လိုင်းပေါ်မှာ ဟာသဖြစ်နေတဲ့ဒီပုံ သိတဲ့သူရော …မသိသေးတဲ့သူအတွက်ပါ မျှဝေလိုက်ပါတယ်….
unicode
ဒီပုံကို ဟာသပုံ အမြင်နဲ့ ကျွန်တော်သုံးမိခဲ့ပါတယ်။သိတဲ့သူရော မသိသေးတဲ့သူအတွက်ပါ ကျွန်တော် မျှဝေလိုက်ပါတယ်။
ကျွန်တော် ့ကိုလည်း မိတ်ဆွေ တစ်ယောက် အကြုံပြုလို့ သိရခြင်းဖြစ်ပါတယ်။ဟာသ ပုံ ဟာသ အမြင်အနေနဲ့ မသုံးဖို့ ကျွန်တော် ဖော်ပြလိုက်ပါတယ်။ဘုရားရှိခိုးနေတဲ့ ကောင်မလေးပုံပါ။
ဟာသ အရွှန်းဖေါက်တဲ့သဘောနဲ့ မသုံးစေချင်ပါဘူး။တိဘက်ဒေသနဲ့ ဘူတန်နိုင်ငံက ဗုဒ္ဓဘာသာဝင်တွေဟာ ဘုရားဝတ်ပြုရင် အဲ့လိုပုံစံနဲ့ ရင်ဘတ်ကို မြေပေါ်ထိ ဝတ်တွားခယ ပြီး ဝတ်ပြုလေ့ရှိ်ပါတယ်။
သူတို့ ဓလေ့ ယုံကြည်မှုပေါ့။ ငရဲမကြီးစေချင်လို့ပါ။သိတဲ့သူတွေ မြင်ရင် မြန်မာပြည်က ဗုဒ္ဓဘာသာဝင်တွေပါ သိက္ခာကျစရာဖြစ်မယ် ( ကျွန်တော် သုံးခဲ့မိတဲ့အပေါ် ရှက်မိပါတယ်။)
ပုံက….အဲ့ဒါ တိဘက် သို့ ဘူတန်နိုင်ငံသူ ဖြစ်နိုင်ပါတယ် တဲ့။အရမ်းရှေးဆန်တဲ့ မဟာယာန တွေ ရဲ့ ဝတ်ပြုပုံ တစ်မျိုးပါ။
တစ်ချို့ဆို ဘုရားရှိရာကို လမ်းမလျှောက်ပဲ အဲ့လိုပုံစံနဲ့ တွားသွားပြီး ဝတ်ပြုသူတွေ ရှိပါတယ်။ရှိခဲ့ဖူးတဲ့ ဝဋ္ဋ်ကြွေးတွေကြေစေတဲ့သဘော မာန်လျှော့ပြီး ဖူးမျှော်တဲ့ သဘောပါ တဲ့ဗျာ။
ကျွန်တော် ့လို မသိသေးတဲ့သူအတွက်ပါ…..သိလာအောင် မျှဝေပေးပါ။ကျေးဇူးတင်ပါတယ် မိတ်ဆွေ…..။ KoPhyo