သာသနာ့ေဘာင္ကို အျပီး၀င္ေရာက္ေတာ့မယ့္ အေၾကာင္းရင္းကို ေျပာျပခဲ႔တဲ႔ အ႐ွင္ကု႑လ

သတင္​းစုံ

စစ္ကုိင္း၊ ဇြန္ ၈ -၂၀၁၉

မေကြးတုိင္း၊ ထီးလင္းၿမဳိ႕နယ္က ေက်ာင္းသားေလး ေမာင္ေအာင္ေကာင္းဆက္ဟာ ဒီႏွစ္ တကၠသိုလ္ဝင္တန္းမွာ ဘာသာစုံဂုဏ္ထူးနဲ႕ေအာင္ျမင္ခဲ့ေပမယ့္ သာသနာ့ေဘာင္ကုိ ရာသက္ပန္ သီတင္းသုံးေနထုိင္ၿပီး ပရိယတၱိစာေပေတြကုိပဲ သင္ယူသြားမယ္လုိ႔ သိရပါတယ္။

၂၀၁၈ -၂၀၁၉ ပညာသင္ႏွစ္ တကၠသုိလ္ဝင္တန္း စာေမးပြဲကို မႏၲေလးတုိင္း၊ မလိွဳင္ၿမဳိ႕နယ္ မလွဳိင္မိသားစု ကုိယ္ပုိင္အထက္တန္းေက်ာင္းမွာ ေျဖဆုိခဲ့ၿပီး အာင္စာရင္းမထြက္ခင္ ေမလ ၆ ရက္ကစလို႔ စစ္ကုိင္းေတာင္႐ုိး ျမစၾကာေက်ာင္းတုိက္မွာ အ႐ွင္ကု႑လ ဘြဲ႔အမည္နဲ႕ သီတင္းသံုးေနထိုင္ခဲ့ပါတယ္။

”သာသနာေဘာင္ကုိ ဝင္ရတဲ့ အေႀကာင္းအရင္းက ေက်းဇူးဆပ္ခ်င္လုိ႔ပါ။ ခုလုိ ဘဝရတာကလည္း အနေႏၵာ၊ အနႏၵငါးပါးရဲ႕ ေက်းဇူးေတြေၾကာင့္ပါ။ အဲဒီ ေက်းဇူးေတြကုိ ဆပ္ခ်င္လုိ႔ တနည္းအားျဖင့္ ဘုရားရဲ႕ ေက်းဇူးကုိလည္း ဆပ္ခ်င္လုိ႔၊

အနေႏၵာ အနႏၵငါးပါးေက်းဇူးကုိ ကုိယ္တတ္ႏုိင္သေလာက္ ေက်းဇူးဆပ္ရင္း ဒီသာသနာေတာ္ႀကီးမွာ ေနဖုိ႔ဆုံးျဖတ္ထားတယ္။ ငယ္ငယ္ေလးကတည္းက သကၤန္းဝတ္မွာဆုိတာ အိမ္ကလည္းသိတယ္၊ ခြင့္လည္း ခြင့္ျပဳတယ္။ ဒါေပမယ့္ ဆယ္တန္းေလးေတာ့ ေျဖပါဦးဆုိေတာ့ ေျဖခဲ့တယ္။”လို႔ သာမေဏ အ႐ွင္ကု႑လက မိန္႔ပါတယ္။

ေစာျပည့္ခ်မ္းသာ(VOM)

စစ်ကိုင်း၊ ဇွန် ၈ -၂၀၁၉

မကွေးတိုင်း၊ ထီးလင်းမြို့နယ်က ကျောင်းသားလေး မောင်အောင်ကောင်းဆက်ဟာ ဒီနှစ် တက္ကသိုလ်ဝင်တန်းမှာ ဘာသာစုံဂုဏ်ထူးနဲ့အောင်မြင်ခဲ့ပေမယ့် သာသနာ့ဘောင်ကို ရာသက်ပန် သီတင်းသုံးနေထိုင်ပြီး ပရိယတ္တိစာပေတွေကိုပဲ သင်ယူသွားမယ်လို့ သိရပါတယ်။

၂၀၁၈ -၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မန္တလေးတိုင်း၊ မလှိုင်မြို့နယ် မလှိုင်မိသားစု ကိုယ်ပိုင်အထက်တန်းကျောင်းမှာ ဖြေဆိုခဲ့ပြီး အာင်စာရင်းမထွက်ခင် မေလ ၆ ရက်ကစလို့ စစ်ကိုင်းတောင်ရိုး မြစကြာကျောင်းတိုက်မှာ အရှင်ကုဏ္ဍလ ဘွဲ့အမည်နဲ့ သီတင်းသုံးနေထိုင်ခဲ့ပါတယ်။

”သာသနာဘောင်ကို ဝင်ရတဲ့ အကြောင်းအရင်းက ကျေးဇူးဆပ်ချင်လို့ပါ။ ခုလို ဘဝရတာကလည်း အနန္ဒော၊ အနန္ဒငါးပါးရဲ့ ကျေးဇူးတွေကြောင့်ပါ။ အဲဒီ ကျေးဇူးတွေကို ဆပ်ချင်လို့ တနည်းအားဖြင့် ဘုရားရဲ့ ကျေးဇူးကိုလည်း ဆပ်ချင်လို့၊

အနန္ဒော အနန္ဒငါးပါးကျေးဇူးကို ကိုယ်တတ်နိုင်သလောက် ကျေးဇူးဆပ်ရင်း ဒီသာသနာတော်ကြီးမှာ နေဖို့ဆုံးဖြတ်ထားတယ်။ ငယ်ငယ်လေးကတည်းက သင်္ကန်းဝတ်မှာဆိုတာ အိမ်ကလည်းသိတယ်၊ ခွင့်လည်း ခွင့်ပြုတယ်။ ဒါပေမယ့် ဆယ်တန်းလေးတော့ ဖြေပါဦးဆိုတော့ ဖြေခဲ့တယ်။”လို့ သာမဏေ အရှင်ကုဏ္ဍလက မိန့်ပါတယ်။

စောပြည့်ချမ်းသာ(VOM)