ဆေးဘက်ဝင်သလို အန္တရယ်အလွန်များတဲ့ မယ်ဇလီဖူးသုပ်စားမယ်ဆို ဒါလေးသိထားပါ
ဗဟုသုတစုံ
ကျန်းမာ​တော်​မူပါစခင်​ဗျား အခုတင်​ပြမယ့့််​အ​ကြောင်းအရာ​လေးက​တော့ မယ်​ဇလီဖူးသုပ်​အန္တရယ်​ပါ တန်​​ဆောင်​မုန်းလပြည့်​ည ၁၂နာရီ​ရောက်​တာနဲ့ ဆေး​ပေါင်းခတယ်​ဆိုပြီး မယ်​ဇလီဖူးကို သုပ်​စားကြပါတယ်​။
Unicode
ကျန်းမာတော်မူပါစခင်ဗျား အခုတင်ပြမယ့့််အကြောင်းအရာလေးကတော့ မယ်ဇလီဖူးသုပ်အန္တရယ်ပါ တန်ဆောင်မုန်းလပြည့့်ည ၁၂နာရီရောက်တာနဲ့ ဆေးပေါင်းခတယ်ဆိုပြီး မယ်ဇလီဖူးကို သုပ်စားကြပါတယ်။
တန်ဆေးလွန်ဘေးဆိုတာလေးတော့ မမေ့ကြပါပါနဲ့ အထူးသဖြင့်သွေးတိုးရှိတဲ့သူတွေ ဆေးဝင်တယ်ဆိုပြီး မယ်ဇလီဖူးသုပ်ကို အဝအပြဲ သွားမစားမိပါစေနဲ့ သွေးတက်ပြီး ခေါင်းတွေထိုးဇက်တွေ လေးလံလာပါလိမ့်မယ်
အဆိုးဆုံးကတော့ ဝမ်းချူပ်နေရင် ဦးနှောက်သွေးကြောပေါက်မှာ လေဖြတ်မှာပါကြောက်ရပါတယ်။
နောက်မယ်ဇလီဖူးသုပ်ကို အရက်နဲ့မြည်းကြပါတယ် အတော်အန္တရယ်များတဲ့ ကိစ္စပါ မယ်ဇလီဖူးဟာအခါး လေကိုကောင်းစေပါတယ်
အရက်ကလည်းအခါး ဒါပေမယ့်အရက်ကပူခါး မယ်ဇလီဖူးကအေးခါး အပူနဲ့အအေးဆန့်ကျင်ဘက်ဖြစ်နေလို့ အရက်သောက်ရင်း မယ်ဇလီဖူးသုပ်စားရင် လေဖြတ်ရင်ဖြတ်မဖြတ်ရင် ရှော့ဖြစ်တတ်ပါတယ် အာရုံကြောထိပြီး အတိတ်မေ့သွားတတ်ပါတယ်။
အထူးရှောင်ကြဖို့ သတိပေးပါရစေ နောက်တတစ်ခု ထပ်သတိပေးချင်တာက မယ်ဇလီဖူးမှာပါတဲ့ဓာတ်က ရောဂါကူးစက်လွယ်စေပါတယ်
တန်ဆောင်မုန်း လပြည့်ညမှာ ချစ်သူရည်းစားတွေ တစ်ယောက်နဲ့တစ်ယောက် ဇွန်းတစ်ချောင်းတည်းနဲ့တော့ မယ်ဇလီဖူးသုပ် အပြန်အလှန် ခွံမကျွေးမိပါစေနဲ့ ရောဂါကူးစက်တတ်သည့်အပြင်သွားရည်တွေဟာ သွားချေးတွေကို သယ်ဆောင်ပြီး မယ်ဇလီဖူးကနေ တစ်ဆင့် မိမိထံရောက်ရှိလာပါလိမ့်မယ်။
ထပ်သတိပေးချင်တာ ကတော့ မယ်ဇလီဖူးကို အန္တရယ်ကင်းကင်း စားသုံးမယ်ဆိုရင် အနည်းဆုံးနှစ်ရေခန့်ပြုတ်ပြီးမှ သုပ်ပါ မန်ကျီးသီးရေ ထည့်သုပ်ပါ ဆားစတိသာ ထည့်ပါ
စားပြီးလျှင်လေဆေးလျှက်ဆားလေးစားဖို့ မမေ့ပါနဲ့ အရက်နဲ့ လုံးဝမတည်ပါ။ သဘာဝဆေးကိုဘေးမဖြစ်စေရန်သုံးဆောင်နိူင်ကြပါစေသော်…
ခရက်ဒစ်– ဆရာကြီးဦးဘိုလင်း (နန်းတော်ရှေ့) ပဲခူး