ဂျပန်တွင် မုန်တိုင်း ပြင်းထန်နေသော်လည်း အောင်လပွဲကို မဖျက်သိမ်းဟုဆို

သတင်​းစုံ

ဂျပန်တွင် မုန်တိုင်း ပြင်းထန်နေသော်လည်း အောင်လပွဲကို မဖျက်သိမ်းဟုဆို

ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှာ အင်အားပြင်း တိုင်ဖွန်း မုန်တိုင်း တစ်ခု အခု ရက်သီတင်းပတ်ကုန် ရက်တွေမှာ ဝင်ဖို့ ရှိပေမယ့် ONE ချန်ပီယံရှစ် ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲရဲ့ ရာပြည့် အထူးပွဲကို စီစဉ်ထားတဲ့ အတိုင်း အောက်တိုဘာ ၁၃ ရက် တနင်္ဂနွေနေ့မှာ ကျင်းပမယ်လို့ ONE ချန်ပီယံရှစ်ရဲ့ ဥက္ကဋ္ဌ Chatri Sityodtong က သူ့ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ အောက်တိုဘာ ၁၁ ရက်နေ့ ညပိုင်းက ကြေညာလိုက်ပါတယ်။

အဲဒီပြိုင်ပွဲမှာ မြန်မာပြည်ကိုယ်စားပြုပြီး မြန်မာ့စပါးအုံးမြွေ အောင်လအန်ဆန်နဲ့ ဘူရှီဒို ဖိုးသော် တို့က ယှဉ်ပြိင်ကြဖို့ ရှိနေတာပါ။တိုင်ဖွန်း ဟာဂျီဘစ်စ် (Hagibis) လို့ အမည် ပေးထားတဲ့ အင်အားပြင်း မုန်တိုင်းဟာ တစ်နာရီ မိုင် ၁၁၁ အထိ လေပြင်းအား ရှိနိုင်ပြီး နှစ် ၆၀ အတွင်းမှာ အပြင်းထန်ဆုံး မိုးကြီး ရေလျှံ၊ မြေပြိုမှုတွေ ဖြစ်နိုင်တယ်လို့ ဂျပန် မိုးလေသဝဌာက ခန့်မှန်းထားပါတယ်။

အောက်တိုဘာ ၁၂ ရက် စနေနေ့ (ဒီနေ့) မနက်ပိုင်းက စပြီးတော့ မုန်တိုင်း ကနဦး အဖြစ် မြို့တော် တိုကျို အပါအဝင် နေရာ အတော်များများ မှာ မိုးကြီး လေထန်နေပါတယ်။ဒါပေမယ့် ONE ချန်ပီယံရှစ်ရဲ့ ဥက္ကဋ္ဌရဲ့ လူမှုကွန်ရက် ထုတ်ပြန်ချက်မှာတော့ ONE အနေနဲ့ အချိန်နဲ့ တပြေးညီ ဖမ်းယူနေတဲ့ ကောင်းကင် ဂြိုဟ်တု ပုံရိပ် နည်းပညာ အကူအညီနဲ့ အတူ ကျွမ်းကျင်သူ တွေ၊ အတွေ့အကြုံ ရှိ ဒေသခံတွေနဲ့ တိုင်ပင်ပြီး ဒီပြိုင်ပွဲကို စီစဉ်ထားတဲ့ အတိုင်း ကျင်းပဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

ပွဲကျင်းပမယ့် တနင်္ဂနွေ မနက်ပိုင်း ကျရင် တိုကျိုမှာ ရာသီဥတု ပုံမှန် ပြန် ဖြစ်လာမယ်လို့ ခန့်မှန်းရတယ်လို့ သူက ပြောပါတယ်။ ONE Century လို့ အမည်ပေးထားတဲ့ စင်ကာပူ အခြေစိုက် ONE ချန်ပီယံရှစ်ရဲ့ ပွဲ ၁၀၀ ပြည့် အထိမ်းအမှတ် အထူးပွဲကို အပိုင်း (၁) နဲ့ (၂) ဆိုပြီး မနက်ပိုင်း၊ ညနေပိုင်း ခွဲပြီး ကျင်းပဖို့ စီစဉ်ထားတာပါ။

မြန်မာပြည်က ဖိုးသော် ပါဝင်မယ့် မနက်ပိုင်း အပိုင်း (၁) ပွဲစဉ် အတွက်လည်း လက်မှတ် ဝယ်ပြီး ထားသူတွေအနေနဲ့ မုတ်တိုင်း အရှိန် ကြောင့် လာမကြည့်နိုင်ရင် လက်မှတ်ခ တွေ ပြန် အမ်းမယ်လို့ ONE ရဲ ဥက္ကဋ္ဌက သူ့ဖေ့စ်ဘွတ်ခ်မှာ တပါတည်း ထုတ်ပြန် ကြေညာထားပါတယ်။

ဖိုးသော် ကစားမယ့် ပွဲစဉ်ကတော့ အောက်တိုဘာ ၁၃ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၇ နာရီ ဝန်းကျင်မှာ စတင်ဖို့ ရှိနေပြီး အောင်လအန်ဆန်ရဲ့ လိုက်ဟဲဗီးဝိတ်တန်း ရွှေခါးပတ် ကာကွယ်ပွဲကတော့ မြန်မာစံတော်ချိန် ညနေပိုင်း ၅ နာရီ ဝန်းကျင်လောက်မှာ စတင်ဖို့ ရှိနေပါတယ်။ စိန်ခေါ်သူ ဖိလစ်ပိုင် အနွယ် အမေရိကန်နိုင်ငံသာ ဘရန်ဒါဗဲရာနဲ့ ထိုးရမယ့် အောင်လအန်ဆန်ရဲ့ ပွဲဟာ ပြိုင်ပွဲ တစ်ခုလုံးရဲ့ အဓိက ခေါင်ပွဲ လည်း ဖြစ်ပါတယ်။

ဂျပန်ကို အင်အားပြင်း တိုင်ဖွန်းဝင်ရောက်ချိန်ဟာ ကမ္ဘာ့ဖလား Rugby ပြိုင်ပွဲနဲ့ ဂျပန် ဂရွန်းပရီ ကားမောင်းပြိုင်ပွဲ ကျင်းပချိန်နဲ့လည်း တိုက်ဆိုင်နေပြီး စနေနေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ Rugby ပွဲစဉ် ၂ ခုကို ရွှေ့ဆိုင်းလိုက်ရသလို ကားမောင်းပြိုင်ပွဲရဲ့ အကြို အဆင့် ပွဲစဉ်တွေနဲ့ လေ့ကျင့်မှုတွေကိုလည်း စနေနေ့ အတွက် ရပ်ဆိုင်းထားပါတယ်။

ဒါ့အပြင် မုန်တိုင်းကြောင့် တိုကျို မြို့တော် နေရာ အနှံ့အပြားမှာ မိုးသည်းထန် နေပြီး လူနေအိမ် သောင်းနဲ့ချီဟာ လျှပ်စစ် မီး ပြတ်တောက်မှုတွေလည်း ကြုံတွေ့နေရပါတယ်။ မြေနိမ့်ပိုင်း ဒေသက လူနေအိမ်တွေကိုလည်း ရွှေ့ပြောင်းကြဖို့ အမိန့်ထုတ်ပြန် ထားရသလို လေယာဉ်နဲ့ ရထား ခရီးစဉ်တွေလည်း ဖျက်သိမ်းထားရပါတယ်။

ဈေးဆိုင်တွေ၊ စီးပွားလုပ်ငန်းတွေ အားလုံး ပိတ်ထားပြီး လူတွေဟာ အိမ်မှာပဲ အစိုးရက ထုတ်ပြန်တဲ့ မိုးလေဝသ နောက်ဆုံး အခြေအနေကို စောင့်ကြည့်ပြီး လိုအပ်တဲ့ စားနပ် ရိက္ခာ ဆေးဝါး ပြင်ဆင်ထားကြတယ်လို့ ဂျပန်ရောက် မြန်မာ အသိုင်းအဝန်းက ပြောပါတယ်။

အခု မုန်တိုင်းဟာ လူပေါင်း ၁,၂၀၀ ကျော် သေဆုံးခဲ့ရတဲ့ ၁၉၅၈ တုန်းက ဖြစ်ခဲ့တဲ့ မုန်တိုင်း နောက်ပိုင်း အဆိုးရွားဆုံး မုန်တိုင်း တစ်ခု ဖြစ်လာနိုင်တယ်လို့ ဂျပန် တာဝန်ရှိသူတွေက ခန့်မှန်းထားကြပါတယ်။Baganthar

zawgyi

ဂ်ပန္တြင္ မုန္တုိင္း ျပင္းထန္ေနေသာ္လည္း ေအာင္လပြဲကုိ မဖ်က္သိမ္းဟုဆုိ

ဂ်ပန္ႏိုင္ငံ တိုက်ိဳၿမိဳ႕ေတာ္မွာ အင္အားျပင္း တိုင္ဖြန္း မုန္တိုင္း တစ္ခု အခု ရက္သီတင္းပတ္ကုန္ ရက္ေတြမွာ ဝင္ဖို႔ ရွိေပမယ့္ ONE ခ်န္ပီယံရွစ္ ကိုယ္ခံပညာ သိုင္းေပါင္းစုံ ၿပိဳင္ပြဲရဲ႕ ရာျပည့္ အထူးပြဲကို စီစဥ္ထားတဲ့ အတိုင္း ေအာက္တိုဘာ ၁၃ ရက္ တနဂၤေႏြေန႔မွာ က်င္းပမယ္လို႔ ONE ခ်န္ပီယံရွစ္ရဲ႕ ဥကၠ႒ Chatri Sityodtong က သူ႔ရဲ႕ လူမႈကြန္ရက္ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာမွာ ေအာက္တိုဘာ ၁၁ ရက္ေန႔ ညပိုင္းက ေၾကညာလိုက္ပါတယ္။

အဲဒီၿပိဳင္ပြဲမွာ ျမန္မာျပည္ကိုယ္စားျပဳၿပီး ျမန္မာ့စပါးအုံးေႁမြ ေအာင္လအန္ဆန္နဲ႔ ဘူရွီဒို ဖိုးေသာ္ တို႔က ယွဥ္ၿပိင္ၾကဖို႔ ရွိေနတာပါ။တိုင္ဖြန္း ဟာဂ်ီဘစ္စ္ (Hagibis) လို႔ အမည္ ေပးထားတဲ့ အင္အားျပင္း မုန္တိုင္းဟာ တစ္နာရီ မိုင္ ၁၁၁ အထိ ေလျပင္းအား ရွိႏိုင္ၿပီး ႏွစ္ ၆၀ အတြင္းမွာ အျပင္းထန္ဆုံး မိုးႀကီး ေရလွ်ံ၊ ေျမၿပိဳမႈေတြ ျဖစ္ႏိုင္တယ္လို႔ ဂ်ပန္ မိုးေလသဝဌာက ခန႔္မွန္းထားပါတယ္။

ေအာက္တိုဘာ ၁၂ ရက္ စေနေန႔ (ဒီေန႔) မနက္ပိုင္းက စၿပီးေတာ့ မုန္တိုင္း ကနဦး အျဖစ္ ၿမိဳ႕ေတာ္ တိုက်ိဳ အပါအဝင္ ေနရာ အေတာ္မ်ားမ်ား မွာ မိုးႀကီး ေလထန္ေနပါတယ္။ဒါေပမယ့္ ONE ခ်န္ပီယံရွစ္ရဲ႕ ဥကၠ႒ရဲ႕ လူမႈကြန္ရက္ ထုတ္ျပန္ခ်က္မွာေတာ့ ONE အေနနဲ႔ အခ်ိန္နဲ႔ တေျပးညီ ဖမ္းယူေနတဲ့ ေကာင္းကင္ ၿဂိဳဟ္တု ပုံရိပ္ နည္းပညာ အကူအညီနဲ႔ အတူ ကြၽမ္းက်င္သူ ေတြ၊ အေတြ႕အႀကဳံ ရွိ ေဒသခံေတြနဲ႔ တိုင္ပင္ၿပီး ဒီၿပိဳင္ပြဲကို စီစဥ္ထားတဲ့ အတိုင္း က်င္းပဖို႔ ဆုံးျဖတ္ခဲ့တာလို႔ ဆိုပါတယ္။

ပြဲက်င္းပမယ့္ တနဂၤေႏြ မနက္ပိုင္း က်ရင္ တိုက်ိဳမွာ ရာသီဥတု ပုံမွန္ ျပန္ ျဖစ္လာမယ္လို႔ ခန႔္မွန္းရတယ္လို႔ သူက ေျပာပါတယ္။ ONE Century လို႔ အမည္ေပးထားတဲ့ စင္ကာပူ အေျခစိုက္ ONE ခ်န္ပီယံရွစ္ရဲ႕ ပြဲ ၁၀၀ ျပည့္ အထိမ္းအမွတ္ အထူးပြဲကို အပိုင္း (၁) နဲ႔ (၂) ဆိုၿပီး မနက္ပိုင္း၊ ညေနပိုင္း ခြဲၿပီး က်င္းပဖို႔ စီစဥ္ထားတာပါ။

ျမန္မာျပည္က ဖိုးေသာ္ ပါဝင္မယ့္ မနက္ပိုင္း အပိုင္း (၁) ပြဲစဥ္ အတြက္လည္း လက္မွတ္ ဝယ္ၿပီး ထားသူေတြအေနနဲ႔ မုတ္တိုင္း အရွိန္ ေၾကာင့္ လာမၾကည့္ႏိုင္ရင္ လက္မွတ္ခ ေတြ ျပန္ အမ္းမယ္လို႔ ONE ရဲ ဥကၠ႒က သူ႔ေဖ့စ္ဘြတ္ခ္မွာ တပါတည္း ထုတ္ျပန္ ေၾကညာထားပါတယ္။

ဖိုးေသာ္ ကစားမယ့္ ပြဲစဥ္ကေတာ့ ေအာက္တိုဘာ ၁၃ ရက္ေန႔ ျမန္မာစံေတာ္ခ်ိန္ နံနက္ ၇ နာရီ ဝန္းက်င္မွာ စတင္ဖို႔ ရွိေနၿပီး ေအာင္လအန္ဆန္ရဲ႕ လိုက္ဟဲဗီးဝိတ္တန္း ေ႐ႊခါးပတ္ ကာကြယ္ပြဲကေတာ့ ျမန္မာစံေတာ္ခ်ိန္ ညေနပိုင္း ၅ နာရီ ဝန္းက်င္ေလာက္မွာ စတင္ဖို႔ ရွိေနပါတယ္။ စိန္ေခၚသူ ဖိလစ္ပိုင္ အႏြယ္ အေမရိကန္ႏိုင္ငံသာ ဘရန္ဒါဗဲရာနဲ႔ ထိုးရမယ့္ ေအာင္လအန္ဆန္ရဲ႕ ပြဲဟာ ၿပိဳင္ပြဲ တစ္ခုလုံးရဲ႕ အဓိက ေခါင္ပြဲ လည္း ျဖစ္ပါတယ္။

ဂ်ပန္ကို အင္အားျပင္း တိုင္ဖြန္းဝင္ေရာက္ခ်ိန္ဟာ ကမာၻ႔ဖလား Rugby ၿပိဳင္ပြဲနဲ႔ ဂ်ပန္ ဂ႐ြန္းပရီ ကားေမာင္းၿပိဳင္ပြဲ က်င္းပခ်ိန္နဲ႔လည္း တိုက္ဆိုင္ေနၿပီး စေနေန႔မွာ က်င္းပဖို႔ စီစဥ္ထားတဲ့ Rugby ပြဲစဥ္ ၂ ခုကို ေ႐ႊ႕ဆိုင္းလိုက္ရသလို ကားေမာင္းၿပိဳင္ပြဲရဲ႕ အႀကိဳ အဆင့္ ပြဲစဥ္ေတြနဲ႔ ေလ့က်င့္မႈေတြကိုလည္း စေနေန႔ အတြက္ ရပ္ဆိုင္းထားပါတယ္။

ဒါ့အျပင္ မုန္တိုင္းေၾကာင့္ တိုက်ိဳ ၿမိဳ႕ေတာ္ ေနရာ အႏွံ႔အျပားမွာ မိုးသည္းထန္ ေနၿပီး လူေနအိမ္ ေသာင္းနဲ႔ခ်ီဟာ လွ်ပ္စစ္ မီး ျပတ္ေတာက္မႈေတြလည္း ႀကဳံေတြ႕ေနရပါတယ္။ ေျမနိမ့္ပိုင္း ေဒသက လူေနအိမ္ေတြကိုလည္း ေ႐ႊ႕ေျပာင္းၾကဖို႔ အမိန႔္ထုတ္ျပန္ ထားရသလို ေလယာဥ္နဲ႔ ရထား ခရီးစဥ္ေတြလည္း ဖ်က္သိမ္းထားရပါတယ္။

ေဈးဆိုင္ေတြ၊ စီးပြားလုပ္ငန္းေတြ အားလုံး ပိတ္ထားၿပီး လူေတြဟာ အိမ္မွာပဲ အစိုးရက ထုတ္ျပန္တဲ့ မိုးေလဝသ ေနာက္ဆုံး အေျခအေနကို ေစာင့္ၾကည့္ၿပီး လိုအပ္တဲ့ စားနပ္ ရိကၡာ ေဆးဝါး ျပင္ဆင္ထားၾကတယ္လို႔ ဂ်ပန္ေရာက္ ျမန္မာ အသိုင္းအဝန္းက ေျပာပါတယ္။

အခု မုန္တိုင္းဟာ လူေပါင္း ၁,၂၀၀ ေက်ာ္ ေသဆုံးခဲ့ရတဲ့ ၁၉၅၈ တုန္းက ျဖစ္ခဲ့တဲ့ မုန္တိုင္း ေနာက္ပိုင္း အဆိုး႐ြားဆုံး မုန္တိုင္း တစ္ခု ျဖစ္လာႏိုင္တယ္လို႔ ဂ်ပန္ တာဝန္ရွိသူေတြက ခန႔္မွန္းထားၾကပါတယ္။Baganthar