ပွင့်သစ်ကွမ်းယာဆိုင်ပိုင်ရှင်ဇနီးမောင်နှံ ကိုဝင်းကျော်နှင့် မသီတာအေးတို့ရဲ့ ကံထူးခြင်းဖြစ်ရပ်
သတင်းစုံ
မန္တလေး ၁ ဇွန်
လေးကြိမ်မြောက် ကျပ်သိန်းတစ်သောင်းခွဲ အောင်ဘာလေထီဆုကြီးကို မန္တလေးမြို့ မြရည်နန္ဒာရပ်ကွက်၊ ဗ(၂၃)တွင် နေထိုင်သည့် ပွင့်သစ်ကွမ်းယာဆိုင်ပိုင်ရှင်ဇနီးမောင်နှံ ကိုဝင်းကျော်နှင့် မသီတာအေးတို့က ဆွတ်ခူးခဲ့ကြောင်းသိရသည်။
ထီပေါက်သူဇနီးမောင်နှံသည် စစ်ကိုင်းတိုင်းဒေသကြီး၊ထိန်ကန်ရွာကျေးရွာ ဇာတိဖြစ်ပြီး မန္တလေးမြို့တွင် ရောက်ရှိနေထိုင်လာခဲ့သည်မှာ ၁၅ နှစ်ရှိပြီဖြစ်သော်လည်း ပွင့်သစ်ကွမ်းယာဆိုင်ကို ဆယ်နှစ်လောက်ရှိပြီဖြစ်ကာ ၎င်းတို့တွင် သားနှစ်ယောက်နဲ့ မိသားစု လေးယောက်အတူနေထိုင်လျက်ရှိသည်။
ထီပေါက်ဂဏန်းမှာ ကခ-၅၅၅၂၁၈ဖြစ်ပြီး ဇနီးမောင်နှံနှစ်ဦးမှာ ငါးစောင်တွဲ နှစ်စောင်ကို သပြေထီရောင်းဝယ်ရေးဆိုင်မှ လက်ခွဲတွန်းလှည်းတွင် ထိုးယူခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးဖြစ်သူထိုးယူခဲ့သည့်တစ်စောင်မှ ပေါက်ခဲ့ခြင်းဖြစ်သည်။
လက်ရှိမှာတော့ ထီလက်မှတ်ပျောက်မှာစိုးတဲ့အတွက် အိမ်မှာ သေချာသိမ်းထားပြီး ထီဆုလက်မှတ်နှင့်အတူ ရန်ကုန်မြို့သို့ သွားရောက်ထုတ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
သူရိန်လင်း
Unicode
မန္တလေးမြို့တွွင် ပထမဆုံး သိန်းတစ်သောင်းခွဲဲဆုရှင် ပွင့်သစ်ကွမ်းယာ ဆိုင်ပိုင်ရှင်ဇနီးမောင်နှံဆွတ်ခူး
မန္တလေး ၁ ဇွန််
လေးကြိမ်မြောက်် ကျပ်သိန်းတစ်သောင်းခွဲ အောင်ဘာလေထီဆုကြီးကို မန္တလေးမြို့ မြရည်နန္ဒာရပ်ကွက်၊ ဗ(၂၃)တွင် နေထိုင်သည့် ပွင့်သစ်ကွမ်းယာဆိုင်ပိုင်ရှင်ဇနီးမောင်နှံ ကိုဝင်းကျော်နှင့် မသီတာအေးတို့က ဆွတ်ခူးခဲ့ကြောင်းသိရသည်။
ထီပေါက်သူဇနီးမောင်နှံံသည် စစ်ကိုင်းတိုင်းဒေသကြီး၊ထိန်ကန်ရွာကျေးရွာ ဇာတိဖြစ်ပြီး မန္တလေးမြို့တွင် ရောက်ရှိနေထိုင်လာခဲ့သည်မှာ ၁၅ နှစ်ရှိပြီဖြစ်သော်လည်း ပွင့်သစ်ကွမ်းယာဆိုင်ကို ဆယ်နှစ်လောက်ရှိပြီဖြစ်ကာ ၎င်းတို့တွင် သားနှစ်ယောက်နဲ့ မိသားစု လေးယောက်အတူနေထိုင်လျက်ရှိသည်။
” အစကတော့ မယုံဘူးပေါ့။ ဒီလောက််ထိ ကံကောင်းလိမ့်မယ် မထင်ဘူးလေ။ ဒါနဲ့ထီပြန်တိုက်ကြည့်တော့ ဟုတ်နေတာ အရမ်းလည်းပျော်သွားတယ်။ အရင်ဆုံးသတိရတာကတော့ ရွာဦးကျောင်းပေါ့ ရွာဦးကျောင်းကို လှူမယ် ။ ကားဝယ်ပေးမယ် ။ နောက်ပြီး နှစ်ဖက်မိဘကို ကန်တော့မယ် ။ သားနှစ်ယောက်ကို အလှူပေးမယ် “ဟု သိန်းတစ်သောင်းခွဲ ကံထူးရှင် မသီတာအေးက ပြောသည်။
ထီပေါက်ဂဏန်းမှာ ကခ-၅၅၅၂၁၈ဖြစ်ပြီး ဇနီးမောင်နှံနှစ်ဦးမှာ ငါးစောင်တွဲဲ နှစ်စောင်ကို သပြေထီရောင်းဝယ်ရေးဆိုင်မှ လက််ခွဲတွန်းလှည်းတွင် ထိုးယူခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးဖြစ်သူထိုးယူခဲ့သည့်တစ်စောင်မှ ပေါက်ခဲ့ခြင်းဖြစ်သည်။
လက်ရှိမှာတော့ ထီလက်မှတ်ပျောက်မှာစိုးတဲ့အတွက်် အိမ်မှာ သေချာသိမ်းထားပြီး ထီဆုလက်မှတ်နှင့်အတူ ရန်ကုန်မြို့သို့ သွားရောက်ထုတ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
သူရိန်လင်း
The Mandalay News Journal