နိဗ္ဗာန်ကို တိုက်ရိုက်မရောက်နိုင်ပေမဲ့နိဗ္ဗာန်ရောက်ဖို့အကြောင်းအထောက်အပံ့ကတော့ သေချာပေါက်ဖြစ်စေပါတယ်။
unicode
မပေါ့ဆကြပါနဲ့ …ဖတ်ကြည့်နော်…
ကိုယ့်အိမ်မှာရှိတဲ့ ဘုရားကျောင်းဆောင် သေးသေးလေး ဆိုပြီး မပေါ့ဆကြပါနဲ့။
ဗုဒ္ဓက…..သဒ္ဓါတရားကသာ အဓိကကျတာပါတဲ့။
ဘုရားကျောင်းဆောင် ကြီးပေမဲ့ ပြုလုပ်တဲ့အခါ သဒ္ဓါတရား မထက်သန်ဘူး ဆိုရင် အကျိုးပေး မကြီးကျယ်လှပါဘူး။
ဘုရားကျောင်းတော်ရာအမှတ်နဲ ့ နှလုံးသွင်း ဆင်ခြင်ပြီး သောက်တော်ရေကပ် ပန်းကပ် ဆီမီးကပ်….
အမွှေးနံ့သာ မျက်နှာသစ်တော်ရေ ခြေဆေးတော်ရေကိုသာ သက်ရှိထင်ရှား ဘုရားရှင်အဖြစ် နှလုံးသွင်းပြီး….
ရိုရိုသေသေ လေးလေးစားစား သန့်သန့်ရှင်းရှင်း ဖြစ်အောင် ပြုလုပ်ပြီး ကပ်လှူ ပူဇော်ပါ။
ဆွမ်းကပ်တဲ့အခါမှာလည်း…သက်ရှိထင်ရှား ဘုရားရှင်ကို ကပ်သလိုမျိုးပဲ။ဖွယ်ဖွယ်ရာရာနဲ့ စနစ်တကျ ကပ်ပါ။
အဲဒီလိုအလှူတွေက…နိဗ္ဗာန်အထိ အကျိုးပေးပါတယ်။
နိဗ္ဗာန်ကို တိုက်ရိုက်မရောက်နိုင်ပေမဲ့နိဗ္ဗာန်ရောက်ဖို့အကြောင်းအထောက်အပ့ံကတော့ သေချာပေါက်ဖြစ်စေပါတယ်။
ပရိတ် ပဋ္ဌာန်း ပူဇော်တဲ့အခါမှာလည်းသဒ္ဓါတရားကောင်းကောင်းနဲ့သာရိုရိုသေသေ ရွတ်ဖတ် ပူဇော်ပါ။အကျိုးပေးက မသေးလှပါဘူး။
ဂူထဲက မထေရ်ကြီးတစ်ပါးရဲ့ ပဋ္ဌာန်းတရားကိုနာကြားမိလို့လင်းနို့သားငါးရာဟာအရှင်သာရိပုတ္တရာရဲ့ တပည့်ငါးရာဖြစ်ပြီးရဟန္တာတွေ ဖြစ်ကုန်တာ အားလုံးသိမှာပါ။
လင်းနို့ဆိုတာ…တရားမှန်းမသိပါဘူး။သာယာနာပျော်ဖွယ် အသံလေးကိုနားထောင်မိယုံနဲ့ခုလို အကျိုးမျိုးတွေ ရရှိခဲ့တာပါ။
အဓိပ္ပါယ်လည်း သိတယ်ကိုယ်တိုင်လည်း ရွတ်ဖတ်ပူဇော်တယ်ဆိုတော့အကျိုးဘယ်လောက်ကြီးမလဲ စဉ်းစားကြည့်ပေါ့…
ဧကဒီပိယထေရ် ဆိုတာ…ဘုရားရှင်ရဲ့ အလောင်းတော်ကိုတစ်ညလုံး ဆီမီးပူဇော်လို့အဲဒီကုသိုလ် အကျိုးပေးကဒီဘဝမှာ ငါးနှစ်သားနဲ့ ရဟန္တာဖြစ်ခဲ့ရတာပါ။
ညစဉ်ဆီမီးပူဇော်တဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့အကျိုးကျေးဇူး ဆိုရင် စဉ်းစားကြည့်ပေါ့…
ဗုဒ္ဓက…ငါဘုရား သက်တော်ထင်ရှား ရှိစဉ်ဖြစ်စေမရှိတဲ့အခါဖြစ်စေသဒ္ဓါတရား တူမျှမယ် ဆိုရင်အကျိုးပေးလည်း အတူတူပဲ လို့ဟောထားဘူးပါတယ်။
ဒါကြောင့် ဗုဒ္ဓဘာသာဝင်များအတွက်မိမိအိမ်က ဘုရားကျောင်းဆောင်သေးသေးလေးမှာပဲနေ့စဉ်ပြုလုပ်တဲ့ ကောင်းမှုတွေနဲ့နိဗ္ဗာန်ကို မျက်မှောက်ပြုအောင် စွမ်းဆောင်နိုင်ပါကြောင်းစေတနာကောင်းဖြင့် လမ်းညွန်ပေးပါရစေ…
ကောင်းမှု လုပ်တိုင်း လုပ်တိုင်းသဒ္ဓါတရားအစစ်နဲ့သာ လုပ်ပါ။အဲဒီသဒ္ဓါတရားကနိဗ္ဗာန်အထိ ပို့ပေးပါလိမ့်မယ်။ ဦးမြင့်ခိုင်