အပျိုရည် လူပျိုရည်ပျက်မှာမကြောက်တော့တဲ့ 21 ရာစု အမှန်တရား….
21 ရာစု အမှန်တရား
unicode
21 ရာစု အမှန်တရား
လိင်မှုကိစ္စဟာ ပွင့်လင်းမြင်သာလာပြီး အချစ်စစ်ဆိုတာ စျေးကြီးလာတယ် ။ အပျိုရည် လူပျိုရည်ပျက်မှာ ကြောက်ဖို့ထက် ဖုန်းပျောက်မှာကို ပိုပြီးကြောက်တတ်လာကြတယ် ။
ခေတ်မှီတယ်ဆိုတာ သောက်တတ် စားတတ်မှ ဆော်တွေ ဘဲတွေနဲ့ ပတ်ရှုပ်တတ်မှ လူရာဝင်တယ်လို့ ယူဆကြတယ် ။ ရေချိုးခန်းအိမ်သာဟာ ဓါတ်ပုံရိုက်ရတဲ့ စတူဒီယိုတစ်ခုဖြစ်လာတယ်။
ဘုရားကျောင်းကန်ဟာ ချိန်းတွေ့ဖို့ ဘုဖို့ နေရာကောင်း ဘိကောင်းဖြစ်လာတယ် ။အလိမ်အညာ သိမ်ဖျင်းတဲ့ ၁၀၀ ဖိုး သုံးပုဒ်တွေဟာ အမှန်တရားဖြစ်လာတယ် ။
မိန်းကလေးတွေဟာ AIDS ဖြစ်မှာထက် ကိုယ်ဝန်ရမှာကို ပိုကြောက်လာကြတယ် ။ တစ်စုံတစ်ယောက်က အမှန်တရားဘက်မှာနေပြီး လူတွေရဲ့မကောင်းမှု အကျင့်ပျက်ခြစားမှုကို တော်လှန်ပုန်ကန်လာရင် အဲ့ကောင်ဟာ ပတ်ဝန်ကျင်ရဲ့အဆိပ် ပြည်သူ့ချဉ်ဖတ်ဖြစ်ပြီး ရွာပြင်ထုတ်ခံရမယ် ။
ရုပ်ရည်ထက် အဝတ်အစား ဖက်ရှင် နဲ့ သုံးဖြုန်းနိုင်မှုဟာ လူ့အဆင့်အတန်းဆိုတာဖြစ်လာတယ် ။ ငွေဟာ မိသားစု သူငယ်ချင်းအပေါင်းအသင်းနဲ့ လူမှုရေးထက် ပိုအရေးကြီးလာတယ် ။
လူငယ်တွေဟာ အချစ်ဆိုတာ တစ်ခုတည်းနဲ့ မိဘဆွေမျိုးတွေကို စွန့်ခွာဖို့ ဝန်မလေးကြတော့ဘူး ။ ယောကျင်္ားသားတွေဟာ အိမ်ထောင်ပြု ဖို့ ကြောက်ပြီး လိင်ဆက်ဆံဖို့ပဲ ပိုပြီမက်မောလာကြတယ် ။
အချစ်ကိုကစားသူဟာ ပျော်ရွှင်မှုတွေရပြီး အချစ်ကိုခံစားသူဟာ ပိုပြီးနာကျင်ရတယ် ။ အခုခေတ်မှာ အချစ်ဟာ ရေပေါ်ဆီ ။ လူသားမျိုးဆက်ရဲ့ လူသားဆန်မှု အသစ်အသစ်တွေလားတော့ မသိ … အဲ့တာတွေဟာ 21 ရာစုရဲ့အမှန်တရား ။Zaw Zaw Moe