ျမန္မာလုပ္သား ၅ သိန္းအထိ ဂ်ပန္က တရား၀င္ေခၚယူမည္…..

သတင္​းစုံ

ဂ်ပန္ႏိုင္ငံအစိုးရ အသိအမွတ္ျပဳ one heart ေကာ္ပေရးရွင္းႏွင့္ ျမန္မာႏိုင္ငံအစိုးရ အသိအမွတ္ျပဳ ၿပည္ပလုပ္သားေစလႊတ္ေရး ကုမၸဏီငါးခုတို ႔ေပါင္းစပ္ကာ ဂ်ပန္တြင္ ျမန္မာမ်ား လုပ္ကိုင္ခြင့္ရရွိေရးအတြက္ ေမ ၂၉ ရက္ေန႔က ရွန္ဂရီလာဟိုတယ္တြင္ MOU လက္မွတ္ေရးထိုးခဲ႔ႀကသည္။

အခမ္းအနားတြင္ ဂ်ပန္ႏိုင္ငံအေနျဖင့္ ျမန္မာလုပ္သား၅သိန္းခန္႔အထိ အလုပ္ခန့္ထားရန္ ရည္မွန္းထားေႀကာင္း one heart ေကာ္ပေရးရွင္းတာဝန္ခံ မစၥတာအိရွိနိကေျပာသည္။ဂ်ပန္ကုမၸဏီမ်ားက ကြ်မ္းက်င္လုပ္သားမ်ားကို ပိုမိုအလိုရွိေႀကာင္း၊ ဂ်ပန္သည္ လူလိုေနသည့္ႏိုင္ငံၿဖစ္ရာ လူပိုေနသည့္ျမန္မာႏိုင္ငံအတြက္ အခြင့္အလမ္းေကာင္းျဖစ္ေႀကာင္း၊

ျမန္မာမ်ားကလည္း ပိုက္ဆံရသည့္အလုပ္ျဖစ္ရင္ ၿပီးေရာဆိုသည့္စိတ္ဓါတ္မထားဘဲ ကြ်မ္းက်င္လုပ္သားမ်ားျဖစ္ရန္ ႀကိဳးပမ္းေစလိုေႀကာင္း၊ ျမန္မာႏိုင္ငံ ေတာင္သူလယ္သမား ဖြံ႔ၿဖိဳးတိုးတက္ေရးပါတီဥကၠဌ ဦးေက်ာ္စြာစိုးက ဂုဏ္ျပဳစကားေျပာရာတြင္ ထည့္သြင္းေျပာႀကားခဲ႔သည္။

သြားေရာက္လုပ္ကိုင္လိုသူမ်ားအေနျဖင့္ အစိုးရခြင့္ျပဳထားသည့္ ဝန္ေဆာင္ခႏွဳန္းထားအတိုင္းသာ ေပသြင္းရမွာျဖစ္ၿပီး အာမခံခ်က္အျပည့္ရွိေသာ စက္ရံုအလုပ္ရံုမ်ား စိုက္ပ်ိဳးေရးလုပ္ငန္းမ်ား …

ITနည္းပညာဆိုင္ရာလုပ္ငန္းမ်ားကို ႏွစ္သက္ရာေရြးခ်ယ္ႏိုင္ေႀကာင္း ျမန္မာကုမၸဏီမ်ားမွာ success family/ An emissary for myanmar/ Hein myint myat/ Shwe ye phyo aung/ Yetkha ta khon co.ltd ကုမၸဏီမ်ားျဖစ္ေႀကာင္းသိရသည္။ burmese.asi

unicode

ဂျပန်နိုင်ငံအစိုးရ အသိအမှတ်ပြု one heart ကော်ပရေးရှင်းနှင့် မြန်မာနိုင်ငံအစိုးရ အသိအမှတ်ပြု ပြည်ပလုပ်သားစေလွှတ်ရေး ကုမ္ပဏီငါးခုတို ့ပေါင်းစပ်ကာ ဂျပန်တွင် မြန်မာများ လုပ်ကိုင်ခွင့်ရရှိရေးအတွက် မေ ၂၉ ရက်နေ့က ရှန်ဂရီလာဟိုတယ်တွင် MOU လက်မှတ်ရေးထိုးခဲ့ကြသည်။

အခမ်းအနားတွင် ဂျပန်နိုင်ငံအနေဖြင့် မြန်မာလုပ်သား၅သိန်းခန့်အထိ အလုပ်ခန့်ထားရန် ရည်မှန်းထားကြောင်း one heart ကော်ပရေးရှင်းတာဝန်ခံ မစ္စတာအိရှိနိကပြောသည်။ဂျပန်ကုမ္ပဏီများက ကျွမ်းကျင်လုပ်သားများကို ပိုမိုအလိုရှိကြောင်း၊ ဂျပန်သည် လူလိုနေသည့်နိုင်ငံဖြစ်ရာ လူပိုနေသည့်မြန်မာနိုင်ငံအတွက် အခွင့်အလမ်းကောင်းဖြစ်ကြောင်း၊

မြန်မာများကလည်း ပိုက်ဆံရသည့်အလုပ်ဖြစ်ရင် ပြီးရောဆိုသည့်စိတ်ဓါတ်မထားဘဲ ကျွမ်းကျင်လုပ်သားများဖြစ်ရန် ကြိုးပမ်းစေလိုကြောင်း၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဌ ဦးကျော်စွာစိုးက ဂုဏ်ပြုစကားပြောရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

သွားရောက်လုပ်ကိုင်လိုသူများအနေဖြင့် အစိုးရခွင့်ပြုထားသည့် ဝန်ဆောင်ခနှုန်းထားအတိုင်းသာ ပေသွင်းရမှာဖြစ်ပြီး အာမခံချက်အပြည့်ရှိသော စက်ရုံအလုပ်ရုံများ စိုက်ပျိုးရေးလုပ်ငန်းများ …

ITနည်းပညာဆိုင်ရာလုပ်ငန်းများကို နှစ်သက်ရာရွေးချယ်နိုင်ကြောင်း မြန်မာကုမ္ပဏီများမှာ success family/ An emissary for myanmar/ Hein myint myat/ Shwe ye phyo aung/ Yetkha ta khon co.ltd ကုမ္ပဏီများဖြစ်ကြောင်းသိရသည်။ burmese.asi