စစ္ကိုင္းၿမိဳ႕ ၿမိဳ႕မေစ်းႀကီး၏ ၂၄ နာရီပ်ံက်ေစ်းအတြင္းဓားထိုးမႈျဖစ္ပြား

စစ္ကိုင္း ဇြန္ ၃စစ္ကိုင္းၿမိဳ႕ ၿမိဳ႕မေစ်းႀကီး၏ ၂၄ နာရီပ်ံက်ေစ်းအတြင္းဓားထိုးမႈျဖစ္ပြား။

စစ္ကိုင္းၿမိဳ႕ ၿမိဳ႕မေစ်းႀကီး၏ ၂၄ နာရီပ်ံက်ေစ်းအတြင္း ဇြန္ ၃ ရက္ေန႔နံနက္ ၆ နာရီက ဓားထိုးမႈတစ္ခုျဖစ္ပြားရာ ဓားထိုးခံရသူအမိ်ဳးသမီးတစ္ဦးေသဆုးံခဲ့ေၾကာင္းသိရသည္ ။

စစ္ကိုင္းၿမိဳ႕ မိုးဇာရပ္ကြက္ၿမိဳ႕မေစ်းႀကီး၏ ၂၄ နာရီပ်ံက်ေစ်းဆိုင္တန္းဓားထိုးမႈျဖစ္ပြားေၾကာင္းသတင္းအရ ျမ္ို႔မစခန္းမႉး ဒုရဲမႉးခိုင္စိုးထြန္းႏွင့္အဖြဲ႔ မိုးဇာရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးသိန္းေဝႏွင့္အဖြဲ႔တိုသည္ သက္ေသမ်ား….

ႏွင့္အတူသြားေရာက္ၾကည့္႐ႈစစ္ေဆးရာ ပ်ံက်ေစ်းတန္းတြင္ အမဲသားေရာင္းသည့္ မဇင္မာဝင္း( ခ) မိမဲ အသက္ ၃၂ ႏွစ္ (ဘ) ဦးကိုဦးမြတ္စလင္/အစၥလာမ္ ပန္းဘဲတန္းရပ္ စစ္ကိုင္းၿမိဳ႕ေနသူသည္ ရင္ၫြန္႔/ ဝမ္းဗိုက္/ဝဲေပါင္ရင္း
/လည္ဂုတ္/ထိုးသြင္းဒဏ္ရာမ်ား ဝဲတံေတာင္/ေအာက္ႏွဳတ္ခမ္းျပတ္႐ွဒဏ္ရာမ်ားျဖင့္ လဲက်ေနသည္ကိုေတြ႐ွိရ၍ သုခကာရီလူမႈကူညီေရးအသင္းသို႔ အေၾကာင္းၾကားၿပီး လူမႉကူညီေရးအသင္းကားျဖင့္ စစ္ကိုင္းၿမိဳ႕နယ္ျပည္သူေဆးရံုသို႔ပို႔ေဆာင္စဥ္ လမ္း၌ေသဆုးံသြားခဲ့သည္။
ျဖစ္စဥ္မွာ ေသဆုးံသူ မဇင္မာဝင္း(ခ)မမိမဲသည္ ၂၄ နာရီပ်ံက်ေစ်း၌ ေစ်းေရာင္းေနစ……

လြန္ခဲ့ေသာ ၂ ရက္ခန္႔ကကြာ႐ွင္းၿပီးျဖစ္ေသာေသဆုးံသူ၏ခင္ပြန္းျဖစ္သူ စိုးႏိုင္ဦး(ခ)ကုလားအသက္ ၃၃ ႏွစ္ (ဘ) ဦးေဇာ္မင္းl ၅/စကန(ႏိုင္) ၂၅၇၄၁၁ l ဗမာ/ ဗုဒၶ l ၅ တန္း ၊ အမဲသားသတ္လုပ္ငန္း၊ မိုးဇာရပ္ကြက္၊ စစ္ကိုင္းၿမိဳ႕နယ္ေနသူမွ ေရာက္ရိွလာၿပီး တစ္ေယာက္တစ္ခြန္းစကားမ်ားကာ အသင့္ပါလာသည့္ အမဲသားလွီးရာတြင္ အသုးံျပဳသည့္ စတီးဓားဦးခြၽန္ျဖင့္ ထိုးရာဒဏ္ရာမ်ားရရိွၿပီး ေသဆုးံသြားခဲ့သ ျဖင့္ လူအားဒဏ္ရာ ရ႐ွိေသဆုးံေအာင္ျပဳလုပ္သူ စိုးႏိုင္ဦး(ခ) ကုလားအား မိုးဇာရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးဦးသိန္းေဝမွ တရားလိုျပဳလုပ္၍တိုင္တန္းရာ မမစ(ပ) ၆၁၅/ ၂၀၁၉ ရာဇသတ္ုႀကီးပုဒ္မ ၃၀၂ အရ အမႉဖြင့္အေရးယူႏိုင္ေရးေဆာင္ရြက္လ်ွက္ရိွေၾကာင္းသိရသည္ ။

ခိုင္ေဇယ်(Reporter)

SagaingNEWSMediagroup

unicode version

စစ်ကိုင်း ဇွန် ၃စစ်ကိုင်းမြို့ မြို့မစျေးကြီး၏ ၂၄ နာရီပျံကျစျေးအတွင်းဓားထိုးမှုဖြစ်ပွား။

စစ်ကိုင်းမြို့ မြို့မစျေးကြီး၏ ၂၄ နာရီပျံကျစျေးအတွင်း ဇွန် ၃ ရက်နေ့နံနက် ၆ နာရီက ဓားထိုးမှုတစ်ခုဖြစ်ပွားရာ ဓားထိုးခံရသူအမျိုးသမီးတစ်ဦးသေဆုးံခဲ့ကြောင်းသိရသည် ။

စစ်ကိုင်းမြို့ မိုးဇာရပ်ကွက်မြို့မစျေးကြီး၏ ၂၄ နာရီပျံကျစျေးဆိုင်တန်းဓားထိုးမှုဖြစ်ပွားကြောင်းသတင်းအရ မြ်ို့မစခန်းမှူး ဒုရဲမှူးခိုင်စိုးထွန်းနှင့်အဖွဲ့ မိုးဇာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းဝေနှင့်အဖွဲ့တိုသည် သက်သေများ….

နှင့်အတူသွားရောက်ကြည့်ရှုစစ်ဆေးရာ ပျံကျစျေးတန်းတွင် အမဲသားရောင်းသည့် မဇင်မာဝင်း( ခ) မိမဲ အသက် ၃၂ နှစ် (ဘ) ဦးကိုဦးမွတ်စလင်/အစ္စလာမ် ပန်းဘဲတန်းရပ် စစ်ကိုင်းမြို့နေသူသည် ရင်ညွန့်/ ဝမ်းဗိုက်/ဝဲပေါင်ရင်း
/လည်ဂုတ်/ထိုးသွင်းဒဏ်ရာများ ဝဲတံတောင်/အောက်နှုတ်ခမ်းပြတ်ရှဒဏ်ရာများဖြင့် လဲကျနေသည်ကိုတွေရှိရ၍ သုခကာရီလူမှုကူညီရေးအသင်းသို့ အကြောင်းကြားပြီး လူမှူကူညီရေးအသင်းကားဖြင့် စစ်ကိုင်းမြို့နယ်ပြည်သူဆေးရုံသို့ပို့ဆောင်စဉ် လမ်း၌သေဆုးံသွားခဲ့သည်။
ဖြစ်စဉ်မှာ သေဆုးံသူ မဇင်မာဝင်း(ခ)မမိမဲသည် ၂၄ နာရီပျံကျစျေး၌ စျေးရောင်းနေစ……

လွန်ခဲ့သော ၂ ရက်ခန့်ကကွာရှင်းပြီးဖြစ်သောသေဆုးံသူ၏ခင်ပွန်းဖြစ်သူ စိုးနိုင်ဦး(ခ)ကုလားအသက် ၃၃ နှစ် (ဘ) ဦးဇော်မင်းl ၅/စကန(နိုင်) ၂၅၇၄၁၁ l ဗမာ/ ဗုဒ္ဓ l ၅ တန်း ၊ အမဲသားသတ်လုပ်ငန်း၊ မိုးဇာရပ်ကွက်၊ စစ်ကိုင်းမြို့နယ်နေသူမှ ရောက်ရှိလာပြီး တစ်ယောက်တစ်ခွန်းစကားများကာ အသင့်ပါလာသည့် အမဲသားလှီးရာတွင် အသုးံပြုသည့် စတီးဓားဦးချွန်ဖြင့် ထိုးရာဒဏ်ရာများရရှိပြီး သေဆုးံသွားခဲ့သ ဖြင့် လူအားဒဏ်ရာ ရရှိသေဆုးံအောင်ပြုလုပ်သူ စိုးနိုင်ဦး(ခ) ကုလားအား မိုးဇာရပ်ကွက်အုပ်ချုပ်ရေးမှူးဦးသိန်းဝေမှ တရားလိုပြုလုပ်၍တိုင်တန်းရာ မမစ(ပ) ၆၁၅/ ၂၀၁၉ ရာဇသတ်ုကြီးပုဒ်မ ၃၀၂ အရ အမှူဖွင့်အရေးယူနိုင်ရေးဆောင်ရွက်လျှက်ရှိကြောင်းသိရသည် ။

ခိုင်ဇေယျ(Reporter)

SagaingNEWSMediagroup