ဖောက်ပြန်တဲ့ မိန်းမကြောင့် အစ်ကိုရင်း က ညီအရင်းအား ဓါးနဲ့ လည်ပင်း ထိုးသတ်

သတင်းစုံ

ဖောက်ပြန်တဲ့ မိန်းမကြောင့် အစ်ကိုရင်း က ညီအရင်းအား ဓါးနဲ့ လည်ပင်း ထိုးသတ်

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကော့သန်ကျေးရွာလယ်တဲအတွင်း လည်ပင်းတွင် ဓါးဖြစ်ထိုးသွင်းဒါဏ်ရာ ဖြင့် ညီဖြစ်သူသေဆုံးနေကြောင်း အစ်ကိုဖြစ်သူမှ တရားလိုပြုလုပ်၍ တိုင်တန်းမှုအား ရဲတပ်ဖွဲ့ဝင်များနာရီ(၄၀) အတွင်းစုံစမ်းဖေါ်ထုတ်ခဲ့ရာမှ သတ်သူမှာတရားလိုဖြစ်နေကြောင်း မေလ (၃၁) ရက်နေ့က သထုံမြို့မရဲစခန်းမှ သိရှိရသည်။

ဖြစ်စဉ်မှာ သထုံမြို့နယ် ၊လိပ်အင်းရပ်ကွက်၊ အုန်းခြံလမ်းနေ၊ ဇော်မျိုး(ခ) မျိုးထွန်း(ခ) ဂျီဝါးနှင့် ညီအရင်းဖြစ်သူ ဇော်ထူးတို့ဂေါ့ကျေးရွာအုပ်စု ကော့သန်လယ်တဲအတွင်း၊ အတူအိပ်ယာဝင်စဉ် မေလ (၂၉) ရက် နံနက် (၁) နာရီခန့်က ညီဖြစ်သူဇော်ထူးအားလည်ပင်းတွင် ဓါးဖြင့်ထိုးသတ်သွားသည်ကို တွေ့ရှိပြီး ၄င်း၏ အစ်ကိုဖြစ်သူများအား ဖုန်းဖြင့် အကြောင်းကြားပြီး သထုံမြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ခဲ့သည်။

လူသတ်မှုအား ပြည်နယ်၊ ခရိုင်နှင့် သထုံမြို့မစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်သီဟအောင် ပူးပေါင်းပါဝင်သော စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးချက်အရ တရားလိုဖြစ်သူ ဇော်မျိုး(ခ) မျိုးထွန်း(ခ) ဂျီဝါးနှု့် နှင့် သေဆုံးသူ ဇော်ထူး၏ဇနီး မဖြူ(ခ) ကရနီးတို့သည် လွန်ခဲ့သော (၁၀) နှစ်ခန့်က ချစ်ကြိုက်ခဲ့ဖူးပြီး နောက်ညီဖြစ်သူ ဇော်ထူးနှင့် ချစ်ကြိုက်ခဲ့ပြီး အိမ်ထောင်ပြုခဲ့ကြောင်း

လွန်ခဲ့သည့် (၂) နှစ်ခန့်က ညီဖြစ်သူဇော်ထူး မလေးရှားနိုင်ငံတွင် အလုပ်သွားရောက်လုပ်ကိုင်စဉ် ဇော်မျိုးနှင့် မဖြူ(ခ) ကရနီး တို့ ဖုန်းဖြင့် အဆက်အသွယ် ပြန်ရပြီး လင်မယားအရာမြောက်ခဲ့ကြောင်း၊ လွန်ခဲ့သော (၂) လခန့်က ဇော်ထူး မလေးရှားမှပြန်လည် ရောက်ရှိပြီ

း ဇော်မျိုးနှင့် မဖြူတို့ နေထိုင်မှုအား မသင်္ကာသဖြင့်ဆဲဆိုခြင်း၊ မဖြူ(ခ) ကရနီးအား ရိုက်နှက်ခြင်း များကြောင့် မေလ (၈) ရက်နေ့ ည (၁၀) နာရီခန့်က စတီးဓါးဖြင့် တဲအတွင်းဝင်၍ ဇော်ထူးအား ထိုး၍ ထွက်ပြေးခဲ့ရာ ၀မ်းဗိုက်တွင် သာမာန်ဒါဏ်ရာရရှိခဲ့ကြောင်း၊

မေလ (၂၄) ရက်နေ့တွင် သစ်သားရိုးတပ် အရိုး အသွား(၁၀) လက်မခန့်ရှိ ဓါးဦးချွန် (၁)ချောင်းအား ၀ယ်ယူပြီး တဲခေါင်မိုးတွင်ထိုး၍၀ှက်ထားခဲ့ပြီး မေလ (၂၉) ရက် နံနက် (၁) နာရီအချိတွင် ၀ှက်ထားသည့် ဓါးဖြင့် ဇော်ထူး၏ လည်ပင်းအားထိုးကာ ဓါးအား တဲအနီးရေအိုင်အတွင်းပစ်ချကာ

အစ်ကိုဖြစ်သူများအား ညီဖြစ်သူအား အခြားသူတစ်ဦးမှ သတ်ပြီးထွက်ပြေးသွားကြောင်း ဖုန်းဖြင့် အကြောင်းကြားပြီး သထုံမြို့မရဲစခန်းသို့ သွားရောက်အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် သထုံမြို့မရဲစခန်းမှူး ဒုရဲမှူးဇော်မိုးက တရားလိုပြုလုပ်၍ ဇော်မျိုး (ခ) ဇော်ထွန်း (ခ) ဂျီဝါးအားအမှုဖွင့် အရေးယူထားကြောင်းသိရသည်။

ဇော်မင်း မိုးချယ်ရီ