ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ပြောဆိုချက်အပေါ် အရေးယူမှုလုပ်ပေးဖို့တောင်းဆို

ပြည်တွင်းသတင်း

လမ်းဘေးက ပေါက်လွှတ်ပဲစား ပုံစံမျိုး ပြောပုံဆိုပုံဟာ ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့တင် မဟုတ်ဘူး။ အမျိုသားတစ်ယောက်အနေနဲ့ ဒီလိုမျိုးပြောတာဟာ အမျိုးသမီးထုအားလုံးကို စော်ကားသလိုပဲဖြစ်ပါတယ်…▪️

ဦးဝင်းသိန်း(ပဲခူးတိုင်ဒေသကြီးဝန်ကြီးချုပ်)

“ဝန်ထမ်းအိမ်ရာ မရှိတာကောင်းတယ်။ ဆရာ/ဆရာမတွေ ရပ်ထဲရွာထဲ နေတော့ ဒီကရွာသူရွာသားနဲ့အိမ်ထောင်ကျ။ အဲဒါမှပြန်ပြောင်း မသွားမှာ၊ ပြန်ပြောင်းသွားရင် ဝန်ထမ်းလိုအပ်ချက်ရှိပြီ။ လူငယ်လေးတွေ ကလည်း ဆရာမတွေကို ရည်စားစကားလိုက်ပြောကြ။ ဒါမှ ရွာမှာမြဲမှာ”

မှတ်ချက် ။ ။ ၂၀၁၉၊ အောက်တိုဘာလ(၅)ရက်နေ့ က ပဲခူးတိုင်း ဝန်ကြီးချုပ်နှင့် ဒမငယ်သစ်ချိုခြံ လူထုတွေ့ဆုံပွဲတွင် ပညာရေးဝန်ထမ်း ဆရာ၊ဆရာမ များနေထိုင်ရေးနှင့်ပတ်သက်၍ ကျေးရွာလူထုမှ တင်ပြရာတွင် ပဲခူးတိုင်းဝန်ကြီး၏ ပြန်လည်ပြောကြားချက်ဖြစ်သည်။

ယခုကဲ့သို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၏ ပြောကြားမှုသည် အမျိုးသမီး ပညာရေးဝန်ထမ်းများ အကြမ်းဖက် ခံရမှုနှင့်ဘဝလုံခြုံမှုကို ထိပါးနှောင့်ယှက်စေရန် အားပေးလှုံ့ဆော်မှုဖြစ်၍ ပြင်းထန်စွာ ကန့်ကွက်ကြောင်း အခြေခံပညာ ပညာရေး လုပ်သားသမဂ္ဂများ ဗဟိုအလုပ်အမှုဆောင်ကော်မတီ က ကြေညာချက်တစ်စောင်အား ၂၀၁၉၊အောက်တိုဘာလ (၁၁)ရက်နေ့ကထုတ်ပြန်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ပြောကြားမှုနှင့် ပတ်သက်၍ အများပြည်သူကြား ပြင်းထန်စွာဝေဖန်ပြောဆိုမှုများရှိနေပြီး အဆိုပါအခြေအနေ များနှင့် ပတ်သက်၍ လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ အမြင်များကို ငြမ်းမီဒီယာ က စုစည်းဖော်ပြလိုက်သည်။

ဒေါ်လေးလေးမွန် (နိုင်ငံရေးအကျဉ်းသူဟောင်း)

သာမန်လိုတွေးရင် ဒါကဘာမှမဟုတ်ဘူး။ သူ့အရပ်၊သူ့ဇာတ်နဲ့ လိုက်ဖက်အောင် ရယ်သွမ်းဖွဲ့ပြောတဲ့ စကားပဲ။ ဒါပေမယ့်ပြောတဲ့ အဆင့်က ဝန်ကြီးချုပ်ဖြစ်နေတာရော ၊နောက်ခံအကြောင်းတွေ ကလည်း တစ်ခုမက ရှိနေတော့ ပြဿနာတက်နိုင်တဲ့ စကားဖြစ်သွားတယ်။

ဖြစ်ချင်တော့ ဆရာ၊ဆရာမတွေကလည်း အစဆွဲချင် တာကြာပြီ ။ စောင့်နေတာ။ ညံ့တဲ့သူခံပဲ။ လွယ်လွယ် ပဲပြောရရင် ဒီလူကြီးက တာဝန်ကနေတောင်နုတ်ထွက် လိုက်တာမျိုး၊ ပြန်တောင်းပန်တာမျိုး လုပ်သင့်တယ်။

ဒေါ်ဇင်မာအောင် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ရန်ကင်းမြို့နယ်)

ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ မပြောသင့်တဲ့စကားပါ။ ဆရာ၊ဆရာမတွေ ရွာမှာ မြဲ၊ မမြဲ ဆိုတာ Public Policy နဲ့ Budget ဆိုင်ရာစိန်ခေါ်မှုပါ။ အဲဒီလို Policy ပိုင်းဆိုင်ရာ ကိစ္စသေချာ အလေးအနက်ထား ဆောင်ရွက်ရမယ့်ကိစ္စကို ဝန်ကြီးချုပ်တစ်ယောက် အနေနဲ့ လက်လွှတ်စပယ် အခုလို မပြောသင့်ပါဘူး။

ဒေါက်တာအာကာမိုးသူ(ကထိက၊အရှေ့တိုင်းပညာဌာန)

သားသတ်သမားက သားကိုသတ်ရင် ဒါက သူ့ရဲ့ လုပ်နေကျ အလုပ်။ သူတော်စင်တစ်ယောက်၊ ရဟန်းသံဃာ တစ်ပါးက သားသတ်တယ်လို့ ပြောရင် ဒါကအပြစ်လာဖြစ်တာ။ ပဲခူးတိုင်း ဝန်ကြီးချုပ် နေရာယူထားတဲ့တာဝန်နဲ့ ပြောတဲ့စကားက ပြောရမယ်ဆိုရင် လူ့အဖွဲ့အစည်းကို အန္တရာယ်လာရှိစေတဲ့ စကားလာဖြစ်တာ။

ဒီစကားအပေါ် ကျနော်တို့ သဘော မတူဘူး။ လမ်းဘေးမှာ ရယ်စရာအနေနဲ့ ပြောတဲ့စကား ကို ပေါ်လစီအနေနဲ့ပြောရင် အန္တရာယ်သိပ်ရှိတဲ့စကားဖြစ်နေတယ်။ ဆရာ၊ဆရာမတွေရဲ့ဘဝကို နှိမ်ချပြောဆိုနေတဲ့သဘောဖြစ်သလို လူမှုဘဝ လုံခြုံမှုကို အန္တရာယ် ရှိစေတဲ့စကားရပ်အဖြစ်မြင်တယ်။ ဝန်ကြီးချုပ်ရဲ့အဲဒီစကားကို ကျနော်တို့ကန့်ကွက် တယ်။ရှုတ်ချတယ်။

မုံရွာအောင်ရှင် (NLD ဗဟိုပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး)

ကျနော့်အမြင်ကတော့ ပဲခူးတိုင်းဝန်ကြီးချုပ်က သူ့ရဲ့ ဝသီလို့ပဲ ဆိုပါစို့။ သူလုပ်လေ့လုပ်ထရှိတယ်။ အရပ်ထဲမှာပြောသလို သူပြောလေ့ပြောထရှိတယ်ဗျ။ ဒီတစ်ကြိမ်တင်မဟုတ်ဘူး။ ကျနော်တွေ့နေတာ နှစ်ကြိမ်၊သုံးကြိမ် ရှိပြီ။ ခဏခဏ ရပ်ရွာအနေနဲ့ ကသိကအောင့်ဖြစ်တာပေါ့ဗျာ။ ကျနော့်ကို မေးကြတယ်။

ဒါကိုပါတီက အရေးယူတာတွေလုပ်နိုင်သလားဆိုတော့ ဝန်ကြီးချုပ်ကိစ္စတွေကျတော့ နိုင်ငံတော်သမ္မတ တို့ ၊ဒေါ်အောင်ဆန်းစုကြည်တို့ အဲလိုပုဂ္ဂိုလ်တွေကနေပြီးတော့ပဲ အဓိက ကိုင်တွယ်ကြတာလေ။ ပါတီအနေနဲ့ ဒီကိစ္စကို ကိုင်တွယ်တာ ကျနော်မကြုံဖူးဘူး။ လွှတ်တော် ကိုယ်စားလှယ်ကိစ္စဆိုပါတီက ကိုင်တယ်။ဝန်ကြီးချုပ် ကိစ္စက တော့မသေချာဘူး။

ကိုင်တွယ်မယ်လို့ ကျနော်အတိအကျ မပြောဘူး။ တကယ်တမ်းကိုင်တွယ်မယ်ဆိုရင် သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ကပဲ ခေါ်ပြောတာပြုတာ ဖြစ်နိုင်စရာ ရှိပါတယ်။ ကျနော့်သဘောကတော့ ကိုယ်ကလူကြီး တစ်ယောက်ပဲဗျာ။ ပြည်သူလူထုကလေးစား တယ်။

ပြည်သူ လူထုက မျှော်လင့်ထားတဲ့လူကြီး တစ်ယောက်က လက်လွတ်စပယ် ဟာသပြောတာပဲဖြစ်ဖြစ် ၊ပျော်စရာ၊ ရယ်စရာ ပြောတာပဲဖြစ်ဖြစ်ဖြစ် မပြောသင့်ဘူးလို့ ကျနော်တော့မြင်ပါတယ်။

ဒေါ်ခင်လေး(Triangle Women Support Group ၏ Founder & Director)

ဒီဝန်ကြီးချုပ်ပြောတဲ့ဟာက ပထမအကြိမ်လည်း မဟုတ်တော့ ဘူး။ ဒီလိုပဲ သူထင်ရာမြင်ရာတွေ လျောက်ပြော တာ။ အရင်တုန်းကလည်းပြောခဲ့တာ ရှိတယ်။ အခုလိုပြောတဲ့ အပေါ်မှာ လုံးဝ ပြင်းပြင်းထန်ထန် ရှုတ်ချ တယ်။

ဘာဖြစ် လို့လဲဆိုတော့ ဒီအချိန်မှာ ဝန်ထမ်းတွေ၊ ဝန်ထမ်း ဆိုတာ မှာတောင် အထူးသဖြင့်တော့ ကျောင်းဆရာ၊ဆရာမတွေရဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုကို အစိုးရအနေနဲ့ ကြိုးစားနေတဲ့ အချိန်ဖြစ်တယ်။

ဝန်ထမ်းတွေရဲ့ဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်နေတဲ့အချိန်မျိုးမှာ ပြည်ထောင်စုအစိုးရရဲ့ မူဝါဒနဲ့လည်း မကိုက်ဘဲ သူထင်ရာမြင်ရာပြောတာဟာ ဒီအစိုးရရဲ့ ပုံရိပ်ကို လည်း အများကြီးထိခိုက်စေတယ်။ နောက်တစ်ခုက အမျိုးသမီး ကျောင်းဆရာမတွေ။ အများစုက ကျောင်းဆရာမတေဖြစ်တယ်ွ။

ဒီလိုမျိုး သူတို့ဘဝလုံခြုံရေး အတွက်၊ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်းစားပေးရမယ့်အစား လမ်းဘေးက ပေါက်လွှတ်ပဲစား ပုံစံမျိုး ပြောပုံဆိုပုံဟာ ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့တင် မဟုတ်ဘူး။ အမျိုသားတစ်ယောက်အနေနဲ့ ဒီလိုမျိုးပြောတာဟာ အမျိုးသမီးထုအားလုံးကို စော်ကားသလိုပဲဖြစ်ပါတယ်။

ဒေါ်တင်တင်ချို(နိုင်ငံရေးအကျဉ်းသူဟောင်း)

ဒါ ဝန်ကြီးချုပ်တစ်ယောက်ပြောရမယ့် စကားလား။ အမျိုးသမီးတွေအပေါ်လုံးလုံးစော်ကားလိုက်တာပဲ ။ အောက်တန်း ကျတဲ့စကားပ။ဲ အစိုးရအဖွဲ့ဝင်တယောက်ဟာ ပြည်သူလူထုကို အကာအကွယ်ပေးရမှာ ဝန်ကြီးချုပ်တယောက်က ဒီလိုပြောပြီဆို မှတော့ ပြည်သူတွေရဲ့ဘဝအကာအကွယ်ဘယ်လောက်မဲ့ပြီလဲ။

#TheNyangNews #ငြမ်းမီဒီယာ #ပဲခူးတိုင်းဝန်ကြီး #ဆရာမ #မှတ်ချက် #ဆရာ #ကျေးရွာ #ပြည်သူ #ပညာရေး Via: မမခါး

zawgyi

လမ္းေဘးက ေပါက္လႊတ္ပဲစား ပံုစံမ်ိဳး ေျပာပံုဆိုပံုဟာ ၀န္ႀကီးခ်ဳပ္တစ္ေယာက္အေနနဲ႔တင္ မဟုတ္ဘူး။ အမ်ိဳသားတစ္ေယာက္အေနနဲ႔ ဒီလိုမ်ိဳးေျပာတာဟာ အမ်ိဳးသမီးထုအားလံုးကို ေစာ္ကားသလိုပဲျဖစ္ပါတယ္…▪️

ဦး၀င္းသိန္း(ပဲခူးတိုင္းေဒသႀကီး၀န္ႀကီးခ်ဳပ္)

“၀န္ထမ္းအိမ္ရာ မရိွတာေကာင္းတယ္။ ဆရာ/ဆရာမေတြ ရပ္ထဲရြာထဲ ေနေတာ့ ဒီကရြာသူရြာသားနဲ႔အိမ္ေထာင္က်။ အဲဒါမွျပန္ေျပာင္း မသြားမွာ၊ ျပန္ေျပာင္းသြားရင္ ၀န္ထမ္းလိုအပ္ခ်က္ရိွၿပီ။ လူငယ္ေလးေတြ ကလည္း ဆရာမေတြကို ရည္စားစကားလိုက္ေျပာၾက။ ဒါမွ ရြာမွာၿမဲမွာ”

မွတ္ခ်က္ ။ ။ ၂၀၁၉၊ ေအာက္တိုဘာလ(၅)ရက္ေန႔ က ပဲခူးတိုင္း ၀န္ႀကီးခ်ဳပ္ႏွင့္ ဒမငယ္သစ္ခ်ိဳၿခံ လူထုေတြ႔ဆံုပြဲတြင္ ပညာေရး၀န္ထမ္း ဆရာ၊ဆရာမ မ်ားေနထိုင္ေရးႏွင့္ပတ္သက္၍ ေက်းရြာလူထုမွ တင္ျပရာတြင္ ပဲခူးတိုင္း၀န္ႀကီး၏ ျပန္လည္ေျပာၾကားခ်က္ျဖစ္သည္။

ယခုကဲ့သို႔ ပဲခူးတိုင္းေဒသႀကီး၀န္ႀကီးခ်ဳပ္၏ ေျပာၾကားမႈသည္ အမ်ိဳးသမီး ပညာေရး၀န္ထမ္းမ်ား အၾကမ္းဖက္ ခံရမႈႏွင့္ဘ၀လံုၿခံဳမႈကို ထိပါးေႏွာင့္ယွက္ေစရန္ အားေပးလံႈ႕ေဆာ္မႈျဖစ္၍ ျပင္းထန္စြာ ကန္႔ကြက္ေၾကာင္း အေျခခံပညာ ပညာေရး လုပ္သားသမဂၢမ်ား ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီ က ေၾကညာခ်က္တစ္ေစာင္အား ၂၀၁၉၊ေအာက္တိုဘာလ (၁၁)ရက္ေန႔ကထုတ္ျပန္ခဲ့သည္။

ပဲခူးတိုင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္၏ေျပာၾကားမႈႏွင့္ ပတ္သက္၍ အမ်ားျပည္သူၾကား ျပင္းထန္စြာေ၀ဖန္ေျပာဆိုမႈမ်ားရိွေနၿပီး အဆိုပါအေျခအေန မ်ားႏွင့္ ပတ္သက္၍ လူပုဂၢိဳလ္တစ္ဦးခ်င္းစီ၏ အျမင္မ်ားကို ျငမ္းမီဒီယာ က စုစည္းေဖာ္ျပလိုက္သည္။

ေဒၚေလးေလးမြန္ (ႏိုင္ငံေရးအက်ဥ္းသူေဟာင္း)

သာမန္လိုေတြးရင္ ဒါကဘာမွမဟုတ္ဘူး။ သူ႔အရပ္၊သူ႔ဇာတ္နဲ႔ လိုက္ဖက္ေအာင္ ရယ္သြမ္းဖြဲ႔ေျပာတဲ့ စကားပဲ။ ဒါေပမယ့္ေျပာတဲ့ အဆင့္က ၀န္ႀကီးခ်ဳပ္ျဖစ္ေနတာေရာ ၊ေနာက္ခံအေၾကာင္းေတြ ကလည္း တစ္ခုမက ရိွေနေတာ့ ျပႆနာတက္ႏိုင္တဲ့ စကားျဖစ္သြားတယ္။

ျဖစ္ခ်င္ေတာ့ ဆရာ၊ဆရာမေတြကလည္း အစဆြဲခ်င္ တာၾကာၿပီ ။ ေစာင့္ေနတာ။ ညံ့တဲ့သူခံပဲ။ လြယ္လြယ္ ပဲေျပာရရင္ ဒီလူႀကီးက တာ၀န္ကေနေတာင္ႏုတ္ထြက္ လိုက္တာမ်ိဳး၊ ျပန္ေတာင္းပန္တာမ်ိဳး လုပ္သင့္တယ္။

ေဒၚဇင္မာေအာင္ (ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္၊ရန္ကင္းၿမိဳ႕နယ္)

၀န္ႀကီးခ်ဳပ္တစ္ေယာက္အေနနဲ႔ မေျပာသင့္တဲ့စကားပါ။ ဆရာ၊ဆရာမေတြ ရြာမွာ ၿမဲ၊ မၿမဲ ဆိုတာ Public Policy နဲ႔ Budget ဆိုင္ရာစိန္ေခၚမႈပါ။ အဲဒီလို Policy ပိုင္းဆိုင္ရာ ကိစၥေသခ်ာ အေလးအနက္ထား ေဆာင္ရြက္ရမယ့္ကိစၥကို ၀န္ႀကီးခ်ဳပ္တစ္ေယာက္ အေနနဲ႔ လက္လႊတ္စပယ္ အခုလို မေျပာသင့္ပါဘူး။

ေဒါက္တာအာကာမိုးသူ(ကထိက၊အေရွ႕တိုင္းပညာဌာန)

သားသတ္သမားက သားကိုသတ္ရင္ ဒါက သူ႕ရဲ႕ လုပ္ေနက် အလုပ္။ သူေတာ္စင္တစ္ေယာက္၊ ရဟန္းသံဃာ တစ္ပါးက သားသတ္တယ္လို႔ ေျပာရင္ ဒါကအျပစ္လာျဖစ္တာ။ ပဲခူးတိုင္း ၀န္ႀကီးခ်ဳပ္ ေနရာယူထားတဲ့တာ၀န္နဲ႔ ေျပာတဲ့စကားက ေျပာရမယ္ဆိုရင္ လူ႔အဖြဲ႔အစည္းကို အႏၱရာယ္လာရိွေစတဲ့ စကားလာျဖစ္တာ။

ဒီစကားအေပၚ က်ေနာ္တို႔ သေဘာ မတူဘူး။ လမ္းေဘးမွာ ရယ္စရာအေနနဲ႔ ေျပာတဲ့စကား ကို ေပၚလစီအေနနဲ႔ေျပာရင္ အႏၱရာယ္သိပ္ရိွတဲ့စကားျဖစ္ေနတယ္။ ဆရာ၊ဆရာမေတြရဲ႕ဘ၀ကို ႏွိမ္ခ်ေျပာဆိုေနတဲ့သေဘာျဖစ္သလို လူမႈဘ၀ လံုၿခံဳမႈကို အႏၱရာယ္ ရိွေစတဲ့စကားရပ္အျဖစ္ျမင္တယ္။ ၀န္ႀကီးခ်ဳပ္ရဲ႕အဲဒီစကားကို က်ေနာ္တို႔ကန္႔ကြက္ တယ္။ရႈတ္ခ်တယ္။

မံုရြာေအာင္ရွင္ (NLD ဗဟိုျပန္ၾကားေရး ေကာ္မတီ အတြင္းေရးမွဴး)

က်ေနာ့္အျမင္ကေတာ့ ပဲခူးတိုင္း၀န္ႀကီးခ်ဳပ္က သူ႔ရဲ႕ ၀သီလို႔ပဲ ဆိုပါစို႔။ သူလုပ္ေလ့လုပ္ထရိွတယ္။ အရပ္ထဲမွာေျပာသလို သူေျပာေလ့ေျပာထရိွတယ္ဗ်။ ဒီတစ္ႀကိမ္တင္မဟုတ္ဘူး။ က်ေနာ္ေတြ႔ေနတာ ႏွစ္ႀကိမ္၊သံုးႀကိမ္ ရိွၿပီ။ ခဏခဏ ရပ္ရြာအေနနဲ႔ ကသိကေအာင့္ျဖစ္တာေပါ့ဗ်ာ။ က်ေနာ့္ကို ေမးၾကတယ္။

ဒါကိုပါတီက အေရးယူတာေတြလုပ္ႏိုင္သလားဆိုေတာ့ ၀န္ႀကီးခ်ဳပ္ကိစၥေတြက်ေတာ့ ႏိုင္ငံေတာ္သမၼတ တို႔ ၊ေဒၚေအာင္ဆန္းစုၾကည္တို႔ အဲလိုပုဂၢိဳလ္ေတြကေနၿပီးေတာ့ပဲ အဓိက ကိုင္တြယ္ၾကတာေလ။ ပါတီအေနနဲ႔ ဒီကိစၥကို ကိုင္တြယ္တာ က်ေနာ္မႀကံဳဖူးဘူး။ လႊတ္ေတာ္ ကိုယ္စားလွယ္ကိစၥဆိုပါတီက ကိုင္တယ္။၀န္ႀကီးခ်ဳပ္ ကိစၥက ေတာ့မေသခ်ာဘူး။

ကိုင္တြယ္မယ္လို႔ က်ေနာ္အတိအက် မေျပာဘူး။ တကယ္တမ္းကိုင္တြယ္မယ္ဆိုရင္ သမၼတနဲ႔ အတိုင္ပင္ခံပုဂၢိဳလ္ကပဲ ေခၚေျပာတာျပဳတာ ျဖစ္ႏိုင္စရာ ရိွပါတယ္။ က်ေနာ့္သေဘာကေတာ့ ကိုယ္ကလူႀကီး တစ္ေယာက္ပဲဗ်ာ။ ျပည္သူလူထုကေလးစား တယ္။

ျပည္သူ လူထုက ေမွ်ာ္လင့္ထားတဲ့လူႀကီး တစ္ေယာက္က လက္လြတ္စပယ္ ဟာသေျပာတာပဲျဖစ္ျဖစ္ ၊ေပ်ာ္စရာ၊ ရယ္စရာ ေျပာတာပဲျဖစ္ျဖစ္ျဖစ္ မေျပာသင့္ဘူးလို႔ က်ေနာ္ေတာ့ျမင္ပါတယ္။

ေဒၚခင္ေလး(Triangle Women Support Group ၏ Founder & Director)

ဒီ၀န္ႀကီးခ်ဳပ္ေျပာတဲ့ဟာက ပထမအႀကိမ္လည္း မဟုတ္ေတာ့ ဘူး။ ဒီလိုပဲ သူထင္ရာျမင္ရာေတြ ေလ်ာက္ေျပာ တာ။ အရင္တုန္းကလည္းေျပာခဲ့တာ ရိွတယ္။ အခုလိုေျပာတဲ့ အေပၚမွာ လံုး၀ ျပင္းျပင္းထန္ထန္ ရႈတ္ခ် တယ္။

ဘာျဖစ္ လို႔လဲဆိုေတာ့ ဒီအခ်ိန္မွာ ၀န္ထမ္းေတြ၊ ၀န္ထမ္း ဆိုတာ မွာေတာင္ အထူးသျဖင့္ေတာ့ ေက်ာင္းဆရာ၊ဆရာမေတြရဲ႕ ပညာေရးျပဳျပင္ေျပာင္းလဲမႈကို အစိုးရအေနနဲ႔ ႀကိဳးစားေနတဲ့ အခ်ိန္ျဖစ္တယ္။

၀န္ထမ္းေတြရဲ႕ဘ၀ ဖြံ႔ၿဖိဳးတိုးတက္ေရး လုပ္ေနတဲ့အခ်ိန္မ်ိဳးမွာ ျပည္ေထာင္စုအစိုးရရဲ႕ မူ၀ါဒနဲ႔လည္း မကိုက္ဘဲ သူထင္ရာျမင္ရာေျပာတာဟာ ဒီအစိုးရရဲ႕ ပံုရိပ္ကို လည္း အမ်ားႀကီးထိခိုက္ေစတယ္။ ေနာက္တစ္ခုက အမ်ိဳးသမီး ေက်ာင္းဆရာမေတြ။ အမ်ားစုက ေက်ာင္းဆရာမေတျဖစ္တယ္ြ။

ဒီလိုမ်ိဳး သူတို႔ဘ၀လံုၿခံဳေရး အတြက္၊ဖြံ႔ၿဖိဳးတိုးတက္ေရးအတြက္ စဥ္းစားေပးရမယ့္အစား လမ္းေဘးက ေပါက္လႊတ္ပဲစား ပံုစံမ်ိဳး ေျပာပံုဆိုပံုဟာ ၀န္ႀကီးခ်ဳပ္တစ္ေယာက္အေနနဲ႔တင္ မဟုတ္ဘူး။ အမ်ိဳသားတစ္ေယာက္အေနနဲ႔ ဒီလိုမ်ိဳးေျပာတာဟာ အမ်ိဳးသမီးထုအားလံုးကို ေစာ္ကားသလိုပဲျဖစ္ပါတယ္။

ေဒၚတင္တင္ခ်ိဳ(ႏိုင္ငံေရးအက်ဥ္းသူေဟာင္း)

ဒါ ၀န္ႀကီးခ်ဳပ္တစ္ေယာက္ေျပာရမယ့္ စကားလား။ အမ်ိဳးသမီးေတြအေပၚလံုးလံုးေစာ္ကားလိုက္တာပဲ ။ ေအာက္တန္း က်တဲ့စကားပ။ဲ အစိုးရအဖြဲ႔၀င္တေယာက္ဟာ ျပည္သူလူထုကို အကာအကြယ္ေပးရမွာ ၀န္ႀကီးခ်ဳပ္တေယာက္က ဒီလိုေျပာၿပီဆို မွေတာ့ ျပည္သူေတြရဲ႕ဘ၀အကာအကြယ္ဘယ္ေလာက္မဲ့ၿပီလဲ။

#TheNyangNews #ျငမ္းမီဒီယာ #ပဲခူးတိုင္း၀န္ႀကီး #ဆရာမ #မွတ္ခ်က္ #ဆရာ #ေက်းရြာ #ျပည္သူ #ပညာေရး Via: မမခါး