ဆီးချိုကျသည့် အကောင်းဆုံး သဘာဝဓာတ်စာ…

ကျန်းမာရေးဗဟုသုတ

အကောင်းဆုံး ဆီးချိုကျသည့် သဘာဝဓာတ်စာ

ကျနော်ငယ်ငယ်ထဲက သကြားမကြိုက်လှပေမယ့် လွန်ခဲ့တဲ့ရနှစ်လောက်က စပြီး ဆီးချိုရှိလာခဲ့တယ်။ ဆရာမကြီး ဒေါက်တာဒေါ်သန်းသန်းအေးနဲ့ ပြလို့ သူညွန်ကြားတဲ့အတိုင်း သောက်လာခဲ့တာ ဒီချိန်မှာတော့ metformin တလုံး၃ကြိမ်၊ Diamecron ၃၀mg တကြိမ်၊

Clopelet,Prolomeg နေ့စဉ်တကြိမ်စီ၊ သောက်နေပေမယ့် မနက်အိပ်ယာထဆို ၁၂၀ အထက် အစာစားပြီး၂နာရီ ၂ဝဝအပေါ်နား ရောက်နေပြီး Controlမရဖြစ်လာပါတယ်။ ဆရာမကြီးကို ထပ်ပြရင်လည်း ဆေးတွေတိုးတော့မှာမို့ စိတ်ညစ်နေတုန်း internetမှာ ကြက်သွန်နီစားခြင်းရဲ့ အကျိုးကျေးဇူးတွေ ဖတ်လိုက်ရတယ်။

you tube မှာလည်း ရေးထားတာ တွေ့ရတယ်၊ သူက ဆီးချိုသွေးချိုရော၊ ဆီးရောဂါရော အတော်ကောင်းတယ်၊ နောက်ပြီး တုတ်ကွေး အအေးမိ၊အမျိုးသား အင်အားကုန်တာတွေရော၊ဒါနဲ့ စမ်းကြည့်မယ် စိတ်ကူးမိပါတယ်။

ကြက်သွန်နီ အနေတော် ၃လုံးကို အခွံနွာ ရေဆေးပြီး အကွင်းလိုက်လှီးပါတယ်။နောက် #ပျားရည်အစစ်ထည့်ထားတဲ့ ပုလင်းကျယ်ထဲ မြုတ်ယုံထည့်ပြီး ပျားရည်ကို စိမ့်ဝင်စေပါတယ်။ပြီး ည အိပ်ယာမဝင်ခင် တဇွန်း(ကြက်သွန်နီ၄ကွင်းခန့်) စားခဲ့ပါတယ်။

နောက်နေ့မနက် အိပ်ယာထ အစာမစားခင် ဆီးချိုတိုင်းတော့ ၁၁၅ဘဲရှိတော့တာ တွေ့ရပါတယ်။ မယုံချင်တာနဲ့ တပါတ် တိတိရက်ဆက်စားပြီး မနက်တိုင်း တိုင်းတာတာ ၁၁၅-၁၁၈ကနေ မတက်တော့ပါ။

ဒီကြားထဲ ဒါန်ပေါက်၊ချောကလက်စတဲ့ သွေးချိုတက်စာတွေ၊အိပ်ခါနီး အစာများများစားလည်း တက်မလာတော့ဘဲကို တွေ့ရတယ်၊ အလွန်ဘဲ ဝမ်းသာမိခဲ့ပါတယ်။

ကြက်သွန်နီဆိုတာက စျေးလည်းမကြီး၊ လွယ်လွယ်နဲ့လည်းရ၊ ဘေးထွက်ဆိုးကျိုးလည်း မရှိတဲ့အတွက် ဆီးချို ဝေဒနာသည်၊ ဆီးသမားတွေပါ စမ်းကြည့်သင့်ပါတယ်၊ဆီးမထိန်းနိုင်တဲ့ရောဂါပါ သက်သာ ပျောက်ကင်း စေပါတယ်။ဆီးချို တအားများတဲ့သူတွေ မနက်ည ၂ကြိမ်စားလျင် ပိုကောင်းပါတယ်။

ခုဆေးနည်းက ကရိကထ မများတဲ့ သဘာဝဆေးနည်းမို့ စမ်းသုံးကြည့်ကြ စေချင်ပါတယ်။ယခုလို မျှဝေတာကို သုံးစွဲကြည့်ကြလို့ ဝေဒနာများ ပျောက်ကင်း သွားမယ်ဆိုရင် ကျနော်အနေနဲ့ အလှူတခုလို ဒါနကုသိုလ် ရလိမ့်မယ်လို့ ယူဆမိပါတယ်ခင်ဗျာ။Copied by Angle

Zawgyi

အေကာင္းဆံုး ဆီးခ်ိဳက်သည့္ သဘာဝဓာတ္စာ

က်ေနာ္ငယ္ငယ္ထဲက သၾကားမႀကိဳက္လွေပမယ့္ လြန္ခဲ့တဲ့၇ႏွစ္ေလာက္က စၿပီး ဆီးခ်ိဳရွိလာခဲ့တယ္။ ဆရာမႀကီး ေဒါက္တာေဒၚသန္းသန္းေအးနဲ႔ ျပလို႔ သူညြန္ၾကားတဲ့အတိုင္း ေသာက္လာခဲ့တာ ဒီခ်ိန္မွာေတာ့ metformin တလံုး၃ႀကိမ္၊ Diamecron ၃၀mg တႀကိမ္၊

Clopelet,Prolomeg ေန႔စဥ္တႀကိမ္စီ၊ ေသာက္ေနေပမယ့္ မနက္အိပ္ယာထဆို ၁၂၀ အထက္ အစာစားၿပီး၂နာရီ ၂၀၀အေပၚနား ေရာက္ေနၿပီး Controlမရျဖစ္လာပါတယ္။ ဆရာမႀကီးကို ထပ္ျပရင္လည္း ေဆးေတြတိုးေတာ့မွာမို႔ စိတ္ညစ္ေနတုန္း internetမွာ ၾကက္သြန္နီစားျခင္းရဲ႕ အက်ိဳးေက်းဇူးေတြ ဖတ္လိုက္ရတယ္။

you tube မွာလည္း ေရးထားတာ ေတြ႕ရတယ္၊ သူက ဆီးခ်ဳိေသြးခ်ိဳေရာ၊ ဆီးေရာဂါေရာ အေတာ္ေကာင္းတယ္၊ ေနာက္ၿပီး တုတ္ေကြး အေအးမိ၊အမ်ိဳးသား အင္အားကုန္တာေတြေရာ၊ဒါနဲ႔ စမ္းၾကည့္မယ္ စိတ္ကူးမိပါတယ္။

ၾကက္သြန္နီ အေနေတာ္ ၃လံုးကို အခြံႏြာ ေရေဆးၿပီး အကြင္းလိုက္လွီးပါတယ္။ေနာက္ #ပ်ားရည္အစစ္ထည့္ထားတဲ့ ပုလင္းက်ယ္ထဲ ျမဳတ္ယံုထည့္ၿပီး ပ်ားရည္ကို စိမ့္ဝင္ေစပါတယ္။ၿပီး ည အိပ္ယာမဝင္ခင္ တဇြန္း(ၾကက္သြန္နီ၄ကြင္းခန္႔) စားခဲ့ပါတယ္။

ေနာက္ေန႔မနက္ အိပ္ယာထ အစာမစားခင္ ဆီးခ်ိဳတိုင္းေတာ့ ၁၁၅ဘဲရွိေတာ့တာ ေတြ႕ရပါတယ္။ မယံုခ်င္တာနဲ႔ တပါတ္ တိတိရက္ဆက္စားၿပီး မနက္တိုင္း တိုင္းတာတာ ၁၁၅-၁၁၈ကေန မတက္ေတာ့ပါ။

ဒီၾကားထဲ ဒါန္ေပါက္၊ေခ်ာကလက္စတဲ့ ေသြးခ်ိဳတက္စာေတြ၊အိပ္ခါနီး အစာမ်ားမ်ားစားလည္း တက္မလာေတာ့ဘဲကို ေတြ႕ရတယ္၊ အလြန္ဘဲ ဝမ္းသာမိခဲ့ပါတယ္။

ၾကက္သြန္နီဆိုတာက ေစ်းလည္းမႀကီး၊ လြယ္လြယ္နဲ႔လည္းရ၊ ေဘးထြက္ဆိုးက်ိဳးလည္း မရွိတဲ့အတြက္ ဆီးခ်ိဳ ေဝဒနာသည္၊ ဆီးသမားေတြပါ စမ္းၾကည့္သင့္ပါတယ္၊ဆီးမထိန္းႏိုင္တဲ့ေရာဂါပါ သက္သာ ေပ်ာက္ကင္း ေစပါတယ္။ဆီးခ်ိဳ တအားမ်ားတဲ့သူေတြ မနက္ည ၂ႀကိမ္စားလ်င္ ပိုေကာင္းပါတယ္။

ခုေဆးနည္းက ကရိကထ မမ်ားတဲ့ သဘာဝေဆးနည္းမို႔ စမ္းသံုးၾကည့္ၾက ေစခ်င္ပါတယ္။ယခုလို မၽွေဝတာကို သံုးစြဲၾကည့္ၾကလို႔ ေဝဒနာမ်ား ေပ်ာက္ကင္း သြားမယ္ဆိုရင္ က်ေနာ္အေနနဲ႔ အလႉတခုလို ဒါနကုသိုလ္ ရလိမ့္မယ္လို႔ ယူဆမိပါတယ္ခင္ဗ်ာ။Copied by Angle