ကျောင်းအထွေထွေလုပ်သားအဖြစ် ဆက်လုပ်သွားမယ်ဆိုတဲ့ သိန်းတစ်သောင်းခွဲဆုရှင်

သတင်းစုံ

ကျောင်းခန်််းမဆောင််ဆောက််လှူမယ်ဆို်ိတဲ့ သိန်းတစ်သောင်းခွဲဆုရှင်် ကျောင်းစောင့့်ဝန်ထမ်းမိသားစု

၇ ကြိမ်မြောက်် အောင်ဘာလေ ကျပ်သိန်း တစ်သောင်းခွဲဆုကို မွန်ပြည်နယ် မော်လမြိုင်မြို့ ငန်းတေးရပ်ကွက်မှာနေထိုင်တဲ့ ကျောင်းစောင့်တစ်ဦးဖြစ်သူ ကိုမျိုးဝင်းကဆွတ်ခူးရရှိခဲ့ပါတယ်။

အသက် ်၃၈ နှစ်အရွယ်ရှိတဲ့ ကိုကျော်မျိုးဝင်းခေါ် အုန်းသီးဟာ ငန်းတေးအထကခွဲကျောင်းမှာ ကျောင်းစောင့်အဖြစ် အလုပ်လုပ်နေတာပါ။

ကိုိကျော်မျိုးဝင်းဟာ မိုးယံရွှေလမင်းနဲ့ မြတ်ဆုကုဋေထီဆိုင်ရဲ့ ထီစောင် ၅ စောင်တွဲကနေ ထီဆုကြီးဆွတ်ခူးရရှိခဲ့တာပါ။သူူဟာ အဲဒီ ထီ ၅ စောင်တွဲကို အကြွေးနဲ့ ထီရောင်းပေးနေတဲ့ ကိုယ်စားလှယ်တစ်ဦးဆီကနေ ဝယ်ထိုးခဲ့တာဖြစ်ပါတယ်။

အခုလိုသိန်းဆုကြီးပေါက်ခဲ့တဲ့အတွွက် ကိုကျော်မျိုးဝင်းဟာ သူအလုပ်လုပ်နေတဲ့ကျောင်းမှာ ကျောင်းဆောင်ခန်းမဆောင်တစ်ခုကို တည်ဆောက်ပေးသွားမယ်လို ပြောကြားခဲ့ပါသေးတယ်….

ထီးဆုကြီးပေါက်သွားတဲ့အတွက်် တခြား ရှေ့ဆက်လုပ်ဆောင်မယ့်အရာတွေကိုတော့ အခုလောလောဆယ်မှာ မဆုံးဖြတ်ရသေးဘူးလို့ ပြောပါတယ်။

လောလောဆယ်မှှာ တော့ ထီဆုကြီးပေါက်သွားပေမယ့် ယခုလက်ရှိလုပ်နေတဲ့ ကျောင်းစောင့်အလုပ်ကိုပဲ ဆက်လက်လုပ်သွားမှာလို့ဆိုပါတယ်။ကိုကျော်မျိုးဝင်းဟာ အရင်ကတည်းက ထီဆုသေးလေးတွွေ ပေါက်လေ့ရှိပါတယ်။

ငန်းတေးအထကခွဲကျောင်းအုပ်ြ်ဖစ်သူ ဒေါ်ကြည်ကြည်လှိုင်ကတော့ ကျောင်းစောင့်ဖြစ်တဲ့ ကိုကျော်မျိုးဝင်း ထီဆုကြီးဆွတ်ခူးရရှိသွား လိို့ ဝမ်းသာမိတယ်လို့ ဆိုပါတယ်။

ကိုကျော်မျိုးဝင်းဟာ ကျောင်းဆောင်ဝင််းထဲမှာ ဇနီး သားသမီးနှစ်ဦးနဲ့ အတူ နေထိုင်နေတာပါ။ 7days news journal

Unicode

ကျောင်းခန်းမဆောင်ဆောက်လှူမယ်ဆိုတဲ့ သိန်းတစ်သောင်းခွဲဆုရှင် ကျောင်းစောင့်ဝန်ထမ်းမိသားစု

၇ ကြိမ်မြောက် အောင်ဘာလေ ကျပ်သိန်း တစ်သောင်းခွဲဆုကို မွန်ပြည်နယ် မော်လမြိုင်မြို့ ငန်းတေးရပ်ကွက်မှာနေထိုင်တဲ့ ကျောင်းစောင့်တစ်ဦးဖြစ်သူ ကိုမျိုးဝင်းကဆွတ်ခူးရရှိခဲ့ပါတယ်။

အသက်၃၈ နှစ်အရွယ်ရှိတဲ့ ကိုကျော်မျိုးဝင်းခေါ် အုန်းသီးဟာ ငန်းတေးအထကခွဲကျောင်းမှာ ကျောင်းစောင့်အဖြစ် အလုပ်လုပ်နေတာပါ။

ကိုကျော်မျိုးဝင်းဟာ မိုးယံရွှေလမင်းနဲ့ မြတ်ဆုကုဋေထီဆိုင်ရဲ့ ထီစောင် ၅ စောင်တွဲကနေ ထီဆုကြီးဆွတ်ခူးရရှိခဲ့တာပါ။သူဟာ အဲဒီ ထီ ၅ စောင်တွဲကို အကြွေးနဲ့ ထီရောင်းပေးနေတဲ့ ကိုယ်စားလှယ်တစ်ဦးဆီကနေ ဝယ်ထိုးခဲ့တာဖြစ်ပါတယ်။

အခုလိုသိန်းဆုကြီးပေါက်ခဲ့တဲ့အတွက် ကိုကျော်မျိုးဝင်းဟာ သူအလုပ်လုပ်နေတဲ့ကျောင်းမှာ ကျောင်းဆောင်ခန်းမဆောင်တစ်ခုကို တည်ဆောက်ပေးသွားမယ်လို ပြောကြားခဲ့ပါသေးတယ်….

ထီးဆုကြီးပေါက်သွားတဲ့အတွက် တခြား ရှေ့ဆက်လုပ်ဆောင်မယ့်အရာတွေကိုတော့ အခုလောလောဆယ်မှာ မဆုံးဖြတ်ရသေးဘူးလို့ ပြောပါတယ်။

လောလောဆယ်မှာ တော့ ထီဆုကြီးပေါက်သွားပေမယ့် ယခုလက်ရှိလုပ်နေတဲ့ ကျောင်းစောင့်အလုပ်ကိုပဲ ဆက်လက်လုပ်သွားမှာလို့ဆိုပါတယ်။ကိုကျော်မျိုးဝင်းဟာ အရင်ကတည်းက ထီဆုသေးလေးတွေ ပေါက်လေ့ရှိပါတယ်။

ငန်းတေးအထကခွဲကျောင်းအုပ်ြ်ဖစ်သူ ဒေါ်ကြည်ကြည်လှိုင်ကတော့ ကျောင်းစောင့်ဖြစ်တဲ့ ကိုကျော်မျိုးဝင်း ထီဆုကြီးဆွတ်ခူးရရှိသွား လို့ ဝမ်းသာမိတယ်လို့ ဆိုပါတယ်။

ကိုကျော်မျိုးဝင်းဟာ ကျောင်းဆောင်ဝင်းထဲမှာ ဇနီး သားသမီးနှစ်ဦးနဲ့ အတူ နေထိုင်နေတာပါ။ 7days news journal