တေးသံရှင် ဖြိုးပြည့်စုံပါ ၃ ဦးအား ပြန်လွှတ်လိုက်ပြီ

ပြည်တွင်းသတင်း

တေးသံရှင် ဖြိုးပြည့်စုံပါ ၃ ဦးအား ပြန်လွှတ်လိုက်ပြီ

ဗဟန်းမြို့မရဲစခန်းတွင် တရားစွဲဆိုထားသော တေးသံရှင် ဖြိုးပြည့်စုံပါ ၃ ဦးအား ဓာတုဗေဒဝန်ရုံးမှ ပြန်ကြားချက်အရ မူးယစ်ဆေးဝါးမဟုတ်ခြင်းအရလည်းကောင်း …….

ဥပဒေမှ တရားစွဲဆိုရန် မသင့်ကြောင်း အကြံပြုချက်အရလည်းကောင်း ယနေ့ ညနေ ၃ နာရီ မိနစ် ၃၀ အချိန်က ကျင့် ၁၆၉ အရ အချုပ်မှ လွှတ် လိုက်ပြီ ဖြစ်ကြောင်း သိရသည်။မေငယ်

ဖြိုးပြည့်စုံတို့က အပြစ်မရှိလို့ လွတ်သွားတာပါဟု ဗဟန်းမြို့နယ်မှုးပြော…..

အဆိုတော်ဖြိုးပြည့်နှင့် သူငယ်ချင်းနှစ်ဦးကို ယနေ့ ညနေ ၃နာရီခွဲအချိန်က လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့ ရဲမှုးသိန်းဝင်းက အတည်ပြုသည်။“လွတ်ပေးလိုက်တာထက် အပြစ်မရှိလွတ်သွားတာပါဗျာ။

၃ နာရီခွဲလောက်က လွတ်ပေးလိုက်တာပါ။ ဥပဒေအရ လွှတ်ရမယ့်ကိစ္စရှိလို့ လွှတ်ပေးလိုက်တာပါ။ ကျွန်တော် အဲလောက်ပဲဖြေပါရစေ။ ကျွန်တော်ချည်းပဲ လွှတ်တာမဟုတ်ဘူး။ ဥပဒေကြောင်းအရ လွှတ်ရမယ့်ကိစ္စဖြစ်ပြီး ဥပဒေနဲ့ အညီလွှတ်တာနော်။

ဗရမ်းဗတာလွှတ်တာမဟုတ်ပါဘူး”ဟု ရဲမှုးသိန်းဝင်းက ပြောသည်။အောက်တိုဘာ ၇ ရက် ညနေက မြန်မာပလာဇာတွင် ဖြိုးပြည့်စုံ ၊ ငြိမ်းချမ်းကို နှင့် ရော်နီစန်းလွင်တို့ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

သတင်းထောက်- ငြိမ်းချမ်း

Zawgyi

ေတးသံရွင္ ၿဖိဳးျပည့္စုံပါ ၃ ဦးအား ျပန္လႊတ္လိုက္ၿပီ

ဗဟန္းၿမိဳ႕မရဲစခန္းတြင္ တရားစြဲဆိုထားေသာ ေတးသံရွင္ ၿဖိဳးျပည့္စုံပါ ၃ ဦးအား ဓာတုေဗဒဝန္႐ုံးမွ ျပန္ၾကားခ်က္အရ မူးယစ္ေဆးဝါးမဟုတ္ျခင္းအရလည္းေကာင္း …….

ဥပေဒမွ တရားစြဲဆိုရန္ မသင့္ေၾကာင္း အႀကံျပဳခ်က္အရလည္းေကာင္း ယေန႔ ညေန ၃ နာရီ မိနစ္ ၃၀ အခ်ိန္က က်င့္ ၁၆၉ အရ အခ်ဳပ္မွ လႊတ္ လိုက္ၿပီ ျဖစ္ေၾကာင္း သိရသည္။ေမငယ္

ၿဖိဳးျပည့္စုံတို႔က အျပစ္မရွိလို႔ လြတ္သြားတာပါဟု ဗဟန္းၿမိဳ႕နယ္မႈးေျပာ…..

အဆိုေတာ္ၿဖိဳးျပည့္ႏွင့္ သူငယ္ခ်င္းႏွစ္ဦးကို ယေန႔ ညေန ၃နာရီခြဲအခ်ိန္က လႊတ္ေပးလိုက္ၿပီျဖစ္ေၾကာင္း ဗဟန္းၿမိဳ႕နယ္ရဲတပ္ဖြဲ႕ ရဲမႈးသိန္းဝင္းက အတည္ျပဳသည္။“လြတ္ေပးလိုက္တာထက္ အျပစ္မရွိလြတ္သြားတာပါဗ်ာ။

၃ နာရီခြဲေလာက္က လြတ္ေပးလိုက္တာပါ။ ဥပေဒအရ လႊတ္ရမယ့္ကိစၥရွိလို႔ လႊတ္ေပးလိုက္တာပါ။ ကၽြန္ေတာ္ အဲေလာက္ပဲေျဖပါရေစ။ ကၽြန္ေတာ္ခ်ည္းပဲ လႊတ္တာမဟုတ္ဘူး။ ဥပေဒေၾကာင္းအရ လႊတ္ရမယ့္ကိစၥျဖစ္ၿပီး ဥပေဒနဲ႔ အညီလႊတ္တာေနာ္။

ဗရမ္းဗတာလႊတ္တာမဟုတ္ပါဘူး”ဟု ရဲမႈးသိန္းဝင္းက ေျပာသည္။ေအာက္တိုဘာ ၇ ရက္ ညေနက ျမန္မာပလာဇာတြင္ ၿဖိဳးျပည့္စုံ ၊ ၿငိမ္းခ်မ္းကို ႏွင့္ ေရာ္နီစန္းလြင္တို႔ကို မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့ျခင္း ျဖစ္သည္။

သတင္းေထာက္- ၿငိမ္းခ်မ္း