အသက်ငါးနှစ်အရွယ် KG ကျောင်းသူတစ်ဦး အဓ္ဓမပြုကျင့်ခံရကြောင်းသိရ

ပြည်တွင်းသတင်း

ကလေးမြို့၊ စမ်းမြို့ရပ်ကွက်ရှိ အမှတ်(၈) အခြေခံပညာအထက်ကျောင်းတွင် ပညာသင်ကြားနေသော အသက်ငါးနှစ်အရွယ် KG ကျောင်းသူတစ်ဦး ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့၊ ညပိုင်းက အဓ္ဓမပြုကျင့်ခံရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကလေးမြို့၊ စမ်​းမြို့ရပ်​ကွက်​တွင်​​နေထိုင်​​သော အသက်​ ၆ နှစ်​အရွယ်​ က​လေးငယ်​တစ်​ဦးဖြစ်​သူ မ……..အား ညနေကျောင်းဆင်းချိန်တွင်​ အမည်​မသိသူတစ်​ဦးမှ မုန်​့ဝယ်​​ကျွေးမည်ဆ်ိုကာ ဆိုင်​ကယ်​ဖြင်​့ ဒိုးဝိုင်​း​ချောင်​းသုသန်​သို့​ခေါ်​ဆောင်​သွားပြီး ဓမ္မတာဖြင်​့ဆန်​ကျင်​​သောဆက်​ဆံမှုပြုခဲ့ကာ အိပ်စွတ်ရွာအနီးတွင်​ ချန်ထားခဲ့​ကြောင်​းသိရသည်​။

ကလေးနှင့်ဆွေမျိုးတော်စပ်သူမှ “ သူ့အဖေက ကျောင်းဆင်းပြန်ကြိုချိန်မှာ ကလေးနဲ့မဆုံဖြစ်ဘူး၊ ကလေးရဲ့ပြောပြချက်အရတော့ သူ့ကိုခေါ်သွားတဲ့သူက လူကြီးပိုင်းလို့ပြောတယ်၊ သူ့ကိုခေါ်တော့ မုန့်ကျွေးမယ်ထင်ပြီးလိုက်သွားတယ်လို့ပြောတယ်၊သူ့ကို အဓ္ဓမပြုကျင့်ပြီး ခြုံပုတ်တစ်နေရာမှာ ဒီတိုင်းထားခဲ့တယ်။

ကျွန်မတို့လည်း ကလေးကို လိုက်ရှာရင်း အဓ္ဓမပြုကျင့်ခံရတဲ့နေရာနားမှာရှိတဲ့ ကြက်ခြံမှာ အလုပ်လုပ်တဲ့သူတွေက ဒီနားမှာကလေးမလေးတစ်ယောက် ရှိတယ်ဆိုပြီးပြောလို့ ညနေ လေးနာရီခွဲလောက်မှာ ပြန်တွေ့တယ်” ဟုပြောသည်။

၎င်းမှဆက်ပြီး “ ကလေးကလည်း ငယ်သေးတော့ သူ့ကိုအဓ္ဓမပြုကျင့်တဲ့လူကြီးကိုမမှတ်မိဘူး။ အဲဒီလူက အခုထွက်ပြေးလွတ်မြောက်နေသေးတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ရဲစခန်းကိုလည်း အမှုဖွင့်ထားတယ်။ ကလေးရဲ့ပြောပြချက်အရ အသက်ငါးဆယ်ဝန်းကျင်လောက်တော့ ရှိမယ်လို့ခန့်မှန်းမိတယ်” ဟုပြောသည်။

အဆိုပါဖြစ်စဉ်မှ ကျူးလွန်ခံရသည့်ကလေးငယ်သည် ကလေးမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိပြီး ဓမ္မတာနှင့်ဆန့်ကျင်ပြုကျင့်ခဲ့မှုအပေါ် မြို့နယ်စီခန့်ဥက္ကဌဦးညီညီနှင့်အဖွဲ့ဝင်များ/အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ​ဒေါ်ဇာခြည်​ဖြိုးနှင့်အဖွဲ့ဝင်များ/ပညာရေးမှူး/ကျောင်းအုပ်ကြီးတို့မှ ပြည်သူ့ဆေးရုံသို့သွားရောက်ကြည့်ရှုထောက်ပံ့ပြီး ဥပဒေအတိုင်း ဆောင်ရွက်နိုင်ရေး တရားခံအားအမြန်​ဆုံးဖမ်းမိနိုင်ရေးအတွက် ရဲတပ်ဖွဲ့နှင့် ညှိုနှိုင်းဆွေးနွေး​ကြိုးပမ်းဆောင်​ရွက်​လျှက်​ရှိ​ကြောင်း သိရှိရသည်​။

Credit-True Crime Daily

Zawgyi


ဖြစ်စဉ်မှာ ကလေးမြို့၊ စမ်းမြို့ရပ်​ကွက်​တွင်​​နေထိုင်​​သော အသက်​ ၆ နှစ်​အရွယ်​ က​လေးငယ်​တစ်​ဦးဖြစ်​သူ မ……..အား ညနေကျောင်းဆင်းချိန်တွင်​ အမည်​မသိသူတစ်​ဦးမှ မုန့်​ဝယ်​​ကျွေးမည်ဆိုကာ ဆိုင်​ကယ်​ဖြင့်​ ဒိုးဝိုင်း​ချောင်းသုသန်​သို့​ခေါ်​ဆောင်​သွားပြီး ဓမ္မတာဖြင့်​ဆန်​ကျင်​​သောဆက်​ဆံမှုပြုခဲ့ကာ အိပ်စွတ်ရွာအနီးတွင်​ ချန်ထားခဲ့​ကြောင်းသိရသည်​။




