မန္တလေးတောင်အရှေ့ဖက်မှာ ဆိုင်ကယ် လမ်းကြုံလိုက်စီးတဲ့ သရဲမလေး

ပရလောက

တနဂၤေႏြ ေန႕ ညတိုင္း နန္းေရွ႕ ေရႊေက်ာင္းႀကီး ေတာင္ဘက္က ပရဟိတ ၁၀ တန္း အခမဲ႕ က်ဴရွင္ကို လုပ္အားဒါန Guide သြားျပေသးတယ္ ေနတာကေတာ့ ေအာင္ခ်မ္းသာ ဘက္ေလာက္ကေပါ့ဗ်ာ မႏၲေလးေတာင္ ပတ္ျပီးသြားရတာ သိပ္ေတာ့ မသက္သာ လွ ဘူး ဆိုင္ကယ္နဲ႕ပါ ၉၅ စစ္တပ္နားကေတာ့ မီးေတြ ညဘက္ လင္းေနေတာ့ Guide က အျပန္ သိပ္ျပီး မေၾကာက္ရဘူး ေၾကာက္လည္း မေၾကာက္တတ္ဘူး ျပန္တာကေတာ့ ၁၁ ခြဲ ၁၂ ပဲ တစ္ခုပဲဗ် ၉၅ စစ္တပ္ မေရာက္ ခင္ မႏၲေလးေတာင္ အေရွ႕ေၾကာ လမ္းက သိတဲ႕အတိုင္း ေမွာင္တာမွမဲလို႕ လူမေျပာနဲ႕ ေခြးေတာင္ မရွိဘူး။

လမ္း၂ ဘက္လံုး သစ္ပင္ေတြ ၉၅ ဂိတ္ေပါက္က်မွ မီးက လင္းတာ က်န္တဲ႕ ေနရာက မီးမွမရွိတာ အခ်ိန္လည္း ၾကည့္ဦး ၁၁ ခြဲ ၁၂ တဲ႕ ၉၅ ေကြ႕က ယာဥ္တိုက္မႈျဖစ္တိုင္း မသာေပၚတာ ခပ္မ်ားမ်ားရယ္ တေလာကလည္း ေကာင္မေလး တစ္ေယာက္ ေသတယ္ေျပာတာပဲ ၾကာပါျပီ အဲ႕တုန္းကေတာ့ တစ္ပတ္ေလာက္ရွိဦးမွာေပါ့ ေျပာၾကတာေတာ့ဗ်ာ လမ္းႀကံဳ လိုက္စီးတယ္ ဆိုလားပဲ ျပီးရင္ ေပ်ာက္ေပ်ာက္သြားတာတဲ႕ ကံကေကာင္းခ်င္ေတာ့ဗ်ာ က်ဳပ္က ျပန္တာ တစ္ေယာက္တည္း ဗ် ဆိုင္ကယ္ ေရွ႕မီးက ျဖစ္ခ်င္ေတာ့ ပ်က္ေနတာ ဖုန္းမီးေလးနဲ႔ျဖည္းျဖည္းေလး ေမာင္းရတာေပါ့။

အခ်ိန္က ၁၁ နာရီ ၅၀ မိနစ္ ေက်ာ္ေလာက္ေပါ့ဗ်ာ ၁၂ ထိုးေတာ့မွာ အဲ႕ခ်ိန္မွာ ဆိုင္ကယ္က 125 ထင္တယ္ လဲေနတာ လူကေတာ့ ကုန္းထေနတာ ေယာက်္ားတစ္ေယာက္ဗ် အသက္က ၂၀ ေက်ာ္ေလာက္ရွိဦး အက်ၤ ီက လက္တိုနဲ႕ ဂ်င္း ကြာတားဝတ္ထားတာ အဲ႕ဒါသရဲေတာ့ မဟုတ္ပါဘူး လူအစစ္ပါဆိုျပီး က်ဳပ္ကိုက်ဳပ္ သတိေပး လိုက္တယ္ လမ္းကဘာမွ မရွိေတာ့ အေရွ႕ ကိုက္ ၂၀၀ ေလာက္ လွမ္းျမင္ ေနရတာေပါ့။

အမွန္က မေၾကာက္တတ္ဘူး ေျပာထားတဲ႕ အရွိန္နဲ႕မလို႕ ဒါေပမယ့္ ေသတာက မိန္းကေလး ခုဟာက ေယာက်္ားေလး ေျပာလို႕ေတာ့မရဘူး ေယာက်္ားေလးေတြ လည္း အရင္က ဂိထားတာပဲဗ် အေတြးေတြ နဲ႕ ေတာင္ေတြးေျမာက္ေတြးရင္း အက်ၤ ီ အဝါ ေလးနဲ႕ ေကာင္မေလး ေတြ႕လိုက္တယ္ ညမလို႕လား မသိဘူး ဖုန္းမီးနဲ႕ထိုးမိတာ လွတာဗ်ာ ကံေကာင္းခ်င္ ေတာ့ ဆိုင္ကယ္တားတာဗ် ေရွ႕က လူက သရဲလား လူလား မသဲကြဲေသးဘူး ေကာင္မေလးတစ္ေယာက္ေတြ႕ရေတာ့ ေပ်ာ္သြားတာေပါ့ဗ်ာ။

ဝတ္ပံုစားပံုက အမ်ိဳးေကာင္းသမီး ပံုပါပဲ အေတာ္ေတာ့ လွတယ္ ခ်မ္းလို႕လားမသိဘူး ၾကက္သိန္းေတြ ထတာမွ ဖ်င္းခနဲ႕ ဖ်င္းခနဲ ပဲ သူက အသံတိုးတ္ုိး ေလးနဲ႕ေျပာတယ္ ညီမေလးဆိုင္ကယ္ ပ်က္သြားလို႕တဲ႔ ဘုန္းေတာ္တိုး ထိပ္ထိ ပို႕ေပးပါ လားတဲ႕ ဒါနဲ႕ ကြ်န္ေတာ္ ေမးလိုက္ေသးတယ္ ဆိုင္ကယ္ေရာ လို႕ ဘယ္ဆိုင္မွာလဲ က်ဴရွင္က တပည့္ေတြ ယူခိုင္း ေပးရ မလားဆိုေတာ့ မေျဖေတာ့ဘူး ဒါနဲ႕မိန္းကေလး တစ္ေယာက္ ည၁၂နာရီ ေတာင္ေျခဘက္ ေရာက္ေနတာ ဟိုလိုဟာေတာ့ ထင္မိတယ္ ဒါေပမယ့္ အဲ႕အခ်ိန္က ေတာင္ျပဳန္းပြဲနားနီးေတာ့ ေတာင္ျပဳန္း လာရင္း ျဖစ္တယ္မွတ္တာေပါ့။

ညပိုင္း သြားၾကတာမွ အမ်ားႀကီးပါပဲ ဒါေပမယ့္ မတၲရာ လမ္းအတိုင္းသြားၾကတာ မ်ားပါတယ္ ၁၁ နာရီ ၁၂ နာရီထိ ႀကိဳၾကားႀကိဳၾကား သြားေနၾကတာေလ ဒါပမယ့္ ကူညီလိုက္ပါတယ္ တက္ပါညီမေလး အကိုက က်ဴရွင္ သင္တာပါ ဘာညာ ဆိုျပီး တက္ခိုင္းလိုက္တယ္ ျပီးေတာ့ ခဏေနာ္ ဆိုင္ကယ္လဲတဲ႔လူ ေမးလိုက္ဦးမယ္ ဆိုျပီး သူ႕ကို ခဏ ဆင္းခိုင္း လိုက္တယ္ သူက လမ္းေဘးမွာ ရပ္ေနတယ္ ဖုန္းမီးေလးဘာေလးေတာင္ ကိုင္မေပးဘူးလို႕ ကြ်န္ေတာ္ အျပစ္တင္ေန တာေပါ့ စိတ္ထဲက။

ဟိုလဲတဲ႕လူက ေတာင္ျပဳန္းက ျပန္လာတာ ပြဲေန႕ဆို တိုးမရလို႕ ပြဲမေရာက္ခင္ ႀကိဳသြားဆက္တာ လမ္းက် နည္းနည္း ေသာက္လာေတာ့ ေမွာက္တာပါတဲ႕ အဲ႕လူကို ထူေပး ဆိုင္ကယ္ နည္းနည္းပါးပါးၾကည့္ေပးျပီးေတာ့ အဲ႕လူလည္း ေက်းဇူး တင္ေၾကာင္း ေျပာျပီး ေမာင္းသြားပါေလေရာ ကြ်န္ေတာ္လည္း ေယာင္ျပီး ဆိုင္ကယ္ ေကာက္ေမာင္းေတာ့တာေပါ့ ျပီးမွ ဟိုေကာင္မေလးက်န္ေသးတယ္ ဆိုျပီး လွည့္အၾကည့္ သူက ကြ်န္ေတာ့္ေနာက္မွာ ရုပ္ကဗ်ာ ဆံပင္ တစ္ျခမ္းေလး ဖံုးေန တာ လွသလားေတာ့ မေမးနဲ႕ ေနာက္တစ္ခါလွည့္ၾကည့္ေတာ့ ေလကနည္းနည္း တိုက္သြားတယ္ဗ် လူကို မျမင္ခ်င္ ေယာင္ေဆာင္ျပီး ဆိုင္ကယ္ေရွ႕ၾကည့္ ေနလိုက္ရတယ္

ေတာ္ရံုလူဆို ဆိုင္ကယ္ ေမွာက္မွာ ဆံပင္တစ္ျခမ္းဖံုးေနတဲ႕ဘက္ကို ျမင္လိုက္ရတာကိုးဗ် မသိခ်င္ေယာင္က လည္း ေဆာင္ထားရေသးတယ္ နို႕မို႕ဆို သူ႕ကို သရဲမွန္းသိသြားျပီ ဆိုျပီး မထူးဇာတ္ခင္းျပီး ကြ်န္ေတာ့္ကို တစ္ခုခု လုပ္သြားမွာ ေၾကာက္တာ ဆိုင္ကယ္က မူမမွန္ေတာ့ဘူးေလ လီဗာ ဇြတ္တင္ျပီး အသားကုန္ ႀကံဳးေတာ့တာပဲ စိတ္ထဲကေတာ့ ေျပာလိုက္တယ္ ဘုန္းေတာ္တိုးထိပ္ေရာက္ရင္ ဆင္းပါေတာ့ဗ်ာ က်ဳပ္ ပရဟိတ လုပ္ ေနတဲ႕ က်ဴရွင္ဆရာပါဆိုျပီး ေျပာမိတယ္ သူက ကြ်န္ေတာ္စိတ္ထဲက ေျပာတာကို ဘယ္လိုသိလဲမသိဘူး အင္းပါတဲ႕ အဲ႕က်မွ ေသေရာ ဟန္ကို မေဆာင္နိုင္ေတာ့ဘူး ရသမ်ွဘုရားစာ ရြတ္ဖို႕ စိတ္ကူးလိုက္တယ္။

အေရးဆို သမၺဳေဒၶ က အစေမ့ေနတာ အဲ႕အခ်ိန္ဗ်ာ လက္ေအးႀကီးက ခါးလာဖက္တယ္ လူကို ေသခ်င္စိတ္ကို ေပါက္သြား တာပဲ ကြ်န္ေတာ့္ အကၤ် ီ က ပါးပါးရယ္ စာသင္တာဆိုေတာ့ အျဖဴ စတစ္ ေလ လက္ကေအးစက္ေနတာ ငါေတာ့ ဒီသရဲမ နဲ႕ ညားေတာ့မယ္ ကြာ ဆိုျပီး ႀကိတ္မိွတ္ ေနလိုက္ရတယ္ သမၺဳေဒၶ ကလည္း စဥ္းစားလို႕ကို မရေတာ့ဘူး သူကအာ့လိုလုပ္ လိုက္ေတာ့ သူက လူအနား တိုးျပီးကပ္ထိုင္တယ္ဗ် ကြ်န္ေတာ္တစ္ခုပဲ ေျပာလိုက္တယ္ မလုပ္ပါနဲ႕ဗ်ာ ေၾကာက္လို႕ပါ လို႕ ဟုတ္တယ္ လူက ေခြ်းေတြထြက္ျပီး ေခါင္းေတြက မူးေနျပီ အားကို မရွိေတာ့ဘူး။

အဲ႔ဒါနဲ႕ ဘုန္းေတာ္တိုးထိပ္လည္း ေရာက္လာပါေလေရာ သြားျပီေနာ္တဲ႔ ဆိုက္ကယ္လည္း ေပါ့သြားတယ္ ….အိမ္လည္း ေရာက္ေရာ အိမ္ေရွ႕က ပန္းအိုး ဝင္ ႀကံဳးမိေတာ့တာပဲ တံခါးက ေသာ့မခတ္ပါနဲ႕ ေျပာထားတာ အိမ္က တနဂၤေႏြ တိုင္း ေျပာထားတာကို ခတ္ခတ္ထားတယ္ေလ …ခါတိုင္းကေတာ့ တစ္နာရီေလာက္ ေအာ္နိႈးျပီးေစာင့္ပါတယ္ …ဒီေန႕ေတာ့ တံခါး ေဆာင့္ကန္ျပီး လူနဲ႕တိုက္ဖြင့္တာ ပတၲာေတြေရာ က်ိဳး ေသာ့လည္း ဘယ္ေရာက္မွန္းမသိ …..

အဲ႕က်မွ အိမ္က လူေတြ နိုးျပီး ေဗ်ာက္ေဖာက္ ပါေလေရာ သရဲေတြ႕လာတာဗ် မသိရငိအသာေန သရဲပါလာလို႕ ဆိုျပီး ေျပာေျပာဆိုဆို ဘုရားစင္က ေရမန္းဘူးလည္း ေကာက္ေမာ့ေရာ ခုနက တံခါးရိုက္ခ်ိဳးလို႕ ဆူမယ့္လူေတြ ပါးစပ္ပိတ္သြားပါေလေရာ ေနာက္ေန႕ကစျပီး က်ဳပ္မလာမခ်င္း တံခါးေသာ့မခတ္ ထားေတာ့ဘူးဗ် သရဲမေလး ေက်းဇူးေပါ့ဗ်။

Unicode Versionဖြ​င့်ဖတ်ရန်

တနင်္ဂနွေ နေ့ ညတိုင်း နန်းရှေ့ ရွှေကျောင်းကြီး တောင်ဘက်က ပရဟိတ ၁၀ တန်း အခမဲ့ ကျူရှင်ကို လုပ်အားဒါန Guide သွားပြသေးတယ် နေတာကတော့ အောင်ချမ်းသာ ဘက်လောက်ကပေါ့ဗျာ မန္တလေးတောင် ပတ်ပြီးသွားရတာ သိပ်တော့ မသက်သာ လှ ဘူး ဆိုင်ကယ်နဲ့ပါ ၉၅ စစ်တပ်နားကတော့ မီးတွေ ညဘက် လင်းနေတော့ Guide က အပြန် သိပ်ပြီး မကြောက်ရဘူး ကြောက်လည်း မကြောက်တတ်ဘူး ပြန်တာကတော့ ၁၁ ခွဲ ၁၂ ပဲ တစ်ခုပဲဗျ ၉၅ စစ်တပ် မရောက် ခင် မန္တလေးတောင် အရှေ့ကြော လမ်းက သိတဲ့အတိုင်း မှောင်တာမှမဲလို့ လူမပြောနဲ့ ခွေးတောင် မရှိဘူး။

လမ်း၂ ဘက်လုံး သစ်ပင်တွေ ၉၅ ဂိတ်ပေါက်ကျမှ မီးက လင်းတာ ကျန်တဲ့ နေရာက မီးမှမရှိတာ အချိန်လည်း ကြည့်ဦး ၁၁ ခွဲ ၁၂ တဲ့ ၉၅ ကွေ့က ယာဉ်တိုက်မှုဖြစ်တိုင်း မသာပေါ်တာ ခပ်များများရယ် တလောကလည်း ကောင်မလေး တစ်ယောက် သေတယ်ပြောတာပဲ ကြာပါပြီ အဲ့တုန်းကတော့ တစ်ပတ်လောက်ရှိဦးမှာပေါ့ ပြောကြတာတော့ဗျာ လမ်းကြုံ လိုက်စီးတယ် ဆိုလားပဲ ပြီးရင် ပျောက်ပျောက်သွားတာတဲ့ ကံကကောင်းချင်တော့ဗျာ ကျုပ်က ပြန်တာ တစ်ယောက်တည်း ဗျ ဆိုင်ကယ် ရှေ့မီးက ဖြစ်ချင်တော့ ပျက်နေတာ ဖုန်းမီးလေးနဲ့ဖြည်းဖြည်းလေး မောင်းရတာပေါ့။

အချိန်က ၁၁ နာရီ ၅၀ မိနစ် ကျော်လောက်ပေါ့ဗျာ ၁၂ ထိုးတော့မှာ အဲ့ချိန်မှာ ဆိုင်ကယ်က 125 ထင်တယ် လဲနေတာ လူကတော့ ကုန်းထနေတာ ယောကျ်ားတစ်ယောက်ဗျ အသက်က ၂၀ ကျော်လောက်ရှိဦး အင်္ကျ ီက လက်တိုနဲ့ ဂျင်း ကွာတားဝတ်ထားတာ အဲ့ဒါသရဲတော့ မဟုတ်ပါဘူး လူအစစ်ပါဆိုပြီး ကျုပ်ကိုကျုပ် သတိပေး လိုက်တယ် လမ်းကဘာမှ မရှိတော့ အရှေ့ ကိုက် ၂၀၀ လောက် လှမ်းမြင် နေရတာပေါ့။

အမှန်က မကြောက်တတ်ဘူး ပြောထားတဲ့ အရှိန်နဲ့မလို့ ဒါပေမယ့် သေတာက မိန်းကလေး ခုဟာက ယောကျ်ားလေး ပြောလို့တော့မရဘူး ယောကျ်ားလေးတွေ လည်း အရင်က ဂိထားတာပဲဗျ အတွေးတွေ နဲ့ တောင်တွေးမြောက်တွေးရင်း အင်္ကျ ီ အဝါ လေးနဲ့ ကောင်မလေး တွေ့လိုက်တယ် ညမလို့လား မသိဘူး ဖုန်းမီးနဲ့ထိုးမိတာ လှတာဗျာ ကံကောင်းချင် တော့ ဆိုင်ကယ်တားတာဗျ ရှေ့က လူက သရဲလား လူလား မသဲကွဲသေးဘူး ကောင်မလေးတစ်ယောက်တွေ့ရတော့ ပျော်သွားတာပေါ့ဗျာ။

ဝတ်ပုံစားပုံက အမျိုးကောင်းသမီး ပုံပါပဲ အတော်တော့ လှတယ် ချမ်းလို့လားမသိဘူး ကြက်သိန်းတွေ ထတာမှ ဖျင်းခနဲ့ ဖျင်းခနဲ ပဲ သူက အသံတိုးတိုး လေးနဲ့ပြောတယ် ညီမလေးဆိုင်ကယ် ပျက်သွားလို့တဲ့ ဘုန်းတော်တိုး ထိပ်ထိ ပို့ပေးပါ လားတဲ့ ဒါနဲ့ ကျွန်တော် မေးလိုက်သေးတယ် ဆိုင်ကယ်ရော လို့ ဘယ်ဆိုင်မှာလဲ ကျူရှင်က တပည့်တွေ ယူခိုင်း ပေးရ မလားဆိုတော့ မဖြေတော့ဘူး ဒါနဲ့မိန်းကလေး တစ်ယောက် ည၁၂နာရီ တောင်ခြေဘက် ရောက်နေတာ ဟိုလိုဟာတော့ ထင်မိတယ် ဒါပေမယ့် အဲ့အချိန်က တောင်ပြုန်းပွဲနားနီးတော့ တောင်ပြုန်း လာရင်း ဖြစ်တယ်မှတ်တာပေါ့။

ညပိုင်း သွားကြတာမှ အများကြီးပါပဲ ဒါပေမယ့် မတ္တရာ လမ်းအတိုင်းသွားကြတာ များပါတယ် ၁၁ နာရီ ၁၂ နာရီထိ ကြိုကြားကြိုကြား သွားနေကြတာလေ ဒါပမယ့် ကူညီလိုက်ပါတယ် တက်ပါညီမလေး အကိုက ကျူရှင် သင်တာပါ ဘာညာ ဆိုပြီး တက်ခိုင်းလိုက်တယ် ပြီးတော့ ခဏနော် ဆိုင်ကယ်လဲတဲ့လူ မေးလိုက်ဦးမယ် ဆိုပြီး သူ့ကို ခဏ ဆင်းခိုင်း လိုက်တယ် သူက လမ်းဘေးမှာ ရပ်နေတယ် ဖုန်းမီးလေးဘာလေးတောင် ကိုင်မပေးဘူးလို့ ကျွန်တော် အပြစ်တင်နေ တာပေါ့ စိတ်ထဲက။

ဟိုလဲတဲ့လူက တောင်ပြုန်းက ပြန်လာတာ ပွဲနေ့ဆို တိုးမရလို့ ပွဲမရောက်ခင် ကြိုသွားဆက်တာ လမ်းကျ နည်းနည်း သောက်လာတော့ မှောက်တာပါတဲ့ အဲ့လူကို ထူပေး ဆိုင်ကယ် နည်းနည်းပါးပါးကြည့်ပေးပြီးတော့ အဲ့လူလည်း ကျေးဇူး တင်ကြောင်း ပြောပြီး မောင်းသွားပါလေရော ကျွန်တော်လည်း ယောင်ပြီး ဆိုင်ကယ် ကောက်မောင်းတော့တာပေါ့ ပြီးမှ ဟိုကောင်မလေးကျန်သေးတယ် ဆိုပြီး လှည့်အကြည့် သူက ကျွန်တော့်နောက်မှာ ရုပ်ကဗျာ ဆံပင် တစ်ခြမ်းလေး ဖုံးနေ တာ လှသလားတော့ မမေးနဲ့ နောက်တစ်ခါလှည့်ကြည့်တော့ လေကနည်းနည်း တိုက်သွားတယ်ဗျ လူကို မမြင်ချင် ယောင်ဆောင်ပြီး ဆိုင်ကယ်ရှေ့ကြည့် နေလိုက်ရတယ်

တော်ရုံလူဆို ဆိုင်ကယ် မှောက်မှာ ဆံပင်တစ်ခြမ်းဖုံးနေတဲ့ဘက်ကို မြင်လိုက်ရတာကိုးဗျ မသိချင်ယောင်က လည်း ဆောင်ထားရသေးတယ် နို့မို့ဆို သူ့ကို သရဲမှန်းသိသွားပြီ ဆိုပြီး မထူးဇာတ်ခင်းပြီး ကျွန်တော့်ကို တစ်ခုခု လုပ်သွားမှာ ကြောက်တာ ဆိုင်ကယ်က မူမမှန်တော့ဘူးလေ လီဗာ ဇွတ်တင်ပြီး အသားကုန် ကြုံးတော့တာပဲ စိတ်ထဲကတော့ ပြောလိုက်တယ် ဘုန်းတော်တိုးထိပ်ရောက်ရင် ဆင်းပါတော့ဗျာ ကျုပ် ပရဟိတ လုပ် နေတဲ့ ကျူရှင်ဆရာပါဆိုပြီး ပြောမိတယ် သူက ကျွန်တော်စိတ်ထဲက ပြောတာကို ဘယ်လိုသိလဲမသိဘူး အင်းပါတဲ့ အဲ့ကျမှ သေရော ဟန်ကို မဆောင်နိုင်တော့ဘူး ရသမျှဘုရားစာ ရွတ်ဖို့ စိတ်ကူးလိုက်တယ်။

အရေးဆို သမ္ဗုဒ္ဓေ က အစမေ့နေတာ အဲ့အချိန်ဗျာ လက်အေးကြီးက ခါးလာဖက်တယ် လူကို သေချင်စိတ်ကို ပေါက်သွား တာပဲ ကျွန်တော့် အင်္ကျ ီ က ပါးပါးရယ် စာသင်တာဆိုတော့ အဖြူ စတစ် လေ လက်ကအေးစက်နေတာ ငါတော့ ဒီသရဲမ နဲ့ ညားတော့မယ် ကွာ ဆိုပြီး ကြိတ်မှိတ် နေလိုက်ရတယ် သမ္ဗုဒ္ဓေ ကလည်း စဉ်းစားလို့ကို မရတော့ဘူး သူကအာ့လိုလုပ် လိုက်တော့ သူက လူအနား တိုးပြီးကပ်ထိုင်တယ်ဗျ ကျွန်တော်တစ်ခုပဲ ပြောလိုက်တယ် မလုပ်ပါနဲ့ဗျာ ကြောက်လို့ပါ လို့ ဟုတ်တယ် လူက ချွေးတွေထွက်ပြီး ခေါင်းတွေက မူးနေပြီ အားကို မရှိတော့ဘူး။

အဲ့ဒါနဲ့ ဘုန်းတော်တိုးထိပ်လည်း ရောက်လာပါလေရော သွားပြီနော်တဲ့ ဆိုက်ကယ်လည်း ပေါ့သွားတယ် အိမ်လည်း ရောက်ရော အိမ်ရှေ့က ပန်းအိုး ဝင် ကြုံးမိတော့တာပဲ တံခါးက သော့မခတ်ပါနဲ့ ပြောထားတာ အိမ်က တနင်္ဂနွေ တိုင်း ပြောထားတာကို ခတ်ခတ်ထားတယ်လေ ခါတိုင်းကတော့ တစ်နာရီလောက် အော်နှိုးပြီးစောင့်ပါတယ် ဒီနေ့တော့ တံခါး ဆောင့်ကန်ပြီး လူနဲ့တိုက်ဖွင့်တာ ပတ္တာတွေရော ကျိုး သော့လည်း ဘယ်ရောက်မှန်းမသိ အဲ့ကျမှ အိမ်က လူတွေ နိုးပြီး ဗျောက်ဖောက် ပါလေရော သရဲတွေ့လာတာဗျ မသိရငိအသာနေ သရဲပါလာလို့ ဆိုပြီး ပြောပြောဆိုဆို ဘုရားစင်က ရေမန်းဘူးလည်း ကောက်မော့ရော ခုနက တံခါးရိုက်ချိုးလို့ ဆူမယ့်လူတွေ ပါးစပ်ပိတ်သွားပါလေရော နောက်နေ့ကစပြီး ကျုပ်မလာမချင်း တံခါးသော့မခတ် ထားတော့ဘူးဗျ သရဲမလေး ကျေးဇူးပေါ့ဗျ။