အအေး အခေါင်းများကို လူမသေခင် ကြိုပြင်ထားသလိုဖြစ်နေ၍ မသုံးရဲတဲ့ရွာ

ၾကားသိရသမ်

အအေး အခေါင်းများကို လူမသေခင် ကြိုပြင်ထားသလိုဖြစ်နေ၍ မသုံးရဲတဲ့ရွာ

အောက်တိုဘာ(၁၇)AlinnMyay(အလင်းမြေ)

ဧရာဝတီတိုင်းဒေသကြီး၊ကျုံပျော်မြို့နယ် နယ်က လူသေလျှင်ထည့်သည့် အအေးအခေါင်းများကို မသေခင် အသင့်ပြင်ထားသလိုဖြစ်နေတယ်ဆိုကာ ကြောက်၍ မသုံးသည့် အိမ်များရှိနေ ကြောင်းသိရသည်။

အဆိုပါ အအေးပေးစက်ပါ အခေါင်းများကို ကျေးရွာအချို့ရှိ လူသေဆုံးသည့် အိမ်များတွင် အသုံးပြုလာကြကြောင်းလည်း သိရသည်။

အအေးအခေါင်းများကို ယခင်က အသုံး ပြုရမှာကြောက်ကြပြီး လူသေဖို့အတွက် အသင့်ပြင်ထားသလိုဖြစ်တယ်လို့ဆိုကာ ဒေသအစွဲဖြင့်မသုံးရဲကြခြင်းဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် လူမှုကူညီရေးအသင်းများမှ ရွာတွေကို ကွင်းဆင်းကာ လူသေအလောင်း တွေကို သယ် ဆောင်လို့ ဒေသခံရွာတွေက လက်ခံလာ ကြခြင်းဖြစ်သော်လည်းအချို့အိမ်တွေက တော့ လက်မခံကြကြောင်းသိရသည်။

”လူက ဘာမှမဖြစ်ရသေးဘူး အခေါင်းက ပြင်ထားသလိုဖြစ်နေလို့ ဒီစနစ်ဒီအခေါင်းတွေကို မသုံးကြတာပါ …အခုတော့သုံးလာကြတာတွေ့ရပေမယ့် ကျွန်မတို့ရွာဓလေ့ကတော့ လက်မခံသေးပါဘူး ….အဓိပ္ပာယ်မရှိဘူးလို့ ယူဆပါတယ်” ဟု ရွာသစ်ကျေးရွာမှ ဒေါ်စိမ်းစိမ်းကပြောသည်။

သတင်းတာဝန်ခံ – ကျော်ခေတ်လင်း #AlinnMyay(အလင်းမြေ)

Zawgyi







