သားအတြက္ အေဖ႕ရဲ႕အၾကံျပဳခ်က္ ..
ငါ႕သား အိမ္ေထာင္ဖက္ ႐ွာေနတယ္ဆိုရင္ မိန္းမေတြရဲ႕,ရင္သားနဲ႕တင္ပါး အရြယ္အစားအတြက္ မင္း စိတ္မပူနဲ႕…
ႏွလံုးသား နဲ႕ဦးေႏွာက္ အရြယ္အစားအတြက္ပဲ စိတ္ပူပါ ။သူမရဲ႕ခ်စ္ေမတၱာနဲ႕ သည္းခံစိတ္အရြယ္အစားအတြက္ပဲ စိတ္ပူပါ ။
ေနာက္ ၅ ႏွစ္ ၁၀ ႏွစ္ ၾကာၿပီးတဲ႕အခါ ရင္သားနဲ႕တင္သားေတြက ေျပာင္းလဲသြားလိမ့္မယ္။
အခု မင္းအေမကိုပဲ ၾကည့္ေလ …ရင္ျပားႀကီးနဲ႕တင္ျပားႀကီးသာ က်န္ေတာ့ေပမဲ႕ငါတို႕တစ္ေယာက္ကိုတစ္ေယာက္ ခ်စ္ၾကတယ္။ငါ႕သား ေငြကို ခ်စ္တဲ႕မိန္းမေတြကို သတိထားပါ။
အဲ႕ဒီ မိန္းမေတြဟာ အခ်ိန္ျပည့္ …သူတို႕ရဲ႕ ဆံပင္ေတြ အဝတ္အစားေတြ ဖိနပ္ေတြ ပိုက္ဆံအိတ္ေတြ အတြင္းခံေဘာင္းဘီေတြနဲ႕ မိတ္ကပ္ေတြအေၾကာင္း ေျပာတတ္ၾကတယ္။
အဲ႕ဒီ … အရာေတြ မပါဘဲနဲ႕လဲ ေကာင္းမြန္တဲ႕အိမ္ေထာင္ေရးဟာ ရပ္တည္ႏိုင္ပါတယ္။ဒါေပမဲ့ အခ်စ္မပါဘဲေတာ့ အိမ္ေထာင္ေရး မတည္တံ့ႏိုင္ဘူးေပါ့။
ငါ မင္း အေမကို လက္ထပ္ခဲ့တုန္းက ကိုယ္ပိုင္ အိမ္ ကိုယ္ပိုင္ ကား မပိုင္ခဲ့ဘူး။ငါဟာ ပညာတတ္တစ္ေယာက္ေတာင္ မဟုတ္ခဲ့ဘူး။
ဒါေပမဲ့ ငါ့မွာ အိပ္မက္ေတြ ရိွခဲ့တယ္။မင္း အေမက ငါနဲ႔ ငါ့ရဲ႕ အိပ္မက္ေတြကို ႏွစ္သက္ေလးစားၿပီး ကူညီေထာက္ပံ့တယ္။
မင္းရဲ႕ အိပ္မက္ေတြကို လ်စ္လ်ဴ ႐ႈ တတ္တဲ့ မိန္းမ အေၾကာင္း တစ္မိနစ္ေလာက္ေတာင္ တန္ဖိုးထား စဥ္းစားမေနပါနဲ႔။
မင္းထက္ပိုၿပီး မင္း အိပ္မက္ေတြကို ..ေကာင္းေကာင္းေတြ႕ျမင္ႏိုင္မယ့္ မိန္းမတစ္ေယာက္ကို မင္း ႐ွာေတြ႕ၿပီဆိုရင္ေတာ့ မင္း ကံေကာင္းၿပီေပါ့ ငါ့ သား။
ေမတၱာျဖင့္…အိုးဋီကာ..မိန္းမ ဆိုတဲ႔အမ်ိဳးက..ေျမအိုးလိုပဲ…ငါ႕သား…..
အေဖတို႔လို “ေရ”…ဆိုတဲ႔ ေယာက်ၤ ားသာ မရွိရင္ ေမွာက္ထားရံုသက္သက္ အိုးအျပင္ႏွဳတ္ခမ္းမွာ ပိုးမ်ွင္တန္းၿပီး ရွက္ေနရံုပဲေလ ။
သူတို႔ကို လက္ထပ္ရတာက ဆက္စပ္သမ်ွ အေၾကာင္းအက်ိဳး အေကာင္းအဆိုး ဒြန္တြဲ ရိုးရိုးေလး ေတြးမယ္ဆို အိုးေရြးဝယ္ရသလိုပဲေပါ႕ကြယ္ ။
အနယ္မနာ မီးမက်က္ ကြဲအက္လြယ္တဲ႔အမ်ိဳးကို စပ္္စလူးအိုးလို႔ ေခၚသကြဲ႕ ဘယ္ေတာ့မွ မဝယ္နဲ႔ေနာ္ ။
မီးေပးနာထားလို႔ ဧည့္သည္လာတိုင္း အရွက္ခြဲ မ်က္ႏွာမည္းတဲ႔အိုးမ်ိဳး ေလ်ွ ာ့ေစ်းနဲ႔ေရာင္းေတာင္ မ်က္ေစာင္းမထိုးမိေစနဲ႔ကြဲ႕ ။
ေရဘယ္ေလာက္ ဖ်န္း ဖ်န္း မေက်မခ်မ္းနဲ႔ အၿမဲတမ္း ဆူဆူပူပူ ႏွဳတ္ခမ္းထူတဲ႔အိုး မ် ား ဘယ္သူက အလကားေပး ေပး ယူဖို႔မေတြးေလနဲ႔…သားေရ ။
အဖိုးနည္း ရင္အိုးကြဲပဲ ရမတဲ႔ အိုးေရြးမွန္မွလည္း အက်ိဳးေပးသန္မွာပဲ မဟုတ္လား ။ အိုးႀကီး အိုးေသး တစ္မ်ိဳးၿပီး တစ္မ်ိဳးေရြး ေၾကးတိုးေပးဖို႔အိုးေစ်းတန္းကေတာ့ ေသြးတိုးစမ္းေနဦးမွာပဲ…သားေရ ။
အက္ေၾကာင္းတေလ်ွာက္ မိတ္ကပ္နဲ႔ေဖ် ာက္ထားတဲ႔ ေပါက္ၿပီးသား အိုးေတြ…
မလွိမ္႔တစ္ပတ္နဲ႔ စိမ္႔တတ္တဲ႔ အိုးေတြ…
လည္သိမ္ ေအာက္ကား ေဆာင့္ၾကြားၾကြား အိုးေတြ…
ကႏုတ္မ် ားမ် ားေရး အရုပ္အသားေပး အိုးေတြ…ကန္႔သတ္ခ်က္ မရွိဘူး…
ႏွံ႔စပ္ေအာင္ ေလ်ွာက္ၾကည့္ ….ပတ္ပတ္လည္ ေျမွာက္ၾကည့္….
လက္နဲ႔ ေခါက္ၾကည့္ “ေဒါက္”…လို႔ အသံထြက္ရင္ ေပါက္ထြက္မယ့္အိုး လို႔မွတ္ ……
“ဒပ္”…လို႔ ထြက္တဲ႔အသံ လက္မခံပါေလနဲ႔ အက္သံပါေနသတဲ႔ကြယ္…..
နားထဲမွာ ၾကည္လင္ “ေဒါင္”…လို႔ ျမည္ရင္ေတာ့ ပီျပင္တဲ႔အိုး ရပေဟ့ …..
အဖိုးအခ ေစ်းမ် ားလည္း အေျပးအလႊားဝယ္ တေလးတစားသာ သယ္ခဲ႔ေတာ့….
အဲဒါ…တို႔ဘိုးေဘးေတြ လက္ထက္ကတည္းက အိုးေရြးတဲ႔အခ်က္ပဲ…ငါ႕သား ။
ေစ်းဝယ္ဆိုမွေတာ့ ေစ်းလယ္ထိေတာ့ ေရာက္ေအာင္သြား….
တန္းထားတဲ႔အိုးေတြ ရွိတယ္ ….လမ္းသလားတဲ႔အိုးေတြ ရွိတယ္…
အေနသန္႔တဲ႔ အိုးအေကာင္းေတြရွိတယ္ ….ေျမညံ႕တဲ႔ အိုးအေဟာင္းေတြရွိတယ္…
အဖိုးသားနား အနည္းအမ် ား အမ်ိဳးအစားလည္း ကြဲျပားတယ္ ……
အိုးမမွားဖို႔……ႀကိဳ းစားဖို႔က အမ်ိဳးသားတိုင္း သေဘာေပါက္ ေဟာတစ္ေယာက္…ေဟာတစ္ေယာက္နဲ႔…..
အခ်ိဳးေျပ မေျပသိရေအာင္ အိုးေတြသာ လိုက္ေခါက္ၾကည့္ေပေတာ့…သားေရ ….။
မ်ွေ၀ခံစား_အညၾတဘိကၡဳပုေလာ / credit= ရဲသူခ
unicode
သားအတွက် အဖေ့ရဲ့အကြံပြုချက် ..
ငါ့သား အိမ်ထောင်ဖက် ရှာနေတယ်ဆိုရင် မိန်းမတွေရဲ့,ရင်သားနဲ့တင်ပါး အရွယ်အစားအတွက် မင်း စိတ်မပူနဲ့…
နှလုံးသား နဲ့ဦးနှောက် အရွယ်အစားအတွက်ပဲ စိတ်ပူပါ ။သူမရဲ့ချစ်မေတ္တာနဲ့ သည်းခံစိတ်အရွယ်အစားအတွက်ပဲ စိတ်ပူပါ ။
နောက် ၅ နှစ် ၁၀ နှစ် ကြာပြီးတဲ့အခါ ရင်သားနဲ့တင်သားတွေက ပြောင်းလဲသွားလိမ့်မယ်။
အခု မင်းအမေကိုပဲ ကြည့်လေ …ရင်ပြားကြီးနဲ့တင်ပြားကြီးသာ ကျန်တော့ပေမဲ့ငါတို့တစ်ယောက်ကိုတစ်ယောက် ချစ်ကြတယ်။ငါ့သား ငွေကို ချစ်တဲ့မိန်းမတွေကို သတိထားပါ။
အဲ့ဒီ မိန်းမတွေဟာ အချိန်ပြည့် …သူတို့ရဲ့ ဆံပင်တွေ အဝတ်အစားတွေ ဖိနပ်တွေ ပိုက်ဆံအိတ်တွေ အတွင်းခံဘောင်းဘီတွေနဲ့ မိတ်ကပ်တွေအကြောင်း ပြောတတ်ကြတယ်။
အဲ့ဒီ … အရာတွေ မပါဘဲနဲ့လဲ ကောင်းမွန်တဲ့အိမ်ထောင်ရေးဟာ ရပ်တည်နိုင်ပါတယ်။ဒါပေမဲ့ အချစ်မပါဘဲတော့ အိမ်ထောင်ရေး မတည်တံ့နိုင်ဘူးပေါ့။
ငါ မင်း အမေကို လက်ထပ်ခဲ့တုန်းက ကိုယ်ပိုင် အိမ် ကိုယ်ပိုင် ကား မပိုင်ခဲ့ဘူး။ငါဟာ ပညာတတ်တစ်ယောက်တောင် မဟုတ်ခဲ့ဘူး။
ဒါပေမဲ့ ငါ့မှာ အိပ်မက်တွေ ရှိခဲ့တယ်။မင်း အမေက ငါနဲ့ ငါ့ရဲ့ အိပ်မက်တွေကို နှစ်သက်လေးစားပြီး ကူညီထောက်ပံ့တယ်။
မင်းရဲ့ အိပ်မက်တွေကို လျစ်လျူ ရှု တတ်တဲ့ မိန်းမ အကြောင်း တစ်မိနစ်လောက်တောင် တန်ဖိုးထား စဉ်းစားမနေပါနဲ့။
မင်းထက်ပိုပြီး မင်း အိပ်မက်တွေကို ..ကောင်းကောင်းတွေ့မြင်နိုင်မယ့် မိန်းမတစ်ယောက်ကို မင်း ရှာတွေ့ပြီဆိုရင်တော့ မင်း ကံကောင်းပြီပေါ့ ငါ့ သား။
မေတ္တာဖြင့်…အိုးဋီကာ..မိန်းမ ဆိုတဲ့အမျိုးက..မြေအိုးလိုပဲ…ငါ့သား…..
အဖေတို့လို “ရေ”…ဆိုတဲ့ ယောကျင်္ ားသာ မရှိရင် မှောက်ထားရုံသက်သက် အိုးအပြင်နှုတ်ခမ်းမှာ ပိုးမျှင်တန်းပြီး ရှက်နေရုံပဲလေ ။
သူတို့ကို လက်ထပ်ရတာက ဆက်စပ်သမျှ အကြောင်းအကျိုး အကောင်းအဆိုး ဒွန်တွဲ ရိုးရိုးလေး တွေးမယ်ဆို အိုးရွေးဝယ်ရသလိုပဲပေါ့ကွယ် ။
အနယ်မနာ မီးမကျက် ကွဲအက်လွယ်တဲ့အမျိုးကို စပ််စလူးအိုးလို့ ခေါ်သကွဲ့ ဘယ်တော့မှ မဝယ်နဲ့နော် ။
မီးပေးနာထားလို့ ဧည့်သည်လာတိုင်း အရှက်ခွဲ မျက်နှာမည်းတဲ့အိုးမျိုး လျှေ ာ့စျေးနဲ့ရောင်းတောင် မျက်စောင်းမထိုးမိစေနဲ့ကွဲ့ ။
ရေဘယ်လောက် ဖျန်း ဖျန်း မကျေမချမ်းနဲ့ အမြဲတမ်း ဆူဆူပူပူ နှုတ်ခမ်းထူတဲ့အိုး မျ ား ဘယ်သူက အလကားပေး ပေး ယူဖို့မတွေးလေနဲ့…သားရေ ။
အဖိုးနည်း ရင်အိုးကွဲပဲ ရမတဲ့ အိုးရွေးမှန်မှလည်း အကျိုးပေးသန်မှာပဲ မဟုတ်လား ။ အိုးကြီး အိုးသေး တစ်မျိုးပြီး တစ်မျိုးရွေး ကြေးတိုးပေးဖို့အိုးစျေးတန်းကတော့ သွေးတိုးစမ်းနေဦးမှာပဲ…သားရေ ။
အက်ကြောင်းတလျှောက် မိတ်ကပ်နဲ့ဖျေ ာက်ထားတဲ့ ပေါက်ပြီးသား အိုးတွေ…
မလှိမ့်တစ်ပတ်နဲ့ စိမ့်တတ်တဲ့ အိုးတွေ…
လည်သိမ် အောက်ကား ဆောင့်ကြွားကြွား အိုးတွေ…
ကနုတ်မျ ားမျ ားရေး အရုပ်အသားပေး အိုးတွေ…ကန့်သတ်ချက် မရှိဘူး…
နှံ့စပ်အောင် လျှောက်ကြည့် ….ပတ်ပတ်လည် မြှောက်ကြည့်….
လက်နဲ့ ခေါက်ကြည့် “ဒေါက်”…လို့ အသံထွက်ရင် ပေါက်ထွက်မယ့်အိုး လို့မှတ် ……
“ဒပ်”…လို့ ထွက်တဲ့အသံ လက်မခံပါလေနဲ့ အက်သံပါနေသတဲ့ကွယ်…..
နားထဲမှာ ကြည်လင် “ဒေါင်”…လို့ မြည်ရင်တော့ ပီပြင်တဲ့အိုး ရပဟေ့ …..
အဖိုးအခ စျေးမျ ားလည်း အပြေးအလွှားဝယ် တလေးတစားသာ သယ်ခဲ့တော့….
အဲဒါ…တို့ဘိုးဘေးတွေ လက်ထက်ကတည်းက အိုးရွေးတဲ့အချက်ပဲ…ငါ့သား ။
စျေးဝယ်ဆိုမှတော့ စျေးလယ်ထိတော့ ရောက်အောင်သွား….
တန်းထားတဲ့အိုးတွေ ရှိတယ် ….လမ်းသလားတဲ့အိုးတွေ ရှိတယ်…
အနေသန့်တဲ့ အိုးအကောင်းတွေရှိတယ် ….မြေညံ့တဲ့ အိုးအဟောင်းတွေရှိတယ်…
အဖိုးသားနား အနည်းအမျ ား အမျိုးအစားလည်း ကွဲပြားတယ် ……
အိုးမမှားဖို့……ကြို းစားဖို့က အမျိုးသားတိုင်း သဘောပေါက် ဟောတစ်ယောက်…ဟောတစ်ယောက်နဲ့…..
အချိုးပြေ မပြေသိရအောင် အိုးတွေသာ လိုက်ခေါက်ကြည့်ပေတော့…သားရေ ….။
မျှဝေခံစား_အညတြဘိက္ခုပုလော / credit= ရဲသူခ