မႏၲေလးလံုျခံဳေရး ပစ္မိန္႔ေပးထားျပီ

သတင္​းစုံ

မႏၱေလးၿမိဳ႕လံုျခံဳေရးနဲဲ႔ပတ္သက္ၿပီး လိုအပ္ရင္ပစ္ဖို႔ အမိန္႔ေပးထားတယ္လို႔ မႏၱေလးတိုင္း ရဲတပ္ဖြဲ႔မွဴး ရဲမွဴးခ်ဳပ္ စိန္လြင္က ေျပာပါတယ္။

ရဲတပ္ဖဲြ႔၀င္ေတြအားလံုးကို ေသနတ္ေပးထားၿပီး ေအာက္ပိုင္းကိုပစ္ဖို႔ အမိန္႔ေပးထားတယ္လို႔ ဒီေန႔ မႏၱေလးတုိင္းရဲတပ္ဖဲြ႔ရံုးမွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပဲြမွာ ေျပာပါတယ္။

မႏၱေလးၿမိဳ႕မွာ အခုရက္ပိုင္းအတြင္း လုယက္မႈေတြ၊ ဓားခုတ္မႈေတြ မၾကာမၾကာျဖစ္ပြားေနတာေၾကာင္႔ ပံုစံအသစ္နဲ႔ ျပဳလုပ္ၿပီး မႈခင္းမျဖစ္ပြားေအာင္ ထိန္းသိမ္းေနတာျဖစ္တယ္လို႔ သိရပါတယ္။

တုိင္းေဒသႀကီးအစိုးရအဖဲြ႔ထံ အသိေပးတင္ျပၿပီး ေဆာင္ရြက္တာလို႔လည္း ရဲမွဴးခ်ဳပ္ စိန္လြင္က ေျပာပါတယ္။

ျပည္သူအခ်ိဳ႕ဟာ အျပင္သြားတဲ့အခါမွာ လံုျခံဳေရးအတြက္ တုတ္၊ လက္နက္လိုအရာမ်ိဳးကိုေဆာင္ၿပီး သြားေနတဲ့အေနအထားျဖစ္ေနလို႔ အဲဒီလုိျဖစ္ေနတဲ့ အေျခအေနကို တိုက္ဖ်က္လိုတာျဖစ္တယ္လို႔ ရဲမွဴးခ်ဳပ္က ေျပာပါတယ္။

အခုလ ၁ ရက္ေန႔ကေန ၃၀ ရက္ေန႔အတြင္းမွာဆိုရင္ စုစုေပါင္းအမႈ ၂၅၄ မႈ အေရးယူႏိုင္ခဲ့ၿပီး အမ်ိဳးသား ၃၁၀ ဦး အမ်ိဳးသမီး ၂၁ ဦး ဖမ္းဆီး အေရးယူႏိုင္ခဲ႔တယ္လို႔ သိရပါတယ္။

ဒီသတင္းကို RFA သတင္းေထာက္ မေခမဏီ၀င္း ေပးပို႔တာပါ။ RFA Burmese

Unicode ျဖင့္ဖတ္ရန္

မန္တလေးမြို့လုံခြုံရေးနဲ့ပတ်သက်ပြီး လိုအပ်ရင်ပစ်ဖို့ အမိန့်ပေးထားတယ်လို့ မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိန်လွင်က ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေအားလုံးကို သေနတ်ပေးထားပြီး အောက်ပိုင်းကိုပစ်ဖို့ အမိန့်ပေးထားတယ်လို့ ဒီနေ့ မန္တလေးတိုင်းရဲတပ်ဖွဲ့ရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မန္တလေးမြို့မှာ အခုရက်ပိုင်းအတွင်း လုယက်မှုတွေ၊ ဓားခုတ်မှုတွေ မကြာမကြာဖြစ်ပွားနေတာကြောင့် ပုံစံအသစ်နဲ့ ပြုလုပ်ပြီး မှုခင်းမဖြစ်ပွားအောင် ထိန်းသိမ်းနေတာဖြစ်တယ်လို့ သိရပါတယ်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ အသိပေးတင်ပြပြီး ဆောင်ရွက်တာလို့လည်း ရဲမှူးချုပ် စိန်လွင်က ပြောပါတယ်။

ပြည်သူအချို့ဟာ အပြင်သွားတဲ့အခါမှာ လုံခြုံရေးအတွက် တုတ်၊ လက်နက်လိုအရာမျိုးကိုဆောင်ပြီး သွားနေတဲ့အနေအထားဖြစ်နေလို့ အဲဒီလိုဖြစ်နေတဲ့ အခြေအနေကို တိုက်ဖျက်လိုတာဖြစ်တယ်လို့ ရဲမှူးချုပ်က ပြောပါတယ်။

အခုလ ၁ ရက်နေ့ကနေ ၃၀ ရက်နေ့အတွင်းမှာဆိုရင် စုစုပေါင်းအမှု ၂၅၄ မှု အရေးယူနိုင်ခဲ့ပြီး အမျိုးသား ၃၁၀ ဦး အမျိုးသမီး ၂၁ ဦး ဖမ်းဆီး အရေးယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။