ပန်​ကာမပိတ်မိဘဲ ခရီးထွက်​သွားရာမှ ဝါယာ​ရှော့ခ်​ဖြစ်​ကာ ​နေအိမ်​ မီး​လောင်

သတင်းစုံ


ကချင်​ပြည်​နယ်​၊ဗန်း​မော်​မြို့တွင်​ ပန်​ကာမပိတ်​ဘဲ ခရီးထွက်သွားရာမှ လူမရှိခိုက်​ ဝါယာ​ရှော့ခ်​ဖြစ်​ကာ ​နေအိမ်​တစ်​လုံး မီး​လောင်​ဆုံးရှုံးမှုဖြစ်​ပွားခဲ့​ကြောင်း သိရသည်​။

ဖြစ်​စဉ်​မှာ ဇွန်​ ၃ ရက် ည​နေ ၆ နာရီ​ကျော်​ခန့်​က ဗန်း​မော်​မြို့၊မင်းလှရပ်​ကွက်​​ရှိ ဦးဘိုဘို ​နေအိမ်​၌မီး​လောင်​မှုဖြစ်​ပွား​ကြောင်း သတင်းအရ ခရိုင်​မီးသတ်​ဦးစီးမှူးဦးစိုးမင်းခိုင်​နှင့်​သ​န္ဓေ/အရန်​မီးသတ်တပ်​ဖွဲ့ဝင်​များ၊ မြို့မရဲစခန်းမှူး ဒုရဲမှူးခင်​​မောင်​​ငွေ နှင့်​အဖွဲ့တို့ကမီးငြှိမ်းသတ်​ယာဉ်​(၂)စီး၊​ရေသယ်​ယာဉ်​(၃)စီး၊အရန်​မီးသတ်​ယာဉ်​(၃)စီးတို့ဖြင့်​ သွား​ရောက်​ကာ ပြည်​သူများနှင့်​အတူ ပူး​ပေါင်းဝိုင်းဝန်းငြှိမ်းသတ်​ခဲ့ရသည်​။

မီး​လောင်​မှုဖြစ်​စဉ်​အား စုံစမ်းစစ်​​ဆေးရာ အိမ်​ရှင်​များ ခရီးထွက်​နေစဉ်​ ​နေအိမ်​အိပ်​ခန်းအတွင်းရှိ ပန်​ကာအား မပိတ်​ဘဲထားခဲ့ရာမှဝါယာ​ရှော့ခ်​ဖြစ်​ကာ မီး​ကူးစက်​​လောင်​ခြင်းဖြစ်​ပြီး မီး​လောင်​မှု​ကြောင့်သွပ်​မိုး အုတ်​ညှပ်​ (၁)ထပ်​တိုက်​​နေအိမ်​တစ်​လုံး မီး​လောင်​ဆုံးရှုံးခဲ့​ကြောင်း ရဲမှတ်​တမ်းအရ သိရသည်​။

ဖြစ်​စဉ်​နှင့်​ပတ်​သက်​ပြီး ဦးဘိုဘို(၃၆)နှစ်​အား ဗန်း​မော်​မြို့မရဲစခန်းက (ပ)၂၀၅/၂၀၁၉ ရာဇသတ်​ကြီးပုဒ်​မ ၂၈၅ ဖြင့်​ အမှုဖွင့်​လှစ်​ဆောင်​ရွက်​ထားရှိ​ကြောင်း သိရသည်​။

ဗန်းမော်ပွင့်သစ်

Unicode

ပန်​ကာမပိတ်​ဘဲ ခရီးထွက်​သွားရာမှ ဝါယာ​ရှော့ခ်​ဖြစ်​ကာ ​နေအိမ်​ မီး​လောင်​မှုဖြစ်​ပွား

ကချင်​ပြည်​နယ်​၊ဗန်​း​မော်​မြို့တွင်​ ပန်​ကာမပိတ်​ဘဲ ခရီးထွက်​်

သွားရာမှ လူမရှိခိုက်​ ဝါယာ​ရှော့ခ်​ဖြစ်​ကာ ​နေအိမ်​တစ်​လုံး မီး​လောင်​

ဆုံးရှုံးမှုဖြစ်​ပွားခဲ့​ကြောင်​း သိရသည်​။

ဖြစ်​စဉ်​မှာ ဇွန်​ ၃ ရက်​် ည​နေ ၆ နာရီ​ကျော်​ခန်​့က ဗန်​း​မော်​မြို့၊

မင်​းလှရပ်​ကွက်​​ရှိ ဦးဘိုဘို ​နေအိမ်​၌မီး​လောင်​မှုဖြစ်​ပွား​ကြောင်​း သ

တင်​းအရ ခရိုင်​မီးသတ်​ဦးစီးမှူးဦးစိုးမင်​းခိုင်​နှင်​့သ​န္ဓေ/အရန်​မီးသတ်​်

တပ်​ဖွဲ့ဝင်​များ၊ မြို့မရဲစခန်​းမှူး ဒုရဲမှူးခင်​​မောင်​​ငွေ နှင်​့အဖွဲ့တို့က

မီးငြိှမ်​းသတ်​ယာဉ်​(၂)စီး၊​ရေသယ်​ယာဉ်​(၃)စီး၊အရန်​မီးသတ်​ယာဉ်​

(၃)စီးတို့ဖြင်​့ သွား​ရောက်​ကာ ပြည်​သူများနှင်​့အတူ ပူး​ပေါင်​းဝိုင်​းဝန်​း
ငြှိမ်​းသတ်​ခဲ့ရသည်​။

မီး​လောင်​မှုဖြစ်​စဉ်​အား စုံစမ်​းစစ်​​ဆေးရာ အိမ်​ရှင်​များ ခရီးထွက်​်

​နေစဉ်​ ​နေအိမ်​အိပ်​ခန်​းအတွင်​းရှိ ပန်​ကာအား မပိတ်​ဘဲထားခဲ့ရာမှ

ဝါယာ​ရှော့ခ်​ဖြစ်​ကာ မီး​ကူးစက်​​လောင်​ခြင်​းဖြစ်​ပြီး မီး​လောင်​မှု​ကြောင်​့်

သွပ်​မိုး အုတ်​ညှပ်​ (၁)ထပ်​တိုက်​​နေအိမ်​တစ်​လုံး မီး​လောင်​ဆုံးရှုံးခဲ့

​ကြောင်​း ရဲမှတ်​တမ်​းအရ သိရသည်​။

ဖြစ်​စဉ်​နှင်​့ပတ်​သက်​ပြီး ဦးဘိုဘို(၃၆)နှစ်​အား ဗန်​း​မော်​မြို့မရဲစ

ခန်​းက (ပ)၂၀၅/၂၀၁၉ ရာဇသတ်​ကြီးပုဒ်​မ ၂၈၅ ဖြင်​့ အမှုဖွင်​့လှစ်​်

​ဆောင်​ရွက်​ထားရှိ​ကြောင်​်း သိရသည်​။

ဗန်းမော်ပွင့်သစ််