ဒေသခံ ပြည်သူများ ကြောက်လန့်နေကြရတဲ့ မကောင်းသည့် အတိတ်နိမိတ်ဟု ဒေသခံများက ယုံကြည်ပြီး စိုးရိမ်နေကြ

ပြည်တွင်းသတင်း

ဒေသခံ ပြည်သူများ ကြောက်လန့်နေကြရတဲ့ အတိတ်နမိတ်

အောက်တိုဘာ(၁၇)AlinnMyay(အလင်းမြေ)

မာလိန်ခရုများ အလွန်းအမင်း ကျရောက်နေသဖြင့် မကောင်းသည့် အတိတ်နိမိတ်ဟု ဒေသခံများက ယုံကြည်ပြီး စိုးရိမ်နေကြ

ဧရာဝတီတိုင်းဒေသကြီး၊ငွေဆောင်ကမ်း ခြေ သဇင်ကျေးရွာအုပ်စုကမ်း စပ် တစ်လျောက်တွင် မာလိန်ခရုများ အများအပြားထပ်မံကျရောက်နေသဖြင့် ဒေသခံပြည်သူများမှ မကောင်းသည့် အတိတ် နိမိတ်ဟုယူဆထိပ်လန့် နေကြကြောင်းဒေသခံများမှသိရသည်။

”မြင်မကောင်းလောက်အောင်ကို ရောက်ရှိနေတာပါ ….ဒီကနေ့ကောက်တာ တစ်ယောက်ကို ၄ တင်းလောက်ရတယ် …..ဒီခရုတွေက ရှားပါးခရုတွေပါ ….ဒီလောက် တစ်ခါမှ မတွေ့ဖူးပါဘူး ….ဒါဟာ မကောင်းတဲ့ အတိတ် နမိတ်လိုထင်ပါတယ် ….

ရေကြီးတာ ငလျင်လှုပ်တာ မုန်တိုင်း ဖြစ်တာတို့ ကြုံရလာနိုင်ပြီး အဲလိုဘေး ဆိုးကပ်ဆိုး တွေဖြစ်မှာကြောက်တယ် ….ဟိုအရင် နှစ်သုံးဆယ်လောက်က တစ်ခါကျဖူးတယ်လို့ ရှေ့လူကြီးတွေက ပြောတယ် …..အဲ့တုန်းက ရေဘေး အန္တရာယ် ဆိုးဆိုးဝါးဝါးဖြစ်ခဲ့ဖူးပြီး အစာရေစာ ရှားပါးခဲ့တယ် …..

အခုလည်း အဲ့လို ဖြစ်မှာ စိုးရိမ်တာပါ”ဟု သဇင်ကျေးရွာ ဒေသခံ ကိုကိုနိုင်က ပြောသည်။အဆိုပါ ခရုများမှာ သြဂုတ် ပထမ အပါတ်က တစ်ကြိမ် အနည်းအငယ် ရောက်ရှိနေပြီး အောက်တိုဘာ ၁၆ ရက်တွင် တစ်ဦးလျင် ၂ တင်းခန့်အထိ ကောက်ယူ ရရှိနေပြီး …..

ယင်းခရုများ ရောက်ရှိနေသည့်အတွက် ငလျင်ဘေး၊ ရေဘေး၊မုန်တိုင်းဘေးစသည့် ဆိုးဝါး သဘာဝဘေးအန္တရာယ်တစ်ခုခုကြုံခဲ့ မည့်အတိတ်နမိတ်ပေးခြင်းဟုယူဆကြ ပြီး စိုးရိမ်နေကြပြီး အချို့ဒေသခံများမှ ချက်စားနေကြကြောင်း ဒေသခံများထံမှ သိရသည်။

”အဲ့ခရုတွေက ရေအောက်မှာ နေတဲ့ သတ္တဝါပါ အခုလို ပေါ်ထွက်လာတော့ တစ်ခါမှ မတွေ့ဖူးပါဘူး အခုက အောက်က မြေ ရေတောင်မတွေ့ရပါဘူး ခရုပဲတွေ့ရတယ် အချို့ကလည်း ချက်စားဖိုး လာကောက်ကြတာ တွေ့ရပါတယ် …..

အခြားထူးခြားတာတော့ မတွေ့ရပါဘူး ….စားတော့လည်း ဘာအန္တရာယ်မှ မဖြစ်ကြပါဘူး …..သဘာဝဘေး အန္တရာယ် ဆိုးဆိုးဝါးဝါး ကျရောက်မယ့် အခြေအနေကို ပြနေတာလို့ ယုံကြည်နေကြပါတယ်”ဟု သဇင်ကျေးရွာမှ ဒေသခံ ဒေါ်သေးသေးက ပြောသည်။

အဆိုပါ ခရုပုံသဏ္ဍန်မှာ အချွန်၊ အလိမ် အရစ်များဖြစ်ပြီး အဝါ အနက်စပ်အရော င်ဖြစ်ပြီး လက်တလော ကောက်ယူချက်စား နေကြသော်လည်း အန္တရာယ်ဖြစ်တာ မတွေ့ရကြောင်း သိရသည်။

သတင်းတာဝန်ခံ – ကျော်ခေတ်လင်း #AlinnMyay(အလင်းမြေ)

Zawgyi

ေဒသခံ ျပည္သူမ်ား ေၾကာက္လန႔္ေနၾကရတဲ့ အတိတ္နမိတ္

ေအာက္တိုဘာ(၁၇)AlinnMyay(အလင္းေျမ)

မာလိန္ခ႐ုမ်ား အလြန္းအမင္း က်ေရာက္ေနသျဖင့္ မေကာင္းသည့္ အတိတ္နိမိတ္ဟု ေဒသခံမ်ားက ယံုၾကည္ၿပီး စိုးရိမ္ေနၾက

ဧရာဝတီတိုင္းေဒသႀကီး၊ေငြေဆာင္ကမ္း ေျခ သဇင္ေက်းရြာအုပ္စုကမ္း စပ္ တစ္ေလ်ာက္တြင္ မာလိန္ခရုမ်ား အမ်ားအျပားထပ္မံက်ေရာက္ေနသျဖင့္ ေဒသခံျပည္သူမ်ားမွ မေကာင္းသည့္ အတိတ္ နိမိတ္ဟုယူဆထိပ္လန္႔ ေနၾကေၾကာင္းေဒသခံမ်ားမွသိရသည္။

”ျမင္မေကာင္းေလာက္ေအာင္ကို ေရာက္ရွိေနတာပါ ….ဒီကေန႔ေကာက္တာ တစ္ေယာက္ကို ၄ တင္းေလာက္ရတယ္ …..ဒီခရုေတြက ရွားပါးခရုေတြပါ ….ဒီေလာက္ တစ္ခါမွ မေတြ႕ဖူးပါဘူး ….ဒါဟာ မေကာင္းတဲ႔ အတိတ္ နမိတ္လိုထင္ပါတယ္ ….

ေရႀကီးတာ ငလ်င္လႈပ္တာ မုန္တိုင္း ျဖစ္တာတို႔ ႀကံဳရလာႏိုင္ၿပီး အဲလိုေဘး ဆိုးကပ္ဆိုး ေတြျဖစ္မွာေၾကာက္တယ္ ….ဟိုအရင္ ႏွစ္သုံးဆယ္ေလာက္က တစ္ခါက်ဖူးတယ္လို႔ ေရွ႕လူႀကီးေတြက ေျပာတယ္ …..အဲ႔တုန္းက ေရေဘး အႏၲရာယ္ ဆိုးဆိုးဝါးဝါးျဖစ္ခဲ႔ဖူးၿပီး အစာေရစာ ရွားပါးခဲ႔တယ္ …..

အခုလည္း အဲ႔လို ျဖစ္မွာ စိုးရိမ္တာပါ”ဟု သဇင္ေက်းရြာ ေဒသခံ ကိုကိုႏိုင္က ေျပာသည္။အဆိုပါ ခရုမ်ားမွာ ၾသဂုတ္ ပထမ အပါတ္က တစ္ႀကိမ္ အနည္းအငယ္ ေရာက္ရွိေနၿပီး ေအာက္တိုဘာ ၁၆ ရက္တြင္ တစ္ဦးလ်င္ ၂ တင္းခန္႔အထိ ေကာက္ယူ ရရွိေနၿပီး …..

ယင္းခရုမ်ား ေရာက္ရွိေနသည့္အတြက္ ငလ်င္ေဘး၊ ေရေဘး၊မုန္တိုင္းေဘးစသည့္ ဆိုးဝါး သဘာဝေဘးအႏၲရာယ္တစ္ခုခုႀကံဳခဲ႔ မည့္အတိတ္နမိတ္ေပးျခင္းဟုယူဆၾက ၿပီး စိုးရိမ္ေနၾကၿပီး အခ်ဳိ႕ေဒသခံမ်ားမွ ခ်က္စားေနၾကေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

”အဲ႔ခရုေတြက ေရေအာက္မွာ ေနတဲ႔ သတၱဝါပါ အခုလို ေပၚထြက္လာေတာ့ တစ္ခါမွ မေတြ႕ဖူးပါဘူး အခုက ေအာက္က ေျမ ေရေတာင္မေတြ႕ရပါဘူး ခရုပဲေတြ႕ရတယ္ အခ်ဳိ႕ကလည္း ခ်က္စားဖိုး လာေကာက္ၾကတာ ေတြ႕ရပါတယ္ …..

အျခားထူးျခားတာေတာ့ မေတြ႕ရပါဘူး ….စားေတာ့လည္း ဘာအႏၲရာယ္မွ မျဖစ္ၾကပါဘူး …..သဘာဝေဘး အႏၲရာယ္ ဆိုးဆိုးဝါးဝါး က်ေရာက္မယ့္ အေျခအေနကို ျပေနတာလို႔ ယုံၾကည္ေနၾကပါတယ္”ဟု သဇင္ေက်းရြာမွ ေဒသခံ ေဒၚေသးေသးက ေျပာသည္။

အဆိုပါ ခရုပုံသ႑န္မွာ အခြ်န္၊ အလိမ္ အရစ္မ်ားျဖစ္ၿပီး အဝါ အနက္စပ္အေရာ င္ျဖစ္ၿပီး လက္တေလာ ေကာက္ယူခ်က္စား ေနၾကေသာ္လည္း အႏၲရာယ္ျဖစ္တာ မေတြ႕ရေၾကာင္း သိရသည္။

သတင္းတာဝန္ခံ – ေက်ာ္ေခတ္လင္း #AlinnMyay(အလင္းေျမ)