ငှက်ပျောသီး အစစ် ပို့ပြန်တဲ့ မိန်းခလေးကို ငှက်ပျောသီး အတု ခေါ်ကျွေးမိတဲ့ မောင်ကွဲ အဖမ်းခံရ

ပြည်တွင်းသတင်း



အဒေါ်ဝမ်းကွဲဖြစ်သူ မသန်းအေး၊တို့နှင့်အတူ ဦးသန်းစိုးအနီးတွင် ဂုံညှင်းတန်းကျေးရွာ၊ ကွင်းလှကျေးရွာ အုပ်စုနေထိုင်သူ ၀င်းနိုင်ထွန်း(ခ)မောင်ကွဲ (၄၄)နှစ်ကိုပါတွေ့ရှိရသောကြောင့်အကျိုးအကြောင်းမေးမြန်းကြည့်ရာ ညီမဖြစ်သူ မ…….က ၁၂.၁၁.၂၀၁၉နံနက် ၁၀နာရီ ၃၀ အချိန်နေအိမ်မှေ တာင်နီစုကျေးရွာထိပ်ရှိအကြော်ဆိုင်သို့ ငှက်ပျောသီးပို့ပြီး အပြန်တွင် ကွင်းလှအုပ်စု၊ ဂုံညှင်းတန်းရွာနေ ၀င်းနိုင်ထွန်းက ခင်မင်ရင်းနှီးသူဖြစ်သဖြင့် ၄င်းကို အိမ်သို့ လိုက်ပို့ပေးမည်ဟုပြောကာ ဆိုင်ကယ်ပေါ်တင်ဆောင်ကာ သပြေလှကျေးရွာအနီး လူသူမရှိသော ငါးဖမ်းတဲအတွင်းသို့ ခေါ်ဆောင်ကာ ….



unicode

ငှက်ပျောသီးအစစ်ပို့ပြန်သူမိန်းခလေးကို ငှက်ပျောသီး အတုကျွေးမိတဲ့ မောင်ကွဲ အဖမ်းခံရပြီ

အမှုဖြစ်စဉ်မှ ာ၁၂.၁၁.၂၀၁၉ရက် ည၁၀နာရီ ၁၅မိနစ် အချိန် ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ပန်တောင်းမြို့နယ်၊ ထုံးဘိုနယ်မြေရဲစခန်းတွင် ရဲအုပ်ကျော်ဇောလင်း တာဝန်ထမ်းဆောင်နေစဉ်မောင်ဖိုးဖြူ(၃၂)နှစ်၊ကျဘမ်း၊…….ရွာ၊……. ..အုပ်စု၊ ပန်တောင်းမြို့နယ်နေသူက ၄သည် ၁၂.၁၁.၂၀၁၉ ရက်နံနက် ၁၀နာရီ အချိန်က……. ရွာရှိနေအိမ်မှ သပြေလှကျေးရွာရှိ ဖခင်ဖြစ်သူနှင့် အတူနေထိုင်သော ညီမဖြစ်သူမ………….ကို သွားရောက်ခေါ်ဆောင်စဉ် သပြေလှရွ ာရာအိမ်မှုး ဦးသန်းစိုး၏နေအိမ်တွင် ညီမဖြစ်သူမ…….၊ ဦးလေးဖြစ်သူဦးပြား၊

အဒေါ်ဝမ်းကွဲဖြစ်သူ မသန်းအေး၊တို့နှင့်အတူ ဦးသန်းစိုးအနီးတွင် ဂုံညှင်းတန်းကျေးရွာ၊ ကွင်းလှကျေးရွာ အုပ်စုနေထိုင်သူ ဝင်းနိုင်ထွန်း(ခ)မောင်ကွဲ (၄၄)နှစ်ကိုပါတွေ့ရှိရသောကြောင့်အကျိုးအကြောင်းမေးမြန်းကြည့်ရာ ညီမဖြစ်သူ မ…….က ၁၂.၁၁.၂၀၁၉နံနက် ၁၀နာရီ ၃၀ အချိန်နေအိမ်မှေ တာင်နီစုကျေးရွာထိပ်ရှိအကြော်ဆိုင်သို့ ငှက်ပျောသီးပို့ပြီး အပြန်တွင် ကွင်းလှအုပ်စု၊ ဂုံညှင်းတန်းရွာနေ ဝင်းနိုင်ထွန်းက ခင်မင်ရင်းနှီးသူဖြစ်သဖြင့် ၎င်းကို အိမ်သို့ လိုက်ပို့ပေးမည်ဟုပြောကာ ဆိုင်ကယ်ပေါ်တင်ဆောင်ကာ သပြေလှကျေးရွာအနီး လူသူမရှိသော ငါးဖမ်းတဲအတွင်းသို့ခေါ်ဆောင်ကာ ….

အလိုမတူပဲ သားမယားအဖြစ်(၁)ကြိမ်ပြုကျင့်ခဲ့ကြောင်း၊လူကြီးများတိုင်ပြောပါက သတ်ပြစ်မည်ဟုခြိမ်းခြောက်ကာ ဦးလေးဖြစ်သူ ဦးပြားကလည်း ၄၏ တူမဖြစ်သူမ……ကို အမည်မသိလူတစ်ဦး၏ ဆိုင်ကယ်ပေါ်ပါသွားသည်ကိုတွေ့မြင်လိုက်ကြောင်း၊ လိုက်ကြည့်ရာ လူမနေသောငါးဖမ်းတဲအတွင်း ဝင်သွားကြောင်းတွေ့မြင်ရသဖြင့် ရ ာအိမ်မှုး ဦးသန်းစိုးနှင့် အဒေါ်မသန်းအေးတို့ကိုပြောပြခေါ်ဆောင်ခဲ့ရာ တဲအတွင်းမ……နှင့် ဝင်းနိုင်ထွန်းတို့ကိုတွေ့ရှိရသဖြင့် ညီမဖြစ်သူမ…….ကို အလိုမတူဘဲသားမယားပြုကျင့်ခဲ့သူ ဝင်းနိုင်ထွန်း(ခ)မောင်ကွဲကို အရေးယူပေးပါရန် တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ….

ထုံးဘိုနယ်မြေရဲစခန်း (ပ)၅၀/၂၀၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ အမှုရေးဖွင့်ကာ အမှုစစ်ရဲအုပ်ကျော်ဇောလင်းက အခင်းဖြစ် ငါးဖမ်းတဲစစ်ဆေးခြင်း ၊မြေပုံကြမ်းရေးဆွဲခြင်း ၊မှတ်တမ်းပုံရိုက်ကူးခြင်း၊ သက်သေခံအဝတ်အစားအချို့သိမ်းဆည်းကာပြုကျင့်ခံရသူ မ…..ကို ရဲဆေးစာနှင့်ဆေးရုံပို့ဆောင်စစ်ဆေးကာပြစ်မှုကျူးလွန်သူ ဝင်းနိုင်ထွန်း(ခ)မောင်ကွဲကိုအမှုနှင့်ဖမ်းဆီးကာ အသေးစိပ်စစ်မေးနေကြောင်းသိရသည်။ထွန်းမြင့်(ဥရှစ်ပင်)S.Hသတင်းဌာန၊ ရှုထောင့်မှုခင်းနှင့်သတင်းဂျာနယ်၊ အမှန်တရားဂျာနယ်