တန်ဆောင်မုန်းလပြည့်နေ့မှာ မယ်ဇလီဖူးသုပ် စားရခြင်း အကြောင်း နှင့် အရသာရှိတဲ့ မယ်ဇလီဖူးသုပ်နည်း

ဗဟုသုတစုံ

တန္ေဆာင္မုန္းလျပည့္ေန႔မွာ မယ္ဇလီဖူးသုပ္ စားရျခင္း အေၾကာင္း ႏွင့္ မယ္ဇလီဖူးသုပ္နည္း

တန္ေဆာင္မုန္းလျပည့္ေန႔မွာ မယ္ဇလီဖူးသုပ္ စားရျခင္း အေၾကာင္း

တန္ေဆာင္မုန္းလ အခါတြင္ ေဆးပင္ အေပါင္းကို ေစါင့္ေသာနတ္ တို ့သည္ မယ္ဇလီပင္ ေစါင့္နတ္မင္း အား တစ္ညီတစ္ၫြတ္တည္း လာေရာက္ ခစားၾက သည္။ မယ္ဇလီဖူး ကို စားသုံး ခဲ့ေသာ္ ၊ (၉၆) ပါး ေသာ ေရာဂါမ်ား ကင္းရွင္း၍ ဘုန္းႀကီး အသက္ ရွည္ႏိုင္ သည္ ဟု “ သာရေကာ မုဒိ ” ေဆးက်မ္း ကျပဆို ပါသည္။

ထို ့ေၾကာင့္ ၊ ျမန္မာ့ ေရွး႐ိုး အစဥ္အလာ အရ တန္ေဆာင္မုန္း လျပည့္ အခါသမယ တြင္ ၊ မယ္ဇလီဖူး ကို အဆာ စုံစြာ သုပ္၍ မိသားစုဝင္မ်ား အားလုံး စားသုံးကာ ၊ ပတ္ဝန္းက်င္ အိမ္နီးခ်င္းမ်ား အားလည္း ၊ မယ္ဇလီဖူး သုပ္ အထုပ္ငယ္မ်ား ကို ေဆးဝါး အျဖစ္ ေပးေဝလ်က္ ဒါနျပဳေလ့ ရွိၾက ပါသည္။

နကၡတ္၊ ၾကယ္တာရာ စုံညီစြာ ေပၚထြန္းေသာေၾကာင့္ ၊ ေဆးအာနိသင္မ်ား ႏိုးႂကြ ထက္ျမက္ေစ၍ “ေဆးေပါင္းခ သည့္ ည” – ဟုလည္း ၊ယုံၾကည္ၾကသည္။

ဤ ညအခါ၌ ခူး ဆြတ္ တူးေဖၚရရွိေသာ ေဆးပင္ ၊ ေဆး႐ြက္၊ အျမစ္ ၊ အဖု ၊ အဥ တို ့ကို အထူး သိမ္းဆည္း ထားကာ အလိုရွိရာ အခါ၌ ၊အသုံးျပဳၾက သည္။

လျပည့္ေန ညဥ့္လယ္ လမြန္းတည့္ အခ်ိန္၌ ၊ လရိပ္ သည္ ေရအျပင္ေပၚက်ေရာက္ေသာ အခါ ၊ “လမြန္း တည့္ေရ” ကို ေသာက္သုံး၍ ၊ ေဆးအာနိသင္ မ်ားျပည့္ဝလ်က္ က်န္းမာေရး ကို ေကာင္းမြန္ေစသည္ – ဟု ယူဆၾက သည္။

ဤအခါ၌ ၊ လက္လွမ္း မီရာ ေဆးပင္ ၊ေဆး႐ြက္ တို ့ကို ခူးဆြတ္ကာ စားသုံးေလ့ ရွိၾက သည္။

တန္ေဆာင္မုန္းလ တြင္ ထြက္ေပၚေသာ“ၾကတၱိကာနကၡတ္”ကို နကၡတ္ ပညာရွင္ တို ့က၊ “ေစာရနကၡတ္ (ေခၚ) သူခိုး နကၡတ္” ဟု ၊ ဆိုေလ့ရွိၾက သည္။

ထို ့ေၾကာင့္ လျပည့္ေန ့ညအခါတြင္ “ က်ီးမႏိုးပြဲ ” (ေခၚ) “သူခိုး ကာလ” အျဖစ္ ကေလး ၊ လူငယ္ မ်ား ေပ်ာ္႐ႊင္စြာ ေဆာ့ျမဴးေလ့ ရွိၾက သည္။

တစ္ညလုံး နံနက္ က်ီးမႏိုး မီတိုင္ေအာင္ ၊ အိမ္ရွင္ မသိေစပဲ အလြယ္ တစ္ကူ ေတြ ့ရွိ ခ်ီမႏိုင္ ေသာ ပစၥည္းမ်ား ကို ယူ၍ လမ္းမတြင္ စုပုံထားျခင္း ၊ ပုဆိုး ထမီ ရရာ တို႔ကို အလံထူ၍ ထားျခင္း စသည္တို ့ျဖင့္ ၊ နံနက္ အခါ၌ လူ ရယ္ဖြယ္ျဖစ္ ေအာင္ ဖန္တီး ထား တတ္ ၾက သည္။

တစ္ညေနခင္းလုံး အိမ္ေပါက္ေစ့ လိုက္ကာ အလႉေငြႏွင့္ စားစရာမ်ား အလႉခံၾကၿပီး၊ တစ္ညခင္း လုံး ခ်က္ျပဳပ္၊ စားေသာက္ကာ ျမဴတူး ေပ်ာ္႐ႊင္ၾက သည္။

ေငြေၾကးျပည့္စုံ သူတို႔ ကမူ ၊ လျပည့္ေန ့ညတြင္ “မေခၚမုံ ့လုံး”(ေခၚ) မုံ ့လုံး ေရေပၚမ်ား ေကြၽးျခင္း၊ ၾကက္သား ဆန္ျပဳပ္ တိုက္ေကြၽးျခင္း ၊ မယ္ဇလီဖူးသုပ္ ေဝျခင္းႏွင့္ ပိုက္ဆံႀကဲျခင္း တို ့ကို ျပဳကာ ၊ ကုသိုလ္ ယူေလ့ ရွိၾက သည္။ (Shwe Nyar Thar)

ေဆးေပါင္းခတဲ့ မယ္ဇလီဖူးသုပ္ေလး ကို ရွယ္သုပ္စားၾကမယ္။

၁။ မယ္ဇလီဖူး ကို မက်ည္းသီးမွည့္ နည္းနည္းျပဳတ္ပါ ။ အခါးဓါတ္ ေလ်ာ့သြား ေအာင္ ျဖစ္ပါတယ္ ။ အခါးႀကိဳက္ရင္ေတာ့ မက်ည္း မထဲ့ပါနဲ႔ ။ ျပဳတ္ပီးေရစစ္ထား ပါ။

၂။ အ႐ိုးေတြ ဖယ္ပီး အဖူးကို ဆုံထဲထည့္ မညႇက္တညႇက္ ေထာင္းထားပါ။

၃။ ၾကက္သြန္နီ ကို ဆီခ်က္ခ်က္ထားပါ။

၄။ ပုဇြန္ေျခာက္ ၊ေျမပဲ ၊ႏွမ္း ၊င႐ုတ္သီးမႈန္ ့ေတြကို ေလွာ္ပီး ေထာင္းထည့္ပါ ။ ထို႔ေနာက္ ၾကက္သြန္နီ ဆီခ်က္ေလးထည့္ပါ။

၅။ ၾကက္သြန္နီ အစိမ္းကို ပါးပါးလွီးပီး ေရေဆးထည့္ ၊ သံပုရာသီး ၊ ဆား ၊ၾကက္သားမႈန႔္၊ ပုဇြန္ငံျပာရည္ နည္းနည္း စီ ထည့္ပီးလက္ေလးနဲ ့ညစ္ညစ္ပီး နာနာနယ္ ေပးပါ။

ကဲ ရပါၿပီး ေဆးေပါင္းခၿပီး ေရေႏြးေလးနဲ႔ ျမည္းလို႔ အရသာရွိလွတဲ့ မယ္ဇလီဖူးသုပ္ ေလး ပါ။ (Credit – Ma Soe Moe)

တန္ေဆာင္းမုန္း လျပည့္ေန႔ မွာ သုပ္စား ဖို႔ မွ်ေဝေပး ၾကပါ အုံးေနာ္။

Unicode

တန်ဆောင်မုန်းလပြည့်နေ့မှာ မယ်ဇလီဖူးသုပ် စားရခြင်း အကြောင်း နှင့် မယ်ဇလီဖူးသုပ်နည်း

တန်ဆောင်မုန်းလပြည့်နေ့မှာ မယ်ဇလီဖူးသုပ် စားရခြင်း အကြောင်း

တန်ဆောင်မုန်းလ အခါတွင် ဆေးပင် အပေါင်းကို စေါင့်သောနတ် တို ့သည် မယ်ဇလီပင် စေါင့်နတ်မင်း အား တစ်ညီတစ်ညွတ်တည်း လာရောက် ခစားကြ သည်။ မယ်ဇလီဖူး ကို စားသုံး ခဲ့သော် ၊ (၉၆) ပါး သော ရောဂါများ ကင်းရှင်း၍ ဘုန်းကြီး အသက် ရှည်နိုင် သည် ဟု “ သာရကော မုဒိ ” ဆေးကျမ်း ကပြဆို ပါသည်။

ထို ့ကြောင့် ၊ မြန်မာ့ ရှေးရိုး အစဉ်အလာ အရ တန်ဆောင်မုန်း လပြည့် အခါသမယ တွင် ၊ မယ်ဇလီဖူး ကို အဆာ စုံစွာ သုပ်၍ မိသားစုဝင်များ အားလုံး စားသုံးကာ ၊ ပတ်ဝန်းကျင် အိမ်နီးချင်းများ အားလည်း ၊ မယ်ဇလီဖူး သုပ် အထုပ်ငယ်များ ကို ဆေးဝါး အဖြစ် ပေးဝေလျက် ဒါနပြုလေ့ ရှိကြ ပါသည်။

နက္ခတ်၊ ကြယ်တာရာ စုံညီစွာ ပေါ်ထွန်းသောကြောင့် ၊ ဆေးအာနိသင်များ နိုးကြွ ထက်မြက်စေ၍ “ဆေးပေါင်းခ သည့် ည” – ဟုလည်း ၊ယုံကြည်ကြသည်။

ဤ ညအခါ၌ ခူး ဆွတ် တူးဖေါ်ရရှိသော ဆေးပင် ၊ ဆေးရွက်၊ အမြစ် ၊ အဖု ၊ အဥ တို ့ကို အထူး သိမ်းဆည်း ထားကာ အလိုရှိရာ အခါ၌ ၊အသုံးပြုကြ သည်။

လပြည့်နေ ညဉ့်လယ် လမွန်းတည့် အချိန်၌ ၊ လရိပ် သည် ရေအပြင်ပေါ်ကျရောက်သော အခါ ၊ “လမွန်း တည့်ရေ” ကို သောက်သုံး၍ ၊ ဆေးအာနိသင် များပြည့်ဝလျက် ကျန်းမာရေး ကို ကောင်းမွန်စေသည် – ဟု ယူဆကြ သည်။

ဤအခါ၌ ၊ လက်လှမ်း မီရာ ဆေးပင် ၊ဆေးရွက် တို ့ကို ခူးဆွတ်ကာ စားသုံးလေ့ ရှိကြ သည်။

တန်ဆောင်မုန်းလ တွင် ထွက်ပေါ်သော“ကြတ္တိကာနက္ခတ်”ကို နက္ခတ် ပညာရှင် တို ့က၊ “စောရနက္ခတ် (ခေါ်) သူခိုး နက္ခတ်” ဟု ၊ ဆိုလေ့ရှိကြ သည်။

ထို ့ကြောင့် လပြည့်နေ ့ညအခါတွင် “ ကျီးမနိုးပွဲ ” (ခေါ်) “သူခိုး ကာလ” အဖြစ် ကလေး ၊ လူငယ် များ ပျော်ရွှင်စွာ ဆော့မြူးလေ့ ရှိကြ သည်။

တစ်ညလုံး နံနက် ကျီးမနိုး မီတိုင်အောင် ၊ အိမ်ရှင် မသိစေပဲ အလွယ် တစ်ကူ တွေ ့ရှိ ချီမနိုင် သော ပစ္စည်းများ ကို ယူ၍ လမ်းမတွင် စုပုံထားခြင်း ၊ ပုဆိုး ထမီ ရရာ တို့ကို အလံထူ၍ ထားခြင်း စသည်တို ့ဖြင့် ၊ နံနက် အခါ၌ လူ ရယ်ဖွယ်ဖြစ် အောင် ဖန်တီး ထား တတ် ကြ သည်။

တစ်ညနေခင်းလုံး အိမ်ပေါက်စေ့ လိုက်ကာ အလှူငွေနှင့် စားစရာများ အလှူခံကြပြီး၊ တစ်ညခင်း လုံး ချက်ပြုပ်၊ စားသောက်ကာ မြူတူး ပျော်ရွှင်ကြ သည်။

ငွေကြေးပြည့်စုံ သူတို့ ကမူ ၊ လပြည့်နေ ့ညတွင် “မခေါ်မုံ ့လုံး”(ခေါ်) မုံ ့လုံး ရေပေါ်များ ကျွေးခြင်း၊ ကြက်သား ဆန်ပြုပ် တိုက်ကျွေးခြင်း ၊ မယ်ဇလီဖူးသုပ် ဝေခြင်းနှင့် ပိုက်ဆံကြဲခြင်း တို ့ကို ပြုကာ ၊ ကုသိုလ် ယူလေ့ ရှိကြ သည်။ (Shwe Nyar Thar)

ဆေးပေါင်းခတဲ့ မယ်ဇလီဖူးသုပ်လေး ကို ရှယ်သုပ်စားကြမယ်။

၁။ မယ်ဇလီဖူး ကို မကျည်းသီးမှည့် နည်းနည်းပြုတ်ပါ ။ အခါးဓါတ် လျော့သွား အောင် ဖြစ်ပါတယ် ။ အခါးကြိုက်ရင်တော့ မကျည်း မထဲ့ပါနဲ့ ။ ပြုတ်ပီးရေစစ်ထား ပါ။

၂။ အရိုးတွေ ဖယ်ပီး အဖူးကို ဆုံထဲထည့် မညှက်တညှက် ထောင်းထားပါ။

၃။ ကြက်သွန်နီ ကို ဆီချက်ချက်ထားပါ။

၄။ ပုဇွန်ခြောက် ၊မြေပဲ ၊နှမ်း ၊ငရုတ်သီးမှုန် ့တွေကို လှော်ပီး ထောင်းထည့်ပါ ။ ထို့နောက် ကြက်သွန်နီ ဆီချက်လေးထည့်ပါ။

၅။ ကြက်သွန်နီ အစိမ်းကို ပါးပါးလှီးပီး ရေဆေးထည့် ၊ သံပုရာသီး ၊ ဆား ၊ကြက်သားမှုန့်၊ ပုဇွန်ငံပြာရည် နည်းနည်း စီ ထည့်ပီးလက်လေးနဲ ့ညစ်ညစ်ပီး နာနာနယ် ပေးပါ။

ကဲ ရပါပြီး ဆေးပေါင်းခပြီး ရေနွေးလေးနဲ့ မြည်းလို့ အရသာရှိလှတဲ့ မယ်ဇလီဖူးသုပ် လေး ပါ။ (Credit – Ma Soe Moe)

တန်ဆောင်းမုန်း လပြည့်နေ့ မှာ သုပ်စား ဖို့ မျှဝေပေး ကြပါ အုံးနော်။