နေ့ခင်းကြောင်တောင် ရန်ကုန်မြို့လယ်ခေါင်မှာ ရွှေတွေယူ လူသတ်မှုသတင်းအပြည့်စုံ

ပြည်တွင်းသတင်း

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် မလွှကုန်းလမ်းတွင် ဇဗ္ဗူနန်းရွှေပန်းထိမ် လုပ်ငန်းပိုင်ရှင်ကို သေဆုံးလျှက် ပုပ်ပွအလောင်းကိုတွေ့ရှိခဲ့ကြောင်း မိသားစုများထံမှ သိရသည်။

ဇဗ္ဗူနန်း ရွှေပန်းထိမ်လုပ်ငန်းပိုင်ရှင်၏ ပုပ်ပွလျှက်ရုပ်အလောင်းကို ၂၀၁၉ခုနှစ် အောက်တိုဘာ(၁၀)ရက် နေ့လည်ပိုင်းက ၎င်း၏အခန်းအတွင်း ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမတွေ့ရဘဲ တွေ့ရှိရခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ သေဆုံးသူ ရွှေပန်းထိမ်လုပ်ငန်းပိုင်ရှင်ကို မိသားစုများမှ ဖုန်းဖြင့်ဆက်သော်လည်း ့အဆက်အသွယ်မရသဖြင့် ၎င်း၏နေအိမ်သို့ သွားရောက်ကြည့်ရှုရာ ဆိုင်က အပြင်မှသော့ခတ်ထားပြီး အပုပ်နံများထွက်နေသည့်အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ကြောင်းသိရသည်။

ထိုသို့အကြောင်းကြားသည့်အခါ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာရဲတပ်ဖွဲ့များ ရောက်ရှိလာပြီး အပုပ်နံထွက်နေတဲ့ အခန်းသော့အား ဖျက်ဆီး ဝင်ရောက် ကြည့်ရှုရာသေဆုံးပုပ်ပွနေသူကို တွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။

“အသက်က(၅၈)နှစ်ရှိပါပြီ ဖုန်းဆက်တာမရလို့ မသင်္ကာဒါနဲ့ သူ့ရဲ့အိမ်ကိုလိုက်လာတာ အခုလိုတွေ့ရှိရဒါပဲ ရဲတပ်ဖွဲ့ကတော့ အသေးစိတ်ကို စုံစမ်းမှာပါ” ဟု သေဆုံးသူ၏ ညီတော်စပ်သူ ဦးကျော်ကျော်ဝင်းက ပြောသည်။

သတင်းတာဝန်ခံ – ကျော်ခေတ်လင်း #AlinnMyay(အလင်းမြေ)

(Zawgyi)

ေန႔ခင္းေၾကာင္ေတာင္ ရန္ကုန္ၿမိဳ႕လယ္ေခါင္မွာ ေရႊေတြယူ လူသတ္မႈျဖစ္

ေအာက္တိုဘာ(၁၀)AlinnMyay(အလင္းေျမ)

ရန္ကုန္တိုင္းေဒသႀကီး တာေမြၿမိဳ႕နယ္ မလႊကုန္းလမ္းတြင္ ဇဗၺဴနန္းေ႐ႊပန္းထိမ္ လုပ္ငန္းပိုင္႐ွင္ကို ေသဆံုးလွ်က္ ပုပ္ပြအေလာင္းကိုေတြ႔႐ွိခဲ႔ေၾကာင္း မိသားစုမ်ားထံမွ သိရသည္။

ဇဗၺဴနန္း ေ႐ႊပန္းထိမ္လုပ္ငန္းပိုင္႐ွင္၏ ပုပ္ပြလွ်က္႐ုပ္အေလာင္းကို ၂၀၁၉ခုႏွစ္ ေအာက္တိုဘာ(၁၀)ရက္ ေန႔လည္ပိုင္းက ၎၏အခန္းအတြင္း ျပင္ပဒဏ္ရာ တစ္စံုတစ္ရာမေတြ႔ရဘဲ ေတြ႔႐ွိရျခင္းျဖစ္ေၾကာင္းသိရသည္။

အဆိုပါ ေသဆံုးသူ ေ႐ႊပန္းထိမ္လုပ္ငန္းပိုင္႐ွင္ကို မိသားစုမ်ားမွ ဖုန္းျဖင့္ဆက္ေသာ္လည္း ့အဆက္အသြယ္မရသျဖင့္ ၎၏ေနအိမ္သို႔ သြားေရာက္ၾကည့္႐ႈရာ ဆိုင္က အျပင္မွေသာ့ခတ္ထားၿပီး အပုပ္နံမ်ားထြက္ေနသည့္အတြက္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးႏွင့္ သက္ဆိုင္ရာရဲတပ္ဖြဲ႔ကို အေၾကာင္းၾကားခဲ့ေၾကာင္းသိရသည္။

ထိုသို႔အေၾကာင္းၾကားသည့္အခါ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးႏွင့္ သက္ဆိုင္ရာရဲတပ္ဖြဲ႔မ်ား ေရာက္႐ွိလာၿပီး အပုပ္နံထြက္ေနတဲ႔ အခန္းေသာ့အား ဖ်က္ဆီး ဝင္ေရာက္ ၾကည့္႐ႈရာေသဆံုးပုပ္ပြေနသူကို ေတြ႔႐ွိျခင္းျဖစ္ေၾကာင္း သိရသည္။

“အသက္က(၅၈)ႏွစ္႐ွိပါၿပီ ဖုန္းဆက္တာမရလို႔ မသကၤာဒါနဲ႔ သူ႕ရဲ႕အိမ္ကိုလိုက္လာတာ အခုလိုေတြ႔႐ွိရဒါပဲ ရဲတပ္ဖြဲ႔ကေတာ့ အေသးစိတ္ကို စံုစမ္းမွာပါ” ဟု ေသဆံုးသူ၏ ညီေတာ္စပ္သူ ဦးေက်ာ္ေက်ာ္ဝင္းက ေျပာသည္။

သတင္းတာဝန္ခံ – ေက်ာ္ေခတ္လင္း #AlinnMyay(အလင္းေျမ)