ပီရူးကြက်တောင်မယ်ကို (၂) ပွဲပြတ် အနိုင်ယူပြီး ဗိုလ်လုပွဲတက်လှမ်းသွားခဲ့တဲ့ မြန်မာ့ဂုဏ်ဆောင် ကြက်တောင်မယ် သက်ထားသူဇာ

အားကစားသတင်း

မြန်မာ့ဂုဏ်ဆောင် ကြက်တောင်မယ် သက်ထားသူဇာဟာ Egypt International 2019 ကြက်တောင်ပြိုင်ပွဲရဲ့ အမျိုးသမီးတစ်ဦးချင်းပွဲစဉ် ဆီမီးဖိုင်နယ်မှာ ပီရူးကြက်တောင်မယ် မာစီယာကို (၂၁-၈)၊ (၂၁-၁၃)နဲ့ (၂) ပွဲပြတ် အနိုင်ယူပြီး ဗိုလ်လုပွဲ တက်ရောက်သွားခဲ့ပါပြီ။

ဒီပြိုင်ပွဲမှာ နိုင်ခြေအဆင့်(၁)သတ်မှတ်ခံထားရတဲ့ သက်ထားသူဇာဟာ နိုင်ခြေအဆင့်(၂) ရှိတဲ့ ဝေးလ်ကြက်တောင်မယ် ဂျော်ဒန်ဟတ်နဲ့ ဗိုလ်လုပွဲ ကစားရမှာပါ။ ဗိုလ်လုပွဲကို အောက်တိုဘာလ ၂၀ ရက်နေ့မှာ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

Egypt International Series 2019 ချန်ပီယံလုပွဲ မြန်မာနိုင်ငံတော်သီချင်းကို ပထမနေရာမှာ သတိစွဲပြီး နားထောင်ချင်ပါတယ်။ အားပေးစောင့်ကြည့်ပေးပါနော် ညီမ ပွဲကို Live လွှင့်လို့အဆင်မပြေပေမယ့် Result ကိုတော့ FB ကနေတင်ပေးပါမယ်။

ဒီနေ့ပွဲကို ကိုတိုင်ကိုကျလာရောက်အားပေးကြတဲ့သူများ၊ အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ၊ မြန်မာသံအမတ်ကြီး ဦးမြင့်လွင် နှင့် ဇနီး ဒေါ်ခင်သီဝင်း၊ Online မှ တစ်ဆင့်ပွဲအဖြေကိုစောင့်ကြည့်အားပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။

ယနေ့ (Final) ကိုတော့ 11:45 AM (အီဂျစ်အချိန်) 04:15 PM (မြန်မာအချိန်) မှာ Jordan HART နဲ့ယှဉ်ပြိုင်ကစားသွားမှာပဲဖြစ်ပါတယ်။Source: Thet Htar Thuzar

Zawgyi




