ဗဟုသုတစုံ
ငွေလာဘ်ရွှင်ပြီး ငွေဝင်ကောင်းစေမယ့် ပြည့်ဝချမ်းသာ ရေလုံငွေထုပ် ယတြာ
ပြည့်ဝ ချမ်းသာ ရေလုံငွေထုပ် ယတြာ
မိမိဟာ ရသလောက်ငွေတွေ ပြန်ကုန်နေတယ် လာဘ်ပိတ်ပြီး အရောင်းအဝယ် ပါးနေတယ်ဆိုလျင် ဒီ အစီအရင် ယတြာလေးလုပ်ပါ ။
ငွေ ၅၀ တန် သို့မဟုတ် ၅၀၀ တန် သို့မဟုတ် ၅ ထောင်ကျပ်တန်ကို ခေါက်ပါ ပလတ်စတစ်အိပ်သန့်ထဲ ထည့်ပြီး ပိတ်ပါ ။ နောက်ထပ် ပလတ်စတစ် အိပ်ထဲကို ထည့်ပြီး ရေအနည်းငယ် ဖြည့်ပါ ။ အိပ်ကို သားရေကွင်းနဲ့ စည်းပါ ။
စတင် ပြုလုပ်ရမည့် အချိန် နံနက် ၅ နာရီ ၄၅ မိနစ်
ဒီငွေအိပ်လေးကို မိမိ ငွေတွေထားတဲ့ ငွေသေတ္တာထဲ သို့မဟုတ် ဆိုင်ကောင်တာတွေပေါ်မှာ ထားပါ ။ ရေကိုတော့ တစ်ပတ်တစ်ခါလောက် လဲပေးပါ ။ လက်တွေ့သင့်အတွက် အကျိူးပေးပါလိမ့်မည် ။
Credit : ဒေါ်သဇင်ထွန်း ဗေဒင်နှင့် ယတြာ