ဘယ်လိုအချက်တွေကြောင့် ဆိုင်ကယ်အခွန် ပြန်လည်ပေးဆောင်ရတာလဲ

သတင်​းစုံ

ဘယ်လိုအချက်တွေကြောင့် ဆိုင်ကယ်အခွန် ပြန်လည်ပေးဆောင်ရတာလဲ

Thursday, 17 October 2019 20:34

မိမိ၏ နံမည် အမည်ပေါက်မဟုတ်ဘဲ ကုမ္ပဏီအမည်ပေါက်ဖြင့် ဝယ်ထားသော ဆိုင်ကယ်များ အုံနာဘုတ်၊ ဝှီးတက် များပျောက်သွားပါက အခွန်ပြန်လည်ပေးဆောင်ရပါတယ်။

အခန့်မသင့်လို့ ပျောက်ဆုံးသွားရင် အပျောက်ပြန်လျှောက်ရုံတင်မကဘဲ မိမိအမည်ပေါက် ပြန်လုပ်ရ၍ အခွန်ပါ ထပ်ဆောင်ရပါတယ်။

ကုမ္ပဏီအမည်ပေါက် ဆိုင်ကယ်ဝှီးတက် အုံနာဘုတ် ပျောက်သွားတဲ့အခါ မိမိအမည်ပေါက် လျှောက်ထားလိုပါက အောက်ပါအချက်များအတိုင်း လျှောက်ထားနိုင်ပါတယ်။

(၁) ဆိုင်ကယ်ပုံ ဓါတ်ပုံ (၄)ပုံ

(၂) ရက်ကွက်/ကျေးရွာ နေထိုင်းကြောင်းထောက်ခံစာ

(၃) အုံနာဘုတ်မိတ္ထူ

(၄) ကုမ္ပဏီက ဆိုင်ကယ်ဝယ်ယူထားတဲ့ စာချုပ်

(၅) မိမိမှတ်ပုံတင်မူရင်း၊ မိတ္ထူ တို့ကိုယူ၍ အခွန်ရုံးသို့ သွားရောက်၍ အခွန်ဆောင်ရပါမည်။

ပျမ်းမျှကုန်ကျစရိတ်

110 ဆို (7)သောင်းကျော်

125 ဆို (8)သောင်းကျော်စသည်ဖြင့် မိမိဆိုင်ကယ်အမျိုးအစားအလိုက် အခွန်ဆောင်ရပါ့မယ်။

အခွန်ဆောင်ပြီးကာမှ ကညနမှာ ဝှီးတက်/အုံနာဘုတ်ကိုပြန်လျှောက်ယူရမှာပါ။

ဝှီးတက် ပြန်လျှောက်တာကတော့ (၄)သောင်း ဝန်ကျင်လောက်ကုန်ကျပြီး အုံနာဘုတ်ပြန်လျှောက်တာကတော့(၆)သောင်းဝန်းကျင်လောက် ကုန်ကျပါတယ်။

ဝှီးတက်မဟုတ်ဘဲ အုံနာဘုတ်ဆိုလျှင်တော့ သတင်းစာမှာလဲ ပျောက်ဆုံးကြောင်း ကြော်ငြာထည့်ရပါမယ်။ ကုန်ကျစရိတ်က (၂)သောင်း ဝန်းကျင်ပါ။

ဒီတော့ မိမိအမည်ပေါက် မဟုတ်တဲ့ ကုမ္ပဏီ အမည်ပေါက် ဆိုင်ကယ်ဝှီးတက်/ အုံနာဘုတ်ပျောက်လို့ ပြန်လျှောက်တဲ့အခါ ဝှီးတက်/ အုံနာဘုတ် ပြန်လျှောက်ခအပြင် ဖော်ပြပါ အခွန်ပါထပ်မံဆောင်ရမှာ ဖြစ်သည်ကို ကုမ္ပဏီအမည်ပေါက် ဆိုင်ကယ် အသုံးပြုသူတို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

Source: ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ

zawgyi








(၃) အုံနာဘုတ်မိတ္ထူ



ပျမ်းမျှကုန်ကျစရိတ်

110 ဆို (7)သောင်းကျော်





