္ေတာ့ အခ်ိဳရည္နဲ႔ ထမင္းကို ညေနတစ္ႀကိမ္ထဲ အျမဲနယ္ေကၽြးတယ္ေျပာတာပဲ။

ဘယ္ဝမလဲဗ်ာ ငွက္ေပ်ာသီး ငါးလုံးတစ္ျခင္းကို တစ္ေထာင္ ဘယ္သူက ဝေအာင္ေကၽြးနိုင္မလဲ ေနာက္တစ္ခုက ျပင္ပ အစားအစာလဲ ေကၽြးခြင့္မရွိ သူတို့က်ေတာ့လဲ ဝလင္ေအာင္မေကၽြး သတၱဝါေလးေတြကို ေလွာင္အိမ္ထဲထည့္ၿပီး ႏွိပ္စက္ေနၾကတာလားဗ်ာ တိရိစၧာန္႐ုံက တာဝန္ရွိသူေတြ ခင္ဗ်ားတို့ မေကၽြးနိုင္လဲ ေစတနာရွင္ေတြ ေကၽြးတာကိုေတာ့ စီစစ္ၿပီးခြင့္ျပဳသင့္ပါတယ္ ကိုယ္ခ်င္းစာၾကပါဗ်ာ။

ဒါသတၱဝါတစ္မ်ိဳးပဲ ရွိေသးတယ္။ တိရိစၧာန္႐ုံေရာက္ရင္ အဲ့လိုေတြျမင္ရင္ အျမဲစိတ္မေကာင္းျဖစ္ရတယ္ ေနာက္တစ္ခုက သန႔္ရွင္းမူ လုံးဝဆိုးတယ္ မႏၲေလး တိရိစၧာန္ဥယ်ာဥ္ တာဝန္ရွိသူေတြ ဝင္ေၾကးေတြပဲယူမေနၾကနဲ႔ တစ္ခုခုလဲလုပ္ေပးၾကပါဦး ေနာက္ထပ္ ဆင္ေတြ ဆင္သုံးေကာင္ေတြ႕ခဲ့တယ္ နံေဟာင္ေနတာပဲ အနားေတာင္ကပ္မရဘူး …..

ဆင္ေတြမွာ အေရျပားေရာဂါလို အကြက္ေတြလဲေတြ႕ရတယ္ ျခင္တေလာင္းေလာင္းနဲ႔ အရမ္းသနားဖို့ေကာင္းတယ္ ယုန္ေတြဆိုလဲ ညစ္ပါတ္ၿပီး အေမႊးတုံးေနတာ အထူးေျပာစရာမလိုေတာဘူး ကန္စြန္းရြက္ အစုတ္အျပတ္ပဲ စားေနရတဲ့ ယုန္နဲ႔ ပူးေတာင္ငတ္ေနၾကတာဆို သေဘာေပါက္ၾကေတာ့ဗ်ာ ေျပာခ်င္ေနတာၾကာၿပီ အခုမွၾကဳံလို့ ဒီစာကို တာဝန္ရွိသူေတြျမင္ၾကပါေစဗ်ာ။ ေအာင္သက္ေနာင္

unicode

ဝင်ကြေး ယူပြီး တိရစ္ဆာန်တွေကို အငတ်ထားတဲ့ မန္တလေးက တိရစ္ဆာန်ရုံ……!

Bagan Thar September 15, 2019

မန္တလေးတိရိစ္ဆာန်ရုံက သနားစရာ ဝက်ဝံလေးတွေ ဘဝ

ပုံထဲမှာပါတဲ့ အလယ်က ဝက်ဝံလေး (အနီနဲ့ ဝိုင်းထား) က မျက်စိမမြင်ဘူး။ လူလာရင် မတ်တပ်ရပ် လက်လေးနှစ်ဖက်ထုတ်ပြီး အစာတောင်းတယ် လူအသံလေးကိုနားစွင့်တယ် လူအနားမှာရှိမှန်းသိရင် လက်ကလေးနဲ့ကုတ် အစာတောင်းတယ် လှောင်အိမ်အရှေ့မှာ အစာရောင်းတဲ့အသည်ရှိတယ် ငှက်ပျောသီး ၅လုံးတစ်ခြင်းကို ၁၀၀၀ အထဲမှာက လေးငါးကောင် ဘယ်အချိန်သွားသွား အမြဲ ဆာနေကြတယ်။

လူအနားရောက်လာရင် လက်ကလေးတွေထုတ်ပြီး အီအီနဲ့ အော်တယ် အစာကို လုစားကြတယ် ခုနက မျက်စိမမြင်တဲ့ကောင်လေးက အမြဲခံရတယ် အမှန်တော့ သူတို့ အကုန်လုံး အစာဝဝလင်လင် မစားရပါဘူး။ ရှေ့ကအသည်ကို ပုံမှန်ဘာကျွေးလဲ မေးကြည့်တော့ အချိုရည်နဲ့ ထမင်းကို ညနေတစ်ကြိမ်ထဲ အမြဲနယ်ကျွေးတယ်ပြောတာပဲ။

ဘယ်ဝမလဲဗျာ ငှက်ပျောသီး ငါးလုံးတစ်ခြင်းကို တစ်ထောင် ဘယ်သူက ဝအောင်ကျွေးနိုင်မလဲ နောက်တစ်ခုက ပြင်ပ အစားအစာလဲ ကျွေးခွင့်မရှိ သူတို့ကျတော့လဲ ဝလင်အောင်မကျွေး သတ္တဝါလေးတွေကို လှောင်အိမ်ထဲထည့်ပြီး နှိပ်စက်နေကြတာလားဗျာ တိရိစ္ဆာန်ရုံက တာဝန်ရှိသူတွေ ခင်ဗျားတို့ မကျွေးနိုင်လဲ စေတနာရှင်တွေ ကျွေးတာကိုတော့ စီစစ်ပြီးခွင့်ပြုသင့်ပါတယ် ကိုယ်ချင်းစာကြပါဗျာ။

ဒါသတ္တဝါတစ်မျိုးပဲ ရှိသေးတယ်။ တိရိစ္ဆာန်ရုံရောက်ရင် အဲ့လိုတွေမြင်ရင် အမြဲစိတ်မကောင်းဖြစ်ရတယ် နောက်တစ်ခုက သန့်ရှင်းမူ လုံးဝဆိုးတယ် မန္တလေး တိရိစ္ဆာန်ဥယျာဉ် တာဝန်ရှိသူတွေ ဝင်ကြေးတွေပဲယူမနေကြနဲ့ တစ်ခုခုလဲလုပ်ပေးကြပါဦး နောက်ထပ် ဆင်တွေ ဆင်သုံးကောင်တွေ့ခဲ့တယ် နံဟောင်နေတာပဲ အနားတောင်ကပ်မရဘူး …..

ဆင်တွေမှာ အရေပြားရောဂါလို အကွက်တွေလဲတွေ့ရတယ် ခြင်တလောင်းလောင်းနဲ့ အရမ်းသနားဖို့ကောင်းတယ် ယုန်တွေဆိုလဲ ညစ်ပါတ်ပြီး အမွှေးတုံးနေတာ အထူးပြောစရာမလိုတောဘူး ကန်စွန်းရွက် အစုတ်အပြတ်ပဲ စားနေရတဲ့ ယုန်နဲ့ ပူးတောင်ငတ်နေကြတာဆို သဘောပေါက်ကြတော့ဗျာ ပြောချင်နေတာကြာပြီ အခုမှကြုံလို့ ဒီစာကို တာဝန်ရှိသူတွေမြင်ကြပါစေဗျာ။ အောင်သက်နောင်