ကိုးတန်းကျောင်းသူသမီးအရင်းအား အကြိမ်ကြိမ်သားမယားပြုကျင့်သည့်ဖခင်ကိုဖမ်းဆီးထား

ပြည်တွင်းသတင်း

ကိုးတန္းေက်ာင္းသူသမီးအရင္းအား အႀကိမ္ႀကိမ္သားမယားျပဳက်င့္သည့္ဖခင္ကိုဖမ္းဆီးထား

မြန္ျပည္နယ္ သထုံၿမိဳ႕၊ဘင္လွိုင္ရပ္ကြက္ေန ကိုးတန္းေက်ာင္းသူ အသက္ ၁၇ ႏွစ္အရြယ္သမီးအရင္း အား သားမယားအျဖစ္ အႀကိမ္ႀကိမ္ ျပဳက်င့္သည့္ ဖခင္ျဖစ္သူ ဦးစိုင္းေက်ာ္ေဇာကို သက္ဆိုင္ရာက ဖမ္းဆီးထားၿပီ ျဖစ္ေၾကာင္း သိရသည္။

မိခင္ျဖစ္သူမွာ ေတာင္ႀကီးၿမိဳ႕သို႔ေရာက္ရွိေနစဥ္ ေအာက္တာဘာလ ၁၆ ရက္ ည ၇ နာရီအခ်ိန္ခန႔္တြင္ ဖခင္အရင္းျဖစ္သူ အသက္ ၄၃ ႏွစ္အရြယ္ ေဆာက္လုပ္ေရး ကန္ထရိုက္တာ ဦးစိုင္းေက်ာ္ေဇာက ေနအိမ္အိပ္ခန္းအတြင္းေခၚ၍အကၤ်ီခၽြတ္ခိုင္းကာ ကုတင္ေပၚထိုင္ေစလ်က္ ဖုန္းျဖင့္ ညစ္ညမ္းေခြမ်ား အတင္းျပသၿပီး သားမယားအျဖစ္(၁)ႀကိမ္ျပဳက်င့္ခဲ့ေၾကာင္း မြန္ျပည္နယ္ ရဲတပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ဖခင္အားေၾကာက္ရသျဖင့္ မည္သူ႔ကိုမၽွမေျပာျပခဲ့ေၾကာင္း၊ ဖခင္ျဖစ္သူမွာ ေဆာက္လုပ္ေရး ကန္ထရိုက္အလုပ္ျဖင့္ ခရီးထြက္ေလ့ရွိၿပီး ခရီးထြက္ ရာမွျပန္လည္ေရာက္ရွိတိုင္း မိခင္ျဖစ္သူ အလစ္တြင္၄င္းေနအိမ္အိပ္ခန္းအတြင္းမၾကာခဏဝင္ေရာက္၍သားမယားအျဖစ္ျပဳက်င့္ေၾကာင္၊ သားမယားျပဳက်င့္ၿပီးေနာက္တားေဆးတိုက္ေၾကာင္းလည္း အဆိုပါ ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

ယင္းေနာက္ နိုဝင္ဘာလ ၆ ရက္ ည ၁၀ နာရီခန႔္အခ်ိန္တြင္ ဖခင္ျဖစ္သူမွာေနအိမ္အိပ္ခန္းအတြင္း ဝင္ေရာက္ၿပီး သားမယားအျဖစ္(၁)ႀကိမ္၊နိုဝင္ဘာလ ၇ ရက္ ၂ နာရီခြဲ အခ်ိန္ သားမယားအျဖစ္ (၁)ႀကိမ္ျပဳက်င့္သည့္အျပင္ သမီးျဖစ္သူ၏ ဖုန္းကို စစ္ေဆး၍ ရည္းစားထားရမလား ဟုေျပာဆိုၿပီး တံမ်က္စည္းစတီးလက္ကိုင္ရိုး၊ သစ္သားေခ်ာင္းတို႔ျဖင့္ရိုက္ႏွက္ခဲ့သျဖင့္ …..

၄င္းတြင္ ဝဲ/ယာ ပုခုံးညိဳမဲ၊ ဝဲ/ ယာလက္ခုံေပါက္ျပဲ၊ ယာေပါင္ညိဳမဲ၊ ဝဲ/ယာေျခသလုံးေပါက္ျပဲ၊ ယာခါးဖူးေယာင္၊ ယာဂ်ိဳေစာင္းဖူး ေယာင္၊ေနာက္ေစ့ဖူးေယာင္ဒဏ္ရာမ်ားလည္း ရရွိခဲ့ေၾကာင္း သိရသည္။ယင္းေၾကာင့္အဆိုပါေက်ာင္းသူမွာ သထုံခရိုင္ေဆး႐ုံႀကီးတြင္ ေဆးကုသမႈခံယူေနရေၾကာင္း….

၄င္း၏ဖခင္ျဖစ္သူဦးစိုင္းေက်ာ္ေဇာကသားမယားအျဖစ္ျပဳက်င့္ၿပီး ရိုက္ႏွက္ခဲ့သည့္အတြက္ ဥပေဒအရ အေရးယူေပးရန္တိုင္တန္းသျဖင့္ ယခုအခါ သထုံၿမိဳ႕မရဲစခန္း (ပ) ၂၃၀၉/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ-၃၇၆/၃၂၅ (အမႈႀကီးအမွတ္စဥ္၊၁၀/၂၀၁၉) အရ အမႈဖြင့္လွစ္ၿပီး ဖမ္းဆီးစစ္ေဆးေနေၾကာင္း မြန္ျပည္နယ္ ရဲတပ္ဖြဲ႕က သိရသည္။

ဓာတ္ပုံ – မြန္ျပည္နယ္ ရဲတပ္ဖြဲ႕

unicode

ကိုးတန်းကျောင်းသူသမီးအရင်းအား အကြိမ်ကြိမ်သားမယားပြုကျင့်သည့်ဖခင်ကိုဖမ်းဆီးထား

မွန်ပြည်နယ် သထုံမြို့၊ဘင်လှိုင်ရပ်ကွက်နေ ကိုးတန်းကျောင်းသူ အသက် ၁၇ နှစ်အရွယ်သမီးအရင်း အား သားမယားအဖြစ် အကြိမ်ကြိမ် ပြုကျင့်သည့် ဖခင်ဖြစ်သူ ဦးစိုင်းကျော်ဇောကို သက်ဆိုင်ရာက ဖမ်းဆီးထားပြီ ဖြစ်ကြောင်း သိရသည်။

မိခင်ဖြစ်သူမှာ တောင်ကြီးမြို့သို့ရောက်ရှိနေစဉ် အောက်တာဘာလ ၁၆ ရက် ည ၇ နာရီအချိန်ခန့်တွင် ဖခင်အရင်းဖြစ်သူ အသက် ၄၃ နှစ်အရွယ် ဆောက်လုပ်ရေး ကန်ထရိုက်တာ ဦးစိုင်းကျော်ဇောက နေအိမ်အိပ်ခန်းအတွင်းခေါ်၍အင်္ကျီချွတ်ခိုင်းကာ ကုတင်ပေါ်ထိုင်စေလျက် ဖုန်းဖြင့် ညစ်ညမ်းခွေများ အတင်းပြသပြီး သားမယားအဖြစ်(၁)ကြိမ်ပြုကျင့်ခဲ့ကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖခင်အားကြောက်ရသဖြင့် မည်သူ့ကိုမျှမပြောပြခဲ့ကြောင်း၊ ဖခင်ဖြစ်သူမှာ ဆောက်လုပ်ရေး ကန်ထရိုက်အလုပ်ဖြင့် ခရီးထွက်လေ့ရှိပြီး ခရီးထွက် ရာမှပြန်လည်ရောက်ရှိတိုင်း မိခင်ဖြစ်သူ အလစ်တွင်၄င်းနေအိမ်အိပ်ခန်းအတွင်းမကြာခဏဝင်ရောက်၍သားမယားအဖြစ်ပြုကျင့်ကြောင်၊ သားမယားပြုကျင့်ပြီးနောက်တားဆေးတိုက်ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းနောက် နိုဝင်ဘာလ ၆ ရက် ည ၁၀ နာရီခန့်အချိန်တွင် ဖခင်ဖြစ်သူမှာနေအိမ်အိပ်ခန်းအတွင်း ဝင်ရောက်ပြီး သားမယားအဖြစ်(၁)ကြိမ်၊နိုဝင်ဘာလ ၇ ရက် ၂ နာရီခွဲ အချိန် သားမယားအဖြစ် (၁)ကြိမ်ပြုကျင့်သည့်အပြင် သမီးဖြစ်သူ၏ ဖုန်းကို စစ်ဆေး၍ ရည်းစားထားရမလား ဟုပြောဆိုပြီး တံမျက်စည်းစတီးလက်ကိုင်ရိုး၊ သစ်သားချောင်းတို့ဖြင့်ရိုက်နှက်ခဲ့သဖြင့် ….

၄င်းတွင် ဝဲ/ယာ ပုခုံးညိုမဲ၊ ဝဲ/ ယာလက်ခုံပေါက်ပြဲ၊ ယာပေါင်ညိုမဲ၊ ဝဲ/ယာခြေသလုံးပေါက်ပြဲ၊ ယာခါးဖူးယောင်၊ ယာဂျိုစောင်းဖူး ယောင်၊နောက်စေ့ဖူးယောင်ဒဏ်ရာများလည်း ရရှိခဲ့ကြောင်း သိရသည်။ယင်းကြောင့်အဆိုပါကျောင်းသူမှာ သထုံခရိုင်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်း….

၄င်း၏ဖခင်ဖြစ်သူဦးစိုင်းကျော်ဇောကသားမယားအဖြစ်ပြုကျင့်ပြီး ရိုက်နှက်ခဲ့သည့်အတွက် ဥပဒေအရ အရေးယူပေးရန်တိုင်တန်းသဖြင့် ယခုအခါ သထုံမြို့မရဲစခန်း (ပ) ၂၃၀၉/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၇၆/၃၂၅ (အမှုကြီးအမှတ်စဉ်၊၁၀/၂၀၁၉) အရ အမှုဖွင့်လှစ်ပြီး ဖမ်းဆီးစစ်ဆေးနေကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့က သိရသည်။

ဓာတ်ပုံ – မွန်ပြည်နယ် ရဲတပ်ဖွဲ့