ရဲလုပ်ငန်းသည် ထီးတော်မိုးမဟုတ်
သတင်းစုံ
ရဲလုပ်ငန်းသည် ထီးတော်မိုးမဟုတ်
မြတ်သူဟိန်း
ဓာတ်ပုံသတင်း-
Unicode
ရဲတပ်ဖွဲ့သည် လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ပြယုဒ်ဖြစ်သည်…
အခုလို နိုင်ငံခြားသားစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ကို အခုလိုထီးမိုးပေးစရာမလိုဘူးလို့ ထင်ပါတယ်…
ကိုယ့်နိုင်ငံက ရဲတပ်ဖွဲ့အပေါ် သူတို့အမြင် ဘယ်လိုရှိမလဲ ?
မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာကို ဘယ်လောက်ထိခိုက်သွားမလဲ…?
အိမ်နီးချင်းနိုင်ငံတွေဆီ ကျနော်ရောက်ဖူးပါတယ်
သူ့ဖာသာ ဘယ်နိုင်ငံကလာလာ ဘာကောင်ကြီးဖြစ်ဖြစ် ရဲကရဲအလုပ်ပဲ လုပ်တယ်…ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်တာတော့ရှိတယ်…သူတို့ယူနီဖောင်းနဲ့ သူတို့တာဝန်ကို အထိခိုက်မခံကြဘူး…
မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုလဲ သူတို့လိုပဲ smart ဖြစ်စေချင်တယ်
သူ့ဖာသာဘယ်လောက်ချမ်းသာ ချမ်းသာ ထီးမိုးပေးရတဲ့အထိ ကိုယ့်ယူနီဖောင်း နဲ့ ကိုယ့်တပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာကို မထိခိုက်စေချင်ဘူး….
တာဝန်ရှိသူများ သတိလေးထားကြစေချင်ပါတယ်…
နိုင်ငံတကာကို ပျံ့နှံ့သွားတဲ့ ဓာတ်ပုံကြောင့် ကိုယ့်နိုင်ငံက ရဲတပ်ဖွဲ့ကြီးကို အထင်သေးသွားနိုင်ပါတယ်…
မြတ်သူဟိန်း
ဓာတ်ပုံသတင်း-
(မန္တလေး-မြို့သာစက်မှုဥယျာဉ်စီမံကိန်းသို့ တရုတ်နိုင်ငံ Hubei Industrial Construction Group Co.ltd မှ ဧည်သည်တော်များ လာရောက်ခဲ့ပြီး မြို့သာစက်မှုယျာဉ်မြို့တော်၊ ဆီမီးခုံ(ဧရာဝတီ)ဆိပ်ကမ်းနှင့် မြို့သာဂေါက်ကွင်းတို့ကို လေ့လာခဲ့ကြသည်။)