၂၀၁၈-ခုနှစ် မြန်မာလအလိုက် တစ်နှစ်စာဟောစာတမ်းကြီး

ဗေဒင်ကဏ္ဍ


2018 ခုနှစ်သစ်မှာမိမိကံကြမ္မာအကြောင်းတရားလေးတွေသိရအောင်မြန်မာလအလိုက်မွေးဖွားသူများအတွက် (၁)နှစ်စာဟောစာတမ်းနှင့်ဆောင်ရန်ရှောင်ရန်များကို ဆရာမင်းသုခကိုယ်တိုင်တွက်ချက်ပီး မိမိမွေးလအလိုက်အလွယ်တကူဖတ်ရှုနိုင်ရန်တင်ပေးလိုက်ပါတယ်။

တန်ခူးလမွေးဖွားသူများ

တန်ခူးလတွင်မွေးဖွားသူများသည်ဤနှစ်တွင်ရှေ့ပိုင်း(၆)လတွင်လုပ်ငန်းခွင်တွင်အကြံအစည်းသစ်များ ဆောင်ရွက်ရမည့်နှစ်ဖြစ်သည်။ပြည်တွင်းပြည်ပ ဆက်သွယ်ရေးလုပ်ငန်းများလုပ်ခြင်း၊ကွန်ပျူတာနှင့်တီတွင်ပညာများဆောင်ရွက်ခြင်းကောင်း၏။ အသေးစားချေးငွေးလုပ်ငန်း၊ အစုရှယ်ယာဝင်ခြင်း၊ဘဏ်လုပ်ငန်းများကောင်းကျိုးပေးမည်။မိမိလက်အောက်ငယ်သားနှင့်တပည့်များအားအထောက်ပံ့ပေးရခြင်း၊လူမူရေးနှင့်ဘာသာရေးဆိုင်ရာလုပ်ငန်းများတွင်ကိုယ်တိုင်ဦးစီးရခြင်း၊အများသဘောတူညီမှုကြောင့် ကုသိုလ်ရေးလုပ်ငန်းများလုပ်ကိုင်ရမည်။

စာချုပ်စာတမ်း၊ငွေကြေးကိစ္စများလက်မှတ်ရေးထိုးခြင်းဂရုစိုက်ရမည်။ စီးပွားရေးတွင်ရှေ့ပိုင်းတွင်အဆင်ပြေသလိုရှိပြီးနောက်ပိုင်းတွင် အခက်ကြုံမည်။ယခုနှစ်တွင်ဝါဆိုလ၊သီတင်းကျွတ်လ၊ပြာသိုလများတွင် မည်သည့်ကိစ္စမဆိုဆောင်ရွက်ရာတွင်အောင်မြင်မှုများရရှိမည်၊ပျိုရွယ်သူများစေ့စပ်ကြောင်းလမ်းခြင်းမင်္ဂလာနှင့်အိမ်ထောင်ရေးကိစ္စရပ်များပေါ်ပေါက်မည်။ရည်စားရှိသူများကာလကြာသည့်အခါမယုံကြည်နိုင်လောက်အောင် ပြောင်းလဲမှုများကြုံရကိန်းရှိသည်။အိမ်ထောင်ရှင်များ စိတ်သဘောထား မတိုက်ဆိုင်ခြင်းကြောင့်အဆင်မပြေမှုများခဏခဏဖြစ်မည်၊ ဉာဏဆိုင်ရာပညာရပ်းများတီတွင်ဆန်းသစ်ပညာရပ်များသင်ယူသင့်သည်။သို့သော်ပညာရေးတွင် ခက်ခဲစွာသင်ယူရမည်။ ကျန်းမာရေးတွင် အာရုံကြောအားနည်းခြင်း ၊ထိခိုက်ဒဏ်ရာရခြင်း၊ကိုယ်ခန္ဓာညာဘက်ခြမ်းရောဂါဝင်ခြင်း၊ ခေါင်းမူးခြင်းများဖြစ်တတ်သည်။

ယတြာ➖မိမိမွေးနေ့တွင် သစ္စာပန်း၊ကံကော်ညွန့်(၉)ညွန့်လှူပေးပါ။ဖန်ခွက်ဖြင့်ရေတော်(၅)ခွက်လှူပေးပါ။ဆောင်ရွက်စရာကိစ္စ

ယခုနှစ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းကိစ္စအဆင်ပြေရန်အတွက် အရှေ့အရပ်မျက်နှာမူ၍ မေတ္တာသုတ်(၃)ခေါက်ရွတ်ဆိုပြီးခရီးသွားခြင်း၊ အနီရောင်၊အဖြူရောင်၊အစိမ်းရောင် အဝတ်အထည်များဝတ်ဆင်ခြင်းနှင့်ထိုအရောင်များကိုအဆောင်အဖြစ်အသုံးဆောင်အဖြစ်အသုံးပြုနိုင်သည်။စိုးမိုးသောအက္ခရာနှင့်ဂဏန်းများ➖(ပ၊ဖ၊စ၊မ၊ည)၊(၃၊၀၊၇၊၂)

ကဆုန်လမွေးဖွားသူများ

ကဆုန်လတွင်မွေးဖွားသူများသည် ဤနှစ်တွင်အခက်အခဲမည်မျှရှိစေဆောင်ရွက်စရာများရှေ့တိုး၍ဆောင်ရွက်ရမည့်နှစ်ဖြစ်သည်။အကြံစည်းသစ်များဆောင်ရွက်ရမည်။နယုန်လ၊ဝါခေါင်လများတွင် လုပ်ငန်းခွင်တွင်သတိတရားရှေ့ရှု၍ဆောင်ရွက်ရမည်။ စီးပွားရေးတိုးချဲ့လုပ်ကိုင်လိုစိတ်များပေါ်ပေါက်နေတတ်သည်။ ဘဏ်လုပ်ငန်း၊ငွေကြေးချေးငှားခြင်း၊ အစုရှယ်ယာဝင်ခြင်းများကောင်းကျိုးပေးမည်။ မမျှော်လင့်ဘဲငွေကြေးများဝင်တတ်သည်။ညီအကို မောင်နှမနှင့် ဆွေမျိုးများ နှောက်ယှက်မှုကြောင့် မိမိလုပ်ငန်းခွင်အကျိုးအမြတ်များပျက်စီးတတ်သည်။ အိမ်၊ခြံ၊မြေ၊ပြုပြင်မှုများကြုံမည်။ပြည်တွင်းပြည်ပခရီးတိုခရီးရှည်များ သွားရကိန်းရှိသည်။ပျိုရွယ်သူများမေတ္တာရေးကံကောင်းပြီး မိမိရည်မှန်းထားသောချစ်သူများနှင့်မေတ္တာရေးများမည်။ အိမ်ထောင်ရှင်များ အိမ်တွင်းရေးပြဿနာများအနှောက်အယှက်များဝင်လာတတ်သည်။အပျော်အပါးလိုက်စားမှုကြောင့်လူမှုရေးပြဿနာများဖြေရှင်းရတတ်သည်။မိမိကြိုးစားသောပညာရေးတွင် ဝီရိယစိုက်ရမည့်နှစ်ဖြစ်သည်။ဆွေမျိုးသားချင်း ကူညီပံ့ပို့မှုများရရှိမည်။လုပ်ငန်းခွင်တွင် စာမေးပွဲများဖြေဆိုခွင့် အခွင့်လှမ်းကောင်များရရှိမည်။ကျန်းမာရေးတွင် ဗိုက်နာခြင်းသွေးတိုးရောဂါ၊အဖျားအနာ၊ အပူရောဂါများဖြစ်တတ်သည်။

ယတြာ➖ရွှေပန်း၊ငွေပန်း၊လသာပန်းတို့ကိုမိမိမွေးနေ့တိုင်းဘုရားတွင်ပူဇော်ပေးပါ။ ဘုရားစင်တွင်ထီး၊တံခွန်၊ကုက္ကားနှင့်ယပ်တောင်လှူပေပါ။ဆောင်ရွက်စရာကိစ္စ🌟ယခုနှစ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းကိစ္စအဆင်ပြေရန်အတွက်ဂုဏ်တော်(၉)ခေါက်ရွတ်ဆိုပြီးခရီးသွားခြင်း၊ကြည်ပြာရောင်၊ဆင်စွယ်ရောင်၊ပန်းရောင်အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကိုအဆောင်အဖြစ်အသုံးပြုနိုင်သည်။စိုးမိုးသောအက္ခရာနှင့်ဂဏန်းများ➖(လ၊ဝ၊သ၊ဒ)၊(၅၊၄၊၈၊၁)

နယုန်လမွေးဖွားသူများ

ဤနှစ်တွင် ကာလအတန်ကြာကျန့်ကြာနေသောလုပ်ငန်းများ ဆောင်ရွက်ရခြင်းဖြင့် အစစအရာရာကံကြမ္မာပွင့်လင်းလာမည်။အပြောင်းအလဲကိုလက်ခံပြီး လုပ်ငန်းဆောင်ရွက်ကိန်းကြုံမည်။ ဆေးဝါးရောင်ဝယ်ခြင်း၊စက်သုံးဆီရောင်းဝယ်ခြင်း၊ ရေသန့်လုပ်ငန်း၊မွေးမြူရေးလုပ်ငန်း၊အိမ်၊ခြံမြေအကျိုးဆောင်ခြင်းများကေင်း၏။မမျှော်လင့်ဘဲ ရာထူးတက်ခြင်း၊အကြွးအကဲဖစ်ခြင်း၊ နိုင်ငံတော်မှဘွဲ့ထူးဂုဏ်ထူးချီးမြှင့်ခြင်းခံရတတ်သည်။အဆိပ်ရှိသောသတ္တဝါများရန်မူခြင်းခံရတတ်သည်။ကျောက်မျက်ရတနာရွှေထည်၊ငွေလထည်ပစ္စည်းများဝင်လာတတ်သည်။ ငွေကြေးကိစ္စများအတွက် မကြာခဏအမုန်းခံ၍ပြောဆိုပေးရတတ်သည်။စာချုပ်စာတမ်း၊ငွေကြေးကိစ္စအာမခံခြင်း၊လွှဲပြောင်းပေးခြင်းများ သတိထားရမည့်နှစ်ဖြစ်သည်။ အချစ်ရေးကိစ္စရပ်များ၌ အလွယ်တကူဆုံးဖြတ်ခြင်းမလုပ်သင့်ပါ။

ပျိုရွယ်သူများ ချသ်သူအပေါ်သံသယဝင်လာမည်။အိမ်ထောင်ရှင်များသားသမီးရတနာထွန်းကားပြီး ဂုဏ်သတင်းကျော်ဇော်မည်။ပညာရေးတွင်ဆရာကောင်းများနှင့်တွေ့ဆုံပြီး မိမိရည်မှန်းထားသောပန်းတိုင်ကိုဆွတ်ခူးရမည်။အပေါင်းအသင်းအနှောင့်အယှက်နှင့်အပျော်အပါးလိုက်စားမှုကိုရှောင်သင့်သည်။ကျန်းမာရေးတွင် ငှက်ဖျားရောဂါ၊သွားနှင့်ပတ်သက်သောရောဂါ၊အဆုတ်နှင့်ဆိုင်သောရောဂါများခံစားရ၍မကြာခဏကျန်းမာရေးညံ့မည်။ယခုနှစ်တွင်ရောဂါဖြစ်လျှင် မပေါ့ဆသင့်သောနှစ်ဖြစ်သည်။ယတြာ➖မိမိမွေးနေ့တွင်အုန်းညွန့်၊ရွက်လှညွန့်၊ကြံညွန့်တို့ကိုပေါင်းပြီးကြေးပန်းအိုးဖြင့် ဘုရားတွင်ပူဇော်ပေးပါ။ဆောင်ရွက်စရာကိစ္စ
ယခုနှစ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းကိစ္စများအဆင်ပြေရန်အတွက် သမ္ဗုဒ္ဓေဂါထာ(၃)ခေါက်ရွတ်ဆိုပြီးခရီးသွားခြင်း၊အပြာရောင်၊ကြက်သွေးရောင်၊အဖြူရောင်အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကိုအဆောင်အဖြစ်အသုံးပြုနိုင်သည်။စိုးမိုးသောအက္ခရာနှင့်ဂဏန်းများ➖(စ၊ဆ၊တ၊ထ)၊(၆၊၄၊၂၊၇)

ဝါဆိုလမွေးဖွားသူများ

ဝါဆိုလမွေးဖွားသူများသည် ဤနှစ်တွင် အခက်ခဲမည်မျှရှိစေဆောင်ရွက်စရာများရှေ့တိုးဆောင်ရွက်သင့်သည်။နိုင်းငံခြားမှဆက်သွယ်ပြီးလုပ်ငန်းများအဆင်ပြေတတ်သည်။

အိမ်၊ခြံ၊မြေ၊အဆောက်အဦးများဝင်လာမည်။ရင်းနှီးမြှုပ်နှံထားသော လုပ်ငန်းများမှ အကျိုးအမြတ်ရခြင်းအမျိုးသမီးများအတွက် ဖက်ရှင်ဆိုင်ဖွင့်ခြင်း၊အလှကုန်ပစ္စည်းများနှင့် ဖန်စီလုပ်ငန်းများလုပ်ခြင်း၊ဖုန်းအပိုပစ္စည်းများနှင့်စက်သုံးဆီရောင်းဝယ်ခြင်းများမှ အကျိုးအမြတ်ရရှိမည့်နှစ်ဖြစ်သည်။ယခုနှစ်တွင်ဝါခေါင်လ၊သီတင်းကျွတ်လ၊ပြာသိုလများတွင်မည်သည့်ကိစ္စမဆိုဆောင်ရွက်ရာတွင်အောင်မြင်မှုများရရှိမည်။ယာဉ်ရထားစီးခြင်း မောင်းနှင်းခြင်းများသတိထားရမည်။အမွေအနှစ်ရခြင်း၊ရာထူးတတ်ခြင်းအထက်အကြီးအကဲ၏ချီးမွမ်းခြင်းခံရမည်။မိဘအကြီးအကဲများ၏ ကျန်းမာရေးပြုစုစောင့်ရှေက်ပေးရတတ်သည်။ပျိုရွယ်သူများတစ်ဦးပေါ်တစ်ဦး ယုံကြည်မှုအားနည်းတတ်သည်။စွပ်စွဲမှုအမျိုးမျိုးခံစားရကိန်းကြုံမည်။ အိမ်ထောင်ရှင်များ သီခံခြင်းများဖြင့်သာယာသောအိမ်ထောင်မှုကိုဖန်တီးရမည့်နှသ်ဖြစ်သည်။

ပညာရေးတွင်စနစ်တကျသင်ယူသင့်သည်။ ဉာဏ်၊ဝရီယစိုက်ထုပ်ပြီးလုပ်သင့်သည်။ကျန်းမာရေးတွင် အစားအသောက်မှားယွင်းမှုကြောင့်ရောဂါဝေဒနာဝင်တတ်သည်။နှလုံးရောဂါခံစားရတတ်သည်။ယတြာ➖မိမိမွေးနေ့တွင်တန်ခိုးကြီးဘုရားတွင်ဆီးမီးသက်စေ့ကပ်ပူဇော်ပေးပါ။ဇွန်ပန်း၊သစ္စာပန်းနှင့်အဖြူရောင်ဂန္ဓမာပန်းများပူဇော်ပေးပါ။ဆောင်ရွက်စရာကိစ္စ
ယခုနှစ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းကိစ္စများအဆင်ပြေရန်အတွက် ဘုရားတွင် (ဘဂဝါ) ဂုဏ်တော်ဖြင့် (၉)ပတ်ပုတီးစိတ်ပြီးခရီးသွားခြင်း၊ဖက်ဖူးရောင်၊အညိုရောင်၊အဝါရောင် အဝတ်အထည်များဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကိုအဆောင်အဖြစ်အသုံးပြုနိုင်သည်။စိုးမိုးသောအက္ခရာနှင့်ဂဏန်းများ➖(တ၊ထ၊က၊ခ)၊(၆၊၂၊၉၊၀)

ဝါခေါင်လမွေးဖွားသူများအတွက်

ဤနှစ်တွင် ရှေ့ပိုင်း ၆လတွင် လုပ်ငန်းခွင်တွင် သတိတရားရှေ့ရှု၍ဆောင့ရွက်ရမည်။ စီပွားရေးကိစ္စများနှင့်ပတ်သက်၍ အယူအဆအမှားများနှင့်ရင်ဆိုင်ရတတ်သည်။သူတစ်ပါးကိစ္စများဆောင်ရွက်ရင်းမိမိအကျိုးကိစ္စများပါအောင်မြင်မှုရမည်။ဆက်သွယ်ရေးလုပ်ငန်းနှင့်နည်းပညာပစ္စည်းများ တီထွင်မှုဖြင့်အောင်မြင်မှုရမည်။သတ္တုတွင်းနှင့်ကျောက်မျက်ရတနာတူးဖော်ရောင်းဝယ်ခြင်းများကောင်းမည်။အမျိုးသမီးများအတွက်ဖက်ရှင်ဆိုင်ဖွင့်ခြင်း၊ဂီတအနုပညာ၊အလှကုန်ပစ္စည်းများနှင့်ဖနိစီလုပ်ငန်းများအကျိုးခံစားရမည်။ယခုနှစ်တွင် ဝါဆိုလ၊သီတင်းကျွတ်လ၊တပိုတွဲလများတွင် မည်သည့်ကိစ္စမဆိုဆောင်ရွက်ရာတွင် အောင်မြင်မှုများရရှိမည်။ အမွေအနှစ်ကိစ္စအတွက်ဆွေမျိုးများနှင့်အငြင်းပွားပြီးဥပဒေနှင့်ယှဉ်ဆိုင်ရတတ်သည်။အချစ်ရေးကိစ္စရပ်များတွင်အဆင်ပြေမှုနှေးကွေးမည်။လူငယ်လူရွယ်များချစ်သူအပေါ်သံသယဝင်လာမည်။ နှစ်ထက်မိဘများသဘောထားကွဲလွဲတတ်သည်။အိမ်ထောင်ရှင်များပတ်ဝန်းကျင်ကြောင့်စကားများရမည်။

ပညာရေးတွင်ရှေ့ပိုင်းကြိုးစားမှုအားကောင်း၍ထူးချွန်တတ်သည်။နောက်ပိုင်းတွင်လူမှုရေးရောထွေးမှုကြောင့်နှောင့်နှေးတတ်သည်။စက်မှုကရိယာနှင့်ဆက်သွယ်ရေးပစ္စည်းများပြုပြင်ခြင်း၊ပညာရပ်များသင်ယူခြင်းကောင်းမည်။ဤနှစ်တွင်ရောဂါဘယအမျိုးမျိုးနှိပ်စက်ခြင်းခံရမည်။အထူးသဖြင့်သွေးတိုး၊ဆီးချို၊ကျောက်ကပ်နှင့်အသည်းရောဂါများဖြစ်တတ်သည်။

ယတြာ➖မိမိမွေးနေ့တွင်အဝါရောင်ဂန္မမာပန်း၊မေမြို့ပန်း၊သစ္စပန်းတို့ကိုပေါင့းထည့်ပြီး အရှေ့အရပ်ရှိဘုရားတွင် ပူဇော်ပေးပါ။ ဇရပ်၊ကျောင်းများတွင်တံမြက်စည်း လှူပေးပါ။ဆောင်ရွက်စရာကိစ္စများ
ယခုနှစ်တွင် ခရီးသွားခြင်းနှင့်လုပ်ငန်းကိစ္စအဆင်ပြေရန်အတွက် ဘုရားတွင်(ဗုဒ္ဓေါဘဂဝါ)ဂုဏ်တော်ဖြင့်ပုတီး(၅)ပတ်သိတ်ပြီးခရီးသွားခြင်း၊အဝါရောင်၊အနီရောင်၊ဆင်စွယ်ရောင်အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့်ထိုအရောင်များကိုအဆောင်အဖြစ်အသုံးပြုနိုင်သည်။
စိုးမိုးသောအက္ခရာနှင့်ဂဏန်းများ(အ၊ဥ၊စ၊လ).(၃.၁.၇.၉)

တော်သလင်းလမွေးဖွားသူများ

ဤနှစ်တွင် ပေါ်ပေါက်လာသော စတ်ကူးများကို လက်တွေ့အောင်မြင်မှုရသောနှစ်ဖြစ်သည်။လုပ်ငန်းအလုပ်နေရာသစ်တိုးချဲ့လုပ်ကိုင်ပါက အောင်မြင်မှုရမည်။နာမည် ဘုန်းကံတိုးတက်ပြီးနေရာအနှံ့သွားကိန်းရှိသည်။လုပ်ငန်းခွင်တွင်မိတ်ဆွေအသစ်များနှင့်ဆက်ဆံရမည်။စိတ်လောကြီးပြီးတစ်ပါးသူ၏ ငွေကြေးများကိုလုပ်ငန်းခွင်တွင်သုံးစွဲခြင်းများ ရှောင်သင့်သည်။ဇိမ်ခံပစ္စည်းများဝင်မည်။ယခုနှစ်တွင် ဝါဆိုလ။သီတင်းကျွတ်လ၊ပြာသိုလများတွင် မည်သည့်ကိစ္စမဆိုဆောင်ရွက်ရာတွငသတိထားရှိရမည်။
အစုရှယ်ယာလုပ်ငန်းများ၊ငွေကြေးကိစ္စရပ်များချေးငှါးခြင်းသတိပြုဆောင်ရွက်ပါ။စက်ပစ္စည်းများဝင်လာမည်။အများငဘောတူညီမှုကြောင့်လူမှုရေးနှင့်ဘာသာရေးကိစ္စများဆောင်ရွက်ရမည်။ပျိုရွယ်သူများတစ်ဦးပေါ်တစ်ဦး ယုံကြည်မှုအားနည်းတတ်သည်။အိမ်ထောင်ရှင်များ ရံဖန်ရံခါစကားငြင်းဆိုမှုများပတ်ဝန်းကျင်ကြောင့်ပေါ်လာမည်။ပညာရေးတွင် နှောင့်နှေးတတ်သည်။ပညာသင်စရိတ်အတွက် ခက်ခဲလာတတ်သည်။ကျန်းမာရေးတွင်နှလုံးသွေးကြောကျဉ်းခြင်း ၊ထုံနာကျင်နာရောဂါ၊လေနှင့်အူလမ်းကြောင်းရောဂါများဖြစ်ပွားတတ်သည်။ကျွမ်းကျင်သောဆရာဝန်များနှင့်ပြသ၍ကုသလျှင်ရောဂါပျောက်ကင်းတတ်သည်။

ယတြာ➖မိမိ၏မွေးနေ့တွင် ငွေရောင်ပန်းအိုးဖြင့် ရွက်လှညွန့်၊စပယ်ညွန့်၊ပိထောက်ညွန့်၊သက်ကယ်ညွန့် တို့ကိုပေါင်းပြီးပူဇော်ပေးပါ။ဆောင်ရွက်စရာကိစ္စများ

ယခုနှစ်တွင် ခရီးသွားခြင်းနှင့်လုပ်ငန်းကိစ္စအဆင်ပြေရန်အတွက် ဘုရားတွင်(မနုတ္တရောပုရိတ ဓမ္မာသရတိ)ဂုဏ်တော်ဖြင့် ပုတီး(၅)ပတ်စိတ်ပြီးခရီးသွားခြင်း၊ အဖြူရောင် ၊လိမ္မော်ရောင်နှင့်နို့နှစ်ရောင် အဝတ်အထည်မျာဝတ်ဆင်ခြင်းနှင့်ထိုအရောင်များကို အဆောင်အဖြစ်အသုံးပြုနိုင်သည်။စိုးမိုးသောအက္ခရာနှင့်ဂဏန်းများ (ပ၊ဗ၊တ၊ဓ).(၇.၆.၄.၀)

သီတင်းကျွတ်လမွေးဖွားသူများ

ဤနှစ်တွင်လုပ်ငန်းခွင်ကို တိုးချဲ့ရန်ဆန္ဒရှိသောလည်းသတိတရားဖြင့်လုပ်ကိုင်သင့်သည်။အကောင်ူအဆိုးဒွန်တွဲလျက်ရှိသည်။လေကြောင်း၊ရေကြောင်းနှင့်ရေထွက်ပစ္စည်းများရောင်းဝယ်ခြင်းများကောင်း၏။ယခုနှစ်တွင် ဝါဆိုလ၊တန်ဆောင်မုန်းလ၊ပြာသိုလများတွင် မည်သည့်ကိစ္စမဆိုဆောင်ရွက်ရာတွင်သတိထားရှိရမည်။ စက်ပစ္စည်းများနှင့်ထိခိုက်ဒဏ်ရာရတတ်သည်။သူတစ်ပါးကိုယုံကြည်မှုမလွန်ကဲသင့်ပါ။ငွေကြေးနှင့်အဖိုးတန်ပစ္စည်းများကျပျောက်တတ်သည်။ရည်းစားအပေါ်အချစ်ကြီး၍ မကြာခဏ ဒေါသထွက်တတ်သည်။အသက် ၂၂နှစ်မှ၂၆နှစ်ကြားရောက်ရှိနေသူများ အချစ်ရေးပြဿနာများဖြစ်တတ်သည်။မိမိထက်အသက်ဝါကြီးသောသူများနှင့် အိမ်ထောင်ကျတတ်သည်။အိမ်ထောင်ရှင်များတစ်ဦးနှင့်တစ်ဦးမယုံကြည်စရာများဖြစ်မည်။သူတစ်ပါးအတွက်ကြောင့်မိမိဂုဏ်သိက္ခာကျဆင်းတတ်သည်။ပညာရေးတွင်ရည်မှန်းထားသလောက်ရနိုင်မည်။နိုင်ငံခြားသို့ပညာသင်သွားရကိန်းကြုံမည်။ကျန်းမာရေးတွင်အကြောအဆစ်ရောဂါ၊လေးဖက်နာ၊ဦးနှောက်နှင့်အာရုံကြောရောဂါများ၊သွေးအားနည်းခြင်းများဖြစ်တတ်သည်။ခရီးတွင်ကျန်းမာရေးဖောက်ပြန်မှုများနှင့်ကြုံရတတ်သည်။အမျိုးသမီးများမီးယပ်ရောဂါဆိုင်ရာများ ဖြစ်တတ်သည်။

ယတြာ➖မိမိမွေးနေ့တွင်ဆီမီးသက်စေ့၊ပန်းသက်စေ့၊သစ်သီးသက်စေ့လှူခြင်းတို့ကိုဆောင်ရွက်ပါ။သံဃာတော်များနှင့်အဖိုးအဘွား၊အကြီးအကဲပုဂ္ဂိုလ်များကို ငချိပ်ပေါင်း၊ ဘယကြော်၊ ထိုးမုန့်၊လမုန့်နှင့်အုန်းထမင်းလှူပေးပါ။ဆောင်ရွက်စရာကိစ္စများ
ယခုနှစ်တွင် ခရီးသွားခြင်းနှင့်လုပ်ငန်းကိစ္စအဆင်ပြေရန်အတွက် ဘုရားတွင်(ဝိဇ္ဇာစရဏ သမ္ဗန္နော)ဂုဏ်တော်ဖြင့်ပုတီး(၅)ပတ်စိတ်ပြီး ခရီးသွားခြင်း၊ ဆင်စွယ်ရောင်၊အနီရောင်၊အပြာရောင် အဝတ်ထည်များဝတ်ဆင်ခြင်းနှင့်ထိုအရောင်များကို အဆောင်အဖြစ် အသုံးပြုနိုင်သည်။စိုးမိုးသောအက္ခရာနှင့်ဂဏန်းများ (ရ၊ယ၊လ၊ဝ).(၅.၉.၁.၃)

တန်ဆောင်မုန်းလမွေးဖွားသူများ

ဤနှစ်တွင် လုပ်ငန်းကိစ္စများရှေ့ဆုံးမှဦးဆောင်လုပ်ရမည့်နှစ်ဖြစ်သည်။ကိုင်ပိုင်လုပ်ငန်းများမှ ထူးထူးခြားခြားငွေဝင်ကိန်းများကြုံမည်။ကုမ္ပဏီထောင်ခြင်း၊ဘဏ်လုပ်ငန်းများခရီးသွားလုပ်ငန်းဆောင်ရွက်ခြင်းအောင်မြင်မည်။မိမိသြဇာတန်ခိုးအာဏာများထက်မြက်ပေါ်လွင်မှုရှိလာမည်။ယခုနှစ်တွင်ဝါခေါင်လ၊သီတင်းကျွတ်လ၊တပို့တွဲလများတွင်မည်သည့်ကိစ္စမဆိုဆောင်ရွက်ရာတွင် အောင်မြင်မှုများရရှိမည်။အိမ်ခြံမြေ၊အဆောက်အဦးများ ဆောက်လုပ်ရတတ်သည်။မိမိအားကိုယ်အားထား ခံအပ်ထားသောသူများကို ညီအစ်ကိုမောင်နှမဆွေမျိုးများဝင်ရောက်စွက်ဖက်မှုကြောင့်လုပ်ငန်းများနှောင့်နေးနေမည်။ကျောက်မျက်ရတနာပစ္စည်းများ အလိမ်ခံရတတ်သည်။ပွဲလမ်းသဘင်လူနေထူထပ်သောနေရာများတွင်သွားလာခြင်းသတိထားရမည့်နှစ်ဖြစ်သည်။အချစ်ရေးတွင်မိမိစိတ်ဆန္ဒနှင့်တိုက်ဆိုင်မှုဝေးကွားခြင်းများမကြာခဏကြုံမည်။မိမိထက်အသက်ကြီးသူတို့နှင့်ဆုံဆည်းရတတ်မည်။အိမ်ထောင်ရှင်များသားသမီးရတနာ ထွန်းကားပြီး စီးပွားရေး တိုးတက်လာမည်။ပညာရေးတွင်ဝီရိယရှိမှ မိမိမျှော်မှန်းထားသောပညာရပ်ကိုဆည်းပူးခြင်းရမည်။ပညာရေးဌာနပြောင်းရွှေ့ခြင်းကြောင့်ပညာရေးနှောင့်နှေးတတ်သည်။

ယတြာ➖မိမိမွေးနေ့တွင် ပုတီးစိပ်၊အဓိဌာန်ဝင်ခြင်းများအထူးပြုလုပ်၍ဆွမ်းနှင့်ဆွမ်းဆန်စိမ်း၊ဆေးဝါးထုပ်များလှူခြင်းတို့ကိုဆောင်ရွက်ပေးပါ။ဆောင်ရွက်စရာကိစ္စများ
ယခုနှစ်တွင် ခရီးသွားခြင်းနှင့်လုပ်ငန်းကိစ္စအဆင်ပြေရန်အတွက် ဘုရားတွင်(အရဟံ)ဂုဏ်တော်ဖြင့်ပုတီး(၉)ပတ်စိတ်ပြီးခရီးသွားခြင်း၊ဖက်ဖူးရောင်၊ပန်းရောင်၊ကြည်ပြာရောင်အဝတ်အထည်များဝတ်ဆင်ခြင်းနှင့်ထိုအရောင်များကိုအဆောင်အဖြစ် အသုံးပြုနိုင်သည်။စိုးမိုးသောအက္ခရာနှင့်ဂဏန်းများ (က၊ခ၊ဂ၊စ).(၄.၉.၆.၈)

နတ်တော်လမွေးဖွားသူများ

ဤနှစ်တွင် စိတ်ကူးသစ်များကို လက်တွေ့အကောင်ထည်ဖော်နိုင်မည့်နှစ်ဖြစ်သည်။လုပ်ငန်းခွင်တွင်ယှဉ်ပြိုင်မှုများနှင့်ထိပ်တိုက်ရင်ဆိုင်ရတတ်သည်။လူမျိုးကွဲ၊ဘာသာခြားများနှင့်ဆက်ဆံရေးအကျိုးပေးခြင်းခံရမည်။လုပ်ငန်းကိုတစ်ဦးတည်းဆောင်ရွက်မှသာအကျိုးထူးမည်။ဆွေမျိုးများနှင့်ဝေးကွာနေသောအပေါင်းအသင်းများ ပြန်လည်ဆုံဆည်းရမည်။မိမိပိုင်ဆိုင်သောပစ္စည်းများငှားရမ်းခြင်းကိစ္စများ သတိထားဆောင်ရွက်ပါ။တိုက်တာအဆောက်အဦးဆောက်လုပ်ခြင်းအမွေအနှစ်ရရှိတတ်သည်။ယခုနှစ်တွင် ကဆုန်လ၊တန်ဆောင်မုန်းလ၊ပြာသိုလများတွင်မည်သည့်ကိစ္စမဆိုဆောင်ရွက်ရာတွင်သတိထားရှိရမည်။မိဘအကြီးအကဲများအတွက်ကျန်းမာရေးပြုစုစောင့်ရှောက်ရမည်။အသက်၁၈နှစ်မှ ၂၀နှစ်ကြား၊အသက်၂၃မှနှစ်မှ၂၆နှစ်ကြားရှောက်ရှိနေသူများအချစ်ရေးပြဿနာများ ဖြစ်တတ်သည်။ အိမ်ထောင်ရှင်များမိသားစုအနှောင့်အယှက်ပေါ်လာတတ်သည်။ မိးဘေးအန္တရာယ်ဂရုစိုက်ပေးသင့်သည်။တစ်ပါးသူ၏ပြဿနားများဖြေရှင်းရတတ်သည်။အပေါင်းအသင်းကြောင့်ပညာရေးထိခိုက်တတ်သည်။ ရပ်ဝေးသိုသွားယောက်ပညာရှာဖွေနေသူများအခြေနေကောင်းများရရှိလာမည်။သို့သော်ကျန်းမာရေးအနှေင့်အယှက်ဝင်လာတတ်သည်။ကျန်းမာရေးနှင့်ပတ်သက်၍ နှလုံးရောဂါ၊ထုံနာကျင်နာရောဂါများ၊ကိုယ်ကိုက်ခဲခြင်းသွားနှင့်မျက်စိရောဂါခံစားရတတ်သည်။

ယတြာ➖မိမိမွေးနေ့တွင်ကြေးပန်းအိုးဖြင့်နှင်းဆီ၊သပြေ၊မာလာကာညွန့်တို့ကိုပေါင်းထည့်ပြီး ဘုရားတွင်ပူဇော်ပေးပါ။ယပ်(၈)ချောင်း၊ရွှေထီး(၁၁)လက်လှူပေးပါ။ဆောင်ရွက်စရာကိစ္စများ
ယခုနှစ်တွင် ခရီးသွားခြင်းနှင့်လုပ်ငန်းကိစ္စအဆင်ပြေရန်အတွက် ဘုရားတွင်(သုဂတော လောကဝိဒူ)ဂုဏ်တော်ဖြင့်ပုတီး(၅)ပတ်စိတ်ပေးပါ၊၊
ခရီးသွားခြင်း၊မီးခိုးရောင်၊အစိမ်းရောင်၊ခရမ်းရောင်အဝတ်အထည်များဝတ်ဆင်ခြင်းနှင့်ထိုအရောင်များကိုအဆောင်အဖြစ်အသုံးပြုနိုင်သည်။စိုးမိုးသောအက္ခရာနှင့်ဂဏန်းများ (ရ၊ဝ၊သ၊ဟ).(၇.၁.၃.၆)။

ပြာသိုလမွေးဖွားသူများ
ဤနှစ်တွင်စီးပွားရေးတိုးချဲ့လုပ်ကိုင်ခြင်းကို ဦးစားပေးရမည့်နှစ်ဖြစ်သည်။အောင်မှုများရရှိမည်။မိမိသြဇာတန်းခိုးအာဏာများထက်မြက်ပေါ်လွက်မှုရှိလာပေမည်။အိမ်ခြံမြေရောင့းဝယ်ခြင်း၊တိုက်ခန်းများရောင်ဝယ်ခြင်း၊ငှားရန်းခြင်း၊ဖန်စီနှင့်ဖက်ရှင်ဆိုင်ဖွင့်ခြင်း၊ဆက်သွယ်ရေးပစ္စည်းများရောင်းဝယ်ခြင်းကောင်းမည်။အတိုက်အခိုက်အမျိုးမျိုးကြားမှအောင်မြင်မူကိုရရှိနိုင်မည်။တပည့်လက်အောက်ငယ်သားနှင့်အစုရှယ်ယာလုပ်ငန်းများလုပ်ကိုင်မှုတွင်သတိထားပြီးပြုလုပ်သင့်သည်။ယခုနှစ်တွင်နယုန်လ၊သီတင်းကျွတ်လတပို့တွဲလများတွင် မည်သည့်ကိစ္စမဆိုဆောင်ရွက်ရာတွင် အောင်မြင်မှုများရရှိမည်။ပြည်တွင်းပြည်ပခရီးသွားကိန်းများကြုံမည်။ငွေကြေးကိစ္စအဆင်ပြေမည်။အသက်(၁၅)နှစ်မှ(၁၇)နှစ်ကြား၊အသက်(၂၀)နှစ်မှ(၂၃)နှစ်ကြားရှောက်ရှိနေသူများအချစ်ရေးနှင့်ပတ်သက်၍အဖုအထစ်များတွေ့ရတတ်သည်။အိမ်ထောင်ရှင်များတစ်ပါးသူအတွက်မိမိဂုဏ်သိက္ခာကျဆင်းတတ်သည်။အနှပညာနှင့်ဖန်တီးမှုများကိုထိရောက်စွာဝေဖန်ခံရမည်။ပညာရေးတွင်ရှေ့ပိုင်းကြိုးစားမှုအားကောင်း၍ထူးချွန်ပြီး ကံ၊ဉာဏ်၊ဝီရိယိုက်ထုပ်ရမည်။ကျန်းမာရေးအညံ့များဝင်လာခြင်းဦးခေါင်းနှင့်အရိုးအဆစ်ရောဂါများ၊လေရောဂါ၊အဆုတ်အအေးမိခြင်းရောဂါဖြစ်တတ်သည်။

ယတြာ➖မိမိမွေးနေ့တွင်ကြေးဖလားဖြင့်ရေတော်(၅)ခွက်နှင့်ယို(၅)မျိုးလှူပေးပါ။တန်ခိုးကြီးဘုရားများတွင်သင်္ကန်းကပ်လှူခြင်း၊နှင်းဆီပန်း၊အုန်းညွန့်၊ကံကော်ညွန့်တိုကိုပေါင်ပြီး ပန်းအိုးတစ်အိုးဘုရားတွင်ပူဇော်ပေးရမည်။ဆောင်ရွက်စရာကိစ္စများ
ယခုနှစ်တွင် ခရီးသွားခြင်းနှင့်လုပ်ငန်းကိစ္စအဆင်ပြေရန်အတွက် ဘုရားတွင်(သမ္မာသမ္ဗဒ္ဓေါ)ဂုဏ်တော်ဖြင့်ပုတီး(၇)ပတ်စိတ်ပြီးခရီးသွားခြင်း၊ အဖြူရောင် ၊ အဝါရောင်၊ကြက်သွေးရောင်အဝတ်ထည်များဝတ်ဆင်ခြင်းနှင့်ထိုအရောင်များကို အဆောင်အဖြစ် အသုံးပြုနိုင်သည်။စိုးမိုးသောအက္ခရာနှင့်ဂဏန်းများ (က၊စ၊ည၊င).(၁.၉.၂.၄)။

တပိုတွဲလမွေးဖွားသူများ

ဤနှစ်တွင် လုပ်ငန်းသစ်များနေရာပြောင်းလဲလုပ်ကိုင်ရန်ဆန္ဒရှိခြင်း၊ဌာနပြောင်းရွှေ့ခြင်း၊ခရီးသွားလာရေးဝန်ဆောင်မှုလုပ်ငန်း၊အစားအသောက်လုပ်ငန်းများ၊တည်းခိုနားနေစရာလုပ်ငန်း၊ကွန်ပျူတာ၊ဖုန်းနှင့်စက်ပစ္စည်းများဖွင့်လှစ်ခြင်း၊ရောင်းဝယ်ခြင်း၊စက်သုံးဆီရောင်းချခြင်း၊ဥယျာဉ်ခြံစိုက်ပျိုးခြင်းများကောင်းမည်။အိမ်၊ခြံ၊မြေ၊တိုက်ခန်းသစ်များဝင်လာခြင်း၊အသစ်ဆောက်လုပ်ခြင်းများရှိသည်။ယခုနှစ်တွင်တော်သလင်းလ၊နတ်တော်လ၊တပေါင်းလများတွင်မည်သည့်ကိစ္စမဆိုရာတွင်အောင်မြင်မှုများရရှိမည်။လုပ်ငန်းခွင်တွင်ကိုယ်ကျင့်တရားပျက်ပြားပါက ဘဝတစ်ခုလုံးအတွက် နစ်နာဆုံးရှုံးခံရတတ်သည်။အချစ်ရေးတွင်တစ်ဦးနှင့်တစ်ဦးသဘောထားလွဲမှားမှုကြောင့် ဘဝအတွက်ဖူးစာရှင်နှင့်လွဲချောရတတ်သည်။အိမ်ထောင်ရေးအဆင်ပြေစရာများဖြစ်လာမည်။သားသမီးများကြောင့်မိဘ၏ဘုန်းတန်ခိုး ဂုဏ်သတင်းကျော်ဇောမည်။ပညာရေးတွင်လူမှုရေးရှုပ်ထွေးမှုကြောင့် နှောင့်နှေးတတ်သည်။ဤနှစ်တွင်ရောဂါဘယအမျိုးမျိုးနှိပ်စက်ခြင်းခံရမည်။ကျန်းမာရေးတွင်အနာရောဂါများ၊ရာသီဥတုကြောင့် အတွင်းကျိတ်နာဖြစ်တတ်သည်။ခွဲစိတ်ကုသမှုများခံယူခြင်းပေါ်ပေါက်လာတတ်သည်။

ယတြာ➖မိမိမွေးနေ့တွင်၊မေမြို့ပန်း၊ ပိတောက်ညွန့်၊ ဇီးညွန့်၊ရွက်လှညွန့်၊ကန်းဇွန်းညွန့်တို့ကိုပေါင်းပြီး ကြွေပန်းအိုးဖြင့် အရှေ့အရပ်ဘုရားတွင်ပူဇော်ပေးပါ။မိမိမွေးနေ့တွင်အဝါရောင်ပန်းများ၊မုန့်ထုပ်၊ကော်ဖီမစ်ထုပ်၊ခေါက်ဆွဲထုပ်များလှူဒန်းပေးပါ။ဆောင်ရွက်စရာကိစ္စများ

ယခုနှစ်တွင် ခရီးသွားခြင်းနှင့်လုပ်ငန်းကိစ္စအဆင်ပြေရန်အတွက် ဘုရားတွင်(လောကဝိဒူ)ဂုဏ်တော်ဖြင့်ပုတီး(၇)ပတ်စိတ်ပြီးခရီးသွားခြင်း၊အနီရောင်၊အပြာရောင်၊ဆင်စွယ်ရောင်၊ အဖြူရောင် အဝတ်အထည်များဝတ်ဆင်ခြင်းနှင့်ထိုအရောင်များကိုအဆောင်အဖြစ်အသုံးပြုနိုင်သည်။စိုးမိုးသောအက္ခရာနှင့်ဂဏန်းများ (ယ၊ရ၊တ၊ဓ).(၂.၅.၉.၃.)။

တပေါင်းလမွေးဖွားသူများ

ဤနှစ်တွင်ပြည်တွင်းပြည်ပကိစ္စရေးရာအဖြာဖြာဆောင်ရွက်ရန်အခွင့်အခါကောင်းကျရောက်သောနှစ်ဖြစ်သည်စိတ်ကူးသစ်နှင့်လုပ်ငန်းများဆောင်ရွက်ခြင်းဖြင့်အထူးခြားသောအကျိုးဆက်များဖြစ်ထွန်းလာမည်။ဖန်စီလုပ်ငန်း၊ဖက်ရှင်လုပ်ငန်း၊ကျောက်မျက်ရတနာရောင်းဝယ်ခြင်းကောင်း၏။ယခုနှစ်တွင် ဝါဆိုလ၊ သီတင်းကျွတ်လ၊ပြာသိုလများတွင် မည်သည့်ကိစ္စမဆို အောင်မြင်မှုများရရှိမည်။အထူးသဖြင့်တစ်ပါးသူ၏ကြားခံဝင်ရောက်ပြောဆိုမှုများနှင့်မိသားစုတွင်ခေါင်းဆောင်လုပ်ခြင်းများ သတိထားရမည့်နှစ်ဖြစ်သည်။ အိမ်ယာ၊တိုက်ခန်း၊မြေယာခြံကွက်များရရှိတတ်သည်။လူမျိုးခွဲများနှင့်ဆက်ဆံလုပ်ကိုင်သောအလုပ်များကောင်းမည်။ မေတ္တာရေးတွင်အသေးစားပြဿနာများကို အကျယ်ချဲ့၍ပဋိပက္ခဖြစ်ကာ လမ်းခွဲရခြင်းကြုံရမည်။အိမ်ထောင်ရေးစိတ်သဘောထားကြီးကြီးထားသင့်သည်။မိမိအိမ်တွင်းရေးများနှင့်နှစ်ဖက်ဆွေမျိုးသားခြင်းများအတွက်ငွေကြေးနှင့်လူမှုရေး အပူသောကများဝင်လာတတ်သည်။နယ်ဝေးဆွေမျိုးများအိမ်သို့အလည်အပတ်သွားလာခြင်း၊မသွားလိုသောခရီးများလဲသွားရတတ်သည်။

စက်မှု၊လက်မှုပညာခေတ်နှင့် ညီသောပညာရပ်များ လေ့လာလိုက်စားခြင်းများအထူးကောင်းမွန်သည်။ကျန်းမာရေးတွင်၊အဖျားအနာ၊နှလုံး၊ဆီး၊ကျောက်ကပ်၊အင်္ဂါဇတ်အစရှိသောရောဂါဝေဒနာများခံစားရတတ်သည်။ယတြာ➖မိမိမွေးနေ့တွင် မေမြို့ပန်း၊အောင်သပြေ၊ကံကော်ပန်းနှင့်သစ္စာပန်းများကိုအရှေ့အရပ်ဘုရားတွင်လှူဒန်းပေးပါ။ဆောင်ရွက်စရာကိစ္စများ ယခုနှစ်တွင် ခရီးသွားခြင်းနှင့်လုပ်ငန်းကိစ္စအဆင်ပြေရန်အတွက် ဘုရားတွင်(သတ္တဒေဝမနုဿာနံ)ဂုဏ်တော်ဖြင့်ပုတီး(၅)ပတ်စိတ်ပြီးခရီးသွားခြင်း၊ကြေးနီရောင်၊အဝါရောင်၊အစိမ်းနုရောင်အဝတ်အထည်များဝတ်ဆင်ခြင်းနှင့်ထိုအရောင်များကိုအဆောင်အဖြစ်အသုံးပြုနိုင်သည်။စိုးမိုးသောအက္ခရာနှင့်ဂဏန်းများ (သ၊ဟ၊စ၊ည).(၁.၆.၈.၃.)။

ခုနှစ်ရက်သားသမီးများအားလုံး စိတ်ချမ်းကိုယ်ကျန်းမာပြီး နှစ်မှာအောင်ကံကောက်းမှုများနှင့် အောင်မြင်သောနေ့ရက်များစွာကိုပိုင်ဆိုင်နိုင်ကြပါစေ အောက်ပါ ထိမိသော ဓာတ်ရိုက်ဓာတ်ဆင် /ယတြာ အစီးအမံများ အာမခံဖြင့် ပြုလုပ်ပေးနေပါသည် အိမ်ခြံမြေ၊ကား၊ အစရှိသောပစ္စည်းများ မိမိကြိုက်ဈေးဖြင့် အမြန်အရောင်းထွက်ရန် ယတြာ/ဓာတ်ရိုက်ဓာတ်ဆင်အိမ်မှထွက်ခွာသူ၊ ထွက်သွားသူအားပြန်လာစေရန် ယတြာ/ ဓာတ်ရိုက်ဓာတ်ဆင် ငွေရေးကြေးရေးကိစ္စ၊ ငွေချေးငွေငှါးသွားသူမှပြန်လည်ပေးစေရန် ယတြာ/ဓာတ်ရိုက်ဓာတ်ဆင် အချစ်ရေးအဆင်မပြေသူများ၊ အိမ်ထောင်ဘက်နှင့်အဆင်မပြေသူများ အတွက် ယတြာ/ဓာတ်ရိုက်ဓာတ်ဆင် အမှုအခင်းကိစ္စများအောင်နိုင်ရေးအတွက် အမှုရန်နိုင် ယတြာ/ဓာတ်ရိုက်ဓာတ်ဆင် ကျန်မားရေးမကောင်းသူများအတွက် ယတြာ/ဓာတ်ရိုက်ဓာတ်ဆင် ပညာရေးနှင့်ပတ်သက်သော ယတြာ/ဓာတ်ရိုက်ဓာတ်ဆင် အနောက်အယှက် အတိုက်အခိုက်ရိနေသူများအတွက်ယတြာ/ဓာက်ရိုက်ဓာတ်ဆင် ဆရာမင်းသုခ ဗေဒင်နှင့်လက္ခဏာ

73လမ်း/34-35လမ်းကြား မန္တလေးမြို့