17.10.2019 မှ 23.10.2019 အထိ တစ်ပတ်စာရရက်သားသမီးဟောစာတမ်း
ဗေဒင်ကဏ္ဍ
17.10.2019 မှ 23.10.2019 အထိ တစ်ပတ်စာရရက်သားသမီးဟောစာတမ်း
တနဂ်နွေ
ဒီကာလအတွင်းအလုပ်၊ဋ္ဌာန၊ရာထူးပြောင်းရွှေ့ရန်လွယ်ကူပါတယ်။ ကောင်းသောပြောင်းလဲခြင်းတော့မဟုတ်ပါဘူး။ ခရီးတွေသွားရလိမ့်မယ်။ ခရီးကနေအကျိုးအမြတ်တစ်စုံတစ်ရာရလာလိမ့်မယ်။ ယာဉ်ကား၊အဝတ်အ စားနှင့် လက်ဝတ်ရတနာများကနေ အမြတ်အစွန်းရပါလိမ့်မယ်။
အနုပညာရှင်များငွေဝင်ကောင်းသောအချိန်ပဲဖြစ် ပါတယ်။ခေါင်းဆောင်များကောင်းစွာအုပ်ချုပ်နိုင်မဲ့နေ့ရက်တွေပါပဲ။ အိုးအိမ်နဲ့ပက်သက်တဲ့ကိစ္စမှန်သမျှအဆင်ပြေ မည် ။ အိမ်ပြောင်းခြင်း၊ အိမ်တတ်ခြင်းများဆောင်ရွက်နိုင်ပါတယ်။ မိသားစုုစီးပွားရေးများအောင်မြင်လွယ်ပါတယ်။
သားသမီးများထောက်ပံ့တာမျိုးတွေကြုံရတတ်ပါတယ်။အထက်လူကြီးတွေ၊အကြီးအကဲတွေကို မိမိတောင်းဆို တင်ပြချင်တာတွေအတွက် ဆွေးနွေးအဖြေရှာလို့ကောင်းပါတယ်။ကျန်းမာရေးကတော့ ပါးစပ်မှာအနာလေးတွေဖြစ် ရတတ်ပါတယ်။ အပူငြိမ်းအောင်နေပါ။
အချစ်ရေးမှာတော့ အချစ်ကအနားမှာမရှိ အထီးကျန်တဲ့အချိန်တွေကို ဖြတ်သန်းနေရတတ်ပါတယ်။အိမ်ထောင်ရေးသာယာအဆင်ပြေပြီး မိသားစုအတွင်းပျော်စရာတွေဖန်တီးနိုင်ပါလိမ့် မယ်။ ပညာရေးကံအကောင်းဆုံးပါပဲ။ အရမ်းကိုဉာဏ်ထက်မြက်ပြီး ပညာအပေါ်အားစိုက်လုပ်နေတတ်ပါတယ်။
အကျိုးပေးဂဏန်း 4/8/6 / အထူးဟော ကံမြင့်မားနေမည်။ ယတြာ ပန်းပေါင်းစုံ ၅မျိုးဘုရားကိုကပ်လှူပေးပါ။
တနင်္လာ
ဒီကာလအတွင်းပညာရေးနဲ့ဆိုိင်သောစီးပွားများ၊ဘဏ်လုပ်ငန်းများအကျိုးဆောင်လုပ်ငန်းများတိုးတတ်ပါ လိမ့်မယ်။ဆောက်လုပ်ရေးနှင့်စက်ပစ္စည်း ၊လျှပ်စစ်ပစ္စည်းများအရောင်းအဝယ်ဖြစ်လိမ့်မယ်။အိမ်ပြင်၊ဆိုင်ပြင်လုပ် မယ်ဆိုရင်တော့ မှန်းထားသည်ထပ်ပိုကုန်ကျနိုင်ပါတယ်။
ဒါပေမဲ့ ကံကောင်းတာက အဘက်ဘက်ကငွေဝင်လာ တတ်ပါတယ်။လူမှုရေးကိစ္စများအဘက်ဘက်ကအဆင်ပြေပါလိမ့်မယ်။ ငွေကြေးတောင်းခံခြင်း၊ ငွေချေးငှားခြင်း တွေကိုဆောင်ရွက်လို့ကောင်းပါတယ်။ အလုပ်လုပ်ကိုင်ရာမှာတော့ အားပေးမှုကူညီမှုတွေအများကြီးရပါလိမ့်မယ်။
သားသမီးအတွက်ပူပန်ရတတ်ပါတယ်။အထူးသဖြင့် သားသမီးပညာရေးအတွက် ရတတ်မအေးဖြစ်ရတတ်ပါတယ်။ ကျန်းမာရေးကတော့ ရင်ကျပ်ချောင်းဆိုးလောက်ပဲဖြစ်တတ်ပါတယ်။ဆေးစစ်၊သွေးစစ်ခြင်းများဆောင်ရွက်မယ်ဆို ဒီကာလကသင့်တော်ပါတယ်။
အချစ်ရေးကိစ္စတွေမှာတော့ ကိုယ်တိုင်မင်္ဂလာကိစ္စမကြုံရင် သူများမင်္ဂလာကိစ္စတွေ ကိုလိုက်ပါဆောင်ရွက်ရတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်က ရဲဘော်ရဲဘက်စိတ်နဲ့မိမိလို အင်တွေကိုဖြည့်ဆည်းပေးပါလိမ့်မယ်။ ပညာရေးမှာတော့စာမေးပွဲကိစ္စတွေအဆင်ပြေပါလိမ့်မယ်။
အကျိုးပေးဂဏန်း 7/9/0 / အထူးဟော လူချစ်လူခင်များလိမ့်မယ်။ ယတြာ ….ငါးလွှတ်၊ငါးစာကျွေးပါ။
အင်္ဂါ
ဒီကာလဟာအလုပ်တွေပိနေတတ်ပါတယ်။ စက်ကားယန္တရားနဲ့ပက်သက်တဲ့အလုပ်တွေပိုမိုပင်ပန်းတတ်ပါ တယ်။ အောက်လက်ငယ်သားများနဲ့ တတ်ညီလက်ညီဆောင်ရွက်မှအဆင်ပြေပါလိမ့်မယ်။ အလုပ်အော်ဒါတွေများလာပြီးစရံငွေတွေရလာတတ်ပါတယ်။
မိသားစုအပူတွေတော့ တွေ့ရတတ်ပါတယ်။ နမောနမဲ့လုပ်ကိုင်ကြသူများ ထိခိုက်ရှနာဖြစ်လွယ်ပါတယ်။ ဘာလုပ်လုပ်သတိကပ်ပြီးလုပ်ကိုင်စေချင်ပါတယ်။ စီစဉ်ထားတဲ့ခရီးတွေပျက်ရတတ် ပါတယ်။ စိတ်ထဲကြိုတင်ကြံစည်ထားတာတွေက ဖြစ်မလာဘဲမကြံစည်ထားတာတွေကဖြစ်လာတတ်ပါတယ်။
မိတ် ဆွေများကြောင့့်ပြဿ နာပေါ်တတ်ပါတယ်။ သူများပြဿ နာတွေလိုက်လံဖြေရှင်းပေးရတတ်ပါတယ်။ကျန်းမာရေး ကတော့ ဂရုစိုက်ဖို့လိုပါတယ်။ နှလုံးရောဂါ၊ကျောက်ကပ်နှင့်ဆီးရောဂါတွေကိုဂရုစိုက်ပေးပါ။အချစ်ရေးတွေမှာတော့ ရင်ခုန်သံမြန်နေလိမ့်မယ်။
အချစ်ဆိုတာကို ထိတွေ့ခံစားရလိမ့်မယ်။ လျှို့ဝှက်သောအချစ်ရေးတွေက ပိုမိုခိုင်မြဲ တတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ နှစ်ဖက်ဆွေမျိုးအသိုင်းအဝိုင်းကြောင့်လင်မယားချင်းစကားများရမည်။ ပညာရေးမှာတော့ ထင်ထားသည်ထက် စာမေးပွဲကံတွေညံံံ့နေတတ်ပါတယ်။
အကျိုးပေးဂဏန်း 2/3/8 / အထူးဟော ကံည့့ံနေမည်။ ယတြာ…..မိိမိထက်နွမ်းပါးသူကို စားဆီတတ်နိုင်သလောက်လှူလိုက်ပါ။
ဗုဒ္ဓဟူး/ရာဟု
ဒီတစ်ပတ်အတွင်းငွေရလွယ်နေတတ်ပါတယ်။ အရာင်းအဝယ်၊ဆက်သွယ်ရေးနှင့် ကြော်ငြာလုပ်ငန်းများ အရာထင်သောအချိန်ဖြစ်ပါတယ်။စိတ်ကူးထားသမျှလက်တွေ့ဖြစ်လာတတ်ပါတယ်။ အတိုက်အခံရန်အလွန်များ တယ်။ အုပ်စုဖွဲ့ပြီးချောက်ချခြင်းတွေကိုခံရတတ်ပါတယ်။
မိမိကိုယ်တိုင်က ကြံကြံခံရင်ဆိုင်နိုင်မှရပါလိမ့်မယ်။ မိသား စုအတွင်း မိမိထက်ကြီးသူများကြောင့် ငွေကုန်ရတတ်ပါတယ်။ ဉာဏ်နှင့် ဝီရိယစွမ်အားကြောင့် ထိပ်ဆုံးရောက် မည်။ ယောကျာ်းလေးများသတိထားပါ။ မိန်းမအနှောက်အယှက်ရှိပါတယ်။
ရန်အတိုက်အခံတွေကို ထိပ်တိုက်မရင် ဆိုင်ဘဲ မေတ္တာနဲ့ဖြေရှင်းလိုက်ပါ။ မိတ်ဆွေအတုအယောင်တွေရဲ့ စိတ်ဓာတ်ကိုဘွင်ဘွင်ရှင်းရှင်းမြင်ရတတ်ပါတယ်။ ကျန်းမာရေးကိစ္စတွေမှာ ကြီးမားတဲ့ရောဂါတွေမမြင်ပေ။ မျက်စိနာတာမျိုး တော့ဖြစ်တတ်ပါတယ်။ဆူပူလွန်းတဲ့နေ ရာတွေကိုတော့ရှောင်ပါ။
အချစ်ရေးအဆင်ပြေချောမွေ့ပါလိမ့်မယ်။ချစ်သူခင်သူပေါလိမ့်မယ်။ ချစ်သူသစ်ရလွယ် ပါတယ်။ အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်ရဲ့ကျန်းမာရေးကိုဂရုစိုက်နေရတတ်ပါတယ်။ ပညာရေးအလွန် ကောင်းတယ်။ မိမိကြိုးစားသည်ထက်ပိုမိုရလဒ်ကောင်းတတ်ပါတယ်။
အကျိူပေးဂဏန်း 2/4/5 / အထူးဟော ကံသင့်ပါတယ်။ယတြာ ….အကြော်စုံဘုရားကပ်လှူပေးပါ။
ကြာသပတေး
ဒီကာလဟာအောင်မြင်မှုပန်းတိုင်ကိုလှမ်းမြင်ရတတ်ပါတယ်။စီးပွားရေးခြေလှမ်းတိုင်းခပ်သွက်သွက်ဖြင့် လုပ်ကိုင်နေဖြစ်ပါလိမ့်မယ်။ စပ်တူနှင့်အကျိုးဆောင်လုပ်ငန်းများလဲအောင်မြင်တတ်ပါတယ်။ အလုပ်သမားတွေခန့် အပ်တာမျိုးတွေ၊ဝန်ထမ်းခန့်တာမျိုးတွေဆောင်ရွက်သင့်ပါတယ်။
မိသားစုအတွင်းမိမိစိတ်တိုင်းကျစီမံခွင့်တွေရလာတတ်ပါတယ်။ မိမိအရေးထက် ဆွေမျိုးသားချင်းအရေးကိစ္စတွေကိုလုပ်ပါဆောင်ရွက်နေရတတ်ပါတယ်။ ရင်းနှီးမြုပ် နှံထားတဲ့အလုပ်တွေကနေအမြတ်တွေစတင်ရပါလိမ့်မယ်။ အပျော်အပါးနှင့်အသောက်အစားကိုလျှော့ပါ။
အောက် ခြေလွတ်ပြီး ဘဝင်စကားတွေပြောမိနေတတ်ပါတယ်။မိတ်ကောင်းဆွေကောင်းတွေရဲ့အကူအညီတွေရလိမ့်မယ်။ မိတ်ဆွေသစ်တွေတိုးလာတတ်ပါတယ်။ကျန်းမာရေးကတော့ ခါးရိုးညှပ်ခြင်းတွေဖြစ်ရတတ်ပါတယ်။ ရေပြောင်းမြေ ပြောင်းကြောင့်ဖျားနာတတ်ပါတယ်။
အချစ်ရေးမှာတော့ အတူသွား၊အတူစားနေတဲ့ သူငယ်ချင်းက ချစ်ရေးဆိုတာ မျိုးခံရတတ်ပါတယ်။အိမ်ထောင်ရေးမှာတော့ ပျော်ရွှင်ကြည်နူးရတတ်ပါတယ်။ ကိုယ့်ထက်ငယ်သူယူထားရင် တော့သူအတွက်ပူပန်ရတတ်ပါတယ်။ ပညာရေးမှာအထူးကောင်းမည်။ မိမိကကြိုးစားဖို့ပဲလိုပါတယ်။
အကျိုးပေးဂဏန်း 3/5/6 / အထူးဟော အလုပ်အကိုင်စီးပွားတွေတိုးတတ်မည်။ယတြာ …..ပန်းသစ်တော်ဘုရားကပ်လှူပေးပါ။
သောကြာ
ဒီကာလဟာ အလုပ်များသလောက်စကားပြောများရတဲ့အချိန်လဲဖြစ်ပါတယ်။အဟောင်းတွေ၊တစ်ပတ် ရစ်ပစ္စည်းတွေရင်းနှီးမြုပ်နှံထားရာမှ အမြတ်ပြန်ပေါ်မဲ့ကာလပါပဲ။ မိမိလက်ဝယ်ရှိတဲ့ယာဉ်ကားများ ပြင်ဆင်ရတာ မျိုးတွေကြုံရတတ်ပါတယ်။
ရတနာနှင့်သတ္ထုတူးဖော်ရေးလုပ်ငန်းများ အဆုုံးအရှုံးများနိုင်ပါတယ်။ အောက်လက် ငယ်သားတွေသစ္စာဖောက်သွားတတ်ပါတယ်။ စားသောက်ကုန်လုပ်ငန်းများမိမိကုန်ပစ္စည်းကိုခိုတာမျိုးမလုပ်ပါနဲ့။ နာမည်ပျက်ရတတ်ပါတယ်။ စိတ်ကူးထားသမျှလက်တွေ့ဖြစ်မြောက်ဖို့မလွယ်ပါဘူး။
အခြေအနေသုံးသပ်ပြီးမှ လုပ်ကိုင်ဆောင်ရွက်လို့သင့်ပါတယ်။ကျန်းမာရေးနဲ့ပက်သက်ပြီးအညံ့အဆိုးတွေကြုံနေရတတ်ပါတယ်။အဓိက တော့ညဘက်တွေမှာအိပ်မပျော်တာမျိုးတွေဖြစ်တတ်ပါတယ်။ ပြောသမျှ အပေါက်အလမ်းမတည့်၊လုပ်ဖော်ကိုင် ဘက်တွေနဲ့စိတ်ချင်းမတိုက်ဆိုင်ဆိုတာမျိုးဖြစ်ရတတ်ပါတယ်။
ဆုံးရှုံးသွားသောချစ်သူဟောင်းကိုပြန်လည်တမ်းတ နေမိတတ်ပါတယ်။ အချစ်ရေးမှာအပျော်ထက် အလွမ်းကပိုများမည်။ ပညာရေးမှာတော့အသက်မွေးမှုပညာတွေ ကိုတော့ဦးစားပေးသင်ယူခွင့်ရပါလိမ့်မယ်။
အကျိုးပေးဂဏန်း 1/5/7 / အထူးဟော အလုပ်များနေတတ်ပါတယ်။ယတြာ …မိမိနှစ်သက်ရာပရိတ်ပဋ္ဌာန်းတွေကိုရွတ်ပွားပူဇော်လိုက်ပါ။
စနေ
ဒီလိုကာလတွေမှာတော့ စပ်တူရှယ်ယာတွေကနေခွဲထွက်ပြီး ကိုယ်ပိုင်လုပ်ကိုင်တွေကပိုမိုအောင်မြင်တတ် ပါတယ်။အလုပ်သမားနှင့်ဝန်ထမ်းများတာဝန်အကြီးတွေယူရတတ်ပါတယ်။ စိတ်ပင်ပန်း၊လူပင်ပန်းစရာတွေများ နေတတ်ပါတယ်။ ဆက်သွယ်ရေးနှင့် နည်းပညာလုပ်ငန်းများသိသာထင်ရှားစွာအနှောက်အယှက်ကြုံတတ်ပါ တယ်။
လုပ်ငန်းသုံး account တွေ hack ခံနေရတတ်ပါတယ်။ ရပ်ဝေးကိစ္စတွေခရီးတွေကိစ္စတွေမှာတော့ ထင် သလောက်အဆင်မပြေတတ်ပါဘူး။ ပြဿနာဟောင်းအမှုဟောင်းတွေပေါ်လာတတ်ပါတယ်။လုပ်ငန်းသစ်စထား သူများလုပ်ငန်းတွေရှေ့မရောက်သလိုဖြစ်နေတတ်ပါတယ်။
ကောင်းတာက အလုပ်လဲလုပ် အနားယူချိန်တွေကို လဲ ယူပြီးလုပ်ပါလိို့ တိုက်တွန်းလို်ပါတယ်။ စိတ်အပြောင်းအလဲမြန်နေတဲ့မိမိစိတ်ကို ထိန်းချုပ်ဖို့လိုပါတယ်။ ကျန်းမာရေးခေါင်းကိုက်ခေါင်းမူးဖြစ်လွယ်ပါတယ်။ သွေးတိုးသမားများ ပိုမိုဂရုစိုက်ပါ။
အချစ်ရေးကိစ္စတွေကိုတော့ ကိုင်တွယ်တတ်ဖို့လိုပါတယ်။ ချစ်သူရဲ့သဘောဆန္ဒကိုနားမလည်သလိုဖြစ်ရတတ်ပါတယ်။ အိမ်ထောင်ရေးကတော့ ထင်ထားသည်ထက်ပိုမိုငြိမ်းချမ်းနေတတ်ပါတယ်။ ပညာရေးအလွန်ကောင်းပါတယ်။ ကြိုးစားစေချင်ပါတယ်။
အကျိုးပေးဂဏန်း 1/5/0 / အထူးဟော စိုးရိမ်စရာများနေမယ်…..ယတြာ ထီးဖိနပ်အစုတ်အပြတ်တွေ ရှိရင်စွန့်ပစ်လိုက်ပါ။ခြိုးနစေဉျ ရကေနျထဲမှာပဲ အဓမျမပှုကငွ့ခြံရ
ZAWGYI
17.10.2019 မှ 23.10.2019 အထိ တစ်ပတ်စာ၇ရက်သားသမီးဟောစာတမ်း
တနဂ်နွေ
တနင်္လာ
အင်္ဂါ
အကျိုးပေးဂဏန်း 2/3/8 / အထူးဟော ကံညံ့နေမည်။ ယတြာ…..မိမိထက်နွမ်းပါးသူကို စားဆီတတ်နိုင်သလောက်လှူလိုက်ပါ။
ဗုဒ္ဓဟူး/ရာဟု
ကြာသပတေး
သောကြာ
စနေ