အသက်မပြည့်သူ ခယ်မ(၆)တန်းကျောင်းသူလေးအား ခဲအိုလုပ်သူက သားမယားအဖြစ်ပြုကျင့်
သတင်​းစုံ
မြောင်းမြမြို့နယ်သိလ္လာကျေးရွာတွင်အသက်မပြည့်သူခယ်မ(၆)တန်းကျောင်းသူလေးအား ခဲအိုလုပ်သူက သားမယားအဖြစ်ပြုကျင့်သော သက်ငယ်မုဒိမ်းမှုဖြစ်ပွား
မြောင်းမြ.အောက်တိုဘာ.၉.ရက်
ဧရာဝတီတိုင်းဒေသကြီး.မြောင်းမြမြို့နယ်.သ်ိလ္လာဂတ်စုအုပ်စု.သိလ္လာကျေးရွာနေ.မခိုင်မာလာနှင်းဆီ(ဘ)ဦးလှအောင်(မိ)ဒေါ်မြင့်မြင့်ဦးတို့၏သမီး.(၆)တန်း(၁၄)နှစ်သည်ကျောင်းတက်ရန်အမကြီးဖြစ်သူ…..
မမာမာလွင်နေအိမ်သို့ပို့ထားပြီး ကျောင်းတက်စေခဲ့ကြောင်း…..အမဖြစ်သူမမာမာလွင်၏ ခင်ပွန်းဖြစ်သူ.ဖိုးသား(ခ)မင်းဦးမှမမာမာလွင်မသိခင်.မခိုင်မာလာနှင်းဆီအား.အလိုမတူပဲ.သတ်ပစ်မည်ဟုချိန်းခြောက်၍ …..
သားမယားအဖြစ်အကြိမ်ကြိမ်ပြုကျင့်ခဲ့ကြောင်း(၁၅)ကြိမ်ထက်မနည်း..ပြုကျင့်ခဲ့ကြောင်း.အမလုပ်သူမှ မိခင်ထံညီမလုပ်သူအား ပြန်ပို့စဉ်.မခိုင်မာလာနှင်းဆီမှ.အဆိပ်သောက်ကြောင်း ပေါ်ပေါက်ရာက မေးမြန်းကြည့်တော့မှ…..
ခဲအိုဖြစ်သူကသားမယားပြုကျင့်မှုများရှိခဲ့လို့ သောက်တာဖြစ်ကြောင်း.မိခင်ဖြစ်သူကသိရှိရပြီး မြောင်းမြမြို့မရဲစခန်းသို့တိုင်းကြားသဖြင့်.တရားခံ.ဖိုးသား(ခ)မင်းဦး(၃၆)နှစ်(ဘ)ဦးလင်းအောင်.(ထီရောင်း)သိလ္လာကျေးရွာ…..
မြောင်းမြမြို့နယ်နေသူအားမြောင်းမြမြို့မရဲစခန်းမှ.၉.၁၀.၂၀၁၉နေ့တွင်..(ပ)၇၈၁/၂၀၁၉ရာဇသတ်ကြီးပုဒ်မ.၃၇၆ဖြင့်အမှုဖွင့်ဖမ်းဆီးအရေးယူထားကြောင်းသတင်းရရှိပါသည်။…..ရဝေမောင်(မြောင်းမြ)
Zawgyi
ဧရာဝတီတိုင်းဒေသကြီး.မြောင်းမြမြို့နယ်.သိလ္လာဂတ်စုအုပ်စု.သိလ္လာကျေးရွာနေ.မခိုင်မာလာနှင်းဆီ(ဘ)ဦးလှအောင်(မိ)ဒေါ်မြင့်မြင့်ဦးတို့၏သမီး.(၆)တန်း(၁၄)နှစ်သည်ကျောင်းတက်ရန်အမကြီးဖြစ်သူ…..