စိုက်ပျိုးရင် တစ်ရာသီကို မြန်မာငွေသိန်းရာချီ ဝင်ငွေရနိုင်ပြီး စားသုံးရင် ကျန်းမာရေးအကျိုးကျေးဇူးတွေရနိုင်တဲ့ ကြာစွယ်​ / ကြာမြစ်​

ဗဟုသုတစုံ

တစ်ရာသီကို မြန်မာငွေသိန်းရာချီ ဝင်ငွေရတဲ့ ကြာစွယ်​ / ကြာမြစ်​

Ref : China Plus / ဘေကျင်း၊ စက်တင်ဘာ – ၂၂

ဆောင်းရာသီကို ဝင်လာပြီဆိုတာနဲ့ တရုတ်နိုင်ငံ ကျန်းစီးပြည်နယ် မှ လယ်သမားများဟာ ကြာပင်ရဲ့အမြစ် တူးဖော်တဲ့လုပ်ငန်းကု ဆောင်ရွက်ရင်း အလုပ်များလို့နေကြပါပြီ။ကြာမြစ်ဟာ တရုတ်နိုင်ငံတွင်းမှာ အလွန်ကျော်ကြားလှတဲ့ ဟင်းလျာ တစ်မျိုးလည်း ဖြစ်ပါတယ်။

ထူထပ်လှတဲ့ ရွှံ့နွံ့တောထဲကနေ ရှုပ်ထွေးနေတဲ့ ကြာမြစ်တွေကို အရယူဖို့အတွက် သင့်လျော်တဲ့စက်ပစ္စည်း ကြံဆတီထွင်နိုင် ခြင်း မရှိသေးတာကြောင့် လူ့လုပ်အားဟာ ကြာမြစ်တူးဖော်ရေးမှာ အဓိက အခန်းကဏ္ဍကရှိနေဆဲ ဖြစ်ပါတယ်။

လယ်သမားတွေဟာ တစ်ရက်ကို ရှစ်နာရီကျော်လောက် ရေကန်ထဲမှာ ကြာမြစ်များ တူးဖော်ကြရပါတယ်။ယေဘုယျပြောရလျှင်တော့ လူတစ်ဦးဟာ နေ့စဉ် ကြာမြစ် ၁၀၀ ကီလိုဂရမ် ဝန်းကျင်လောက် စုဆောင်းနိုင်ပါလိမ့်မယ်။

ဒီလိုလက်ဝင်ခက်ခဲတဲ့ အလုပ်အပြီးမှာ လယ်သမားများဟာ တစ်ရာသီကို ဒေါ်လာ ၈၀၀၀ (မြန်မာ ငွေကျပ် သိန်း ၁ဝဝကျော်) လောက် ဝင်ငွေရရှိကြပါတယ်။

ကြာမြစ်ဟာ အစိမး်အတိုင်းဖြစ်စေ၊ ဟင်းလျာအဖြစ် ချက်ပြုတ်ပြီးဖြစ်စေ စားသုံးနိုင်ပြီး အနည်းငယ် ခါးသက်သက်အရသာရှိကာ၊ ကြွပ်ရွတဲ့ ခံစားမှုကိုပေးပါတယ်။

ဖိုင်ဘာအမျှင်ဓာတ်များစွာပါဝင်တဲ့ ကြာမြစ်ဟာ ကာဘွန်ဟိုက်ဒရိတ်ချေဖျက်ခြင်းကို လျော့ချပေးကာ၊ ခန္ဓာကိုယ်ရဲ့ သကြားဓာတ်စုပ်ယူမှုကို နှေးကွေးစေတာကြောင့် ဆီးချိုရောဂါအတွက် ကောင်းမွန်တဲ့ ဆေးဖက်ဝင်အစားအစာ ဖြစ်ပါတယ်။

ဗီတာမင်စီ ဓာတ်ကြွယ်ဝပြီး ကျန်းမာရေးအတွက် အထူးသင့်လျော်တဲ့ အစားအစာတစ်မျိုးလည်း ဖြစ်ပါတယ်။လက်​ရှိမြန်​မာပြည်​ ကြာစွယ်​​ပေါက်​​စျေး တစ်​ပိဿာ ၈၅၀၀ ၊ ၇၀၀၀ ၊ ၅၀၀၀ ကျပ်​ စားစားရှိပါတယ်

ပြည်ပစျေးကွက်ရှိတဲ့ကြာစွယ်တကယ်စိုက်သင့်ပါတယ်…..ကြာပင် ရဲ့ အမြစ် (ကြာစွယ်) အရွက် ပင်စည် အပွင့် အစေ့ အားလုံး စားလို့ရပါတယ်….

ကြာစွယ်၏ ကျန်းမာရေးအကျိုးကျေးဇူးများ ….

ကြာစွယ်သည် အာဟာရအလွန်ကြွယ်ဝပြီး အထူးသဖြင့် စားသုံးရန်အတွက် ကျန်းမာရေး ကောင်းမွန် စေသော ဓာတ်ပစ္စည်းများ များစွာ ပါဝင်သည်။

ဗိုက်တာမင် နှင့် သတ္တုဓာတ်များဖြစ်သော ဗိုက်တာမင် B, C, သံဓာတ်၊ ပိုတက်စီယမ် ၊ ကော့ပါး၊ သိုက်ယာမင်၊ ဇင့်နှင့် အခြားသတ္တုဓာတ်များ များစွာ ပါဝင်သည်။

ဗိုက်တာမင် မျိုးစုံနှင့် သတ္တုဓာတ်များ ကြွယ်ဝစွာ ပါဝင်မှုကြောင့် ကြာစွယ်သည် ကျန်းမာရေးအတွက် များစွာ ကောင်းကျိုး ဖြစ်စေသော အရာဖြစ်သည်။ ကြာစွယ်စားသုံးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများမှာ-

၁။ ကိုယ်ခံအား တိုးတက်ကောင်းမွန်စေခြင်း

၂။ သွေးလည်ပတ်မှုကောင်းစေခြင်း နှင့် သွေးဖိအားကို ထိန်းညှိပေးခြင်း

၃။ အစာကြေစေခြင်း နှင့် ကိုယ်အလေးချိန် လျော့ကျစေရန် ကူညီပေးခြင်း

၄။ စိတ်ဖိစီးမှုလျော့ကျစေရန် ကူညီပေးပြီး၊ နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း

၁။ ကိုယ်ခံအား တိုးတက်ကောင်းမွန်စေခြင်း

ကြာစွယ်တွင် ထူးခြားများပြားစွာ ပါဝင်သော ဗိုက်တာမင် C ကြောင့် ခန္တာကိုယ်၏ ခုခံစွမ်းအားကို တိုးတက်ကောင်းမွန်စေပြီး ကိုယ်ခံစွမ်းအား ကို ကျန်းမာကြံ့ခိုင်စေသည်။

လူ၏ ခန္တာကိုယ်အတွင်း ကင်ဆာဖြစ်စေနိုင်သော Free Radicals များကို ချေဖျက်ပေးပြီး ကိုယ်အင်္ဂါအစိတ် အပိုင်းများ၊ အရေပြား နှင့် သွေးကြောများကို သန်မာစေသည်။

၂။ သွေးလည်ပတ်မှုကောင်းစေခြင်း နှင့် သွေးဖိအားကို ထိန်းညှိပေးခြင်း

ကော့ပါးနှင့် သံဓာတ်တို့ပေါင်းစပ်ပါဝင်မှုကြောင့် ကိုယ်ခန္တာအတွင်း သွေးလည်ပတ်မှု ကို ကောင်းမွန်စေပါသည်။ သွေးအားနည်းရောဂါဖြစ်စေနိုင်မည့် အလားအလာကိုလည်း လျော့နည်းစေ ပြီး စွမ်းအင်တိုးပွားစေပါသည်။

ကြာစွယ်တွင် ပါဝင်သော ပိုတက်စီယမ်သည် သွေးဖိအားကို ထိန်းညှိရာတွင် အကူအညီပေး သည်။ ပိုတက်စီယမ်သည် သွေးကြေားများကို ပြေလျော့စေပြီး ခန္တာကိုယ်အတွင်း အရည်ဓာတ်ပါ ဝင်မှု ကို အချိုးညီမျှစေပြီး သွေးလည်ပတ်မှုကို တိုးတက်ကောင်းမွန်စေသည်။

၃။ အစာကြေစေခြင်း နှင့် ကိုယ်အလေးချိန် လျော့ကျစေရန် ကူညီပေးခြင်း

နှလုံးရောဂါနှင့် ဆီချိုရောဂါဖြစ်စေနိုင်မည့် အန္တရာယ်မှ ကင်းဝေးစေသည့် အမျှင်ဓာတ်များ မြောက်များစွာ ပါဝင်ခြင်းသည် အစာချေခြင်းကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကို လျော့နည်းစေ သည်။

သင်စားသုံးသော အစားအစာများတွင် အသားဓာတ်များ နှင့် အာဟာရဓာတ်များ စွာ ပါဝင်သော အစားအစာများ ကို စားသုံးနေသည့်တိုင် ကြာစွယ်ကို စားသုံးပါက ကြာစွယ်သည် ကယ်လိုရီနည်းပါး သော အစားအစာ ဖြစ်သည့်အတွက် ခန္တာကိုယ်အလေးချိန် ထိန်းထားရန် အတွက် လည်းကောင်း၊ ကိုယ်အလေးချိန် လျော့ကျစေရန် အတွက် လည်းကောင်း ကူညီပေးပါသည်။

၄။ စိတ်ဖိစီးမှုလျော့ကျစေရန် ကူညီပေးပြီး၊ နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း

ဗိုက်တာမင် B တွင် ပိုင်ရီဒေါက်ဇင်း ပါဝင်ပြီး ၎င်းသည် စိတ်အာရုံစုစည်းမှု အားကောင်း စေသည့် အပြင် စိတ်ပြေလျော့စေသည်။ ခေါင်းကိုက်ခြင်းကို လျော့နည်းစေရန် ကူညီပေးသည့် အပြင် စိတ်ဖိစီးမှုကို လျော့ကျစေသည်။

ပိုင်ရီဒေါက်ဇင်းသည် နှလုံးကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပြီး နှလုံးသွေးကြော ရုတ်တရက်ပိတ်ဆို့ခြင်း အန္တရာယ်ကို လျော့နည်းစေရန် ကူညီပေးသည်။ကာပင် ရဲ့ အမြစ် (ကြာစွယ်) အရွက် ပင်စည် အပွင့် အစေ့ အားလုံး စားလို့ရပါတယ်….

ကျော်ကျော်(NARD) / ၆.၉.၂၀၁၉ #Healthbenefitsoflotusroot / #lotusroot

Zawgyi

တစ္ရာသီကုိ ျမန္မာေငြသိန္းရာခ်ီ ၀င္ေငြရတဲ့ ၾကာစြယ္​ / ၾကာျမစ္​

Ref : China Plus / ေဘက်င္း၊ စက္တင္ဘာ – ၂၂

ေဆာင္းရာသီကုိ ၀င္လာၿပီဆိုတာနဲ႔ တရုတ္ႏုိင္ငံ က်န္းစီးျပည္နယ္ မွ လယ္သမားမ်ားဟာ ၾကာပင္ရဲ႕အျမစ္ တူးေဖာ္တဲ့လုပ္ငန္းကု ေဆာင္ရြက္ရင္း အလုပ္မ်ားလို႔ေနၾကပါၿပီ။ၾကာျမစ္ဟာ တရုတ္ႏိုင္ငံတြင္းမွာ အလြန္ေက်ာ္ၾကားလွတဲ့ ဟင္းလ်ာ တစ္မ်ိဳးလည္း ျဖစ္ပါတယ္။

ထူထပ္လွတဲ့ ရႊံ႕ႏြံ႕ေတာထဲကေန ရႈပ္ေထြးေနတဲ့ ၾကာျမစ္ေတြကုိ အရယူဖို႔အတြက္ သင့္ေလ်ာ္တဲ့စက္ပစၥည္း ၾကံဆတီထြင္ႏုိင္ ျခင္း မရွိေသးတာေၾကာင့္ လူ႕လုပ္အားဟာ ၾကာျမစ္တူးေဖာ္ေရးမွာ အဓိက အခန္းက႑ကရွိေနဆဲ ျဖစ္ပါတယ္။

လယ္သမားေတြဟာ တစ္ရက္ကုိ ရွစ္နာရီေက်ာ္ေလာက္ ေရကန္ထဲမွာ ၾကာျမစ္မ်ား တူးေဖာ္ၾကရပါတယ္။ေယဘုယ်ေျပာရလွ်င္ေတာ့ လူတစ္ဦးဟာ ေန႔စဥ္ ၾကာျမစ္ ၁၀၀ ကီလိုဂရမ္ ၀န္းက်င္ေလာက္ စုေဆာင္းႏုိင္ပါလိမ့္မယ္။

ဒီလိုလက္၀င္ခက္ခဲတဲ့ အလုပ္အၿပီးမွာ လယ္သမားမ်ားဟာ တစ္ရာသီကုိ ေဒၚလာ ၈၀၀၀ (ျမန္မာ ေငြက်ပ္ သိန္း ၁၀၀ေက်ာ္) ေလာက္ ၀င္ေငြရရွိၾကပါတယ္။

ၾကာျမစ္ဟာ အစိမး္အတုိင္းျဖစ္ေစ၊ ဟင္းလ်ာအျဖစ္ ခ်က္ျပဳတ္ၿပီးျဖစ္ေစ စားသံုးႏုိင္ၿပီး အနည္းငယ္ ခါးသက္သက္အရသာရွိကာ၊ ၾကြပ္ရြတဲ့ ခံစားမႈကုိေပးပါတယ္။

ဖုိင္ဘာအမွ်င္ဓာတ္မ်ားစြာပါ၀င္တဲ့ ၾကာျမစ္ဟာ ကာဘြန္ဟုိက္ဒရိတ္ေခ်ဖ်က္ျခင္းကုိ ေလ်ာ့ခ်ေပးကာ၊ ခႏၶာကိုယ္ရဲ႕ သၾကားဓာတ္စုပ္ယူမႈကုိ ေႏွးေကြးေစတာေၾကာင့္ ဆီးခ်ိဳေရာဂါအတြက္ ေကာင္းမြန္တဲ့ ေဆးဖက္၀င္အစားအစာ ျဖစ္ပါတယ္။

ဗီတာမင္စီ ဓာတ္ၾကြယ္၀ၿပီး က်န္းမာေရးအတြက္ အထူးသင့္ေလ်ာ္တဲ့ အစားအစာတစ္မ်ိဳးလည္း ျဖစ္ပါတယ္။လက္​ရိွျမန္​မာျပည္​ ၾကာစြယ္​​ေပါက္​​ေစ်း တစ္​ပိႆာ ၈၅၀၀ ၊ ၇၀၀၀ ၊ ၅၀၀၀ က်ပ္​ စားစားရွိပါတယ္

ျပည္ပေစ်းကြက္ရွိတ့ဲၾကာစြယ္တကယ္စိုက္သင့္ပါတယ္…..ျကာပင္ ရဲ႔ အျမစ္ (ျကာစြယ္) အရြက္ ပင္စည္ အပြင့္ အေစ့ အားလံုး စားလို႔ရပါတယ္….

ၾကာစြယ္၏ က်န္းမာေရးအက်ိဳးေက်းဇူးမ်ား ….

ၾကာစြယ္သည္ အာဟာရအလြန္ႂကြယ္၀ၿပီး အထူးသျဖင့္ စားသံုးရန္အတြက္ က်န္းမာေရး ေကာင္းမြန္ ေစေသာ ဓာတ္ပစၥည္းမ်ား မ်ားစြာ ပါ၀င္သည္။

ဗိုက္တာမင္ ႏွင့္ သတၱဳဓာတ္မ်ားျဖစ္ေသာ ဗိုက္တာမင္ B, C, သံဓာတ္၊ ပိုတက္စီယမ္ ၊ ေကာ့ပါး၊ သိုက္ယာမင္၊ ဇင့္ႏွင့္ အျခားသတၱဳဓာတ္မ်ား မ်ားစြာ ပါ၀င္သည္။

ဗိုက္တာမင္ မ်ိဳးစံုႏွင့္ သတၱဳဓာတ္မ်ား ႂကြယ္၀စြာ ပါ၀င္မႈေၾကာင့္ ၾကာစြယ္သည္ က်န္းမာေရးအတြက္ မ်ားစြာ ေကာင္းက်ိဳး ျဖစ္ေစေသာ အရာျဖစ္သည္။ ၾကာစြယ္စားသံုးျခင္းျဖင့္ ရရွိႏိုင္ေသာ အက်ိဳးေက်းဇူးမ်ားမွာ-

၁။ ကိုယ္ခံအား တိုးတက္ေကာင္းမြန္ေစျခင္း

၂။ ေသြးလည္ပတ္မႈေကာင္းေစျခင္း ႏွင့္ ေသြးဖိအားကို ထိန္းၫွိေပးျခင္း

၃။ အစာေၾကေစျခင္း ႏွင့္ ကိုယ္အေလးခ်ိန္ ေလ်ာ့က်ေစရန္ ကူညီေပးျခင္း

၄။ စိတ္ဖိစီးမႈေလ်ာ့က်ေစရန္ ကူညီေပးၿပီး၊ ႏွလံုးက်န္းမာေရးကို ေကာင္းမြန္ေစျခင္း

၁။ ကိုယ္ခံအား တိုးတက္ေကာင္းမြန္ေစျခင္း

ၾကာစြယ္တြင္ ထူးျခားမ်ားျပားစြာ ပါ၀င္ေသာ ဗိုက္တာမင္ C ေၾကာင့္ ခႏၲာကိုယ္၏ ခုခံစြမ္းအားကို တိုးတက္ေကာင္းမြန္ေစၿပီး ကိုယ္ခံစြမ္းအား ကို က်န္းမာၾကံ့ခိုင္ေစသည္။

လူ၏ ခႏၲာကိုယ္အတြင္း ကင္ဆာျဖစ္ေစႏိုင္ေသာ Free Radicals မ်ားကို ေခ်ဖ်က္ေပးၿပီး ကိုယ္အဂၤါအစိတ္ အပိုင္းမ်ား၊ အေရျပား ႏွင့္ ေသြးေၾကာမ်ားကို သန္မာေစသည္။

၂။ ေသြးလည္ပတ္မႈေကာင္းေစျခင္း ႏွင့္ ေသြးဖိအားကို ထိန္းၫွိေပးျခင္း

ေကာ့ပါးႏွင့္ သံဓာတ္တို႔ေပါင္းစပ္ပါ၀င္မႈေၾကာင့္ ကိုယ္ခႏၲာအတြင္း ေသြးလည္ပတ္မႈ ကို ေကာင္းမြန္ေစပါသည္။ ေသြးအားနည္းေရာဂါျဖစ္ေစႏိုင္မည့္ အလားအလာကိုလည္း ေလ်ာ့နည္းေစ ၿပီး စြမ္းအင္တိုးပြားေစပါသည္။

ၾကာစြယ္တြင္ ပါ၀င္ေသာ ပိုတက္စီယမ္သည္ ေသြးဖိအားကို ထိန္းၫွိရာတြင္ အကူအညီေပး သည္။ ပိုတက္စီယမ္သည္ ေသြးေၾကားမ်ားကို ေျပေလ်ာ့ေစၿပီး ခႏၲာကိုယ္အတြင္း အရည္ဓာတ္ပါ ၀င္မႈ ကို အခ်ိဳးညီမွ်ေစၿပီး ေသြးလည္ပတ္မႈကို တိုးတက္ေကာင္းမြန္ေစသည္။

၃။ အစာေၾကေစျခင္း ႏွင့္ ကိုယ္အေလးခ်ိန္ ေလ်ာ့က်ေစရန္ ကူညီေပးျခင္း

ႏွလံုးေရာဂါႏွင့္ ဆီခ်ိဳေရာဂါျဖစ္ေစႏိုင္မည့္ အႏၲရာယ္မွ ကင္းေ၀းေစသည့္ အမွ်င္ဓာတ္မ်ား ေျမာက္မ်ားစြာ ပါ၀င္ျခင္းသည္ အစာေခ်ျခင္းကို ေကာင္းမြန္ေစၿပီး ၀မ္းခ်ဳပ္ျခင္းကို ေလ်ာ့နည္းေစ သည္။

သင္စားသံုးေသာ အစားအစာမ်ားတြင္ အသားဓာတ္မ်ား ႏွင့္ အာဟာရဓာတ္မ်ား စြာ ပါ၀င္ေသာ အစားအစာမ်ား ကို စားသံုးေနသည့္တိုင္ ၾကာစြယ္ကို စားသံုးပါက ၾကာစြယ္သည္ ကယ္လိုရီနည္းပါး ေသာ အစားအစာ ျဖစ္သည့္အတြက္ ခႏၲာကိုယ္အေလးခ်ိန္ ထိန္းထားရန္ အတြက္ လည္းေကာင္း၊ ကိုယ္အေလးခ်ိန္ ေလ်ာ့က်ေစရန္ အတြက္ လည္းေကာင္း ကူညီေပးပါသည္။

၄။ စိတ္ဖိစီးမႈေလ်ာ့က်ေစရန္ ကူညီေပးၿပီး၊ ႏွလံုးက်န္းမာေရးကို ေကာင္းမြန္ေစျခင္း

ဗိုက္တာမင္ B တြင္ ပိုင္ရီေဒါက္ဇင္း ပါ၀င္ၿပီး ၎သည္ စိတ္အာရံုစုစည္းမႈ အားေကာင္း ေစသည့္ အျပင္ စိတ္ေျပေလ်ာ့ေစသည္။ ေခါင္းကိုက္ျခင္းကို ေလ်ာ့နည္းေစရန္ ကူညီေပးသည့္ အျပင္ စိတ္ဖိစီးမႈကို ေလ်ာ့က်ေစသည္။

ပိုင္ရီေဒါက္ဇင္းသည္ ႏွလံုးက်န္းမာေရးကို တိုးတက္ေကာင္းမြန္ေစၿပီး ႏွလံုးေသြးေၾကာ ႐ုတ္တရက္ပိတ္ဆို႔ျခင္း အႏၲရာယ္ကို ေလ်ာ့နည္းေစရန္ ကူညီေပးသည္။ကာပင္ ရဲ႔ အျမစ္ (ျကာစြယ္) အရြက္ ပင္စည္ အပြင့္ အေစ့ အားလံုး စားလို႔ရပါတယ္….

ေက်ာ္ေက်ာ္(NARD) / ၆.၉.၂၀၁၉ #Healthbenefitsoflotusroot / #lotusroot