လမ်းမှာ ဆိုင်ကယ်ရပ်စကားပြောနေတဲ့လင်မယားကို နေ့ခင်းကြောင်တောင် ရုပ်ရှင်ဆန်ဆန် ဓါပြတိုက်မှုဖြစ်

ပြည်တွင်းသတင်း

ပဲခူးၿမိဳ႕၊ မဇင္းဆည္တြင္ ေ႐ႊထည္ပစၥည္းမ်ားႏွင့္ ဖုန္းတို႔အား ေျခာက္လွန႔္ေတာင္းယူသြားသူတို႔ကို ဖမ္းဆီး ရမိၿပီး က်န္က်ဴးလြန္ခဲ့သည့္ အမႈ ထပ္မံစစ္ေဆးေပၚေပါက္ေၾကာင္း ပဲခူးတိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားေၾကာင္းေတြ႕ရသည္။

ျဖစ္စဥ္မွာ ၂-၁၁-၂၀၁၉ ရက္ေန႔ ညေန (၄)နာရီအခ်ိန္ခန႔္ ကိုကိုႏိုင္ (၂၁)ႏွစ္ႏွင့္ ၎၏ဇနီးျဖစ္သူ မသရဖီ (၁၆)ႏွစ္တို႔သည္ ပဲခူးၿမိဳ႕ မဇင္းဆည္သို႔ သြားေရာက္ၿပီး ဆည္ေရတံခါးအေက်ာ္ သစ္သားတံခါးနား အေရာက္တြင္ ဆိုင္ကယ္အား ရပ္တန႔္ကာ စကားေျပာေနစဥ္ ႏွာေခါင္းမ်ား စည္းထားသည့္ အမ်ိဳးသား (၃) ဦးသည္ ဆိုင္ကယ္ျဖင့္ ေရာက္ရွိလာၿပီး ….

၎တို႔အနီးတြင္ ဆိုင္ကယ္အား ရပ္တန႔္ကာ အ႐ိုးအသြား (၁)ေပ ခြဲခန႔္ရွိ ဓါးကိုယ္စီ ကိုင္ေဆာင္၍ ၎တို႔ (၃)ဦးအနက္ (၂)ဦးမွ ကိုကိုႏိုင္အား ဓါးျဖင့္ ခုတ္ကာ ၎တို႔ (၂)ဦးထံမွ ေ႐ႊနားကပ္ (၂)ခု၊ ေ႐ႊ ဆြဲႀကိဳး(၁)ကုံး၊ MI NOTE 4 လက္ကိုင္ဖုန္း(၁)လုံးတို႔အား ယူေဆာင္ သြားၿပီး …..

ကိုကိုႏိုင္တြင္ ယာလက္ဖ်ံျပတ္ရွ ဒဏ္ရာ (၁)ခ်က္၊ ဝဲလက္ေကာက္ဝတ္ ထိုးသြင္းဒဏ္ရာ ရရွိခဲ့သည့္ ျဖစ္စဥ္ႏွင့္ပတ္သက္၍ ပဲခူးၿမိဳ႕၊အမွတ္(၂)နယ္ေျမရဲစခန္း (ပ)၁၆၃၈/၂၀၁၉၊ရာဇသတ္ႀကီးပုဒ္မ ၃၉၄/ ၁၁၄ (လုယက္မႈ က်ဴးလြန္ရာတြင္ နာက်င္ေစမႈ / အားေပးကူညီမႈ)ျဖင့္ အမႈဖြင့္ေဆာင္ ႐ြက္ခဲ့ေၾကာင္း သိရပါသည္။

အမႈမွ တရားခံမ်ားအား အျမန္ဆုံးဖမ္းဆီးရမိေရးအတြက္ ပဲခူးတိုင္းေဒသႀကီးရဲတပ္ဖြဲ႕မႉး၏ ၫႊန္ၾကားမႈ၊ ပဲခူးၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉးတို႔၏ ႀကီးၾကပ္မႈတို႔ျဖင့္ ပဲခူးၿမိဳ႕ အမွတ္ (၂)နယ္ေျမရဲစခန္းမွ စခန္းမႉး ရဲအုပ္ ရဲထြဋ္ကိုႏွင့္ နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ ထက္ေဝေက်ာ္ တို႔ဦးစီး၍ ေဆာင္႐ြက္ခဲ့ရာ …..

မဇင္းဆည္ အနီးတဝိုက္တြင္ မသကၤာ လူငယ္ (၃)ဦး၏ သြားလာမႈအား ၄-၁၁-၂၀၁၉ ရက္ေန႔တြင္ မွတ္တမ္း ဓါတ္ပုံ ႐ိုက္ကူးႏိုင္ခဲ့ၿပီး အဆိုပါ လူငယ္ (၃)ဦးမွာ ျပစ္မႈက်ဴးလြန္ရာတြင္ ပါဝင္ျခင္း ရွိ/မရွိ အတည္ျပဳခဲ့ရာ အထက္ပါ အမႈမွ တရားခံမ်ား ျဖစ္ေၾကာင္း ေဖာ္ျပခ်က္အရသိရွိခဲ့ရပါသည္ ။

အဆိုပါ လူငယ္ (၃)ဦး၏ ေနရပ္လိပ္စာအား စုံစမ္းရာ ပဲခူးၿမိဳ႕၊ ဥသာၿမိဳ႕သစ္၊ ရပ္ကြက္ႀကီး (၂)ရွိ တည္းခိုခန္းတြင္ ညေစာင့္ ေဆာင္႐ြက္သူ အာကာ (ခ) ေက်ာ္သက္ၿဖိဳး (၁၇)ႏွစ္၊ အထက္ဇိုင္းဂႏိုင္းႀကီးေက်း႐ြာေနသူျဖစ္ေၾကာင္း သိရွိခဲ့ရသျဖင့္ ေစာင့္ဆိုင္း ဖမ္းဆီးရာ အာကာ (ခ)ေက်ာ္သက္ၿဖိဳးမွာ အဆိုပါ တည္းခိုခန္းသို႔ ၎ေန႔ ည (၇)နာရီအခ်ိန္ခန႔္ ျပန္လည္ ေရာက္ရွိ လာသျဖင့္ ဖမ္းဆီးရမိခဲ့ပါသည္။

၎အား စစ္ေမးရာ ျပစ္မႈက်ဴးလြန္ရာတြင္ ၎ႏွင့္အတူ ကိုစိုင္း (ခ)စိုင္းဇာနည္ေက်ာ္ (၂၄)ႏွစ္၊ နန္းေတာ္ရာ ရပ္ကြက္၊ ပဲခူးၿမိဳ႕ေနသူႏွင့္ ရန္လင္းေအာင္ တို႔ ပါဝင္ေၾကာင္း စစ္ေဆးသိရွိခဲ့ေၾကာင္းလည္းသိရသည္။က်န္တရားခံမ်ားအား ဖမ္းဆီးရမိေရးအတြက္ ပဲခူးၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္မ်ား၊ သက္ေသရာအိမ္မႉးမ်ားႏွင့္ ပူးေပါင္း၍ ဆက္လက္ေဆာင္႐ြက္ခဲ့ရာ ….

ကိုစိုင္း (ခ)စိုင္းဇာနည္ေက်ာ္ အား ပဲခူးၿမိဳ႕၊ စံေတာ္တြင္းလမ္းႏွင့္ အင္းဝင္ (၉)လမ္းထိပ္ရွိ ဆံပင္ညႇပ္ဆိုင္တြင္ ဖမ္းဆီးရမိခဲ့ပါသည္။ ျပစ္မႈ က်ဴးလြန္ရာတြင္ အသုံးျပဳခဲ့သည့္ ဓါး (၁)ေခ်ာင္း၊ သံနံက်တ္ကူ (၁)ေခ်ာင္း၊ လုယူသြားခဲ့သည့္ နားကပ္ (၁)စုံတို႔အား ၅-၁၁-၂၀၁၉ ရက္ေန႔တြင္ သိမ္းဆည္းခဲ့ၿပီး က်န္တရားခံ (၁)ဦးအား ဖမ္းဆီးရမိေရး ႏွင့္ က်န္သက္ေသခံပစၥည္းမ်ားအား သိမ္းဆည္းႏိုင္ေရး ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္းဆက္လက္ေဖာ္ျပထားသည္ ။

အမႈႏွင့္ပတ္သက္၍ ဖမ္းမိ တရားခံ အာကာ (ခ) ေက်ာ္သက္ၿဖိဳး ႏွင့္ ကိုစိုင္း (ခ)စိုင္းဇာနည္ေက်ာ္ တို႔ (၂)ဦးအား က်န္အမႈမ်ား က်ဴးလြန္ထားျခင္း ရွိ/မရွိ အေသးစိတ္ ထပ္မံ စစ္ေမးရာ ၎တို႔ (၂)ဦးသည္ ၁-၁၁-၂၀၁၉ ရက္ေန႔တြင္ ေန႔လည္ (၂)နာရီအခ်ိန္ခန႔္တြင္ မဇင္းဆည္သြားသည့္လမ္း ဘုန္းႀကီးေက်ာင္း အနီး၌ သက္လြင္ (၂၇)ႏွစ္ႏွင့္ မေအးခ်မ္းေမ (၂၄)ႏွစ္တို႔ (၂)ဦးအနက္ ….

သက္လြင္ အား အ႐ိုး/အသြား (၈) လက္မခန႔္ရွိ ဓါးျဖင့္ ေထာက္ၿပီး မေအးခ်မ္းေမ အား (၆)လက္မခန႔္ရွိ ဓါးျဖင့္ ေျခာက္လွန႔္ၿပီး ၎တို႔ (၂)ဦး ထံမွ ေ႐ႊဆြဲႀကိဳး (၁)ကုံး၊ ေ႐ႊလက္စြပ္(၁)ကြင္း၊ Mi Note 5 ဖုန္း (၁)လုံး၊ ပိုက္ဆံအိတ္ အနက္ေရာင္ တန္ဖိုးေငြ (၅၀၀၀)က်ပ္ခန႔္အား ေျခာက္လွန႔္ ယူေဆာင္ခဲ့ေၾကာင္း စစ္ေဆးသိရွိရသျဖင့္ ၅-၁၁-၂၀၁၉ ရက္ေန႔တြင္ ပဲခူးၿမိဳ႕ အမွတ္(၂)နယ္ေျမရဲစခန္း(ပ)၁၆၄၁/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၈၆/၁၁၄ (ေျခာက္ လွန႔္ ေတာင္းယူမႈ/ အားေပးကူညီမႈ)ျဖင့္ အမႈထပ္မံဖြင့္လွစ္ ေဆာင္႐ြက္ထားရွိေၾကာင္းႏွင့္ က်န္အမႈမ်ား ေပၚေပါက္ႏိုင္ေရး အေသးစိတ္ ထပ္မံ စစ္ေဆးလ်က္ရွိေၾကာင္း ပဲခူးတိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွ ေဖာ္ျပခ်က္အရသိရွိရပါသည္ ။

သတင္း ဓာတ္ပုံ – ပဲခူးတိုင္းေဒသႀကီးရဲတပ္ဖြဲ႕ #AlinnMyay(အလင္းေျမ)

unicode

ပဲခူးမြို့၊ မဇင်းဆည်တွင် ရွှေထည်ပစ္စည်းများနှင့် ဖုန်းတို့အား ခြောက်လှန့်တောင်းယူသွားသူတို့ကို ဖမ်းဆီး ရမိပြီး ကျန်ကျူးလွန်ခဲ့သည့် အမှု ထပ်မံစစ်ဆေးပေါ်ပေါက်ကြောင်း ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားကြောင်းတွေ့ရသည်။

ဖြစ်စဉ်မှာ ၂-၁၁-၂၀၁၉ ရက်နေ့ ညနေ (၄)နာရီအချိန်ခန့် ကိုကိုနိုင် (၂၁)နှစ်နှင့် ၎င်း၏ဇနီးဖြစ်သူ မသရဖီ (၁၆)နှစ်တို့သည် ပဲခူးမြို့ မဇင်းဆည်သို့ သွားရောက်ပြီး ဆည်ရေတံခါးအကျော် သစ်သားတံခါးနား အရောက်တွင် ဆိုင်ကယ်အား ရပ်တန့်ကာ စကားပြောနေစဉ် နှာခေါင်းများ စည်းထားသည့် အမျိုးသား (၃) ဦးသည် ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ….

၎င်းတို့အနီးတွင် ဆိုင်ကယ်အား ရပ်တန့်ကာ အရိုးအသွား (၁)ပေ ခွဲခန့်ရှိ ဓါးကိုယ်စီ ကိုင်ဆောင်၍ ၎င်းတို့ (၃)ဦးအနက် (၂)ဦးမှ ကိုကိုနိုင်အား ဓါးဖြင့် ခုတ်ကာ ၎င်းတို့ (၂)ဦးထံမှ ရွှေနားကပ် (၂)ခု၊ ရွှေ ဆွဲကြိုး(၁)ကုံး၊ MI NOTE 4 လက်ကိုင်ဖုန်း(၁)လုံးတို့အား ယူဆောင် သွားပြီး …..

ကိုကိုနိုင်တွင် ယာလက်ဖျံပြတ်ရှ ဒဏ်ရာ (၁)ချက်၊ ဝဲလက်ကောက်ဝတ် ထိုးသွင်းဒဏ်ရာ ရရှိခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ပဲခူးမြို့၊အမှတ်(၂)နယ်မြေရဲစခန်း (ပ)၁၆၃၈/၂၀၁၉၊ရာဇသတ်ကြီးပုဒ်မ ၃၉၄/ ၁၁၄ (လုယက်မှု ကျူးလွန်ရာတွင် နာကျင်စေမှု / အားပေးကူညီမှု)ဖြင့် အမှုဖွင့်ဆောင် ရွက်ခဲ့ကြောင်း သိရပါသည်။

အမှုမှ တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားမှု၊ ပဲခူးမြို့နယ်ရဲတပ်ဖွဲ့မှူးတို့၏ ကြီးကြပ်မှုတို့ဖြင့် ပဲခူးမြို့ အမှတ် (၂)နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် ရဲထွဋ်ကိုနှင့် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ထက်ဝေကျော် တို့ဦးစီး၍ ဆောင်ရွက်ခဲ့ရာ …..

မဇင်းဆည် အနီးတဝိုက်တွင် မသင်္ကာ လူငယ် (၃)ဦး၏ သွားလာမှုအား ၄-၁၁-၂၀၁၉ ရက်နေ့တွင် မှတ်တမ်း ဓါတ်ပုံ ရိုက်ကူးနိုင်ခဲ့ပြီး အဆိုပါ လူငယ် (၃)ဦးမှာ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ခြင်း ရှိ/မရှိ အတည်ပြုခဲ့ရာ အထက်ပါ အမှုမှ တရားခံများ ဖြစ်ကြောင်း ဖော်ပြချက်အရသိရှိခဲ့ရပါသည် ။

အဆိုပါ လူငယ် (၃)ဦး၏ နေရပ်လိပ်စာအား စုံစမ်းရာ ပဲခူးမြို့၊ ဥသာမြို့သစ်၊ ရပ်ကွက်ကြီး (၂)ရှိ တည်းခိုခန်းတွင် ညစောင့် ဆောင်ရွက်သူ အာကာ (ခ) ကျော်သက်ဖြိုး (၁၇)နှစ်၊ အထက်ဇိုင်းဂနိုင်းကြီးကျေးရွာနေသူဖြစ်ကြောင်း သိရှိခဲ့ရသဖြင့် စောင့်ဆိုင်း ဖမ်းဆီးရာ အာကာ (ခ)ကျော်သက်ဖြိုးမှာ အဆိုပါ တည်းခိုခန်းသို့ ၎င်းနေ့ ည (၇)နာရီအချိန်ခန့် ပြန်လည် ရောက်ရှိ လာသဖြင့် ဖမ်းဆီးရမိခဲ့ပါသည်။

၎င်းအား စစ်မေးရာ ပြစ်မှုကျူးလွန်ရာတွင် ၎င်းနှင့်အတူ ကိုစိုင်း (ခ)စိုင်းဇာနည်ကျော် (၂၄)နှစ်၊ နန်းတော်ရာ ရပ်ကွက်၊ ပဲခူးမြို့နေသူနှင့် ရန်လင်းအောင် တို့ ပါဝင်ကြောင်း စစ်ဆေးသိရှိခဲ့ကြောင်းလည်းသိရသည်။ကျန်တရားခံများအား ဖမ်းဆီးရမိရေးအတွက် ပဲခူးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ သက်သေရာအိမ်မှူးများနှင့် ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်ခဲ့ရာ ….

ကိုစိုင်း (ခ)စိုင်းဇာနည်ကျော် အား ပဲခူးမြို့၊ စံတော်တွင်းလမ်းနှင့် အင်းဝင် (၉)လမ်းထိပ်ရှိ ဆံပင်ညှပ်ဆိုင်တွင် ဖမ်းဆီးရမိခဲ့ပါသည်။ ပြစ်မှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဓါး (၁)ချောင်း၊ သံနံကျတ်ကူ (၁)ချောင်း၊ လုယူသွားခဲ့သည့် နားကပ် (၁)စုံတို့အား ၅-၁၁-၂၀၁၉ ရက်နေ့တွင် သိမ်းဆည်းခဲ့ပြီး ကျန်တရားခံ (၁)ဦးအား ဖမ်းဆီးရမိရေး နှင့် ကျန်သက်သေခံပစ္စည်းများအား သိမ်းဆည်းနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းဆက်လက်ဖော်ပြထားသည် ။

အမှုနှင့်ပတ်သက်၍ ဖမ်းမိ တရားခံ အာကာ (ခ) ကျော်သက်ဖြိုး နှင့် ကိုစိုင်း (ခ)စိုင်းဇာနည်ကျော် တို့ (၂)ဦးအား ကျန်အမှုများ ကျူးလွန်ထားခြင်း ရှိ/မရှိ အသေးစိတ် ထပ်မံ စစ်မေးရာ ၎င်းတို့ (၂)ဦးသည် ၁-၁၁-၂၀၁၉ ရက်နေ့တွင် နေ့လည် (၂)နာရီအချိန်ခန့်တွင် မဇင်းဆည်သွားသည့်လမ်း ဘုန်းကြီးကျောင်း အနီး၌ သက်လွင် (၂၇)နှစ်နှင့် မအေးချမ်းမေ (၂၄)နှစ်တို့ (၂)ဦးအနက် ….

သက်လွင် အား အရိုး/အသွား (၈) လက်မခန့်ရှိ ဓါးဖြင့် ထောက်ပြီး မအေးချမ်းမေ အား (၆)လက်မခန့်ရှိ ဓါးဖြင့် ခြောက်လှန့်ပြီး ၎င်းတို့ (၂)ဦး ထံမှ ရွှေဆွဲကြိုး (၁)ကုံး၊ ရွှေလက်စွပ်(၁)ကွင်း၊ Mi Note 5 ဖုန်း (၁)လုံး၊ ပိုက်ဆံအိတ် အနက်ရောင် တန်ဖိုးငွေ (၅၀၀၀)ကျပ်ခန့်အား ခြောက်လှန့် ယူဆောင်ခဲ့ကြောင်း စစ်ဆေးသိရှိရသဖြင့် ၅-၁၁-၂၀၁၉ ရက်နေ့တွင် ပဲခူးမြို့ အမှတ်(၂)နယ်မြေရဲစခန်း(ပ)၁၆၄၁/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၆/၁၁၄ (ခြောက် လှန့် တောင်းယူမှု/ အားပေးကူညီမှု)ဖြင့် အမှုထပ်မံဖွင့်လှစ် ဆောင်ရွက်ထားရှိကြောင်းနှင့် ကျန်အမှုများ ပေါ်ပေါက်နိုင်ရေး အသေးစိတ် ထပ်မံ စစ်ဆေးလျက်ရှိကြောင်း ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဖော်ပြချက်အရသိရှိရပါသည် ။

သတင်း ဓာတ်ပုံ – ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့ #AlinnMyay(အလင်းမြေ)