ကျမ ဒီအဖြစ်​အပျက်​​လေးကို အနှစ်​နှစ်​ အလလက မ​ပြောဘဲ​နေလာခဲ့တာ အခု တိုက်​ဆိုင်​တဲ့ အဖြစ်​အပျက်​​လေးမို့ နည်းနည်း​လေး​ပြောပါရ​စေရှင်
ကျမ ဒီအဖြစ်​အပျက်​​လေးကို အနှစ်​နှစ်​ အလလက မ​ပြောဘဲ​နေလာခဲ့တာ အခု တိုက်​ဆိုင်​တဲ့ အဖြစ်​အပျက်​​လေးမို့ နည်းနည်း​လေး​ပြောပါရ​စေရှင်
Zawgyi
ဒီပိုစ်​ ကို ဖတ်​မိ​တော့ ကာယကံရှင်​ ကို ကိုယ်​ချင်းလဲစာတယ်​ သနားမိတယ်​ 💉💊 ဆရာဝန်​ တစ်​​ယောက်​ ရဲ့ ဆုံးဖြတ်​ချက်​ အမှား တစ်​ခုဟာ လူနာနဲ့ မိသားစုအတွက်​ ဘဝ​သေသွား​စေနိင်​တယ်​ ဆိုတာကို ကိုယ်​​တွေ့ (29.6.2011) ဆိုတဲ့ အတိတ်​ကာလ က အိပ်​မက်​ဆိုး ဟာ ကျွန်မ အတွက် ​​ယ​နေ့တိုင်​ ရင်​ထဲ ရှိ​နေဆဲပါ ကျွန်မ​အဖြစ်​အပျက်​​လေး ကို အနှစ်​နှစ်​ လ လ က မ​ပြောဘဲ​နေလာခဲ့တာ အခု တိုက်​ဆိုင်​တဲ့ အဖြစ်​အပျက်​​လေးမို့ နည်းနည်း​လေး​ပြောပါရ​စေရှင်
ကျွန်​မ ရဲ့ အငယ်ဆုံး ​အမွှားသား​​လေး ကိုယ်​ဝန်​​ဆောင်​ထားချိန်​မှာ ၉လ ​ကျော်​ ၁၀ လ အဝင်​မှာ မ​မျှော်​လင့်​ဘဲ ဗိုက်​နာလာလို့. OG မမ နဲ့ သွားပြပါတယ်​ အုန်းနို့​ခေါက်​ဆွဲးစားမိလို့များ နားလာတာလားဆိုပြီး ​ပြောပြလိုက်​မိတယ်​ ​လေ​ဆေး ​airx လေး​ပေးပြီး ပြန်​ခိုင်းလိုက်​တယ်​OG မမ💉 ကပြန်​နာလာရင်​ ဘယ်​အချိန်​ဖြစ်​ဖြစ်​ ​ဆေးရုံတက်​လာပါဆိုပြီး​တော့လဲ​ပြောခဲ့ပါတယ်​ ဖြစ်​ချင်​​တော့ ဗိုက်​နာတာ မသက်​သာလာဘူးဆို​တော့ကာ ဆရာဝန်​ကြီး ​ပြောထားတဲ့အတိုင်းဘဲ ည ၁၂ နာရီ မှာ က​လေး ကိုခွဲ​မွေးမှာဘဲ နာတာမသက်​သာရင်​ ဆိုတဲ့အ​တွေးနဲ့ က​လေး အနှီး ​လေးပြင်ပြီး ​ဆေးရုံ သို့ အေ​ပြးအလွှား​ တက်​ခဲ့ပါတယ်
ကျွန်မ​ကိုယ်​တိုင်​လဲ💉:-) ကျန်းမာ​ရေး ဝန်​ထမ်းမို့ ယုံကြည်​ချက်​အပြည့်​နဲ့​ပေါ့ ဒါ​ပေမယ့်​ ​မျှော်​လင့်​ထားတဲ့အတိုင်းဖြစ်​မလာပါဘူး AS တစ်​​ယောက်​က💉 လာကြည့်​ပြီး OG မမကို သတင်​ပို့လိုက်​တာ ဒီလူနာက ည​နေက မမ ကြည့်​ထားပြီးသားပါ ​ဝမ်းသွားလို့ဆိုပြီး ​metro lV ရယ် pantocid​သွင်း​ခိုင်းလိုက်​တယ်​ ​လေ​ဆေး​တွေထိုးနဲ့ မိုးလင်း​တော့ က​လေး က ငြိမ်​ကျသွားတယ်​ ထုံးစံအတိုင်​ မနက်​ ၁၀နာရီ​လောက်​မှာလာကြည့်​သွားတယ်​ ဗိုက်​ကိုကိုင်​ပြီး က​လေး ​ကောင်းပါတယ်​တဲ့ ကျွန်​မ စိတ်​ပူမိတယ်​ က​လေး သိမ့်​မလှူပ်​လို့ ​ပြောပြတယ်​ ​မောသွားလို့ပါတဲ့ ပြန်​​ဖြေသိမ့်​ပုံက တ​စ်​​နေ့ ပြီးသွားတယ်​ ​နောက်​​နေ့💉. ဆရာမတစ်​​ယောက်​ လာစမ်းတယ် ​​က​လေးနှလုံးခုန်​နှူန်း သိမ့်​မရလို့သိလိုက်​တယ်​ မျက်နှာကိုကြည့်လိုက်တာနဲ့ သိလိုက်တယ် ​​​​​အမ နား​ထောင်​ရတာ တစ်​မျိုးကြီးဘဲ စကားကို ပြန်​ပြင်​လိုက်​တယ်​ ဘာမှမဖြစ်​ဘူးဆက်​​ပြောတယ်​ အဆူခံထိမှာဆိုးလို့များလား ဆရာဝန်​ကြီး ကြည့်​သွားတာဘဲ ပြန်​​ပြောတယ်
ထွက်​လာတဲ့တစ်​​ယောက်​ကလဲ gasping💉နဲ့ အသက် ရှ​​င်နိင်ဖို့ ကျွန်မ မိ​သားစု​ရဲ့ ​​မျှော်လင့်ချက်​​​အမျိုးသားက ​​ရန်​ကုန်​ က​လေး​ဆေးရုံကို က​လေး ကို စိတ်​မချလို့ ကိုယ်​တိုင်​​မောင်းပို့ အ​မေ နဲ့ ညီမ​လေးရယ်​ ​ကျောင်းက ဆရာမ နှစ်​​ယောက်​ရယ်​ အသဲအသန်​ ​နဲ့​ ​အောက်​ဆီဂျင်​တန်းလန်းနဲ့ ​ကျွန်မ က ဗိုက်​ခွဲးထား​တော့ ထမရ ​သေသွားတဲ့ သား ရဲ့ မျက်​နှာလဲ မမြင်​ရ အခု ကျန်​​နေတဲ့ သား လဲ ​ပိုက်​​တွေအမျိုးစုံနဲ့. ရန်​ကုန်​ အမြန်​ပို့​တော့ မမြင်​ရ အဲဒီအချိန်​မှာ ဖုန်းတစ်​လုံးနဲ့ ပက်​လက်​ ငိုလိုက်​ စိတ်​တင်းလိုက်​နဲ့ မီးတွင်းထဲ စိတ်​ထဲ အကယ်​၍များ ဒီတစ်​​ယောက်​သာ တခုခုဖြစ်​ရင်​ ငါလဲ ​သေမလား ​ဆိုပြီး​​တွေးမိတယ်​ ကျောင်းက ဆရာမ​တွေ​ရော တပည့်​​တွေ​ရော အားလုံးက ကျွန်​မကိုကြည့်​ပြီး ​ဖြေသိမ့်​မတတ်​​တော့ဘူး ငွေအများကြီး အကုန်​အကျခံ ကုသခဲ့ ​ပေမယ့်​ ​နောက်​​ဆုံးရလဒ်​က သား​ငယ်​​လေး က ဦး​နှောက်​တစ်​ခြမ်းက💉 ​သေ သွားတယ်
OG မမ က ​ ကျွန်​မ ကို နှစ်​သိမ့်​တယ်​ ​နောက်​က​လေး ထပ်​ယူလိုက်​ပါတဲ့ ကျွန်​မ က မိခင်​ တစ်​​ယောက်​ ​နောက်​ထပ်​ က​လေးပြန်​ယူရင်​ ဒီ သားငယ်​​လေး ကို ကျွန်​မ မပြုစုနိင်​​တော့ဘူး ဆုံးဖြတ်​လိုက်​တယ်​ ဘယ်​အ​ခြေအ​နေဖြစ်​ဖြစ်​ ကံတရားဘဲ သားငယ်​​လေး ကို ဂရုစိုက်​ပြုစုမယ်​ ကျွန်​မ အတွက်​ Lucky. ​လေးဘဲလို့ ​တွေးလိုက်​တယ်​ အခုဆို သားငယ်​​လေးက ၈နှစ်​- မထိုင်​တတ်​ဘူး -အ​မေအ​ဖေ မ​ခေါ်တတ်​ဘူး -စကားမ​ပြောတတ်​ဘူး -ဗိုက်​ဆာလာရင်​ ငိုပြတယ်​- ခြင်​ကိုက်​လဲ မရိုက်​တတ်​ဘူး -မျက်စိနှစ်ဘက်စလုံးကလဲ မြင်လာမမြင်လားမသိဘူး-​​​​​က​လေးတစ်​​ယောက်​လိုဘဲ ဘဝက ဆက်​ရှင်​သန်​​နေဆဲ မျက်စိ -နား- အာရုံ​ကြော- နလုံး -အ​ကြော ပိုင်းဆိုင်ရာ- ပြန်လည်​ထူထောင်း​​ရေး ဆရာဝန်ကြီး ၇ ​ယောက်​​ နဲ့ ပြလာခဲ့တာ ​ကောင်းလာ မလားဆိုပြီး သားငယ်​​လေးအတွက်​ ​မျှော်​လင့်​ချက်​များစွာနဲ့ အချိန်​ကုန်​ခဲ့​ပေမယ့်​ ရလာဒ်​က ဘာမှ မထူးလာ​တော့ပါဘူး သနားစရာက​လေး​လေး သားငယ်​​လေး ကို ကြည့်​ပြီး တရားနဲ့သာ​ဖြေ​နေခဲ့ရတယ်​ဆို​ပေမယ်​ လူသား ဘဲ မ​ဖြေသိမ့်​နိင်​ ခဲ့ဘူး သားငယ်​​လေး ကို သနားလွန်းလို့ ရာထူးတိုး ကို​​တောင်​မယူဖို့ ဆုံးဖြတ်​ခဲ့ဖူးတယ်
💉 ​ကျွန်မ​ပြောချင်​တာက ကျွန်​မ လဲ တစ်​ချိန်​က အသက်​သာရှင်​​နေတာ ဘဝက ​သေ​နေသလိုဘဲ ခံစားခဲ့ရဖူးတယ်​ ဒီ မြန်​မာပြည်​မှာ ဆရာဝန်​​တွေ မှားရင်​လဲ လူနာဘဲ ခံရတယ်​ ဘာအ​ရေးမှ ယူလို့မရတဲ့ ​​နေရာ မှာ ကျွန်​မ တို့​ရောက်​​နေတာကို အဲဒါ​ကြောင့်​ လက်​ရှိဘဝမှာ ကိုယ့်​ရဲ့ က​လေးကို အ​ကောင်းဆုံးပြုစုပျိုး​ထောင်​ပြီး ဖြည့်​ဆည်း​ပေးနိင်​ဖို့လုပ်​ပါ တာဝန်​ယူမှူတာဝန်​ခံမှူမရှိ တဲ့ ​နေရာကို ​ရောက်​​နေချိန်​မှာ ​ဖြေရှင်းဖို့ ဒီနည်းလမ်းဘဲရှိပါတယ်
အခုဆို💉 ကျွန်​မ သားသမီး ​တွေ အတွက် ​အမြဲတမ်း ဘဝ ကို လှပ​အောင်​ ဆက်​လက်​ကြိုးစား​နေပါတယ်​ အ​နေ​ဝေး​နေ​ပေမယ့်​ သားငယ်​​လေး နဲ့ အချိန်​ရ ရင်​ ရသလို ဖုန်းလှမ်းဆက်​ပြီး စကား​ပြောတယ်​ ဘဝကို ဆက်​ရှင်​သန်​နိင်​ဖို့ ကို လဲ အမြဲ အားတင်းထားတယ်​ သားသမီး​တွေကို ဂရုတစိုက်​နဲ့ ပြုစုမှူ​ပေး​နေတဲ့ အ​ဖေအ​မေ အမျိုးသား ကိုလဲ အမြဲတမ်း​ကျေးဇူးတင်​​နေမိတယ်​ 웃❤유
ကျွန်​မတို့တ​တွေသည်​🙏🙏🙏 ဗုဒ္ဓဘာသာဝင်​များဖြစ်​သည့်​အတွက်​ ဘဝရဲ့ ဝဠ်​​ကြွေးတစ်​ခုအ​နေနဲ့ အ​ကြွေး​ဟောင်းကိုပြန်​လည်​ဆပ်​​နေခြင်းဘဲလားလို့( ပြင်​ပ အ​တွေးနဲ့ဆို ​ဆေးရုံတက်​တဲ့ ညမှာ ဆရာဝန်​ကြီး ကိုယ်​တိုင်​သာ လာကြည့်​​ပေးခဲ့မယ်​ ဆိုရင်​ ချက်​ချင်းခွဲးခန်းဝင်​ ​မွေး​ပေးခဲ့ရင်​ဖြစ်​ အခုချိန်​မှာ ကျွန်​မ ရဲ့ သားငယ်​​လေး အမွှာနှစ်​​ယောက်​လုံး စာသင်​​ကျောင်းမှာ အခြားက​လေး​တွေလို ၃တန်း တက်​​နေ​ရော့​ပေါ့)
တွေးရင်းနဲ့လက်​ရှိအချိန်​အထိ သားသမီး​​တွေအတွက် ​​သာမက လူထုအကျိုး အတွက်​ ဆက်​လက်​ကြိုးစားသွား​နေမယ့်
Credit-မာမီ​စော (26-5-2019)