ေရခဲေခ်ာင္းေရာင္းသူထံမွ မူးယစ္ေဆး သိန္းေထာင့္ေျခာက္ရာေက်ာ္ဘုိး ဖမ္းမိ

သတင္​းစုံ

ေရခဲေခ်ာင္းေရာင္းသူထံမွ မူးယစ္ေဆး သိန္းေထာင့္ေျခာက္ရာေက်ာ္ဘုိး ဖမ္းမိ

ကခ်င္​ျပည္​နယ္​ ေ႐ႊကူၿမိဳ႕နယ္​တြင္​ ​ေရခဲ​ေခ်ာင္​း​ေရာင္​းသူထံမွ ဘိန္းျဖဴႏွင့္ စိတ္ၾကြေဆး သိန္းတစ္ေထာင့္ေျခာက္ရာေက်ာ္ဘုိး ဇြန္ ၂ ရက္က ဖမ္းဆီးရမိခဲ႔ေၾကာင္း သိရသည္။

ဗန္းေမာ္ ခရိုင္​မႈခင္​းနွိမ္​နင္​း​ေရးမွ ရဲတပ္ဖြဲ႕ဝင္မ်ားသည္ သတင္းအရ ဇြန္​ ၂ ရက္​ ည​ေန ၅ နာရီခြဲခန္​႔က ​ေ႐ႊကူၿမိဳ႕နယ္​ ​ေညာင္​ကုန္​း​ေက်း႐ြာအုပ္​စုရွိ ဗန္​း​ေမာ္​-မႏၲ​ေလးမဟာ ဗ်ဴဟာလမ္​း၊ မိုင္​တိုင္​အမွတ္​ ၁၉၅ အနီး ​ေတာလမ္​းထိပ္​၌ ေစာင့္ဆုိင္းေနခဲ႔ေၾကာင္း ဆုိသည္။

ထုိသုိ႔ေစာင့္ဆုိင္းေနစဥ္ မဘိမ္​း ၿမိဳ႕နယ္​ဘက္​မွ ​ေတာလမ္​းအတိုင္​း ေရခဲေခ်ာင္းေရာင္းသည့္ ေက်ာ္စြာဆုိသူ ​​ေမာင္​းနွင္​လာသည္​့ ကန္​ဘို-၁၂၅ ဆိုင္​ကယ္​အား ရဲဲတပ္ဖြဲ႕မွ ရပ္​တန္​႔ စစ္​​ေဆးခဲ႔ေၾကာင္းသိရသည္ ။

ေက်ာ္စြာလြယ္လာသည့္ လြယ္​အိတ္​အတြင္​းမွ WYနွင္​့ 88 စာတန္​းပါ ပန္​း​ေရာင္​စိတ္​ႂကြရူးသြပ္​​ေဆးျပား ၃၆၁၀၀ ျပား ၇၂,၂၀၀,၀၀၀ က်ပ္​ဘုိးႏွင့္ ဆိုင္​ကယ္​အ​ေနာက္​ဘက္​ဖင္​ထိုင္​ခံု​ေပၚရွိ ​ေရခဲ​ေခ်ာင္​းပံုးအတြင္​းမွ …

Love is flower ​ေရာင္​စံုဆပ္​ျပာခြက္​ (၉၈) ခြက္​ အတြင္​းမွ ဘိန္​းျဖဴမႈန္​႔အ​ေလးခ်ိန္​ ၈၈၂ ဂရမ္​ ၈၈,၂၀၀,၀၀၀ က်ပ္​ဘုိးခန္႔ ေတြ႕ရွိခဲ့သည္​။

မူးယစ္ေဆးဝါးမ်ားႏွင့္အတူေတြ႕ရွိရသည့္ ​ေက်ာ္​စြာ(၄၀)နွစ္​၊ငါးအိုး​ေက်း႐ြာ၊မဘိမ္​းၿမိဳ႕နယ္​​ေနသူအား ​ေ႐ႊကူၿမိဳ႕မရဲစခန္​း မယ(ပ)၃၀/၂၀၁၉ မူးစိတ္​ ပုဒ္​မ ၁၉(က)ျဖင္​့ အမႈေရးဖြင့္ စစ္ေဆးလ်က္ရွိေၾကာင္းသိရသည္ ။

Credit – ေမာင္ေလးငယ္ငယ္

Unicode

ရေခဲချောင်းရောင်းသူထံမှ မူးယစ်ဆေး သိန်းထောင့်ခြောက်ရာကျော်ဘိုး ဖမ်းမိ

ကချင်​ပြည်​နယ်​ ရွှေကူမြို့နယ်​တွင်​ ​ရေခဲ​ချောင်​း​ရောင်​းသူထံမှ ဘိန်းဖြူနှင့် စိတ်ကြွဆေး သိန်းတစ်ထောင့်ခြောက်ရာကျော်ဘိုး ဇွန် ၂ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဗန်းမော် ခရိုင်​မှုခင်​းနှိမ်​နင်​း​ရေးမှ ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ ဇွန်​ ၂ ရက်​ ည​နေ ၅ နာရီခွဲခန်​့က ​ရွှေကူမြို့နယ်​ ​ညောင်​ကုန်​း​ကျေးရွာအုပ်​စုရှိ ဗန်​း​မော်​-မန္တ​လေးမဟာ ဗျူဟာလမ်​း၊ မိုင်​တိုင်​အမှတ်​ ၁၉၅ အနီး ​တောလမ်​းထိပ်​၌ စောင့်ဆိုင်းနေခဲ့ကြောင်း ဆိုသည်။

ထိုသို့စောင့်ဆိုင်းနေစဉ် မဘိမ်​း မြို့နယ်​ဘက်​မှ ​တောလမ်​းအတိုင်​း ရေခဲချောင်းရောင်းသည့် ကျော်စွာဆိုသူ ​​မောင်​းနှင်​လာသည်​့ ကန်​ဘို-၁၂၅ ဆိုင်​ကယ်​အား ရဲဲတပ်ဖွဲ့မှ ရပ်​တန်​့ စစ်​​ဆေးခဲ့ကြောင်းသိရသည် ။

ကျော်စွာလွယ်လာသည့် လွယ်​အိတ်​အတွင်​းမှ WYနှင်​့ 88 စာတန်​းပါ ပန်​း​ရောင်​စိတ်​ကြွရူးသွပ်​​ဆေးပြား ၃၆၁၀၀ ပြား ၇၂,၂၀၀,၀၀၀ ကျပ်​ဘိုးနှင့် ဆိုင်​ကယ်​အ​နောက်​ဘက်​ဖင်​ထိုင်​ခုံ​ပေါ်ရှိ ​ရေခဲ​ချောင်​းပုံးအတွင်​းမှ …

Love is flower ​ရောင်​စုံဆပ်​ပြာခွက်​ (၉၈) ခွက်​ အတွင်​းမှ ဘိန်​းဖြူမှုန်​့အ​လေးချိန်​ ၈၈၂ ဂရမ်​ ၈၈,၂၀၀,၀၀၀ ကျပ်​ဘိုးခန့် တွေ့ရှိခဲ့သည်​။

မူးယစ်ဆေးဝါးများနှင့်အတူတွေ့ရှိရသည့် ​ကျော်​စွာ(၄၀)နှစ်​၊ငါးအိုး​ကျေးရွာ၊မဘိမ်​းမြို့နယ်​​နေသူအား ​ရွှေကူမြို့မရဲစခန်​း မယ(ပ)၃၀/၂၀၁၉ မူးစိတ်​ ပုဒ်​မ ၁၉(က)ဖြင်​့ အမှုရေးဖွင့် စစ်ဆေးလျက်ရှိကြောင်းသိရသည် ။

Credit – မောင်လေးငယ်ငယ်